Narrative Power
28/03/2026
"မိတ်ဆွေအယောက် (၁၀၀) အတွက်သာ သီးသန့်ရရှိမယ့် 'Emotional Healing' အခမဲ့အခွင့်အရေး!"
Narrative Power နဲ့ နွေးထွေးသောကမ်းလက်များရဲ့ Founder ကို Rico တို့ ပူးပါင်းပြီး အခမဲ့ ရင်ဖွင့် ဆွေးနွေးနိုင်တဲ့ " ဖေးမအတူ မျှဝေကူ"ဆိုတဲ့ Program လေးတခုရှိပါတယ်။
ကို Ricoဟာဆိုရင် စိတ်ကျရောဂါ- နွေးထွေးသော ကမ်းလက်များဆိုတဲ့ လူတိုင်း ရင်ဖွင့်ဆွေးနွေးနိုင်တဲ့ Groupလေးရဲ့ Founderလည်းဖြစ်ပါတယ်။ အခုလာမည့် မတ်လ ၂၈ရက် ကို Ricoရဲ့ မွေးနေ့မှာ Narrative Power နဲ့အတူ Share by Rico တို့ ပူပေါင်းပြီး လိုအပ်နေတဲ့ မိတ်ဆွေအယောက် 100အတွက် Professional Counselling session အခမဲ့ စီစဉ်ပေးထားပါတယ်။
ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့အတွက် Sharing by Rico ဆိုတဲ့ page လေးမှာ အမြန်စာရင်းပေးပြီး
Emotional healing pass card လေးကို ရယူလိုက်ပါ။
ဒီအစီစဉ်လေးကတော့ လူဦးရည် အကန့်အသတ်နဲ့မို့ အမြန်ဆုံးစာရင်းပေးဖိုလိုပါတယ်။
အသေးစိတ်အချက်အလက်ကို အောက်ဖော်ပြပါ link ကနေ ဖတ်ရှုနိုင်ပါတယ် https://www.facebook.com/share/1ERAaCPNwk/
01/03/2026
"နိုင်ငံခြားကို ရောက်သွားပေမဲ့လည်း.......
ပြည်ပရောက်နေတဲ့ ကိုယ့်ကို မြင်သူတိုင်းက "နိုင်ငံခြားမှာဆိုတော့ အလိုလိုနေရင်း အဆင်ပြေနေမှာပဲ" လို့ သတ်မှတ်တတ်ကြပါတယ်။ အဲဒီလို အလွယ်တကူ သတ်မှတ်ခံလိုက်ရတဲ့အခါ ကိုယ့်ရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းမှုတွေဟာ အလိုလိုနေရင်း ပျောက်ကွယ်သွားသလို ခံစားရတတ်ပါတယ်။
တကယ်တော့ ပြည်ပမှာ အခြေချရတယ်ဆိုတာ မြင်ကွင်းအသစ်တွေကြားမှာ အံဝင်ခွင်ကျဖြစ်ဖို့ "အတင်းအကျပ်" ကြိုးစားနေရတာပါ။ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ စည်းကမ်းအသစ်တွေကြားမှာ ရှင်သန်ရတာဟာ တောတွင်းက လူရိုင်းလေးတစ်ယောက် သိပ္ပံကမ္ဘာထဲ ရုတ်တရက် ရောက်သွားသလိုမျိုး မျက်စိလည်လမ်းမှားစရာတွေ၊ အမှားအယွင်းတွေနဲ့ ပြည့်နှက်နေပါတယ်။
မိသားစုကို စိတ်မပူစေချင်လို့ ဖုန်းထဲကနေ "သား/သမီး ဒီမှာ အဆင်ပြေတယ်" လို့ ပြုံးပြီး ပြောလိုက်တိုင်း မျိုသိပ်ထားရတဲ့ စိတ်ပင်ပန်းမှုတွေက ဘယ်လောက်တောင် လေးလံလိုက်မလဲ။ ခေတ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံသစ်မှာ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေရတဲ့ ဘဝဟာ Facebook ပေါ်က ပုံရိပ်တွေလို အမြဲတော့ မလှပနိုင်ပါဘူး။
သတိရပေးပါ...
ပင်ပန်းတဲ့အခါ နားခွင့်ရှိပါတယ်။
အဆင်မပြေတဲ့အခါ မျှဝေခွင့်ရှိပါတယ်။
ဝမ်းနည်းတဲ့အခါ ဝမ်းနည်းခွင့်ရှိသလို၊ အိမ်ကိုလည်း အားရပါးရ လွမ်းဆွတ်ခွင့်ရှိပါတယ်။
"နိုင်ငံခြားကို ရောက်သွားပေမဲ့လည်း ကိုယ်ဟာ ခံစားချက်ရှိတဲ့၊ နာကျင်တတ်တဲ့ လူသားတစ်ယောက်ပါပဲ။"
ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် "အဆင်ပြေအောင် အတင်းအကျပ် မဟန်ဆောင်ဘဲ" ပင်ပန်းနေတာကို အသိအမှတ်ပြုပေးလိုက်ပါ။ Narrative Power က သင့်ရဲ့ ရုန်းကန်မှုတိုင်းကို နားလည်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
เวลาทำการ
| อังคาร | 11:00 - 22:00 |
| พุธ | 11:00 - 22:00 |
| พฤหัสบดี | 11:00 - 22:00 |
| ศุกร์ | 11:00 - 22:00 |
| เสาร์ | 11:00 - 22:00 |
| อาทิตย์ | 11:00 - 23:00 |