Solo Myanmar Traveller

Solo Myanmar Traveller

แชร์

Photos from Solo Myanmar Traveller's post 05/11/2024

🏍️ဆိုင်ကယ်စီးရတာ ဝါသနာပါရင်တော့
ဖူးခက်ကမ်းခြေမှာလည်ပတ်ရင်း အချိန်ပိုခဲ့ရင်

ကိုယ်တည်းတဲ့ ဟိုတယ်အနီးနားမှာပဲ ဆိုင်ကယ်ငှါးပေးတဲ့ Rental လေးတွေရှိပါတယ်။

ဆိုင်ကယ်ငှါးဖို့ Deposit အနေနဲ့ ပတ်စပို့စာအုပ်မူရင်းပေးထားရပြီး ဟိုတယ်လိပ်စာပေးခဲ့ရပါတယ်။

ဆိုင်ကယ်ငှါးရမ်းခက ၂၄နာရီတစ်ရက်ကို Fino & Click Model လေးတွေဆို ဘတ် ၂၅၀ - ၃၀၀ ဝန်းကျင်လောက် ရှိတတ်ပြီး ကိုယ်စပြီးငှါးတဲ့ အချိန်ကနေ မှတ်ပါတယ်။

ဆီကတော့ ငှါးရမ်းတဲ့အချိန်က Level အတိုင်း ပြန်ဖြည့်ပေးရပါတယ်။

ဆိုင်ကယ် Model မြင့်တွေလည်း ရှိပါတယ်။

တစ်ချို့လမ်းတွေမှာ စစ်ဆေးရေးတွေရှိတတ်တာမို့ဍလိုင်စင်လည်းပါမယ် ဦးထုပ်လည်းစောင်းထားတယ်
လမ်းစည်းကမ်းလည်း မမှားရင် လုံးဝမစိုးရိမ်ပါနဲ့
ရဲရဲသာမောင်းပါ။

တားခဲ့ရင်လည်း ရပ်ပေးပြီး သူတို့မေးတာဖြေ
လိုင်စင်ပြရင် အဆင်ပြေပါတယ်။

Myanmar Driving License လည်း အဆင်ပြေသလို
International Driving License လည်းရပါတယ်။

အတွေ့ကြုံမရှိ မကျွမ်းကျင်ရင်တော့ ဟိုတယ်ကနေ
ကားစင်းလုံးငှါးပြီးသာလည်ပတ်ပါ။

ဖူးခက်ကမ်းခြေက ကမ်းခြေတွေတော်တော်များတာပေါ့ ဆိုင်ကယ်မောင်းပြီး Exploring လုပ်ရတဲ့
Feelings လေးကတော့ တော်တော်မိုက်ပါတယ်။

🏍️ဘန်ကောက်မြို့ပေါ်မှာတော့
ဆိုင်ကယ်ကိုယ်တိုင်မောင်းဖို့တော့
Recommend မလုပ်ပါဘူးဗျာ။

🏖️ဖူးခက်ကမ်းခြေလည်ပတ်ချင်တဲ့
ခရီးသွားတွေက တစ်ဦးကနေစတင်ပြီး ကိုယ်လည်ပတ်ချင်တဲ့ရက်အတိုင်း လည်ပတ်လို့ရတာမို့ Million Holiday official Page မက်စင်ဂျာကနေ ခရီးသွားမဲ့ရက် လူဦးရေတို့
ပေးပို့ပြီး တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

🏍️Solo Myanmar Traveller 🇲🇲

✈️Travel with Million Holiday 🌏

#ဖူးခက်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bang Rak