LGTI - Life Guide Training Institute
24/06/2026
"ဦးတည်ရာနဲ့ အားထုတ်ရာ
တထပ်တည်းကျဖို့
သိပ်အရေးကြီးတယ်။"
U Aung -LGTI
#အတွေးစာစုများ
ရလဒ်သေးလေးတွေကနေ အောင်မြင်မှုကြီးဆီသို့....
#အတွေးစာစုများ
ဒီလိုလူ ၉ မျိုးကို မရှောင်နိုင်ရင် ကိုယ်ပေါင်းစိတ်ခွာပုံစံနဲ့ဆက်ဆံပါ....🚩
၁/ မရိုးသားသူ
၂/ စိတ်ဓာတ်မကောင်းသူ
၃/ အပျက်သဘောဆောင်သူ
၄/ သံသယများသူ
၅/ ထောင်လွှားသူ
၆/ ကျင့်ဝတ်မရှိသူ
၇/ မစ္ဆရိယစိတ်ရှိသူ
၈/ ကိုယ်ချင်းစာတရားကင်းမဲ့သူ
၉/ သည်းခံစိတ်မရှိသူ
မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေအများကြီး
တွေ့ရပါလိမ့်မယ်။ စိတ်ဓာတ်အခြေခံ မကောင်းခြင်းကနေအစပြုပြီး ကျန်တဲ့ Professionalism လို့ခေါ်တဲ့ ကိုယ့်ရဲ့ကျွမ်းကျင်တတ်မြောက်မှု၊ ကိုယ်ရည်ကိုယ်သွေးစတဲ့အရည်အသွေးတွေအပေါ်မှာပါ ထိခိုက်စေတဲ့ တွေးကြံ၊ ပြုမှု၊ ပြောဆိုခြင်းတွေကိုပါ လုပ်ဆောင်လာပါလိမ့်မယ်။
ဒီလိုလူတွေမှာ မရိုးသားခြင်းကို ထမင်းစားရေသောက်လိုကျင့်သုံးနေပြီး အမြဲတမ်း ဆင်ခြေအဆင်သင့် ရှိတတ်ပါတယ်။ ဘာလာလာ အပျက်သဘောကိုသာတွေးတတ်လေ့ရှိပြီး လူတစ်ဘက်သားအပေါ်မှာ အကောင်းမြင်စိတ်မရှိတတ်ဘဲ အပြစ်မြင်စိတ်၊ အပြစ်တင်စိတ်ကသာ ရှေ့ကဦးဆောင်နေတတ်တော့ အဲဒီသူတွေမှာ
ရလဒ်ကောင်းဘယ်တော့မှ မရှိတတ်ပါဘူး။
သံသယများသူတွေကြည့်လိုက်ရင်လည်း အမြဲတမ်းပူလောင်နေတတ်တာ တွေ့ရပါတယ်။ ဒီလူတွေဟာ သူတစ်ပါးအပေါ်သံသယများတတ်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း သံသယအမြဲဝင်တတ်တဲ့သူတွေပါ။ စဉ်းစားချင့်ချိန်နိုင်စွမ်းအားနည်းပြီး သဘောထားအလွန်သေးသိမ်တတ်သူပါ။ သံသယစိတ်ကြောင့် အရာရာရှေ့ဆက်မရဘဲ သူ့ကိုယ့်သူ ပိတ်မိနေတတ်ကြပါတယ်။
ပတ်ဝန်းကျင်မှာ ဒီလိုလူတွေအများကြီးရှိပါတယ်။
တချို့ဆိုရင် တလောကလုံးကို သူ့လုပ်စာစားနေတဲ့သူတွေလိုထင်ပြီး အထက်စီးဆက်ဆံတတ်ခြင်း၊
တစ်စိတ်ကို တစ်အိတ်လောက်ကြွားဝါတတ်ခြင်း၊ တစ်ပါးသူအပေါ် အထင်သေးတတ်ခြင်းတွေ
ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုလွန်ကဲတဲ့သူတွေမှာ တစ်ကိုယ်ကောင်းဆန်တာတွေပဲ တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် အတ္တကြီးသူတွေလည်း တွေ့ဖူးကြပါလိမ့်မယ်။ သူတို့ထံမှာလည်း ကျင့်ဝတ်ဆိုတာ၊ ကိုယ်ချင်းစာတရားဆိုတာ၊ သည်းခံစိတ်ဆိုတာ လုံးဝမရှိပါဘူး။
အဲဒီလို အချက်တွေရှိနေတဲ့လူတွေနဲ့ မဖြစ်မနေအတူတူလုပ်ကိုင်နေရရင် အထူးသတိရှိဖို့လိုအပ်ပြီး
အဲဒီစက်ကွင်းကနေ လွတ်အောင်ရှောင်ရှားနိုင်ဖို့လည်း ကြိုးစားရပါမယ်။
ဒါပေမယ့် တစ်ခါတရံ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ
မဖြစ်မနေ တွဲဖက်လုပ်ကိုင်နေရတယ်ဆိုရင်တော့
ကျွန်တော့်အဘွားသင်ပေးခဲ့တဲ့ လူပေါင်းနည်းဖြစ်တဲ့
"ကိုယ်ပေါင်း စိတ်ခွာ" နည်းနဲ့ ဆက်ဆံတတ်ဖို့
အထူးအရေးကြီးလှပါတယ်။
U Aung -LGTI
#အတွေးစာစုများ #သင်တန်းအပ်လို့ရပါပြီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 08:00 - 17:00 |
| อังคาร | 08:00 - 17:00 |
| พุธ | 08:00 - 17:00 |
| พฤหัสบดี | 08:00 - 17:00 |
| ศุกร์ | 08:00 - 17:00 |
| เสาร์ | 09:00 - 21:00 |
| อาทิตย์ | 09:00 - 21:00 |