Review & Blame
30/05/2024
🍤🍤🍤 ပုစွန် စစ်စစ် ဒင်းဆမ်း အရသာ စားကြမယ်
ဒီဆိုင်လေးမှာ စားရင်းနဲ့ တွေ့လာရတဲ့ အရသာက ဒင်းဆမ်းမှာ ( ပုစွန်ရယ် ကြက်သားရယ် ) ၂ မျိုးပဲ ရတယ်
သူ့ဆိုင်ရဲ့ Signature က အဓိကက ပုစွန်ပါပဲ
ဘာအသားနဲ့မှ မရောထားပဲ ပုစွန်ကြီး ပဲ သီးသန့် ကြိတ်ပြီး လုပ်ထားတာရှိတယ်
ပြီးရင် အကောင်လိုက်ထဲ့ပေးထားတာ ရှိတယ်
ပြီးရင် ထူးထူးဆန်းဆန်း ထွင်ထားတဲ့ (သရက်သီး ပုစွန် ကော်ပြန့်လိပ်လေးလဲ ရှိသေးတယ် )
အရသာလေးတွေကို ပုံလေးတွေမှ ရေးပြီး ပြောပြထားတယ်နော်
အချဉ်ရည်က ဒင်းဆမ်းဆို ပုံမှန်ချိုတဲ့ ဘက်ကို သွားတယ် သူ့ဆိုင်က အရသာကတော့ ယိုးဒယားဆော့လိုမျိုး ချဉ်စပ်အရသာဘက်ကို သွားတယ်
အခြားစားစရာ ကော်ဖီ လဘက်ရည် အသုပ်တွေလဲ အများကြီးရသေးတယ်နော်
ဒီနေ့ကတော့ သဘောကျလို့ သွားစားမိတာ ၂ ခါရှိလို့ အရသာလေး မျှဝေပေးတာပါ
ဘာစားစား ဒင်းဆမ်းက ၃၅၀၀ ကျပ်ပါ
#ပုစွန် စစ်စစ် အရသာ ရမှာတော့ အသေချာပါပဲ
နောက်ဆုံးပုံမှာ လိပ်စာလေးရှိတယ်နော်
#ဆိုင်နာမည်လေးက Food Station Cafe & Restaurant
(သူများ စီးပွါးရေးကို ထိခိုက်လိုတဲ့ ဆန္ဒလုံးဝ မရှိပါဘူးနော် အရသာကို မျှဝေ ခြင်းတခုပါ)
Welcome From Review & Blame🙏
ဒီ Page လေးရဲ့ ရည်ရွယ်ချက်ကတော့ မင်မင်ကိုယ်တိုင် သွားစားဖြစ်တဲ့ အစားအသောက်လေးတွေ နဲ့ ပါတ်သတ်ပြီး ကောင်းတာလေးတွေရော
မကောင်းတာလေးတွေရောကို အားမနာတမ်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် 🍜🫕🍲🍤🍝🌮🥓🧀🍳🥞
မင်မင် တစ်ဦးတယောက်တည်း၏ အမြင်ဖြင့်သာ ခံစားတင်ပြခြင်းဖြစ်ပါတယ်👀
(မည်သူ တစ်ဦး တစ်ယောက်ရဲ့ အကျိုး စီးပွါးရေး ကိုထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူးနော် )✌🏻
ကဲ ဘယ်ဆိုင်မှာ ဘာကောင်းလဲသိချင်ရင် page လေးကို like and follow လုပ်ထားပေးအုံးနော် 👍👋
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Nampatuu
Bang Rak