Nyo Mar Thet
19/12/2025
Happy Karen New Year !
❝ ကရင်နှစ်သစ်ကူးနေ့ ❞
ကရင်နှစ်သစ်ကူးကို မြန်မာနှစ်ရှိ ပြာသိုလဆန်း ၁ရက်နေ့၌ ကျင်းပသည်။ အစိုးရရုံးပိတ်ရက် ဖြစ်သည်။ ကရင်ရိုးရာအရ နှစ်သစ်ကူး အခမ်းအနား ကျင်းပသည်။
ကရင်နှစ်သစ်ကူး ကျင်းပရာ၌ ထူးခြားသည်မှာ ကရင်တောင်သူရုပ်ကြီး ပြုလုပ်ဖန်တီးခြင်းဖြစ်သည်။ နှစ်သစ်ကူး ကျင်းပခြင်းသည် ကောက်သစ်စားပွဲကျင်းပခြင်းကို နှီးနွယ်ဆက်စပ် ပတ်သက်ပြီး ကောက်နှံများစုပုံကာ အထွက်အနှံ ကောင်းစေရန် စောင့်ရှောက်တော်မူသော ဖိဖုယော် ခေါ် ပုန်းမကြည် အရှင်မကို ချီးမွမ်း ပြောဆိုကာ သီဆို ကခုန်ကြသည်။
ပွဲတော်ကို မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားတို့က တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသား အချင်းချင်း ခင်မင်မှုတိုးပွားစေသည့် နေ့ထူးနေ့မြတ် တစ်ခုဖြစ်သည်။
၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည် ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့)၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊ အစိုးရအသိအမှတ်ပြု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ရရှိရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုခဲ့သော ကရင်အမျိုးသားအောက်လွှတ်တော် အမတ်များမှာ စောဂျွန်ဆင်ဒီဖိုးမင်း (တောင်ငူ)၊ စောဆစ်ဒနီလူနီ (ပုသိမ်တောင်ပိုင်း)၊ မန်းဘခိုင် (ပုသိမ်မြောက်ပိုင်း)၊ စောဖေသာ (မြောင်းမြအနောက်)၊ မန်းကံအေး (မြောင်းမြအရှေ့)၊ စောမြတ်သိန်း (ဟင်္သာတ)၊ မန်းထွန်းခင် (မအူပင်မြောက်)၊ မန်းရွှေညွန့် (မအူပင်တောင်)၊ စောသာဒွေး (သထုံမြောက်)၊ ဦးလှဖေ (သထုံတောင်)၊ ဦးဖိုးမျှင် (ကျိုက္ခမီအရှေ့)၊ စောဖိုးချစ် (ကျိုက္ခမီအနောက်) တို့ ဖြစ်ကြသည်။ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသော ကရင်အမျိုးသား အထက်လွှတ်တော်အမတ်များမှာ စောစံစီဖိုး (တောင်ငူ)၊ မန်းရွှေဘ(တောင်ငူ) နှင့် ဆရာစံဘော် (တောင်ငူ) တို့ ဖြစ်ကြသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Khet Bang Kapi, Krung Thep Maha Nakhon
Bang Kapi
10240