Trend MM

Trend MM

แชร์

17/01/2022

ICJ တွင် မြန်မာဘက်မှ အမှုလိုက်ပေးခဲ့သည့် ရှေ့နေ ဝီလီယံ ရှာဘားစ် နုတ်ထွက်

⎯ Carlos Sardiña Galache
မစ်ဒရစ် | ဇန်နဝါရီ ၁၆ |

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက် နယ်သာလန်နိုင်ငံတွင် သွားရောက်ဖြေရှင်းခဲ့စဉ်က မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့သည့် ရှေ့နေ ဝီလီယံ ရှာဘားစ် နုတ်ထွက်သွားပြီဖြစ်သည်။

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရှေ့နေ ဝီလီယံ ရှာဘားစ်ဦးဆောင်၍ မြန်မာဘက်မှ ခုခံချေပခဲ့ခြင်းဖြစ်သည်။

၎င်း၏နေရာတွင် အာဏာသိမ်း မြန်မာစစ်တပ်က မည်သူ့ကို အစားထိုးမည်လဲဆိုသည်ကို မသိရသေးပါ။

“ဒီကိစ္စမှာ ကျွန်တော် ဆက်မပါတော့ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နောက်နောင် ဘာမှ မပြောလိုတော့ပါ” ဟု ရှေ့နေ ဝီလီယံ ရှာဘားစ်က သတင်းထောက် Carlos Sardiña ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စစ်တပ်မှ ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် အမှုရင်ဆိုင်ခဲ့သည်။

လူမျိုးသုန်း သုတ်သင်မှု မရှိဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းတရားခွင်တွင် ဆိုခဲ့သလို “၂၀၁၈ ခုနှစ်ထဲမှာတော့ စစ်သားတွေကိုအရေးယူအပြစ်ပေးမှုတွေ ပိုများလာခဲ့ပါတယ်။ တရားရုံးတွေရဲ့ အလုပ်လုပ်ပုံတွေကြောင့် ကျမ အားတက်ရသလို ဆက်ပြီးတော့လည်း သူ့အလုပ်သူ လုပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၂၀၁၉ ဒီဇင်ဘာ ၁၁ တရားရုံး၊ ရုံးချိန်းတွင် လျှောက်လဲချက်ပေးခဲ့သည်။

ထို့ပြင် ရှေ့နေ ဝီလီယံရှာဘားစ်ကလည်း “မြန်မာတပ်မတော်ရဲ့ စိတ်စေတနာဟာ ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကထွက်သွားစေချင်တဲ့ သဘောသာဖြစ်ပါတယ်။ သူတို့တွေအကုန်လုံးကို သုတ်သင်ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး” ဟု ယင်းနေ့ တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လာမည့် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ တွင် ကျင်းပမည်ဟု ကနဦး သိထားပြီး ယခင် လာရောက်ချေပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နေရာတွင် တခြားကိုယ်စားလှယ်များကို မြန်မာဘက်က အစားထိုးထားကြောင်း ဂမ်ဘီယာနိုင်ငံဘက်က ပြောဆိုထားသည်။

16/01/2022

ခပ်တိုတိုဘဲ ပြောပြချင်ပါတယ် မိတ်ဆွေတို့။

Feb 1st 2022 ကစပြီးနောက်ပိုင်း အကြီးကြီး တွေ ကတော့မှာမို့ အင်တာနက် ရသမျှ အချိန်လေးမှာ အတတ်နိုင်ဆုံး နည်းစနစ်ကျကျ နဲ့ ကလစ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ တနိုင်ငံလုံး အတိုင်းအတာအရ ထင်ထားတာထက်ပိုများလာပြီမို့ ထိုအင်အားစုများအတွက် အဓိက supporting ပိုလိုအပ်လာပါပြီ။

ပြည်ပရောက် မြန်မာတွေဟာ C2D မစ်ရှင်အသစ်မှာ သိန်းရှစ်ထောင်အလှုငွေကို ကျော်အောင် support လုပ်နိုင်ခဲ့ပြီး ပြည်တွင်း ကလစ်ကာ များရဲ့ C2D ဟာ တစ်နေ့ သိန်း ၂၀၀ မစ်ရှင်ကိုရဖို့ မနည်းအားစိုက်နေရပါတယ်။
မီးပျက်ခြင်းကြောင့် ဝိုင်ဖိုင်သုံးဖို့ မလွယ်ကူကြတဲ့အခါ ဝိုင်ဖိုင်စက်မှာ တပ်ဆင်အသုံးပြုနိုင်တဲ့ power bank များဟာလည်း အနည်းဆုံး သုံးသောင်းမှ တစ်သိန်းထိ ပေါက်ဈေး ရှိလာကြတဲ့အတွက် ထိုငွေကို တော်လှန်ရေး အင်အားစုများကိူ လှူပါက တစ်ခါဘဲ လှူခွင့်ရမှာမို့ အကြိမ်ကြိမ် နေ့စဥ်လှူနိုင်အောင် ပါဝါဘန့် အားထိုငွေဖြင့်ဝယ်ယူကာ နေ့စဥ် သိန်း ရာဂဏန်း C2D အစီအစဥ် ကို ဝင်ရောက်အားဖြည့်ပြီး လုပ်ဆောင်ပေးစေချင်ပါတယ်။

ရှေ့လျှောက် ပွဲကြီးကြီး ကကွက်ကြီးကြီး ကြုံလာကြရမှာ ဖြစ်လို့ ဆက်သွယ်ရေး ပြတ်တောက်မှု မခံရခင်မှာ မိမိတို့ဘက်ကနေ အားစိုက်ပြီး support လုပ်ပေးစေချင်ပါတယ်။
ယခု ပွဲကြီးတဲ့နေရာဒေသတွေဟာ အင်တာနက် ဖြတ်ခံရသည့်အတွက် ထိုဒေသများမှ ယခင် C2D သမားများဟာ ကလစ်နိုင်ဖို့ အခြေအနေ မရှိကြတော့လို့ မိမိတို့ လို အင်တာနက်ရနေးသေးသော နေရာဒေသများက ပြည်သူတွေဟာ အင်တာနက် အဖြတ်ခံလိုက်တဲ့သူတွေအစား C2D ကို သူတို့အတွက်ပါ ပိုလုပ်ပေးရပါမယ်။
ဒါကို မင်းထိလို့ မင်းအစားငါ က ပိုတိုက်ပေးတာ ဆိုတဲ့ တော်လှန်ရေး ရဲဘော်များရဲ့ စစ်ပွဲမှာထားတဲ့ ရဲဘော်ရဲဘက် စိတ်ကို မွေးမြူလုပ်ဆောင်ပြတာနဲ့အတူတူပါ လို့ ခံယူသတ်မှတ်ကြရပါမယ်။
ဒါမှ အောင်ပွဲဟာ ခပ်မြန်မြန်ရမှာပါ။

နောက်တစ်ခုက လိုင်းပေါ် မှာ အရမ်း cele ဖြစ်လာတဲ့ ဗိုလ်နဂါး ကိစ္စ ပါ။
ဗိုလ်နဂါးကို အရမ်းချီးကျူးပြနေတာဟာ သူ့ကို သတ်ကွင်းထဲရောက်အောင် တွန်းပို့ပေးနေတာကို သတိထားကြဖို့ပါဘဲ။
ဗိုလ်နဂါး ညီ အသတ်ခံရတယ် ဆိုတာတွေကို ဗိုလ်နဂါးကိုယ်တိုင် ထုတ်ပြောပြခြင်းမျိုးမရှိဘဲ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ သတင်းကို ဝိုင်းရှဲ ဝိုင်းကော်ပီနေကြတာတွေဟာလည်း မြင်မကောင်းအောင်များနေတာမို့ တဘက်ရန်သူများက ဝိုင်းလှောင်ရယ်ဟားတိုက်နေကြမှာကို သတိပြုသင့်ကြပါတယ်။

လူတစ်ယောက်ကို လွန်လွန်ကျူးကျူး ချီးကျူးပီဆိုရင် ထိုသူအတွက် အန္တရာယ်ဟာ ပိုနီးကပ်စေတာကို စစ်ရေးသဘောတရားအရ နားလည်ဖို့လိုပါတယ်။
ထိုသူ့ကိုဘဲ ချီးကျူးနေမယ်ဆိုရင် ကျန်တဲ့ တိုင်း၊ ပြည်နယ် နေရာဒေသက PDF တွေ၊ EAOs တွေအတွက် စိတ်ထဲမှာ တမျိုးခံစားမှု ဝင်သွားရင် တော်လှန်ရေး အတွက် ကသိကအောက်ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် မိမိရဲ့ လွန်ကျူးစွာ ချီးကျူးမှုကြောင့် တဘက်ရန်သူက ထိုသူကို ပိုပိုပြီး ပစ်မှတ်ထားလာပါလိမ့်မယ်။

မြန်မာစကားပုံ ရှိပါတယ်။
သဒ္ဒါ လွန်တော့ တဏှာကျွန်...လို့ဆိုပါတယ်။

ကိုယ့် ကြောင့် တဘက်ကို ဒုက္ခ မရောက်စေဖို့ကို သတိပြုရပါမယ်။

ဘာသာရေးစကားအရ ပြောရင်..
သဒ္ဒါ နဲ့ ပညာ ဟာ မျှတရပါမယ်။
တဘက်ဘက်ကို လွန်ကျူးမိရင် မိစ္ဆာ ဒိဌိ( အတ္တ ဒိဌိ) ဖြစ်စေပါတယ်။

ဆိုလိုတာကို သဘောပေါက်နားလည်ကြမယ် လို့ ယုံကြည်မိပါတယ်။

ဖက်ဒရယ် ဆိုတာ တန်းတူညီမျှ မှုကို ခေါ်တာပါ။
ဖက်ဒရယ်လိုချင်ရင် တိုက်ပွဲဝင်နေသော PDF. EAOs မှန်သမျှကို တန်းတူညီမျှစိတ် ထားပေးရမှာပါ။
ဒါကြောင့် ဗိုလ်နဂါးကိုလည်း ချီးကြူးပါ။
ကျန်တဲ့ လက်နက်ကိုင်တိုက်ပွဲဝင်သူမှန်သမျှအားလုံးကိုလည်း ဗိုလ်နဂါး နည်းတူ တန်းတူအသိအမှတ်ပြုပေးပါ။
တော်လှန်ရေးဆိုတာဟာ တဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းနဲ့ အောင်မြင်အောင်လုပ်လို့မရဘူးဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရေး ကိစ္စ အတွက် ဆောင်ရွက်ပြခဲ့ပုံက ရှေ့မှာ အတုယူနမူနာ ပြထားတာကို မမေ့ကြဖို့လိုပါတယ်။

NUG ချည်းဘဲလည်း တော်လှန်ရေး မအောင်မြင်နိုင်ပါ။
PDF ချည်းဘဲလည်း မရပါ။
EAOs ချည်းဘဲလည်းမရပါ။
CDM သမားချည်းဘဲလည်း မရပါ။

အားလုံးအတူတူ သူ့နေရာနဲ့သူ့တာဝန်ကို လုပ်ဆောင်ကြမှသာ.တော်လှန်ရေးအောင်မြင်ပီး ပွဲပြီးတဲ့အခါ တန်းတူညီမျှ ဖက်ဒရယ် ဘဝတွေကို ရနိုင်မှာပါ။

ဒါ့ကြောင့် အထက်ပါ အဖွဲ့အစည်းများက သူတို့်အလုပ်သူတို့လုပ်ကြတဲ့အခါ မိမိတို့လို သာမန်ပြည်သူများက ထိုအဖွဲ့များရဲ့ အလုပ်ကို အမြန်ပြီးမြောက်အောင် ကျရာနေရာကနေ ဘယ်လိုထောက်ပံ့ပါဝင်ကူညီနိုင်မလည်း ဆိုတာကို တွေးဆ လုပ်ဆောင်ပြီး ကိုယ့်တာဝန် ကိုယ်ယူကြကာ ကျေပွန်အောင် အတူလက်တွဲ ဝိုင်းလုပ်ကြပါလို့ တိုက်တွန်းအကြံပြုရင်း..

တော်လှန်ရေး ကြီး မုချ အောင်ရမည်။အောင်ကိုအောင်ရမည်။

အရိပ်

Photos from Trend MM's post 06/01/2022

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် တကတ် ကို အခွန် ကျပ် ၂ သောင်း ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား

ဧရာဝတီ၊ ဇန္နဝါရီ ၆၊ ၂၀၂၂

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် တကတ် ဝယ်ယူပါက ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဆင်းမ်ကတ် ၁ ကတ်လျှင် ကျပ် ၂ သောင်းကောက်ခံသွားရန် ပြည်ထောင်စုအခွန်ဥပဒေကို စစ်ကောင်စီက ပြင်ဆင်လိုက်ကြောင်း ထုတ်ပြန်သည်။

ထိုဥပဒေအရ ဆင်းမ်ကတ် ရောင်းချမှု နှင့် ဆင်းမ်ကတ်စတင်အသုံးပြုရန် ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှု (Sim Card Activation) အပေါ် ဆင်းမ်ကတ် ၁ ကတ်လျှင် ကျပ် ၂ သောင်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပါ တကြိမ်တည်း ကျသင့်စေရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ယခု ပြင်ဆင်လိုက်သော ဥပဒေသည် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၃ လခန့်သာ အကျိုးသက်ရောက်မည်ဟုလည်း ဆိုထားသေးသည်။
Crd..

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10110