CSS Thrift Store
ပုံပြင်လေးတွေနားထောင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လေ့လာကြမယ်
ငယ်ငယ်ကလေး ကျောင်းသွားရင်သူများတွေလို စက်ဘီးနဲ့လည်းမသွားနိုင်ဘူး
အိမ်ကလည်း လိုက်မပိုနိုင်
အဲတော့ ကိုယ့်လိုသူငယ်ချင်းတွေ ပေါင်းပြီးတော့ ကျောင်းကိုခြေချင်သွားကြရတာ
ကျောင်းနဲ့အိမ်ကလည်း နာရီဝက်လောက်လမ်းလျှောက်ရတယ်
လမ်းမှာတစ်ခါတစ်လေ ဆော့လို့ရပြီး လူယဉ်တဲ့ခွေးတွေနဲ့တွေ့သလို
မျက်စိနောက်ပြီး နောက်ကနေလိုက်ဆွဲတဲ့ခွေးတွေလည်းရှိတယ်
ခွေးလိုက်ဆွဲရင်လည်းဆွဲချင်စရာ ကိုယ်တွေကလည်း လွယ်အိတ်ကြီးနဲ့ဗလုံးရှုတ်ထွေး
တစ်ခါတစ်လေ ခွေးကဆွဲရမလား မဆွဲရမလား အခြေအနေကြည့်နေရင်
ခြေတစ်လှမ်းကုဋေတစ်သိန်းလုပ်ပြီးလျှောက်ရတာ
ပြီးရင်ပြောလိုက်သေးတယ် အချင်းချင်း လက်မဖွက် လက်မဖွက်တဲ့ 🤣
ဘာလိုဖွက်ခိုင်းမှန်းမသိ
ပုံထဲကအတိုင်းပဲ အခု ကျွန်မရဲ့ရဲ့ကျားကျား အဲ့တုန်းက ရည်းစားပေါ့
သူနဲ့ Messenger ကနေ စကားပြောရင် စကားလေးပြောကောင်းမေရင် အဲ့လက်မကြီးက ပို့လာရော
အဲ့လိုပို့လာရင် ထပြီးတော့ကို အနာလာစမ်းဆိုပြီးတော့ ခေါင်းခေါက်ချင်တာ
အဲ့လက်မကြီး ဘယ်လိုမုန်းမှန်းမသိဘူး
ကိုယ်ပြောတာ ထောက်ခံလို့ အဲ့ လက်မကြီးပို့ရင် ကိုယ့်ရွဲ့နေသလို
ရှင်တို့လည်း အဲ့လက်မကြီး မုန်းတယ်ဟုတ် မှန်မှန်လိမ်နော် 😁
#ခွေးဆွဲ #ကျောင်းသူဘဝ #အမှတ်တရ
CSS Thrift Store
23/01/2026
ထိုင်းမှာ အလုပ်ရှာနေတဲ့သူ တွေ ဆိုရင် ဒီဆိုင်လေးကိုရှောင်လို့ ရအောင်လို့တင်ပးတာပါ
ဒီဆိုင်က Eat Am Are ပါ ညီမအခု အလုပ်မှာ အတူတူလုပ် နေတဲ့ အမကလည်း အဲ့ဆိုင်ကထွက်လာတာပါ
အဲဆိုင်က ဈေးချိုချိုရောင်း ပေးတာ့ လူအရမ်းများတယ် ပြော တယ် တစ်စက်ကလေးမှ မနားရဘူးတဲ့ အမြဲတမ်းလက်အိတ်ဝတ်ထားရတော့ လက်သည်းတောင် ပိုးဝင်ပြီး အနာဖြစ်လာတာ အခုထိ မပျောက်ဖူး
Uniform လည်း ရောင်းစားတယ်တဲ့ အထဲက မြန်မာအချင်းချင်းကလည်း ထိုင်းစကားတတ်တဲ့လူက မတတ်တဲ့သူဆို အနိုင်ကျင့်တယ် စကား ပြော လည်း အရမ်းရိုင်းတယ် ပြောကြတယ်
ဝန်ထမ်းခေါ်လည်း ပွဲစားနဲ့ ပေါင်းရိုက်ပြီး ခေါ် တာဆိုတော့ ဝန်ထမ်းမမြဲ လေ သူတို့အတွက်ပွဲစားခ ပိုရလေပဲတဲ့
ဒါကြောင့်ရှောင်လို့ရ ေအာင်တင်ပေးတာပါ ကိုယ့်တွေ့ ကြုံထားတဲ့သူတွေ ရေးထားတာကိုလည်း ဖတ် ကြည့်ပါ လေ့လာပါ တော်ကြာ စားစရာမရှိ လျော်စရာရှိဖြစ် နေမှာစိုးလို့ပါ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Din Daeng
Bangkok