Saga Travel Guide

Saga Travel Guide

แชร์

Photos from Saga Travel Guide's post 01/07/2026

ပင်လယ်စာနဲ့ ကမ်းခြေအလှတွေထက် ပိုတဲ့ ဖူးခက် မြို့ဟောင်း

၁၈၀၀ ခုနှစ် ဝန်းကျင်တုန်းမှာ ဖူးခက်ဆီကို ကမ္ဘာတစ်ဝှမ်းက အလုပ်သမားတွေ ကူးလူးရောက်ရှိလာတာကြောင့် အနောက်တိုင်း ယဉ်ကျေးမှု၊ ဥရောပ ယဉ်ကျေးမှုနဲ့ တရုတ်ယဉ်ကျေးမှုတွေလည်း ရောယှက်လာခဲ့ပါတယ်။ အဲဒီကာလတွေမှာ ဖူးခက်မြို့ဟောင်းကို ပေါ်တူဂီတွေ ကြီးစိုးတာမို့ လက်ရှိ မြို့ဟောင်းမှာလည်း ပေါ်တူဂီအငွေ့အသက်တွေ ဖုံးလွှမ်းနေဆဲပါ။

🏚️ ဥရောပဆန်ဆန် ရောင်စုံ အိမ်ကလေးတွေနဲ့ နံရံပန်းချီ
အဆောက်အအုံ၊ နံရံပန်းချီ (mural) တွေကို ကြည့်လိုက်ရုံနဲ့တင် ထိုင်းနိုင်ငံရဲ့ တခြား ကမ်းခြေမြို့တွေနဲ့ မတူတာကို သတိထားမိမှာပါ။ အရောင်စုံစုံနဲ့ ရိုးရာအိမ်ဟောင်းပုံစံလေးတွေ၊ တံခါးရွက် ဆန်းဆန်းလေးတွေကို Soi Rommanee လမ်းတစ်လျှောက် လေညင်းခံရင်း ဓာတ်ပုံလည်း ရိုက်ခဲ့ပါဦးနော်။ ဒီအတွက်ကိုတော့ မနက်ခင်းစောစောပိုင်း အလင်းရောင် ကောင်းတဲ့အချိန်လေး ထွက်ရိုက်ပြီး အပြန်မှာ ကော်ဖီအေးအေးလေးတစ်ခွက်နဲ့ အမောဖြေရင်တော့ အကောင်းဆုံးပေါ့။

☕ ကော်ဖီ
ဖူးခက်မြို့ဟောင်း ဧရိယာမှာတင်မကဘဲ မြို့ထဲမှာလည်း ထူးခြားတဲ့ အပြင်အဆင်နဲ့ ကော်ဖီဆိုင်လေးတွေ၊ ဈေးသင့်တဲ့ ကော်ဖီဆိုင်လေးတွေ ခပ်စိပ်စိပ်ရှိပါတယ်။ ဒီပို့စ်လေးမှာလည်း Saga တို့ ရှာပေးထားတဲ့ ကော်ဖီဆိုင်လေးတွေ ပါဦးမှာမို့ ပုံလေးတွေ ထောက်ကြည့်ပေးခဲ့ဦးနော်!

🍜 အစားအသောက်
ယဉ်ကျေးမှုတွေ စုံတဲ့နေရာမို့ အစားအသောက်ဆိုရင်လည်း အမျိုးအစား စုံနေပြန်ရော။ ဆိုင်အပြင်အဆင်ကအစ နေရာတိုင်းက ဓာတ်ပုံရိုက်ချင်စရာလေးတွေချည်းမို့ ကင်မရာကောင်းလေးတစ်လုံးတော့ ဆောင်သွားပါရှင်။

🌟 ညဈေး
တနင်္ဂနွေနေ့ ညတွေမှာလည်း မြို့ဟောင်း Walking Street ရှိသေးလို့ မုန့်တွေစားရင်း လမ်းလျှောက်ခဲ့ဖို့လည်း မမေ့နဲ့နော်!

ဖူးခက်မြို့ဟောင်းဟာ မီးရောင်စုံ၊ အိမ်ရောင်စုံ၊ ပန်းချီလှလှလေးတွေနဲ့မို့ ခရီးသွားတွေကို အခုအချိန်အထိ ဆွဲဆောင်နေနိုင်တဲ့ နေရာလေးဖြစ်ပါတယ်။ ဒါကြောင့် ဖူးခက်ကို သွားမယ်ဆိုရင် ကမ်းခြေနားမှာတင် အချိန်မကုန်ဘဲ မြို့ဟောင်းကိုလည်း လည်ဖြစ်အောင် လည်ခဲ့ဖို့ Saga team က တိုက်တွန်းလိုက်ပါရစေရှင်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

21/06/2026

မိုးလေးဖွဲတုန်း လုပ်သင့်တာက ကော်ဖီထဖျော်တာ မဟုတ်ဘဲ Ninh Binh သွားတာဆိုရင် ယုံမလား ❓🤫

ဇွန်-ဇူလိုင်လရဲ့ မိုးဖွဲတွေကြားမှာ အလှဆုံးဆိုရင်တော့ Ninh Binh ပဲပေါ့။ မိုးရွာထားလို့ စိမ်းစိုနေတဲ့ စပါးခင်းကြီးကို ဖြတ်ပြီး ထုံးကျောက်လိုဏ်ဂူတွေ ကြားကနေ မြစ်ကြောလေးအတိုင်း လှေလေး စီးလာရင်း မြင်ရတဲ့ မြင်ကွင်းကတော့ ဘာနဲ့မှ မတူအောင်ပဲရှင်။

Ninh Ninh မှာ ခရီးသွားတွေကို အဓိကဆွဲဆောင်တာကတော့ Tam Coc, Hang Mua Viewpoint, Trang An Scenic Landscape Complex တို့ပါ။

🛶 အထင်ရှားဆုံး activity ဆိုရင် Tam Coc boat tour ပဲပေါ့နော်။ Ngo D**g မြစ်ကြောတစ်လျှောက် လှေကလေးနဲ့ တငြိမ့်ငြိမ့် လိုက်စီးဆင်းရမှာပါ။ ခန့်မှန်းခြေ ၁ နာရီခွဲ - ၂ နာရီလောက် ကြာတတ်ပြီးတော့ လိုဏ်ဂူ ၃ ခုကို ဖြတ်စီးရမှာပါတဲ့။ Ninh Binh ရဲ့ လှေသမားတွေကလည်း အင်းလေးလို ခြေထောက်နဲ့ လှော်ကြတာဆိုတော့ အတွေ့အကြုံအသစ်တစ်မျိုး ရခဲ့ဦးမှာ အသေအချာပဲနော်။

⛰️ Hang Mua Viewpoint ဆီ လှေကားထစ်တွေအတိုင်း တက်၊ Ninh Binh ရဲ့ မြစ်၊ စပါးခင်း၊ တောင်တန်း၊ လိုဏ်ဂူတွေ အားလုံးကို အပေါ်စီးကနေ ကြည့်ဖို့ တိုက်တွန်းပါရစေ။ လေလေး တဖြူးဖြူးနဲ့မို့ အပေါ်ရောက်တာနဲ့ အမောပြေသွားဦးမှာ။

🍃 Trang An Scenic Landscape Complex မှာလည်း boat tour လေးတွေ ရှိသေးတယ်နော်! ယူနက်စကို အမွေအနှစ်စာရင်းဝင်နေရာတစ်ခုပီပီ ဘုရားကျောင်းတွေ၊ ဂူတွေ၊ သဘာဝ ရှုခင်းတွေ အားလုံး ပေါင်းစပ်ထားတဲ့ နေရာဖြစ်လို့ cultural experience ကိုပါ တစ်ပါတည်း လိုချင်သူတွေအတွက်တော့ Trang An boat ride ကို အကြံပြုပါတယ်ရှင်။

💡 အခုလို မိုးရွာတတ်တဲ့ ကာလမှာ Ninh Binh လည်ဖို့ဆိုရင် weather forecast အရင်ကြည့်ဖို့တော့ လိုပါမယ်နော်။

ခရီးချစ်သူတို့ အားတဲ့ရက်မှာ စိတ်ကြိုက် ထသွားနိုင်ဖို့ Saga team က Ninh Binh short trip လေးတွေ စီစဉ်ပေးထားပါတယ်ရှင်။ သက်တောင့်သက်သာ ရှိပြီး အချိန်မကုန်အောင် ခရီးစဉ်ကို သေချာလေး ဆွဲပေးထားပြီး စောင့်နေပါပြီနော်! 🥳

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨

=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการขนส่ง ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phechaburi
Bangkok
10400