Shwe Crypto
::Future Market မှာ ဘယ်လို Trade မလဲ?
(This is Trading Education , Not Financial Advice. Use at your own Risk.)
စတော့ခ် ၊ ရွှေ ၊ ငွေ ၊ Commodity ၊ Crypto စတဲ့ Financial Market တွေမှာ များသောအားဖြင့် Spot Market နဲ့ Future Market ဆိုပြီး ရှိကြပါတယ်။(တစ်ခြား ETF , Treasury စဖြင့် အများကြီးရှိပါသေးတယ်)။ အဲဒီ Spot နဲ့ Future နှစ်ခုဘာကွာလဲ ဘာတွေပိုကောင်းလဲ ဒီ Article မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အဓိကပြောချင်တာကတော့ Crypto Future အကြောင်းကိုပြောပြချင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကိုပဲ အဓိက ပြောပြပါမယ်။
(Spot Market)
Spot Market ကတော့ အရှင်းဆုံးပြောရရင် ကိုယ့်မှာရှိသလောက် ပိုက်ဆံနဲ့ပဲ ရောင်းဝယ်လုပ်လို့ရတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ပြီးတော့ Buy Low , Sell High တစ်ခုပဲလုပ်လို့ရပါတယ်။
ဈေးအကျမှာဝယ် ဈေးတက်ရင် ရောင်း ၊ ပြီးရင် ကျအောင်ပြန်စောင့် ၊ ဒီလို တစ်လမ်းသွားပုံစံပဲ လုပ်လို့ရပါတယ်။ ဒီတော့ Risk က နည်းပါတယ်။ ကိုယ့်ပိုက်ဆံရှိသလောက်ပဲ ဆိုတော့ ဈေးကျလို့ ရှုံရင်တောင် ရှုံလည်း နည်းနည်းပဲ ရှုံမှာ
ဖြစ်ပါတယ်။
မကောင်းတာက ကိုယ့်ပိုက်ဆံ ၁၀၀% (နှစ်ဆ) မြတ်ဖို့ တော်တော်ကိုခက်ပါတယ်။ Stock တွေမှာဆို နှစ်ဆရဖို့ တစ်နှစ်လောက် ကြာရင်ကြာပါတယ်။ ဒီတော့ အမြတ်များများ ရှာနိုင်ဖို့ တစ်ခြား Market တွေ ပေါ်လာပါတယ်။
(Future Market)
Future Market ကတော့ Future ဆိုတဲ့အတိုင်း ကြိုရောင်း၊ ကြိုဝယ်ပါ ။ ဈေးကွက်မဖွင့်မပိတ်ခင် ၊ ကြိုဝယ်ရောင်းလုပ်လို့ရပါတယ်။ ပြီးတော့ Market ကို Contract (စာချုပ်) နဲ့ သွားတာဖြစ်ပါတယ်။၁ ပတ် ၊ ၁ လ စသဖြင့် အမျိုမျိုရှိပြီး သတ်မှတ်ထားတဲ့ရက်ရောက်ရင် ကိုယ့်အော်ဒါကို မြတ်မြတ် ရှုံရှုံ ပိတ်ရပါမယ်။
ခုနောက်ပိုင်းမှာတော့ Crypto Future တွေမှာ Perpetual Contract (ဘယ်တော့မှအဆုံးမရှိတဲ့ စာချုပ်) တွေပေါ်လာပြီး ကိုယ့်အော်ဒါ (Position) ကိုယ်ထားချင်သလောက်ထားလို့ရပါတယ်။ Future Market ဖြစ်တာကြောင့် ဈေးနှုန်းကတော့ Spot Market နဲ့ နည်းနည်း ကွာဟတာတွေ ရှိတတ်ပါတယ်။
ဒါ့အပြင် Buy Low, Sell High တင်မဟုတ်ပဲ ၊ Sell High ,Buy Low ပါလုပ်လို့ရပါမယ်။ (Long/Short လုပ်ပြီး ဈေးအတက်ကော
အကျပါ အမြတ်ယူလို့ရပါတယ်)
ဒါ့အပြင် Future မှာက Leverage ပါယူလို့ရပါတယ်။ Leverage ဆိုတာကတော့ Exchange ထံကနေ ပိုက်ဆံချေးယူပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံထက် ပိုရောင်း ၊ ပိုဝယ် လုပ်လို့ရပါတယ်။ Leverage ကို 2X , 3X , 10X , 100X စဖြင့် ကြိုက်သလောက်ယူလို့ရပါတယ်။
ဥပမာ - ကိုယ်က အကောင့်ထဲမှာ ဒေါ်လာ ၁၀၀ ပဲရှိတယ်ဆိုပါစို့ ၊ ဒါပေမယ့် မြတ်မယ်ထင်ပြီး ပိုပြီးဝယ်ချင်တယ်ဆိုရင် Leverage ယူပြီး Trade လို့ရပါတယ်။
ဥပမာ - Leverage 2X ဆိုရင် ကိုယ့်မှာရှိတာက ၁၀၀ ၊ Exchange ကနေ ချေးတာက ၁၀၀ စုစုပေါင်း ဒေါ်လာ ၂၀၀ ဖိုး ဝယ်ရောင်း လုပ်လို့ရပါမယ်
ပြဿနာက ကိုယ်ဝယ်လိုက်တဲ့ Asset က 10% ဈေးထိုးကျသွားရင် 2X ယူထားတဲ့အတွက်ကြောင့် စုစုပေါင်း 20% ရှုံပါမယ်။ ၁၀၀ ဆို ၈၀ ပဲကျန်ပါမယ်။ 50% ဈေးထိုးကျရင် Leverage က 2X ဖြစ်တဲ့ အတွက်ကြောင့် 2 × 50% = 100% ရှုံပြီး Market ထဲကို ကိုယ့်ပိုက်ဆံ တစ်ပြားမကျန် ပါသွားမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလဲ အဲလိုပါပဲ ၊ 50% ဈေးထိုးတက်ရင် အမြတ် ၁၀၀% (နှစ်ဆ) အမြတ် ရပါမယ်။
Spot Market မှာဆိုရင် ၁၀၀% တက်မှ နှစ်ဆပါ ၊ ခု 2X Leverage ဆိုတော့ ၅၀% တက် ၊ ကျ တာနဲ့ ၂ ဆရပြီး ၂ ဆ ကုန်ပါမယ်။
(3X ယူရင် 33.3% ကျတာနဲ့ ကုန်ပါမယ်။ 5X ယူရင် 20% ၊ 10X ယူရင် 10% ၊ 50X ယူရင် 2% ကျတာနဲ့ Liquidation Price ကိုထိပြီး ကိုယ့်အော်ဒါကို ရတဲ့ဈေးနဲ့ အရောင်းခံရပါမယ်။ Exchange က သူချေးထားတဲ့ ပိုက်ဆံကို အရှုံခံမှာ မဟုတ်ပါဘူး)
How to Trade On Binance?
Binance Exchange မှာဆိုရင်တော့
Spot Wallet ထဲကနေ Future ထဲကို USDT ရွှေပြီး ကိုယ်ဝယ်ေရာင်းချင်တဲ့ Asset ကို Leverage ယူ Trade လို့ရပါတယ်။
အောက်မှာ ဥပမာ ပုံထည့်ပေးထားပါမယ်။ ပုံပေါ်က အကြောင်းရာတွေကို ဆက်ပြောပြပါမယ်။
Cross 3X - ဒါကတော့ ကိုယ်ယူထားတဲ့ Leverage Size ကိုဖော်ပြပေးတာဖြစ်ပါတယ်။
3X ဆိုတော့ 3X Leverage ယူထားတာပါ။
Size - Size ကတော့ ကိုယ့်အော်ဒါရဲ့ ပမာဏဖြစ်ပါတယ်။ (Forex မှာရှိတဲ့ Lot Size နဲ့ အတူတူလိုပဲဖြစ်ပါတယ်)။
Unrealized PNL - ကိုယ်လက်ရှိရနေတဲ့ Profit & Loss ပမာဏ ဖြစ်ပါတယ်။ USD နဲ့ပြပါတယ်။အော်ဒါမပိတ်သေးပဲရနေတဲ့ အမြတ်၊ အရှုံဖြစ်ပါတယ်။
Margin - လက်ရှိကိုယ့်မှာရှိတဲ့ ပိုက်ဆံပမာဏ ဖြစ်ပါတယ်။ USD နဲ့ပြပါတယ်။
Entry Price - ကိုယ်ဝင်ဝယ် ၊ ရောင်း တဲ့ ဈေးဖြစ်ပါတယ်။
Mark Price - လက်ရှိ ရောက်နေတဲ့ဈေးဖြစ်ပါတယ်။
Liquidation Price - Long/Short လုပ်လို့ သတ်မှတ်ထားတဲ့ Liquidation Price ကိုဈေးကရောက်သွားရင် ကိုယ့်ပိုက်ဆံအကုန်ကုန်ပြီး ရှုံမယ့်ဈေးကို ပြထားတာဖြစ်ပါတယ်။
TP/SL - ဒါကတော့ သိတဲ့အတိုင်းပါပဲ ကိုယ့်ဟာကိုသတ်မှတ်ထားတဲ့ Take Profit , Stop Loss ဖြစ်ပါတယ်။
Funding Rate - ဒါ့အပြင်နောက်တစ်ခု သတိထားရမှာက Funding Rate ဖြစ်ပါတယ်။
Funding Rate ဆိုတာကတော့ Long Trader နဲ့ Short Trader ကြား အပြန်အလှန်ပေးရတဲ့ အတိုးနှုန်းဖြစ်ပါတယ်။ Funding Rate က ၈ နာရီကြာတိုင်း ပြန်လည်သတ်မှတ်ပါတယ်။ Rate က (-) Negative ထွက်ရင် Short Trader တွေက Long Trader ကို ၈ နာရီ ကြာတိုင်း သတ်မှတ်ထားတဲ့ အတိုးပေးရမှာဖြစ်ပါတယ်။
Positive ထွက်ရင် Long Trader က Short Trader တွေကို အတိုးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - Funding Rate (-) ပြနေတဲ့အချိန်မှာ ကိုယ်က $100 ကို 3X Long ထားရင် $300 ကို သူပြထားတဲ့ အတိုးကို ၈ နာရီနေတိုင်း ကိုယ်ကရမှာဖြစ်ပါတယ်။ Positive ပြရင် သူတို့ကို(Shorters) ပေးရမှာပါ။ များသောအားဖြင့် Market Up Trend မှာဆို Positive ထွက်ပြီး Down Trend မှာဆို Negative ထွက်ပါတယ်။
ဒီလောက်ဆိုရင် Future Market ဆိုတာဘာလဲ ၊ ဘယ်လို Trade ရမလဲ ၊ Risk ဘယ်လောက်ရှိလဲ သိလောက်ပြီထင်ပါတယ်ဗျ။ အားလုံး အမြတ်တွေအများကြီး ရနိုင်ကြပါစေ။
CRD-MMCC
25/06/2021
Binance Future Trading LIVE
Live Bitcoin Trading. BINANCE Future LIVE with CRYPTO LAWKA Live Bitcoin Trading. BINANCE Future LIVE with CRYPTO LAWKA
27/05/2021
JOIN TELEGRAM FRO UPDATE
https://t.me/cryptolawkamm
23/05/2021
Cryptocurrency နဲ့ပတ်သက်ပြီး စတင် လေ့လာ ဝယ်ယူချင်သူများအတွက် စတင်သူ လမ်းပြ
=======================================================
စတင်သူလမ်းပြ Beginner guide အနေနဲ့ Crypto အကြောင်းပြောမယ်ဆိုရင်တော့
အရင်ဆုံး Cryptocurrency ဆိုတာ ဘာလဲဆိုတာကိုနားလည်ထားရပါမယ်။
Cryptocurrency ဆိုတာဘာလဲဆိုရင် လက်နဲ့ထိတွေ့ကိုင်တွယ်မရတဲ့ ငွေသားမဟုတ်တဲ့ ငွေကြေးစနစ်တစ်ခု ၊ ဒစ်ဂျစ်တယ်( Digital) ငွေကြေးစနစ်တစ်ခုပဲဖြစ်ပါတယ်၊
ဒီငွေကြေးကို ပိုင်ဆိုင်တဲ့သူတွေအချင်းချင်းဟာ ကြားမှာ ကြားခံလူ ဘဏ်မပါပဲနဲ့ မိမိတို့ငွေကို လွဲပြောင်းပေးနိင်မှာဖြစ်ပါတယ်။
Cryptocurrency ဟာ “ Decentralized Control “ ကိုအသုံးပြူပါတယ်၊ ဒါကဘာကိုဆိုလိုတာလဲဆိုရင်
Cryptocurrency တွေကို လူတစ်ယောက်သို့ မဟုတ် အစိုးရတစ်ခုက ထိန်းချုပ်ထားခြင်းမရှိဘူးလို့ပြောချင်တာပါ။
Cryptocurrecy တစ်ခု တန်ကြေးဘယ်လောက်ရှိရမယ်ဆိုတာကို လူတစ်ယောက် အစိုးရတစ်ခုကသတ်မှတ်လို့မရပဲနဲ့ လူအများ သဘောတူပြီး ရှိသင့်တယ်ဆိုတဲ့ တန်ဖိုးဟာ သူ့ရဲ့တန်ဖိုးပါပဲ။
အများစုကတော့ Cryptocurrency ဆိုရင် bitcoin ကိုတော့ မြင်ဖူး ဖတ်ဖူးကြမယ်ထင်ပါတယ်။
နောက်တစ်ခုက Meme Coin တစ်ခုဖြစ်တဲ့ ( ဟာသအဖြစ်ဖန်တီးထားတဲ့ )
Doge Coin ကိုလဲ မြင်ဖူးနေပါလိမ့်မယ်။
သူတို့ ၂ ခုလုံးဟာ Cryptocurrency တွေဖြစ်ကြပြီးတော့ အထက်ကပြောခဲ့တာတွေကိုလိုက်နာပြီး ဖန်တီးထားတဲ့ငွေကြေးစနစ်တွေပဲဖြစ်ပါတယ်။
ဒီလိုမျိုး Bitcoin ( $BTC) , doge coin ( $DOGE) လိုမျိုး Cryptocurrency ပေါင်းများစွာရှိပါတယ်။
Cryptocurrency အမျိုးမျိုးကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဖန်တီးေနေကြပြီးတော့ ပရောဂျက်ပေါင်းများစွာရှိပါတယ်။ လူတွေက ဒီ ပရောဂျက်တွေကို ယုံကြည်မှုနဲ့ ကောင်းမွန်လာနိင်မှုပေါ်မူတည်းပြီးတော့ Cryptocurrency များစွာကိုဝယ်ယူရောင်းဝယ်မှုတွေပြုလုပ်ကြပါတယ်။
တချို့သော ပရောဂျက်တွေဟာ လာမယ့်အနာဂတ်အတွက်အလွန်ကောင်းမွန်တာမျိုးတွေဖြစ်နေပါတယ်၊
ဉပမာ အနေနဲ့ $NANO coin အကြောင်းပြောပြပါမယ်။
$NANO ဟာ ဒီဂျစ်တယ်ငွေကြေးတစ်ခုပါပဲ၊
-သူက ငွေပေးငွေယူမှုတစ်ခုအတွက် ( transaction ) ပျမ်းမျှကြာချိန်ဟာ 0.2 second သာရှိပါတယ်၊
-ငွေပေးငွေယူမှုအတွက် အခကြေးငွေလဲ မကောက်ခံပါဘူး ( အခမဲ့) ဖြစ်ပါတယ်၊
- စွမ်းအင်သုံးစွဲမှုလဲ အင်မတန်ကိုနည်းပါတယ်၊
ဒီတော့ ဒီလို Project အပေါ်ယုံကြည်သဘောကျတဲ့သူတွေဟာ ဒီဟာကို ဝယ်ယူကြပါတယ်၊
ဒီလောက်ဆိုရင် ဘာလဲဆိုတာရယ်ဘာလို့ဝယ်ကြလဲဆိုတာကို အကြမ်းဖျင်းသဘောပေါက်ပြီလို့ထင်ပါတယ်၊
ဒါဆိုရင် ဒါကို လိုချင်ရင် ဘာလိုလဲ ဘာတွေလုပ်ရမလဲ မြန်မာနိင်ငံကဘယ်လိုဝယ်ကြမလဲရယ်ဘာတွေလိုလဲဆိုတာရယ် ဆက်ပြောပါမယ်၊
အရင်ဆုံးကျွန်တော်တို့က Binance မှာ အကောင့်ဖွင့်ဖို့လိုပါတယ်၊
ကျွန်တော်တို့ပုံမှန် အကောင့်ဖွင့်သလိုပဲ ဖွင့်လို့ရပါတယ်၊
https://accounts.binance.com/en/register?ref=HJ2NZ9BM ကနေ ဝင်ဖွင့်ရင်တော့
အကောင့်ဖွင့်တဲ့သူကော ကျွန်တော်ကော 10% commision ရမှာဖြစ်ပါတယ်၊
ဒါပေမဲ့ ဒီစာက referral လိုချင်လို့ ရေးတာမဟုတ်လို့ Referral မပေးချင်တဲ့သူတွေဟာလဲ
www.binance.com ကနေဝင်ရောက်ပြီးတော့ အကောင့်ဖွင့်လို့ရပါတယ်၊
( store ကနေ App ဒေါင်းပြီးလုပ်လို့ရသလို pc နဲ့ဆိုလဲအဆင်ပြေပါတယ်)
ပုံမှန်အတိုင်းအကောင့်ဖွင့်ပြီးသွားတာနဲ့ Profile ပုံလေးကိုနိပ်လိုက်ပါ။ အဲ့မှာ verify လုပ်ရပါလိမ့်မယ်၊
Verify လုပ်ရင် ရွေးချယ်စရာနစ်ခုရှိပါတယ်၊ ဖုန်းနံပါတ်နဲ့ verify လုပ်မလား Google authenticator နဲ့ verify လုပ်မလားဆိုတဲ့အရာပါ၊
မိမိအဆင်ပြေတာနဲ့ verify လုပ်ပြီးရင် Identity verification ဆိုတာလုပ်ရပါမယ်၊
သူလုပ်ဖို့ကတော့ အရင်ဆုံး passport တောင်းပါလိမ့်မယ်။ ပြီးရင် ကိုယ့်ပုံတောင်းရပါမယ်၊
နောက်ဆုံး camera ဖွင့်ပြီးသူတို့လုပ်ပြဆိုတာ လုပ်ပြရပါမယ်၊ ( ပါးစပ်ဟတို့ဘာတို့)
ဒါလုပ်ပြီးရင်တော့ ကိုယ်ထည့်တာတွေအဆင်ပြေရင် email ကို ကိုယ့်အကောင့်က verified ဖြစ်ပြိဆိုပီးပို့ပါလိမ့်မယ်။
Passport မရှိလို့လုပ်လို့မရဘူး ၊ Identity verification မရရင်ဘာဖြစ်လဲဆိုရင်တော့ တချို့ အရာတွေသုံးလို့ရမှာမဟုတ်ပါဘူး၊ ဒီကသူတွေအတွက်ဆိုရင်တော့ သိသာတဲ့
Binance ကနေ မြန်မာ အချင်းချင်းရောင်းဝယ်ခြင်း ( p2p trading ) ကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။
ဒါပေမဲ့ p2p trading တစ်ခုတည်းနဲ့ပြုလုပ်လို့ရတာလားဆိုရင်တော့မဟုတ်ပါဘူး၊ တခြား နည်းတွေလဲရှိလို့
ဆက်သုံးလို့တော့အဆင်ပြေနေပါလိမ့်မယ်။
ဒီအဆင့်ထိပြီးသွားရင်တော့ အတော် အသုံးပြုလို့ရတဲ့ အကောင့်တစ်ခုရပါပြီ၊
Binance မှာ ကျွန်တောတို့အရင်ဆုံး USDT coin ဆိုတာကို ဝယ်ရပါမယ်၊
ဒီ coin ကို တည်ငြိမ်တဲ့ ကွိုင်လို့ခေါ်ပြီးတော့ သူ့ရဲ့တန်ကြေးဟာ အမြဲတမ်း USD စေ◌ျးနဲ့အတူတူဖြစ်နေမှာပါ၊ ဒါကြောင့် ဒီဟာကို ဝယ်ပြီးကိုယ်လိုချင်တဲ့တခြားအရာတွေကို ဝယ်ယူကြပါတယ်၊
Binance ထဲကို ငွေသွင်းဖို့ဆိုရင်( USDT coin ဝယ်ဖို့ဆိုရင် ) မြန်မာနိင်ငံကအနေနဲ့
အခြင်းခြင်း ကိုယ့်အကောင့်ထဲကို ပေးပို့တဲ့နည်းသုံးလို့ရပါတယ်။ ( ဒါက ခင်မင်ရင်းနီးသူများနဲ့သာလုပ်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာကျပ်ပေးပြီးရင်တစ်ဖက်က USDT coin ကိုပို့ပေးတာမို့ပါ။ တွေ့သမျှသူတွေကို မယုံပဲနဲ့ ယုံကြည်စိတ်ချရတဲ့သူတွေဆီကသူဝယ်ပါ။
Trusted seller Page တွေကနေ ဝယ်ပါ။ သူတို့ကလဲ အခကြေးငွေယူပြီးတော့ ပို့ပေးတာမျိုးပါပဲ။ အပေါ် နံပါတ် ၁ ကနဲ့တော့ logic အတူတူပါပဲ။ scam တွေရှိနိင်တာသတိထားပါ။
Visa card နဲ့ရပါတယ်။
P2p trading ကနေဝယ်ပါ။
ဒါက ဒီကနေ ဝယ်လို့အဆင်ပြေတဲ့ နည်း ၄ ခုပါ။
နံပါတ် ၁ နဲ့ ၂ မှာရှိတဲ့ အချင်းချင်း သို့မဟုတ် ပြန်လည်ရောင်းချသူတွေဆီက ဘယ်လို ပေးပို့လက်ခံမလဲ?
===
(အဆင်ပြေလွယ်မယ့်နည်းလေးကိုပဲ ဒီထဲထည့်ပေးပါမယ်၊ နောက်စာတွေမှာလဲ တခြားနည်းတွေကိုပြောပြပါမယ်)
အရင်ဆုံး App နဲ့ဆိုရင် Lite version ဖြစ်နေတာကို ဖြုတ်လိုက်ပါ။ ဒါဆိုရင် အောက်မှာ tab 5 ခုနဲ့ version တစ်ခုဖြစ်သွားပါလိမ့်မယ်၊ အဲ့ကနေ Wallet ဆိုတာလေးဆီသွားပါ။ ပြီးရင်အဲ့ထဲက p2p ဆိုတဲ့နေရာသွားပါ။
( PC မှာဆိုလဲ ဒီသဘောပါပဲ )
P2p မှာ Transfer ဆိုတာတွေရပါလိမ့်မယ်။
အဲ့ကနေ Send ကိုထပ်ရွေးပါ။ ဒါဆိုရင် Scan , Receive , History ဆိုတဲ့ ၃ ခုတွေ့ရမှာဖြစ်ပါတယ်၊
ကိုယ်က လက်ခံမယ့်သူဆိုရင် Receive ကိုနိပ်ကာ QR code ကို save image လုပ်ပါ။ တစ်ဖက်ကလူကို QR code ပေးလိုက်ပါ။
တကယ်လို့ ကိုယ်ကပေးပို့မယ့်သူဆိုရင်တော့ ခုအဆင့်အတိုင်းလုပ်ပြီးတော့ receive ဆိုတဲ့နေရာမှာ Scan ဆိုတာကိုရွေးပြီးတော့ ကိုယ့်ကိုပေးပို့ထားတဲ့ QR ကိုရွေးက ပို့ပေးရင်ရပါပြီ။
Visa card နဲ့ဝယ်ယူနည်း
===
Home မှာ credit/debit ဆိုတဲ့နေရာကနေ ပုံမှန် visa အသုံးပြုသလိုပဲဝယ်လို့ရပါတယ်၊ ( အရင်ကတော့ မရပါဘူး၊ ခုလဲ တချို့ Bank card တွေမရတတ်လို့ ကိုယ့် risk နဲ့ကိုယ်ဝယ်ပါ)
P2p trading နဲ့ဝယ်ယူနည်း
===
P2p မှာဝယ်ဖို့ဆိုရင် တော့ identity verify ဖြစ်ဖို့လိုပါတယ်။
ဖြစ်ပြီးရင် Wallet -> p2p ထဲဝင်ပါ။ အဲ့မှာ P2p trading ဆိုတာတွေ့ရပါလိမ့်မယ်။
P2p trading ထဲနိပ်လိုက်ရင် ညာထောင့်လေးမှာ usd ကနေ mmk ဆိုတာပြောင်းလိုက်ပါ၊
ဒါဆိုရင်တော့ MMK နဲ့ရောင်းဝယ်နေကြသူတွေကိုတွေ့ပါလိမ့်မယ်၊
Buy ဆိုတာကတော့ USDT Coins တွေကိုလိုချင်တဲ့သူတွေအတွက်ပါ၊
MMK ပြန်ပေးပြီးတော့ သူ့ဘက်က USDT ပေးတာပါ။
Binance ရဲ့စနစ်က အရောင်းတင်တဲ့သူတွေရယ့် coin ကိုလဲ သူတို့က ကြားထဲကနေ Hold ထားပါတယ်၊
နစ်ဖက်လုံးက ငွေလွှဲတာ confirm ဖြစ်ပြိဆိုမှ လွှတ်ပေးတာမျိုးပါ။
ခုထိတော့ scam မတွေ့ဖူးသေးပါဘူး၊ ဒါပေမဲ့ completion rate များတဲ့သူတွေဆီကဝယ်ရင်တော့ပိုစိတ်ချမ်းသာရပါမယ်။ သတိတော့ထားပါ။ လူများလာရင်တော သိတဲ့အတိုင်းမျိုးစုံပါလာနိင်ပါတယ်။
Buy ဆိုတာနားရဲ့ဘေးမှာ သူ့ဆီကရတဲ့ ငွေကြေးလက်ခံစနစ်တွေပြထားပါမယ်၊ kpay , bank , wave အစရှိသဖြင့်ပါ။ ကိုယ့်မှာရှိတာနဲ့ဝယ်ပါ၊
နစ်ယောက်လုံးလက်ခံတာလွှဲတာပြီးသွားရင် အကောင့်ထဲအလိုလို usdt ရောက်လာပါလိမ့်မယ်၊
Sell ဆိုတာကလဲ ဒီသဘောပါပဲ၊ ကိုယ်ကနေ usdt ရှိနေရင် အဲ့လို sell ဆိုတာထဲနိပ်ပြီးတော့ ရောင်းလို့ရပါတယ်။ တစ်ဖက်ကလူကငွေလွှဲပြီးတာစစ်ပြီးရင် confirm နိပ်လိုက်ရင်ရပါပီ။
Open market ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဝယ်ရောင်းနှုန်းတွေမတူတာမို့ အတန်ဆုံးဟာနဲ့ မိမိကိုက်မယ်ထင်တာကိုတော့တွေးပီးဆုံးဖြတ်ပါ။
ကိုယ်တိုင်က အဲ့လို Buy sell ဆိုတာမျိုးတင်ချင်ရင် p2p trading ထောင့်နားက အစက်လေးကိုနိပ်ပြီး advetisment mode ကိုပြောင်းလိုက်ပါ။ ဒါဆိုရင် Ads ဆိုတာလေးပါလာပါလိမ့်မယ်။ အဲ့မှာ ads တင်လို့ရပါတယ်၊ ( ဒါကတော့ မိမိဘာသာနားလည်အောင် စမ်းကြည့်စေချင်ပါတယ် )
ဒီလောက်အဆင့်တွေဆိုရင် အကောင့်ထဲကို usdt ရောက်လာပြီလို့ ယေဘုယျသတ်မှတ်လို့ရပါပီ။
ဒီတော့ ကျွန်တော်တို့လိုချင်တဲ့ coin တစ်ခုကို စဝယ်မယ့်အဆင့်ပါ။
Coin စဝယ်ရောင်းလုပ်ဖို့က SPOT ထဲမှာ ငွေရှိရပါမယ်။
( wallet ထဲသွားရင် overview, Spot, p2p အစရှိတာတွေတွေ့ပါမယ်၊ အဲ့ထဲက spot ဆိုတဲ့နေရာမှာပါ)
Spot ထဲငွေရှိရင် ဝယ်ရောင်းရပါပီ။ ခုနက ဝယ်နည်းတွေထဲက နံပါတ် ၃ နည်းကလွဲရင် ကျန်တာက
P2p ထဲကိုငွေရောက်မှာပါ၊ ဒီတော့ p2p ထဲက usdt ကို spot ထဲ အရင်ပြောင်းရပါမယ်။
Wallet -> Spot -> Transfer -> ကိုသွားရင်
From Spot Wallet to P2p Wallet ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်၊
ဘေးနားက မြှားလေးကိုနိပ်ပြီးတော့ from p2p to spot ဆိုတာလေးကိုပြောင်းလိုက်ပါ။
အောက်က BTC ဆိုတာကိုနိပ်ပီး USDT ပြောင်းလိုက်ပါ။ ဒါဆိုရင် ကိုယ့် p2p မှာရှိတဲ့ပမာဏကိုပြပါလိမ့်မယ်၊
Max ကိုနိပ်လိုက်ရင်ရပါပီ၊ ပီးရင် transfer နိပ်လိုက်တာနဲ့မိမိ spot ထဲ usdt ရောက် ပြီး ဝယ်ရောင်းလုပ်လို့ရပါပီ။
ဘယ်လိုဝယ်ရောင်းမလဲ?
---
Trades ဆိုတာကိုသွားပါ။ မျှားလေးမှာ အတွဲလေးတွေတွေ့ပါလိမ့်မယ်၊ ကိုယ်ပိုင်တဲ့ coin က usdt ဖြစ်လို့
Usdt နဲ့ တခြား coin ( လိုချင်တဲ့ coin ) ကို ရှာရပါမယ်။
Bitcoin ( $BTC ) ကို ဝယ်ချင်ရင် အဲ့ကနေ btc လို့ရိုက်လိုက်ပါ။ ကျလာတဲ့အတွဲအများကြီးထဲကမှာ btc/usdt ကိုရွေးပါ။ ဒါဆိုရင်တော့ Bitcoin ဝယ်မယ့်နေရာဖြစ်ပါပီ။
BTC ကို ကြည့်လိုက်ရင် Buy / Sell ဆိုတာ ၂ ခုတွေ့ပါလိမ့်မယ်။
အဲ့မှာ Limit လို့ဖြစ်နေပါလိမ့်မယ်၊ limit ဆိုတဲ့သဘောတရားကတော့ သူ့အောက်က ရေးတဲ့ဂဏန်းဖြစ်တဲ့အချိန်မှ သာ ဒီ coin ကို ဝယ်မယ်ဆိုတဲ့သဘောပါ။
ဉပမာ coin တစ်ခုက $ 1.5 ဖြစ်နေတယ်ဆိုပါတော့ ၊ ကိုယ်က $1.4 မှဝယ်ချင်ရင် Limit အောက်က ဂဏန်းကို 1.4$ ထားလိုက်ရင်ရပါပီ။
Amount (BTC) ဆိုတဲ့နေရာမှာလဲ ကိုယ်လိုချင်တဲ့ ပမာဏတန်းထည့်လိုက်ရင် အောက်မှာ ကျသင့်မယ့် usdt (* total နေရာ) မှာအလိုလိုပြောင်းသွားပါတယ်။
ပိုလွယ်တာကတော့ ကိုယ်က $50 ဖိုးဝယ်ချင်ရင် total နေရာမှာ 50 ထည့်လိုက်ပီးပြန်ရလာမယ်ါ ပမာဏကိုသူ့ဘာသာပြောင်းသွားတာက ပိုအဆင်ပြေပါတယ်။
( စစချင်းတော့ ဒီနစ်ခုပဲ သေချာ မလည်ပဲ ကစားတတ်အောင် နိပ်တတ်အောင် သိထားဖို့ပါ။ ကျန်တာတွေအတွက်လဲ နောက်အပိုင်းတွေမှာဆက်တင်ပေးသွားပါမယ် )
Limit မဟုတ်ပဲ ခုဖြစ်နေတဲ့ မာကတ်တန်ဖိုးနဲ့ဝယ်ချင်ရင် limit ကို Market အဖြစ်ပြောင်းလိုက်ရုံပါပဲ၊ အဲ့တာဆိုရင်တော့ ဖြစ်နေတဲ့ တန်ဖိုးနဲ့ တန်းဝဘ်ပေးသွားမှာဖြစ်ပါတယ်။
ဒါဆိုရင် coin တစ်ခုရလာပါပီ။
ပြန်ရောင်းချင်ရင် sell ဆိုတဲ့ဘက်ပြောင်းလိုက်ရုံပါပဲ၊
ကျန်တဲ့သဘောက ခုနက အတိုင်းပါပဲ။
ကိုယ်က $XYZ coin ကို 100 coin ဝယ်ထားတာပြန်ရောင်းချင်ရင် sell ဘက်ပြောင်းပီး ဘယ်လိုရောင်းမလဲ ချိန်ပါ။
အကောင့်ဖွင့်တာကနေ ငွေထည့်ပီး လိုချင်တဲ့ Crypto ကိုဝယ်တဲ့ထိ အကြမ်းဖျင်း Beginner guide ကို ဒီလောက်နဲ့အဆုံးသတ်ပါတော့မယ်၊
ဘာဝယ်ရမလဲဘာလဲတော့ မမေးပါနဲ့နော်၊ ကိုယ့်ငွေကြေးဖြစ်လို့ တာဝန်ရှိစွာကစားပီး သူများကိုစွတ်ယုံပစ်တာမျိုးမလုပ်ပဲ သေချာလေ့လာပီးမှ သာာ လုပ်စေချင်ပါတယ်။
လွဲမှားနေတဲ့အချက်အလက်လေးတွေပါသွားခဲ့ရင်လဲ ပြင်ပေးပါမယ်၊
ဖတ်လို့အဆင်ပြေရင် တခြားစိတ်ဝင်စားတဲ့သူငယ်ချင်းတွေကို ရှယ်ပေးတာမျိုးလုပ်လို့ရပါတယ်၊
Binance Application နဲ့ပတ်သတ်ပြီး အဓိက တင်ပြ/သုံး ပေးသွားမှာ ဖြစ်တဲ့အတွက် Application မရှိသေးများ ဒီ referral link ကနေ အကောင့် ဖွင့်နိုင်ပါတယ်
https://www.binance.cc/en/register?ref=Z8HBOGBZ
คลิกที่นี่เพื่อเป็นสมาชิก?
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Sukhumvit
Bangkok