LONDON.BLUE
ကျွန်တော့်ရဲ့ LONDON.BLUE ပေချ့်ကို ကြည့်ရှူအားပေးကြသော အပြာရောင်ညီအကိုများအားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏
Viber - 080-445-0883
Telegram - https://t.me/Sai_aung_kham
04/07/2026
အန်ဇိုဖယ်နန်ဒက်စ်ရဲ့ဇနီးဖြစ်သူ ဗာလီယန်တီနာ ဆာဗန်တက်စ် ကတော့ ရီးရဲလ်မက်ဒရစ်အသင်းထံပြောင်းရွှေ့လိုတဲ့ဆန္ဒရှိပါသလား? ဆိုတဲ့ El Chiringuito TV သတင်းဌာနရဲ့ မေးခွန်းကို အခုလိုပဲ ပညာသားပါပါဖြေပေးသွားခဲ့ပါတယ်။
သတင်းသမား : ဟိုင်း ဗာလီယန်တီနာ အဆင်ပြေရဲ့လား? ။
ဗာလီယန်တီနာ : ဟုတ် အဆင်ပြေပါတယ်။
သတင်းသမား : အခုအာဂျင်တီးနားမှာ အခြေအနေ ဘယ်လိုရှိသလဲ? အန်ဇိုကောအဆင်ပြေရဲ့လား?
ဗာလီယန်တီနာ : ဟုတ် အန်ဇိုအဆင်ပြေပါတယ်။
သတင်းသမား : ကျွန်တော်တို့မက်ဒရစ်ကနေလာတာပါ ။ ခင်ဗျာတို့ မက်ဒရစ်ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိပါသလား? ။
ဗာလီယန်တီနာ : No. ကျွန်မတို့အင်္ဂလန်မှာပျော်ရွှင်နေသလို ကျွန်မရဲ့ကလေးကလည်း လန်ဒန်မှာမွေးဖွားပြီး အခုကျောင်းတက်နေပြီ ဒါကြောင့် ကျွန်မတို့လန်ဒန်မှာနေထိုင်ရတာ ပျော်ရွှင်နေပါတယ်။
သတင်းသမား : ဒါပေမဲ့ ခင်ဗျာနဲ့အန်ဇိုမက်ဒရစ်ပြောင်းခဲ့မယ်ဆိုရင် ပိုပြီးကောင်းမွန်လိမ့်မယ်လို့ထင်တယ်။
ဗာလီယန်တီနာ : ကျွန်မအတွက်တော့ ရီးရဲလ်မက်ဒရစ်မှ မဟုတ်ပဲ ဘယ်အသင်းဖြစ်ဖြစ် အကုန်ကောင်းပါတယ်။
သတင်းသမား : ရီးရဲလ်မက်ဒရစ်ဆိုရင် တစ်ခြားအသင်းထက် ပိုပြီးထူးခြားနေမယ်လို့ မထင်မိဘူးလား? ။
ဗာလီယန်တီနာ : no. ကျွန်မအတွက်တော့ ဘယ်အသင်းဖြစ်ဖြစ် အကုန်အတူတူပါပဲ။ ဆိုပြီးဖြေကြားသွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ချဲလ်ဆီးဖန်များဟာ အန်ဇိုဖယ်နန်ဒက် အေဂျင့်ဖြစ်တဲ့ ပါတိုရစ်အနေနဲ့ ဗာလီယန်တီနာကိုအတုယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်…။
{Photo credit}
LONDON.BLUE
04/07/2026
ဂရင်းနစ်ရှာကာ အပြောင်းအရွှေ့ကတော့ တော်ရုံပြီးနိုင်မှာ မဟုတ်တဲ့သဘောရှိတယ်။ ပြဿနာက ချဲလ်ဆီးအသင်းဘက်က ရပ်တည်ချက်ကတော့ ရှာကာကို အမှန်တကယ်လိုချင်နေပေမယ့် အသက်အရွယ်ကြောင့် မြင့်မားတဲ့တန်ကြေးအသုံးမပြုချင်ဘူး ၊ တစ်ဘက်မှာလည်း ဆန်းဒါးလန်းဘက်က ရှာကာကို လုံးဝမရော-င်းချင်ဘူးဆိုတဲ့သူတို့ရပ်တည်ချက်ရှိတယ်။
နောက်ဆုံး ဆန်းဒါးလန်း အသင်းဘက်ကလာတဲ့သတင်းအရတော့ ရှာကာဟာ ချဲလ်ဆီးပြောင်းချင်ပေမယ့် နောက်ဆုံးအပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပဲ ဆန်းဒါးလန်း အသင်းမှာ ဆက်နေရမယ်ဆိုရင်လည်း ပြဿနာမရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အီတလီသတင်းထောက် ရိုမာနိုကတော့ ချဲလ်ဆီး အသင်းဟာ ဂရင်းနစ်ရှာကာ အတွက်လက်မလျှော့သေးသလို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေကြောင်း ယုံကြည်ထားတယ်လို့ ပြောခဲ့တယ်။
စိတ်ဝင်စားစရာအချက်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အန်ဇိုဖယ်နန်ဒက်စ်ကို ခေါ်ယူဖို့ကြိုးစားမှာ မဟုတ်ကြောင်း မနေ့ညက တရားဝင်ထုတ်ပြန်ထားတာကြောင့် အကယ်၍ အန်ဇိုဖယ်နန်ဒက်စ်သာ ဆက်နေဖြစ်မယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ ရှာကာ ခေါ်ယူဖို့အတွက်ဆက်လက်ကြိုးစားပါ့မလား? ဆိုတဲ့အချက်ကိုစောင့်ကြည့်ရမှာဖြစ်ပြီး ဂရင်းနစ်ရှာကာ အပြောင်းအရွှေ့ကတော့ လွယ်လွယ်နဲ့ပြီးဖို့မရှိပဲ အချိန်ကြာအုံးမယ့်သဘောရှိတယ်။
{Photo Credit}
LONDON.BLUE
03/07/2026
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅✅
အန်ဇိုဖာနန်ဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်ကြားက ကောလာဟလတွေကတော့ အဆုံးသတ်သွားပြီဗျ။ ရီးရဲလ်ဘက်က လုံးဝမခေါ်ဘူးဆိုပြီး တရားဝင် Club Statement ထုတ်လိုက်တဲ့အချိန်မှာတော့ အကုန်လုံး ငြိမ်ကျသွားခဲ့ပြီ။ဒါက ကစားသမားတစ်ယောက်အတွက်တော့ အတော်လေးကို သိက္ခာကျစရာ ကိစ္စကြီးပါ။
ဘောလုံးလောကမှာ ကလပ်ကြီးတစ်ခုက ကိုယ့်ကို လုံးဝမလိုချင်ဘူးဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တာဟာ ကစားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတာပေါ့။ ဒီကိစ္စမှာ အဓိကတရားခံက အန်ဇိုရဲ့ အေးဂျင့် ပက်စတိုရီ ပဲဗျ။ ကစားသမားရဲ့ အနာဂတ်အတွက် ပွဲဆူအောင် မွှေလိုက်တာဟာ အခုတော့ အန်ဇိုအတွက်ပဲ ပြန်ပြီး ရို-က်ခတ်သွားခဲ့ပြီ။
ရေထဲကို ကျောက်ခဲပစ်လိုက်ပြီးမှ ပြန်ကောက်လို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပေါ့။ ချဲလ်ဆီးဘက်က တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကိုတော့ ကျုပ် အသိအမှတ်ပြုတယ်။ ရီးရဲလ်နဲ့ ချဲလ်ဆီးကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို မပျက်စီးအောင် ထိန်းသိမ်းလိုက်ပြီး နှစ်သင်းသားချင်း ညှိနှိုင်းလိုက်တဲ့အတွက် ကလပ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်လိုက်တာပါပဲ။
အခုဆိုရင် အေးဂျင့်လုပ်တဲ့သူလည်း ပရိသတ်တွေကြားမှာ သိက္ခာကျသွားပြီ။ ကစားသမားဆိုတာကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အသင်းမှာပဲ Focus ထားဖို့ လိုတာပါ။ အပြင်က ကောလာဟလတွေ နောက်ကို လိုက်နေရင် ကိုယ့်ရဲ့ Composure တွေ ပျောက်ကုန်မှာ စိုးရတယ်။ အန်ဇိုအနေနဲ့ ချဲလ်ဆီးမှာ ဆက်ရှိနေမယ်ဆိုရင်တောင် သူ့အတွက် အတော်လေးကို ဂုဏ်သိက္ခာပြန်ဆယ်ရပါတော့မယ် ။
{Photo Credit}
LONDON.BLUE
03/07/2026
ဆွစ်ဇလန် ၂-၀ အယ်ဂျီရီးယား ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့သတင်းထွက်နေတဲ့ ဂရင်းနစ်ရှာကာ ကတော့ အကောင်းဆုံးခြေစွမ်းပြသသွားခဲ့ပါတယ်။ ရှာကာဟာ တကယ်ကောင်းတဲ့ ကစားသမားဖြစ်သလို ဆွစ်ဇလန်ရဲ့ကွင်းလယ်အသက်သွေးကြောလို့တောင် ပြောလို့ရတယ်။ အထူးသဖြင့် အနောက်ကနေ အရှေ့အထိ ဘောလုံးရောက်အောင် အချိတ်အဆက်ပြုလုပ်ပေးတဲ့နေရာမှာ ထူးချွန်သလို ကွင်းလယ်ပိုင်းကိုထိန်းချုပ်နိုင်တဲ့အရည်အသွေးကတော့ တကယ့်ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာငြင်းမရဘူး။
အသင်းဖော်တွေပေးပို့တဲ့ဘောလုံးဟာ ကစားရခက်ခဲတဲ့အနေအထားမျိုး ရောက်နေတာတောင် ကစားရလွယ်ကူသွားအောင် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေရှင်းပြသွားခဲ့တယ်။ အနီးကပ်ပေးပို့မှုသာမက အဝေးဘောပေးပို့တဲ့အပိုင်းမှာလည်း တိကျပြီး ဘောလုံးအမြော်အမြင်ကောင်းလွန်းတယ်။ အဖျက်ပိုင်းမှာဆိုရင်လည်း သူ့ရဲ့အားသာချက်မဟုတ်ပေမယ့် ဖျက်ထုတ်နိုင်စွမ်းရှိပြီး ညံ့တဲ့ကစားသမားတစ်ဦးတော့မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အလွန်ဆို ဘာကြောင့်သူ့ကိုအသည်းအသန် လိုချင်နေတာလဲ? ဆိုတာ ဒီပွဲကြည့်တဲ့သူတွေ ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့မြင်တယ်။
အသက်နည်းနည်းကြီးတာကလွဲရင် အကုန်ကောင်းတဲ့ကစားသမားပါ။ ဒါပေမဲ့ ၃၄ နှစ်ဆိုတဲ့အသက်အရွယ်ဟာ နည်းစနစ်အားပြုကစားနေကြတဲ့ အခုခေတ်ဘောလုံးလောကမှာ အနည်းဆုံး ၂ နှစ် ၊ ၃နှစ်ဝန်းကျင်လောက်အသာလေးကစားလို့ရသေးတယ်။ ချဲလ်ဆီးသာရောက်လာရင် အားကိုးလို့ရမယ့်ကစားသမားဖြစ်လိမ့်မယ်ဆိုတာ သံသယမရှိသလို ဆန်းဒါးလန်း တောင်းတဲ့ဈေးပေးပြီး အမြန်ခေါ်လိုက်တော့လို့ ဘုတ်အဖွဲ့တွေကိုတောင်းဆိုချင်တယ်။
{Photo Credit}
LONDON.BLUE
02/07/2026
◾ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒီနွေရာသီဈေးကွက်မှာ အန်ဇိုဖယ်နန်ဒက်စ် ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးနည်းပါးလာပြီဟု မြင်နေပါတယ်။ အန်ဇိုဖယ်နန်ဒက်စ်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဟိုဆေးမော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်နေသေးပေမယ့် အန်ဇိုရဲ့တန်ကြေးဟာ ရီးရဲလ်မက်ဒရစ်အတွက် မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲသွားပြီဟု သိရပါတယ်။
◾အထူးသဖြင့် အန်ဇိုဖယ်နန်ဒက်စ်အတွက် ချဲလ်ဆီးအသင်းဘက်က သ-တ်မှတ်ထားတဲ့ပေါင်သန်း ၁၂၀ တန်ကြေးဟာ ဘဏ္ဍာရေးပြဿနာရှိနေတဲ့ အပြင် ညာတောင်ပံနေရာအတွက်ပါ ထပ်ပြီးအားဖြည့်ဖို့လိုနေတာကြောင့် အန်ဇိုဖယ်နန်ဒက်စ်အတွက် ရီးရဲလ်မက်ဒရစ် အသင်းဘက်က မြင့်မားတဲ့တန်ကြေးအသုံးပြုဖို့ ခက်ခဲနေပါတယ်။
📌Mario Cortegana - The Athletic UK
{Photo credit}
LONDON.BLUE
02/07/2026
◾ချဲလ်ဆီးအသင်းဟာ ဂရင်းနစ်ရှာကာ အတွက် အရှိန်မြင့်ကြိုးပမ်းနေသလို ဆန်းဒါးလန်းအသင်းနဲ့ သဘောတူညီမှုရဖို့ဆက်လက်ဆွေးနွေးနေကြောင်း သိရပါတယ်။ ပေါင် ၈ သန်းနဲ့ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဆန်းဒါးလန်းအသင်းဘက်က ချက်ချင်းပယ်ချခဲ့ပြီး ဒါဟာ သူတို့အပေါ်လေးစားမှုမရှိတဲ့ ကမ်းလှမ်းမှုဟု မြင်မိသလို ဆန်းဒါးလန်းရဲ့အမြင်မှာ သူတို့ကစားသမားဟာ အနည်းဆုံးပေါင်သန်း ၃၀ အထက်တန်တဲ့ကစားသမားဟု မြင်နေပါတယ်။ ဒါပေမဲ့ ဆန်းဒါးလန်းဟာ ဂရင်းနစ်ရှာကာကိုရော-င်းချလိုစိတ်မရှိဘူးဟု သိရပါတယ်။
◾တစ်ဘက်မှာလည်း ဂရင်းနစ်ရှာကာဟာ လန်ဒန်မှာတစ်ဖန်ပြန်လည် ခြေချခွင့်ရဖို့ ဆန္ဒရှိနေတဲ့အပြင် အလွန်ဆိုလက်အောက် ကစားခွင့်ရဖို့ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆန်းဒါးလန်းအသင်းကိုဖိအားပေးနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှာကာအတွက် ဒုတိယအကြိမ်ကမ်းလှမ်းမှု အဖြစ် ကမ်းလှမ်းသွားဖို့ပြင်ဆင်နေပါတယ်။ မကြာမီအတွင်း အဖြေတစ်ခုခုထူးဖို့ရှိပါတယ်။
📌Fabrizio Romano - Time 2play မှပြောကြားချက်
{Photo credit}
LONDON.BLUE
02/07/2026
ချဲလ်ဆီးကစားသမာဒဖြစ်လာတဲ့ မာကိုစ်ပြါလက်စ်စထရာကတော့ ချဲလ်ဆီးပြောင်းရွှေ့ရတဲ့အပေ့်ကို အခုလိုပြောကြားသွားခဲ့ပါတယ်…။
မေး 🗣️ မာကိုစ့်ရေ ခင်ဗျာချဲလ်ဆီး အသင်းကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါလား?...။
ပါလက်စထရာ 🗣️ ရတာပေါ့ဗျာ။ ကျွန်တော်ချဲလ်ဆီးရွေးချယ်ရတဲ့ အကြောင်းအရင်းကလွယ်ပါတယ်။ ဒီအသင်းကကမ္ဘာ့ချန်ပီယံလေ ၊ ကမ္ဘာ့အကောင်းဆုံးထဲက အသင်းတစ်သင်းဒါကြောင့် ချဲလ်ဆီးအသင်းဘက်ကကမ်းလှမ်းလာချိန်မှာ နှစ်ခါပြန်စဉ်းစား စရာမလိုပါဘူး။ ဒါ့အပြင် အလွန်ဆိုကလည်း ကျွန်တော်ရဲ့ အပြောင်းအရွှေ့မှာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အသင်းရဲ့ စီမံကိန်းကို သေချာရှင်းပြခဲ့ပါတယ် ။ ကျွန်တော့်အတွက် အလွန်ဆိုဟာ ထိပ်တန်းနည်းပြတယောက်ပါ...။
မေး 🗣️ ချဲလ်ဆီးအသင်းပြောင်းဖို့ အလွန်ဆိုက အရေးပါအခန်းကဏ္ဍမှာပါတယ်ဆိုတော့ သူကခင်ဗျာကို ဘယ်လိုတွေရှင်းပြပြီး ချဲလ်ဆီးကို လာဖို့ ဆွဲဆောင်ခဲ့တာလဲ? အဲတာတစ်ချက်လောက်ပြောပြပါလား?....။
ပါလက်စ်စထရာ 🗣️ သူနဲ့ကျွန်တော် နှစ်ကြိမ်တိုင်အောင် ဆွေးနွေးခဲ့ကြအချိန်မှာ သူ့ဆီကအောင်မြင်မှုဆာလောင်တဲ့စိတ်တွေမြင်ရတယ်။ လေဗာကူဆင်အသင်းမှာ သူလုပ်ပြခဲ့တာကြည့်ရင် သူဘယ်လိုနည်းပြမျိုးလည်း ဆိုတာခင်ဗျာလည်းသိမှာပါ။ ဒါ့အပြင် အရေးကြီးတဲ့အချက်က ကျွန်တော့်ဆီမှာ သူဘာတွေလိုချင်တယ်ဆိုတာကို သေချာပြောပြခဲ့တယ် ။ ကျွန်တော်က ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ကစားရတာကို သဘောကျတယ် ။ ကျွန်တော့်မှာ ကိုယ်ပိုင်ဟန်နဲ့ ယုံကြည်မှု အပြည့်ရှိပြီးသားပါ။ ဒါကြောင့် ဒီကမ္ဘာ့ချန်ပီယံအသင်းရဲ့ ကစားသမားဖြစ်ရတဲ့အပေါ် ဂုဏ်ယူသလို ဒီအပြာရောင်အမှတ်တံဆိပ်အတွက် အစွမ်းကုန်ကြိုးစားပေးသွားပါ့မယ်လို့ ချဲလ်ဆီး ပရိသတ်တွေကို ကျွန်တော်ကတိပေးပါတယ်....။
{ Photo Credit }
LONDON.BLUE
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
ที่อยู่
บึงคำพร้อย
Bangkok
12150