TeleHealth Consult
11/04/2026
ပြည်ပရောက်မြန်မာများအတွက်သတင်းကောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံခြားမှာ ပညာသင်နေသူများ၊ မိသားစုအတွက် စီးပွားရှာနေကျသော မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု့အတွက် မြန်မာအထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးကုသမှု့ခံယူလိုပါက TeleHealth Consult ကို ဆက်သွယ်နိုင်ပါသည်။
19/03/2026
အစာခြေ လမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လို ကာကွယ်ကြမလဲ?
အစာခြေလမ်းကြောင်း ဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့ peptic ulcer လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့် အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။
အစာအိမ်အနာ နဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ ကို ဖြစ်စေသော အကြောင်းအရင်းများ -
ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့ အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ အနာတွေဖြစ်လာပါတယ်။ များသောအားဖြင့် အစာအိမ်အနာတွေက အဲလို အကာကွယ်ပေးနိုင်မယ့် အလွှာလေးတွေကို အားနည်းစေတဲ့ အချက်တွေ (ဥပမာ- H.pylori ပိုးဝင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ခြင်း စတာတွေ) ကြောင့် အဖြစ်များပါတယ်။
အူသိမ်ဦးပိုင်းအနာကတော့ အကာကွယ်ပေးမယ့်အလွှာလေးက ကောင်းမွန်နေပေမယ့် အက်ဆစ်တွေ အထုတ်များတာကြောင့် ဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် အက်ဆစ်အထုတ်များစေနိုင်တဲ့ H.pylori ပိုးဝင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ နဲ့ အက်ဆစ်အထုတ်များစေတဲ့ hyperparathyroidism, Zollinger Ellison’s Syndrome စတဲ့ ရောဂါမျိုးရှိတဲ့ သူတွေမှာ အူသိမ်ဦးပိုင်းအနာ ဖြစ်လေ့ရှိပါတယ်။
ဘယ်လို လူတွေမှာ ပိုဖြစ်တတ်လဲ?။
အစာအိမ်အနာနဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ လူငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများသူများ၊ O သွေးပိုင်ရှင်များ၊ အစာစားချိန်မမှန်သူများ၊ အပူအစပ် နဲ့ အရက်သောက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ချေပိုများပါတယ်။
ရောဂါလက္ခဏာများ -
၁။ ဗိုက်နာခြင်း။
အစာအိမ်အနာနဲ့ အူသိမ်အနာတွေမှာ ဖြစ်တဲ့ ဗိုက်နာခြင်းမှာ ထူးခြားတဲ့ အချက် ၃ ချက်ရှိပါတယ်။
ဗိုက်နာတဲ့အခါမှာ ဗိုက်ရဲ့ အပေါ်ပိုင်းနဲ့ အလယ်ပိုင်း နေရာ (Epigastrium) မှာ နာလေ့ရှိပါတယ်။
ဗိုက်နာတာက အစားအသောက်နဲ့ ဆက်နွယ်မှုရှိတယ်။
နာတဲ့ အချိန်မှာ ဆက်တိုက်နာပြီး ကျန်တဲ့ကြားအချိန်တွေမှာ ပုံမှန်အတိုင်း နာကျင်မှုလုံးဝမရှိဘဲ လူကောင်းပကတိ ဖြစ်နေပါတယ်။
ကွာခြားချက်ကတော့ အစာအိမ်အနာကြောင့်ဖြစ်တဲ့ ဗိုက်နာခြင်းဟာ အစာစားပြီး (အထူးသဖြင့် ပူစပ်တဲ့ အစားအစာတွေစားပြီး) မိနစ်အနည်းငယ်အတွင်းမှာ နာတတ်ပါတယ်။ ဒါပေမယ့် အူသိမ်ဦးပိုင်းမှာ ဖြစ်တဲ့အနာကတော့ အစာမရှိရင်၊ ဆာရင် ပိုနာတတ်ပြီး အစာစားလိုက်ရင်သက်သာသွားလေ့ရှိပါတယ်။
၂။ အခြားရောဂါ လက္ခဏာများ။
ဗိုက်နာခြင်းအပြင် ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရင်ပူခြင်းတွေလည်း ခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ။
အနာပေါက်ထွက်သွားခြင်း၊ သွေးထွက်ခြင်း နဲ့ ကင်ဆာအဖြစ်ပြောင်းလဲသွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါမှာ ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း (သို့) ကော်ဖီရောင်အန်ခြင်း၊ သွေးအားနည်းခြင်း၊ မောခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?။
-Aspirin, ibuprofen စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ ခဏခဏ သောက်တာကို ရှောင်ကြဉ်ပါ။
-အကိုက်ခဲ ပျောက်ဆေးတွေကို အချိန်အကြာကြီး မဖြစ်မနေ သောက်ရမယ့် သူတွေဆိုရင်လည်း ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီး အစာအိမ်ကို ကာကွယ်ပေးတဲ့ ဆေးတစ်မျိုးမျိုးနဲ့ တွဲသောက်သင့်ပါတယ်။
-အပူအစပ်တွေ ရှောင်ပြီး ကျန်းမာရေးကောင်းစေတဲ့ အစားအစာတွေစားပါ။
-အရက်နဲ့ ဆေးလိပ်ကို တတ်နိုင်သလောက်ရှောင်ပါ။
-စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
-အစားအသောက်ကို အချိန်မှန်မှန် သတိထားပြီးစားပါ။
-H.pylori ပိုးကိုကာကွယ်နိုင်မယ့် တိကျသေချာတဲ့ နည်းလမ်းတော့ မတွေ့ရှိသေးပေမယ့် အခြား အစာခြေလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်တဲ့ နည်းလမ်းအတိုင်း မသန့်ရှင်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်တာ၊ လက်ကို သေသေချာချာဆေးတာ၊ အစားအစာတွေကို ကျက်အောင် ချက်ပြီးမှ စားတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
Hello Sayarwon
18/03/2026
ဦးနှောက်အာရုံကြောအထူးကုနှင့် ပြသတိုင်ပင်သင့်သော ရောဂါများ 👨⚕️
🧠 ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ
• လေဖြတ်ခြင်း
• ခေတ္တခဏလေဖြန်းခြင်း
🧠 ဦးနှောက်အတွင်း ပိုးဝင်ခြင်းများ
• ဦးနှောက်အမြှေးရောင်ရောဂါ
• ဦးနှောက်ရောင်ရောဂါ
🧠မှတ်ဥာဏ်အားနည်းခြင်း
🧠 ကြွက်သားနှင့် အာရုံကြော ရောဂါများ
•ဆီးချိုရောဂါကြောင့် ခြေဖျားလက်ဖျား ထုံကျဉ်ခြင်း သို့မဟုတ် နာကျင်ခြင်း
• ကြွက်သားများ တဖြည်းဖြည်း အားနည်းပြီး သိမ်လှီသွားခြင်း
• မျက်နှာတစ်ခြမ်း လေဖြတ်ခြင်း
🧠 ဦးနှောက်အတွင်း အကျိတ်တည်ခြင်း
🧠 ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ ချို့ယွင်းချက်များ
🧠 ရုတ်တရက် ဖြစ်ပေါ်တတ်သော အာရုံကြောရောဂါများ
• အတက်ရောဂါ
• ခေါင်းတစ်ခြမ်းကိုက်ခြင်း(မိုင်ဂရိန်း)နှင့် ပြင်းထန်သောခေါင်းကိုက်ရောဂါများ
• အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (အိပ်မပျော်ခြင်း/အိပ်လွန်းခြင်း)
🧠 ခေါင်းမူးခြင်း
• ခေါင်းအနေအထား ပြောင်းလဲလိုက်သည့်အခါ ခဏတာ ပြင်းပြင်းထန်ထန် မူးခြင်း
• နားအတွင်းရှိ ဟန်ချက်ထိန်းအာရုံကြော ရောင်ရမ်းပြီး မူးဝေခြင်း
• နားအူခြင်း၊ နားလေးခြင်းတို့နှင့်အတူ အချိန်ကြာမြင့်စွာ ခေါင်းမူးခြင်း
• ဦးနှောက်ငယ် ချို့ယွင်းမှုကြောင့် လမ်းလျှောက်ရာတွင် မူးဝေယိုင်နဲ့ခြင်း
•ဂုတ်ကျီးပေါင်းတက်ခြင်း
🧠 ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့် ဖြစ်သော အာရုံကြောရောဂါများ
• Multiple Sclerosis: ကိုယ်ခံအားစနစ်က အာရုံကြော အကာအကွယ်လွှာ ကို တိုက်ခိုက်ခြင်း
• Guillain-Barré Syndrome: ကိုယ်ခံအားစနစ်က အစွန်အဖျား အာရုံကြောများကို တိုက်ခိုက်သဖြင့် ရုတ်တရက် ကြွက်သားများ အားနည်းခြင်း
•Myasthenia Gravis: ကြွက်သားနှင့် အာရုံကြောဆက်သွယ်မှု လွဲချော်ပြီး ကြွက်သားများ အားနည်းခြင်း
🧠 ဦးနှောက်နှင့် အာရုံကြော ဆုတ်ယုတ်ပျက်စီးသည့် ရောဂါများ
• အယ်လ်ဇိုင်းမား ရောဂါ : သူငယ်ပြန်ခြင်း
• Parkinson’s diseases (ပါကင်ဆန် ရောဂါ ): ကိုယ်လက်တုန်ခြင်း
• ဟန်တင်တန် ရောဂါ (Huntington’s Disease): မျိုးရိုးလိုက် ဦးနှောက်ဆဲလ်များ ပျက်စီးသည့်ရောဂါ
• Multiple Sclerosis: ဦးနှောက်အတွင်းရှိ အာရုံကြောမျှင်များ ထိခိုက်မှုကြောင့် ဟန်ချက်ပျက်ခြင်း
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok