MM Recaps
19/06/2024
Gabriel ဆိုတဲ့ အမျိုးသား တစ်ဦးဟာ ၁၉၉၄ ခုနှစ်တုန်းက ပါတီပွဲတစ်ခုမှာ Christina ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ အမှန်အကန် ကဲခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုတွေဟာ တိုးလားတဲ့အတွက် Gabrielဟာ သူထက် အသက် 30 ငယ်တဲ့ Christinaနဲ့ လက်ထပ်လိုက်ကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ နှစ် 20 လောက် ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းခဲ့ကြတယ်။
တစ်နေ့မှာတော့ Christina ဟာ လင်ယောက်ျားဖြစ်သူ Gabrielနှင့်ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူမရှေ့နေကို သွားရောက်ဆွေးနွေး တဲ့အခါမှာတော့ သူမဟာ အလွန်အံ့သြမှင်သက် သွားခဲ့ပါတယ်။
အကြောင်းကတော့ သူမဟာ လင်ယောက်ျားဖြစ်သူ Gabriel နဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ကွာရှင်း ပြတ်စဲခဲ့ပြီးသား ဖြစ်ကြောင်း ကြားသိရလို့ဖြစ်ပါတယ်။
ဖြစ်ပျက်ပုံက ဒီလိုပါ… သူတို့နှစ်ယောက် လက်ထပ်ပြီး ၄လ အကြာမှာ ၎င်းတို့စုံတွဲဟာ ဒိုမီနီကန် သမ္မတနိုင်ငံသို့ အားလပ်ရက် ခရီးထွက်ခဲ့ကြပါတယ်။
အဲ့နိုင်ငံရောက်တော့ Gabriel ဟာ တရားရုံးတစ်ခုမှာ Christinaကို အသိပေးခြင်းမရှိဘဲ တဖက်သတ် ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။ Dominican Republic နိုင်ငံဟာ ယခုလို တဘက်သတ် ကွာရှင်းလို့ရတဲ့ တစ်ခုတည်းသောနိုင်ငံပဲ ဖြစ်ပါတယ်။
Gabrielကတော့ သူ့မိန်းမဖြစ်သူ Christinaဟာ တစ်နေ့နေ့မှာတော့ သူကိုကွာရှင်းပြီး သူ့ပိုက်ဆံကို ယူဖို့ကြိုးစားမယ်ဆိုတာ ကြိုသိတာကြောင့် အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။
သိုက်တူးမလေး Christina ရဲ့ အဖြစ်က ငိုရမလို ရယ်ရမလို ….
14/06/2024
2022 ခုနှစ် ဇွန်လ 3 ရက်နေ့တွင် အမေရိကန်နိုင်ငံ Montana မှာ ထူးဆန်းပြီး ပဟေဠိဆန်တဲ့ ကလေးပျောက်ဆုံးမှု တစ်ခုဖြစ်ခဲ့ပါတယ်.
အဲ့ဒါကတော့သုံးနှစ်အရွယ် Ryker Webb ဆိုတဲ့ ကောင်လေးဟာ ၎င်းရဲ့နေအိမ်မှ ပျောက်ဆုံးသွားခဲ့ဖြစ်ပါတယ်။
Ryker ဟာ သူ့မိသားစု ခွေးလေးနဲ့ အပြင်မှာ ကစားရင်း လမ်းလျှောက်ထွက်ရင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ သူ့မိဘတွေကတော့ သူတို့သားလေးပျောက်ဆုံးသွားတာ သိသိချင်း ရဲစခန်းကို ဖုန်းဆက်ပြီး အကူညီတောင်းခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ရဲတပ်ဖွဲ့ဟာ ပျောက်ဆုံးသွားတဲ့ Ryker ရှာဖွေရေးကို စတင်ခဲ့ပါတယ်။ ရှာဖွေရေးမှာတော့ စေတနာ့ဝန်ထမ်းတွေ ရဟတ်ယာဉ်တွေနှင့် ဒရုန်းများပါဝင်ဖြည့်ဆည်းခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးကို ရှာမတွေ့နိုင်ခဲ့ပါဘူး။
အဲ့ဒီရက်ပိုင်းက ရာသီဥတု အလွန်ဆိုးဝါးပြီး နှင်းတွေကျ မိုးကြိုးတွေတောက်လျှောက် ပစ်နေခဲ့ပါတယ်.. ပြီးရင် သူပျောက်သွားတဲ့ နေရာဟာဆိုရင် သစ်ပင်တွေ ထူထပ် အုံ့ဆိုင်းပြီး ခြင်သေ့နဲ့ ဝက်ဝံတွေ အလွန်ပေါများတဲ့ နေရာဖြစ်တဲ့ အတွက် ကလေးကို အသက်ရှင်လျက်ပြန်တွေ့ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်ခဲ့ပါတယ်။
နှစ်ရက်အကြာမှာတော့ပျောက်ဆုံးသွားတဲ့ ကောင်လေး ကို ပြန်တွေ့နိုင်ခဲ့ပါတယ်။ သူ့နေအိမ်နဲ့ ၃မိုင်နီးပါးဝေးတဲ့ တောနက်ကြီးထဲမှာ ရှိတဲ့ တဲအိမ်ဟောင်း တစ်ခုမှာ တွေ့ရခြင်းဖြစ်ပါတယ်။ ၎င်းတဲအိမ်ပိုင်ရှင်တွေဟာ သူတို့ တဲအိမ်ကိုသွားကြည့်ရင်း ကလေးအော်သံကြားလို့ ကြည့်လိုက်ရာကနေ Ryker ကို ပြန်တွေ့ခဲ့ခြင်းဖြစ်ပါတယ်။
သူ့ကိုပြန်တွေ့တဲ့ အချိန်မှာတော့ Ryker ဟာ ဆာလောင် မွတ်သိပ် အအေးမိပြီး မျက်စိတွေလည်း ပြာနှမ်းလို့နေခဲ့ပါတယ်.. ဒီလိုနဲ့ Ryker ကို Cabinet Peaks Medical Center မှာ ကျန်းမာရေး စောင့်လျှောက်မှုပေးခဲ့ပါတယ်။
ထူးဆန်းတဲ့အချက် ဒါမှမဟုတ် လူတွေ အရမ်းသိချင်နေတဲ့ အချက်ကတော့ ၁- Rykerကို ပြန်တွေ့တဲ့အချိန်မှာ သူဝတ်ဆင်ထားတဲ့ အဝတ်အစားဟာ သူမပျောက်ဆုံးခင် ဝတ်ထားတဲ့ အဝတ်အစား မဟုတ်ပဲ တခြားစီဖြစ်နေခဲ့ပါတယ်။
၂- သူပျောက်ဆုံးတဲ့အချိန် ရာသီဉတုက အနုတ်၄ ဒီဂရီအောက် ရှိနေတာမို့ လူကြီးတွေတောင် နာရီပိုင်းပဲ ခံနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ သို့သော် သူဘယ်လို ကြံ့ကြံ့ခံနိုင်ခဲ့လဲ။
၃- သူပျောက်ဆုံးတဲ့နေရာဟာ တကယ့်သားရဲ တိရိစ္ဆန်တွေ ပေါတဲ့နေရာ ဖြစ်ပေမဲ့ သူဟာ ဘာမှမဖြစ်ပဲ ဘေးကင်းစွာ နေနိုင်ခဲ့တယ်။
၄- Rykerဟာ ၃နှစ်သားလေး သာရှိသေးပေမဲ့ သူ့အိမ်ကနေ ၃မိုင်ဝေးတဲ့ ခရီးကို ဘယ်လိုသွားခဲ့တာလဲ။
သင်ကော ဘယ်လိုမြင်လဲ..
04/11/2022
https://youtu.be/CUBxoy0k7Rk
Please subscribe our channel.
Divide and Rule (သွေးခွဲအုပ်ချုပ်ခြင်း) Please Subscribe our channel and follow our page: MM Recaps
Operation of London Bridge
Youtube Link: https://youtu.be/ESiEc7W2AhQ
19/11/2021
Please Subscribe for more videos !!
မိမိတွင် ရောဂါရှိနေသည်ဟုထင်ကာအမြဲစိုးရိမ်တတ်သည့် စိတ်ရောဂါ #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးပညာပေး
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok