Han Phyo
I’ll be expressing emotions like love, longing, and heartfelt feelings through my posts.
13/07/2026
မပိုင်ဆိုင်ရလည်း ကိစ္စမရှိပါဘူး။
နှင်းဆီတစ်ပွင့်ကို ရိုးတံအတိုင်း ချစ်တတ်လာတဲ့အခါ ဆူးတွေကြောင့် နာကျင်ရရင်တောင် အပြစ်မမြင်ရက်တော့သလိုပေါ့။
လူချင်းဝေးနေပေမယ့်လည်း
စိတ်ချင်းနီးနေဖို့လည်း မလိုပါဘူး။
ကိုယ့်ရဲ့ စာမျက်နှာတွေထဲမှာ
သူ့အကြောင်းလေးတွေ တွေးပြီး ရေးခွင့်ရနေသရွေ့
အဲဒီအလွမ်းဟာလည်း အဓိပ္ပာယ်ရှိပါတယ်။
အချစ်ဆိုတာက ချည်နှောင်ထားခြင်းမှ
မဟုတ်ဘဲ။
တကယ်က လွတ်လပ်ခွင့်ပေးခြင်းပါ။
သူပျော်နေမယ့် ကောင်းကင်အောက်မှာ
သူ လွတ်လပ်စွာ ပျံသန်းနိုင်ဖို့ ဝေးရာကနေ ဆုတောင်းပေးလိုက်တာဟာလည်း အနက်ရှိုင်းဆုံး ချစ်ခြင်းတစ်မျိုးပါပဲ။
သူပျော်ရွှင်ရမယ့် ကမ္ဘာထဲမှာပဲ
သူ အေးချမ်းပါစေ။
အဆင်ပြေပြီး ပျော်ရွှင်ရပါစေ။
မပိုင်ဆိုင်ရလည်း
ဆက်ချစ်နိုင်ပါတယ်။
11/07/2026
ဒီရက်ပိုင်း စိတ်တွေ လေးလံနေတယ် ။
ဘာကြောင့်လဲတော့ မသိဘူး။
လူက ပိုပင်ပန်းသလိုလိုနဲ့ မင်းကို ပိုပြီး
သတိရမိနေတယ် ။
အဲဒီအခါမျိုးဆို "မင်းသာ ကိုယ့်ဘေးနားမှာ ရှိနေရင် အလိုလို သက်သာသွားမှာပဲ" ဆိုတဲ့ စိတ်ကူးက အမြဲတမ်း ရောက်လာတတ်တယ် ။
ခြေဦးတည့်ရာ လျှောက်ရင်းနဲ့
လမ်းပျောက်နေသလိုမ ခံစားရတဲ့အခါမျိုးမှာ
မင်းရဲ့လက်ကလေးကို ကိုင်ပြီး အမောဖြေချင်မိတယ်။
တကယ်ပါ
ဒီရက်တွေမှာ ကိုယ် မင်းကို သိပ်လိုအပ်နေတယ်။
လုပ်လက်စ အလုပ်တွေ ၊ တာဝန်တွေ အားလုံးကို ခဏလောက် ဘေးဖယ်ထားပြီး မင်းကို ဖက်ထားရင်းနဲ့ပဲ
ဒီအတိုင်းလေးပဲ အချိန်တွေကို ကုန်ဆုံးသွားချင်တယ်။
တစ်ခါတလေတော့လည်း
ကလေးတစ်ယောက်လို ဆိုးခွင့်ရချင်မိတယ်။
11/07/2026
ဘယ်အချိန်ထိ ဝေးနေရဦးမှာလဲ။
တကယ်ပဲ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလား။
တွေ့ဆုံကြုံကွဲဆိုတဲ့ စကားကို လက်ခံနိုင်ပေမယ့်
ဒီလောက်ကြီး မြန်မြန်ဆန်ဆန်ဝေးရတဲ့
ဆက်ဆံရေးကိုတော့ လက်မခံနိုင်ခဲ့ဘူး။
မပေါင်းဖက်ရရင် မဆုံချင်တော့သလို
အတူမရှိရရင်လည်း မဆုံချင်တော့ပါဘူး။
အကြာကြီးလည်း မလွမ်းချင်တော့သလို
အကြာကြီးလည်း မဆွေးချင်တော့ပါဘူး။
စောင့်နေပါဦးမယ်။
အချိန်တစ်ခုထိ ရှိနေပါဦးမယ်။
ပြန်မလာတော့တာ သေချာသွားပြီဆိုရင်တော့
ကိုယ်လည်း လေနှင်ရာကို ဆက်လွှင့်လိုက်တော့မယ်။
အဆင်ပြေပါစေ။
မင်း ပျော်ရပါစေ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
ที่อยู่
Bangkok
10200