TT Academy
12/10/2025
Basic writing Episode 2 video
Singular and plural forms of verbs and Subjects
မှာပါတဲ့ သင်ခန်းစာတွေကို နားလည်ပြီးသားလူတွေ video ကြည့်ပြီးအချိန်မကုန်ရအောင် အမြန်လေ့လာလို့ရအောင် ပုံလေးတွေတင်ပေးလိုက်ပါတယ် ဖတ်ကြည့်လိုက်လို့ နားလည်ပြီးသားဆိုရင် video ကြည့်စရာမလိုတော့အောင်ပါ
Basic Writing Episode 2 Video ကို လေ့လာလို့ရတဲ့ YouTube link
https://youtu.be/82g3gBaru-Q?si=HnF_gUy1CkXS5JQM
အားလုံး အဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
30/08/2024
အထက်တန်းကျောင်းသား ကျောင်းသူတွေအတွက် Essay letter ရေးတတ်ဖို့ အချက် 3 ချက် နဲ့ TT Academy ရဲ့ သင်ပေးတဲ့ပုံစံ
အထက်တန်းကျောင်းသားတွေအတွက် Essays Letter ရေးတဲ့အခါမှာ အခြေခံအကျဆုံး အချက်က Tense နဲ့ Grammer လုံးဝမှားလို့ မရပါဘူး
ဥပမာ
Mg Mg kill a dog . မှာ kill မှာ s ကျန်ခဲ့တာမျိုး Mg Mg က အနည်းမို့လို့ kills ဖြစ်ရမယ်
Mg Mg kill a dog yesterday . မှာ kill က V2 ဖြစ်ရမယ် yesterday မနေ့က သတ်ခဲ့တာမို့လို့ Tense က Past tense - killed ဖြစ်ရမယ်
အဲ့လို အမှားမျိုးတွေကို ဂုဏ်ထူးမှန်းထားတဲ့သူက မှားလို့ ရှမ်းလို့မရဘူး မှားသွားရင် ဂုဏ်ထူးထွက်နိုင်ချေတအားနဲသွားပြီ အဲ့ဒါကြောင့် မမှားအောင် ရေးပါ ရေးပြီးပြန်စစ်ပါ
အဲ့ဒါကြောင့် Essay Letter ကို လေ့ကျင့်တဲ့ အချိန်မှာ Grammer rules တွေကို အဓိကထားသင်တာပါ
Grammar rules တွေနဲ့ simple sentence လေးတွေကို မှန်ကန်အောင်ရေးလာနိုင်ပြီ ကို့ရဲ့ အတွေးလေးတွေကို မှန်အောင် ရေးတတ်လာပြီ ဆိုရင် နောက်တစ်ဆင့်က Writing Style ကို လေ့ကျင့်ရမှာ ဘယ်လိုလေ့ကျင့်ရမှာလဲဆိုတော့ ထည့်ရေးလိုက်ရင်လှသွားမဲ့ စကားစုလေးတွေရေးတဲ့ပုံစံလေးတွေကို မှတ်ထားရမယ်
ဥပမာ
I try hard. ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားသည်
I try to the best of my abilities. ကျွန်တော် ကျွန်တော့်မှာ ရှိတဲ့ အကောင်းဆုံးသော အရည်အချင်းတွေနဲ့ အစွမ်းကုန်ကြိုးစားသည်
အဲ့ဒီစာကြောင်း 2 ကြောင်းရဲ့ အဓိပ္ပါယ်က အတူတူပဲ ဒါပေမဲ့ to the best of my abilities ဆိုတဲ့ စာစုလေးက ပိုလှသွားစေတယ် အဲ့ဒါကြောင့် ကျောင်းသားတွေက ဂုဏ်ထူးရှင်တွေရေးထားတဲ့ essay letter တွေ sample essay letter တွေကို ထိုင်ကျက်မနေပဲ အသုံးအနှုန်းလှတဲ့ ပုံစံလေးတွေကို မှတ်ထားပြီး ကို့ရဲ့ ကိုယ်ပိုင် essay letter ထဲကို ထည့်ရေးရမှာ အဲ့တော့မှာ ကို့ရဲ့ writing style ကလှလာမှာ ကျွန်တော့် ကျောင်းသားတွေကို သင်တဲ့ ပုံစံက စာသင်ချိန်တိုင်းမှာ စကားစုလေးဖြစ်ဖြစ် writing style လေးတစ်ခုခု ဖြစ်ဖြစ် အမြဲပါပါတယ် သင်ပြီးတိုင်း နောက်စာသင်ချိန်တိုင်းမှာ အဲ့ဒီပုံစံကို သုံးပြီး ရေးခိုင်းတယ် ကိုရေးတာလေးတွေက ခက်ခက်ခဲခဲ မှတ်ရတာမဟုတ်ပဲနဲ့ လှလာတဲ့ အခါသူတို့ ပိုပျော်လာတယ် ယုံကြည်မှု ပိုတိုးလာတယ် ပိုပြီးရေးချင်လာတယ် အဲ့ဒီလိုနဲ့ Writing Skill ကိုတိုးတက်အောင်လုပ်ရပါမယ်
နောက်ဆုံးအနေနဲ့က တွေးတတ်အောင် လေ့ကျင့်ရတာပါ
စာကြောင်းတွေကို မှန်အောင် လှအောင်ရေးတတ်လာပြီဆိုပင်မဲ့ ခေါင်းစဥ်တစ်ခု ပေးလာတဲ့အခါ တွေးတတ်လာရင် ရေးတတ်လာပါမယ် တွေးတတ်ဖို့လဲ လေ့ကျင့်ရပါမယ် အကြမ်းဖျင်းပြောရရင်တော့
ပေးထားတဲ့ခေါင်းစဥ်ကို နားလည်ရမယ်
ခေါင်းစဥ်နဲ့ ပတ်သက်ပြီး ဘာတွေရေးလို့ရမလဲ တွေးနိုင်ရမယ်
တွေးထားတဲ့ အတွေးတွေကို ဘာပြီးရင် ဘာရေးမယ်ဆိုတာ outline ရေးပြီးရင်စရေးလို့ရပြီ
ဥပမာ
Importance of having a good relationship with friends ဆိုတဲ့ essay ခေါင်းစဥ်အတွက် စဥ်းစားတဲ့ အခါ
ခေါင်းစဥ်ကို အရင်နားလည်ရမယ် သူငယ်ချင်းတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိခြင်းရဲ့ အရေးကြီးမှုကို ရေးရမှာ
ဘာတွေတွေးလို့ရလဲ တွေးလို့ရနိုင်တာလေးတွေ အကုန် အကြမ်းဖျင်းခေါင်းစဥ်လေးတွေတို့ထားလိုက်
No man is an island ဆိုတဲ့ စကားပုံ
A friend in need is a friend indeed ဆိုတဲ့ စကားပုံ
Friend ဆိုတာဘာလဲ
Good relationship with friend ဆိုတာဘာလဲ
good friend လဲရှိနိုင်သလို
bad friend လဲရှိနိုင်တယ်
သူငယ်ချင်းတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိတာ ဘာတွေ ကောင်းလဲ
မရှိရင် ဘာတွေမကောင်းဘူးလဲ
ကိုယ်တွေ့ဖြစ်ရပ်
ကောင်းတဲ့ဆက်ဆံရေးရှိရင် ဘာတွေလုပ်နိုင်လဲ
မရှိရင် ဘာတွေမလုပ်နိုင်ဘူးလဲ
နောက်ဆုံးနိဂုံးချုပ်ရင် အပေါ်က အချက်တွေကြောင့် သူငယ်ချင်းတွေနဲ့ကောင်းတဲ့ ဆက်ဆံရေးရှိခြင်းက အရေးကြီးပါတယ်ဆိုတဲ့ အချက်လေးနဲ့ အဆုံးသတ်မယ်
နောက်ဆုံးအနေနဲ့ ဘာပြီးရင် ဘာရေးမယ်ဆိုတဲ့ outline လေးရေးပြီး essay တစ်ပုဒ်ကို စရေးလို့ရပါပြီ
အဲ့တော့ essay letter အတွက် ကျောင်းသားကျောင်းသူ အားလုံးကို အကြံပေးချင်တာက
1.simple sentence တွေကို Grammar rules မှန်မှန်နဲ့ အရင်ရေးနိုင်အောင်ကြိုးစားပါ
2.Writing style လေးတွေပါ လှလာအောင် တဖြေးဖြေးကြိုးစားသွားပါ
3.Critical thinking အတွေးလေးတွေတိုးတက်လာအောင် essay ကောင်းလေးတွေကို ဖတ်ပါ ကိုယ်တိုင်တွေးပါ ကိုယ်တိုင်ရေးပါ လို့ အကြံပေးချင်ပါတယ်
ကျွန်တော့်ကို မိဘတွေလာမေးကြတယ်
essay letter ကို ဘာသင်ရိုးနဲ့သင်မှာလဲ
ဘယ်စာအုပ်နဲ့သင်မှာလဲ
တစ်ပတ်တစ်ပုဒ် ကျက်ခိုင်းမှာလား ရေးရမှာလား
ဆရာရေးလာတာကို ကျက်ရမှာလား
ဘယ်နှစ်လသင်ရင် ရေးတတ်ပြီလဲဆိုတဲ့ မေးခွန်းလေးတွေအတွက်ကိုလဲ တစ်ခါတည်းဖြေပေးသွားပါမယ်
ကျွန်တော်ရဲ့ သင်ရိုးက အပေါ်က အကြံပြုထားတဲ့ အချက် 3 ချက်ပါဗျာ
1.simple sentence လေးတွေရေးတတ်အောင် အရင်လေ့ကျင့်မယ်
2.simple sentence လေးတွေရေးနေရင်းနဲ့ writing style လေးလှလာအောင် နေ့တိုင်း usage တစ်ခုစီ ထည့်ပြီး လေ့ကျင့်ပေးသွားမယ်
3. Critical Thinking ကိုတိုးတက်စေဖို့ ခေါင်းစဥ်တစ်ခုပေးပြီး တွေးခိုင်းမယ် ရေးခိုင်းမယ် ရေးထားတာတွေကို မှန်မမှန် ပြန်စစ်ပေးမယ် ပြီးရင် အဲ့ဒီခေါင်းစဥ်ကိုပဲ သူများရေးထားတာဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ရေးထားတာဖြစ်ဖြစ် ရေးပြီးသား essayကောင်း တွေကနေ နမူနာယူသင့်တာလေးတွေကို အတူတူဖတ်မယ် ပေးထားတဲခေါင်းစဥ်အတွက် ထည့်ရေးလို့ရတဲ့ အချက်လေးတွေ အများကြီးသိလာတဲ့ အခါမှာ ရေးပြီးသားခေါင်းစဥ်ကိုပဲ နောက်တစ်ခေါက်ပြန်ရေးခိုင်းမယ် ပြန်စစ်ပေးမယ်
ဘယ်နှစ်လကြာမှာလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ ကျွန်တော်က essay letter အတွက်ကို ရေးတတ်လာအောင် ရေးရဲလာအောင် တွေးရဲလာအောင် တွေးတတ်လာအောင် လေ့ကျင့်ပေးတဲ့သဘောပါ ကျွန်တော်နဲ့ အတူတူလေ့ကျင့်သလို ကို့ဘာသာ self study လုပ်လဲရတဲ့ အတွက်ကြောင့် ရပ်ချင်တဲ့အချိန်မှာရပ်လို့ရပါတယ် အချိန်မကန့်သတ်ထားပါဘူး
ပုံလေးကတော့ Essay letter and basic writing အတန်းက တောင်ကြီးသူတပည့်လေးတွေနဲ့အမှတ်တရ ပုံအသုံးပြုခွင့်ပြုတဲ့ တပည့်လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်
အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
05/08/2024
Grammar Group (IV)
Video ကြည့်ယုံနဲ့ တစ်ခါထဲရသွားအောင် လေ့ကျင့်ခန်းကအစ အတူတူလုပ်ပေးထားပါတယ်
ထပ်မံလေ့ကျင့်ဖို့ 2002ကနေ 2022 ထိ ခေါင်းစဉ်တစ်ခုချင်းစီ အလိုက် အနှစ် 20 စာမေးခွန်းဟောင်းစုပေးထားပါတယ်
Notes တွေကျက်စရာမလိုပဲ ဘယ်လိုစဉ်းစားရမယ်ဆိုတာကအစသင်ပေးထားပါတယ်
မှတ်ရတာလဲ မများဘူး အလွယ်ဆုံးလဲဖြစ်တာမို့ ဆရာတင်ထားတဲ့ video ကြည့်ပြီး အတူတူလိုက်လုပ်လိုက်တာနဲ့ ရပြီးသားဖြစ်သွားပါလိမ့်မယ်
အပြာရောင် link လေးကိုနှိပ်ပြီး သက်ဆိုင်ရာ သင်ခန်းစာများကိုကြည့်ရှု့လေ့လာနိုင်ပါတယ်
သင်ထားတဲ့ Video ထဲက notes တွေတခါတည်းထုတ်ပေးထားပါတယ်
ရှေ့မှာ သင်ခဲ့တဲ့ Grammar Group I,II,III နဲ့ မတူတာက သူက ခေါင်းစဉ်တစ်ခုကို မှတ်စုတစ်ခုပါ ရှေ့က group တွေလို စုမှတ်လို့ ရောမှတ်လို့မရဘူး
ဒါပေမဲ့ မှတ်ရတာ လွယ်တယ်
အမေးလဲများတယ်
ခေါင်းစဉ်တစ်ခုရဖို့ အချိန်အကြာကြီးမပေးရဘူး
(1) It is / was Noun who/ that
https://m.facebook.com/story.php?story_fbid=147108358191546&id=100086771475946&mibextid=Nifty
(2) As soon As --- No sooner than
https://m.facebook.com/story.php?story_fbid=147110724857976&id=100086771475946&mibextid=Nif5oz
(3) If - Unless
https://m.facebook.com/story.php?story_fbid=147113701524345&id=100086771475946&mibextid=Nif5oz
(4) Nouns In Apposition
https://m.facebook.com/story.php?story_fbid=147116144857434&id=100086771475946&mibextid=Nif5oz
(5) Double Negative ( There is no noun who / that --- not ---)
https://m.facebook.com/story.php?story_fbid=147152834853765&id=100086771475946&mibextid=Nif5oz
(6) The Parallel Structure
https://m.facebook.com/story.php?story_fbid=147155321520183&id=100086771475946&mibextid=Nif5oz
(7) It take / took
(8) Relative pronoun ( who , that ,which ,...)
https://m.facebook.com/story.php?story_fbid=147156711520044&id=100086771475946&mibextid=Nif5oz
Video တွေကို စနစ်တကျကြည့်လို့ရအောင် ဒီ Grade 10,11,12 ပညာဒါန video free group ကို အရင် Join ပေးပါနော် Public လုပ်ပေးထားပါတယ်
https://www.facebook.com/groups/531602982296091/?ref=share_group_link
TT Academy ရဲ့ channel လေးတွကို like , subscribed and Join လုပ်ထားနိုင်ပါတယ်ဗျာ
YouTube channel
https://youtube.com/?feature=shared
Telegram channel
https://t.me/TTAcademy87
page
https://www.facebook.com/profile.php?id=100086771475946&mibextid=ZbWKwL
အားလုံးအဆင်ပြေအောင်မြင်ကြပါစေ
TT Academy
05/08/2024
Grammar Group (III)
So - that
Such - that
Too - to
Not - enough to
Enough to
Video ကြည့်ယုံနဲ့ တစ်ခါထဲရသွားအောင် လေ့ကျင့်ခန်းကအစ အတူတူလုပ်ပေးထားပါတယ်
ထပ်မံလေ့ကျင့်ဖို့ 2002ကနေ 2022 ထိ ခေါင်းစဉ်တစ်ခုချင်းစီ အလိုက် အနှစ် 20 စာမေးခွန်းဟောင်းစုပေးထားပါတယ်
Notes တွေကျက်စရာမလိုပဲ ဘယ်လိုစဉ်းစားရမယ်ဆိုတာကအစသင်ပေးထားပါတယ်
မှတ်ရတာလဲ မများဘူး အလွယ်ဆုံးလဲဖြစ်တာမို့ ဆရာတင်ထားတဲ့ video ကြည့်ပြီး အတူတူလိုက်လုပ်လိုက်တာနဲ့ ရပြီးသားဖြစ်သွားပါလိမ့်မယ်
အပြာရောင် link လေးကိုနှိပ်ပြီး သက်ဆိုင်ရာ သင်ခန်းစာများကိုကြည့်ရှု့လေ့လာနိုင်ပါတယ်
သင်ထားတဲ့ Video ထဲက notes တွေတခါတည်းထုတ်ပေးထားပါတယ်
https://youtu.be/bB-EAlnoa98
Video တွေကို စနစ်တကျကြည့်လို့ရအောင် ဒီ Grade 10,11,12 ပညာဒါန video free group ကို အရင် Join ပေးပါနော် Public လုပ်ပေးထားပါတယ်
https://www.facebook.com/groups/531602982296091/?ref=share_group_link
TT Academy ရဲ့ channel လေးတွကို like , subscribed and Join လုပ်ထားနိုင်ပါတယ်ဗျာ
YouTube channel
https://youtube.com/?feature=shared
Telegram channel
https://t.me/TTAcademy87
page
https://www.facebook.com/profile.php?id=100086771475946&mibextid=ZbWKwL
အားလုံးအဆင်ပြေအောင်မြင်ကြပါစေ
TT Academy
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
Bangkok
10310