Note
စာရေးသူ မိမိလေ့လာနေတဲ့ subject ကတော့ Nursing science subject ဆိုတော့ အဲဒီ ဌာနကိုတော့ သေသေချာချာလေးလေ့လာခဲ့ရတာပေါ့နော်။
သူတို့ဆီမှာက ကျောင်းသားတွေ Internship program ဆင်းရင် တခြားဆေးရုံတွေဆီ သီးသန့်သွားဆင်းစရာမလိုဘူးပေါ့နော်။ ကိုယ့် တက္ကသိုလ်ထဲမှာပဲ Role play အနေနဲ့ လုပ်ဆောင်လို့ရတဲ့နေရာတွေရှိတယ်။ ကျောင်းသားတွေလေ့ကျင့်လို့ရတဲ့ သီးသန့်ဆေးရုံအဆောင်တွေရှိတယ်။
“ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့စကားအတိုင်းပဲ ကိုယ်တိုင်လုပ်ငန်းခွင်မဝင်ခင် စာတွေ့ရော လက်တွေ့ရော ပြည့်ဝအောင်သင်ကြားပေးတယ်ပေါ့နော်။ အခုလည်း စာရေးသူမိမိတို့အဖွဲ့ကို သူတို့က အခန်းတစ်ခန်းထဲမှာ ပတ်ပတ်လည် Projector ထိုးပြပြီး သူတို့ တက္ကသိုလ်ကျောင်းသားတွေကို ဘယ်လို Learning လုပ်စေလဲဆိုတာ ရှင်းပြပေးနေတာပေါ့နော်။
Since my field of study is Nursing Science, I had the chance to explore that department in detail.
At Hungkuang University, nursing students don’t necessarily need to go to external hospitals for their internship programs. Instead, the university itself provides special facilities where students can practice through role play and hands-on training. They even have dedicated hospital wards for students to practice in.
As the saying goes, “practice before the real performance,” the students are fully equipped with both theoretical knowledge and practical skills before stepping into the real workforce. During our visit, they even invited our group into a classroom, where they gave a presentation with projectors and explained how their students learn and train at the university.
စာရေးသူ Taiwan နိုင်ငံ Taichung City မှာရှိတဲ့ Hungkuang University ကို University exchange program အနေနဲ့သွားခဲ့တာဆိုတော့ Campus tour အနေနဲ့ အစုံတော့မဟုတ်ပေမယ့် တခြား department တွေကိုပါ ရောက်ခဲ့တယ်။
အဲဒီမှာ တွေ့ခဲ့ရတာက Make-up, hair styling and design courses ကို သေသေသေချာချာ သင်ပေးနေတာ စာတွေ့က မနက်ဆို လက်တွေ့က နေ့လည် အချိန်သင်ကြားပေးတယ်။ လိုက်လံရှင်းပြတဲ့သူက လက်တွေ့အချိန်ကိုပိုပြီးအရေးပေးကြတယ် ပြောတယ်။ အဲဒါကြောင့် သူတို့ဆီက ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင် ဝင်ဖို့အဆင့်သင့်ဖြစ်နေကြပြီ။
ဘယ်လောက်တောင်ကောင်းလိုက်တဲ့ပညာရေးစနစ်လဲနော် အားကျစရာပါ။
I visited Hungkuang University in Taichung City, Taiwan, through a university exchange program. Although it wasn’t a full campus tour, I also had the chance to see other departments.
There, what I found that the university provides thorough training in make-up, hair styling, and design courses. The schedule is arranged with theory lessons in the morning and practical sessions in the afternoon. The instructor explained that more emphasis is placed on practical training. That’s why students are already well-prepared to enter the workforce right after graduation.
What an impressive education system—it’s truly something to admire!
08/09/2025
Taiwan နိုင်ငံရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Sun Moon lake ကောင်းကင်ပြာလဲ့လဲ့အောက်မှာ လမ်းလျှောက် ခဲ့ရတာလည်း ဘဝရဲ့အမှတ်တရထဲက အမှတ်တရ။ Taichung City ကနေဆို ကား ၁ နာရီခွဲကျော်လောက်စီးခဲ့ရတယ်။
တံတားလေးကနေ လမ်းလျှောက်ပြီး အထဲဝင်သွားရင် cable tickets counter ရှိတယ်။ အထဲကိုမဝင်ဘဲ အပေါ်ကနေကြည့်ရုံကြည့်လည်မှာလား အဲဒါဆိုဈေးတစ်မျိုးနေ့တစ်ဝက်လည်မှာလား တစ်ရက်စာလည်မှာလားဆိုပြီးရှိတယ်။ စာရေးသူတို့သွားတုန်းက ပိုက်ဆံနှမြောပြီး အသွားအပြန်ကြည့်ရုံပဲကြည့် လည်ဖို့လုပ်ပေမယ့်
အထဲရောက်တော့ လှပတဲ့မြင်ကွင်းတွေမြင်ပြီးစိတ်ပြောင်းသွားကြတယ်။
လက်မှတ်ဝယ်တဲ့အခါ ဘယ်လို activities တွေပါလဲဆိုတာ တစ်ခါတည်းမေးပါ။ စာရေးသူတို့ အထဲသွားတော့ ကစားကွင်းတွေထဲဝင်လည်ခဲ့တယ် ဆော့ခဲ့တယ်။ ရိုလာကိုစတာကို ကြောက်ကြောက်နဲ့စီးခဲ့ရတာ ၃ မိနစ်က ၃ ကမ္ဘာလောက်ကိုဖြစ်သွားသလိုပဲ။ အတူတူစီးတဲ့ ကလေးတွေက အော်ဟစ်ပြီး စီးကြပေမယ့် စာရေးသူကတော့ ရိုလာကိုစတာစီးရင်း ကြောက်ကြောက်နဲ့ တရားမှတ် အသံမထွက်တော့ ဘေးနားက ဖိလစ်ပင်းသူ ချစ်စရာ့ညီမငယ်လေးက စိတ်ပူပြီး ကိုယ့်ကိုလာပြီးနာမည်ခေါ်တာလည်း ချစ်စရာ့ အမှတ်တရပါပဲ။ 🥰🥰
သစ်ပင်ပန်းမန်လေးတွေ၊ တောတောင်ရှုခင်းလေးတွေ ကစားကွင်းမှာ ကစားနေကြတဲ့ excursion ထွက်လာကြတဲ့ အရွယ်စုံကလေးငယ်လေးတွေ၊ မိသားစုလိုက် အပန်းဖြေထွက်လာကြတဲ့သူတွေ ချစ်စရာ့အတွဲလေးတွေကြည့်ပြီး ကိုယ်ချစ်ရတဲ့သူတွေကို တကယ်ပဲတမ်းတမိပါတယ်။
Sun Moon Lake, one of Taiwan’s most famous attractions, became one of my life’s most memorable experiences when I had the chance to walk under the clear blue sky there. From Taichung City, it took about one and a half hours by car to get there.
When you cross the small bridge and walk further inside, you’ll find the cable car ticket counter. If you don’t go inside but just take a walk and enjoy the view from above, the price is different. You can choose either a half-day visit or a full-day visit. When we went there, we thought we would just stroll around and not spend too much. But once we got inside and saw the breathtaking scenery, we changed our minds.
When buying tickets, make sure to ask what kind of activities are included. We ended up visiting the amusement park and trying out some rides. I even rode the roller coaster, feeling so scared that three minutes felt like three lifetimes. While the kids riding with us screamed out loud, I was too terrified to make a sound. The sweetest moment was when a little Filipino girl sitting next to me noticed my fear, called my name, and tried to comfort me—it became such a warm memory. 🥰🥰
Surrounded by blooming trees, mountain views, children playing in the amusement park, students on excursions, families out for relaxation, and adorable couples, I couldn’t help but think deeply of the ones I love.
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
146/51 Soi Ramkhamhaeng 24 Yeak 30
Bangkok
10240