Social is Evil. MMP's R

Social is Evil. MMP's R

แชร์

Photos from Social is Evil. MMP's R's post 10/09/2022

NUG ကို ထောက်ခံအားပေးသွားမယ်လို့ ဂျာမနီအစိုးရ ဝန်ကြီးပြော
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်လက်ထောက်ခံသွားမယ်လို့ ဂျာမနီနိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရုံးရဲ့ ဝန်ကြီး Dr. Tobias Lindner က ပြောလိုက်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီး Dr. Tobias Lindner က သူ့ရဲ့တွိတာ စာမျက်နှာကနေတစ်ဆင့် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက် တောင်းဆိုသံအတိုင်း NUG ကို ဆက်လက်ထောက်ခံသွားမယ်" လို့ သူကဆိုပါတယ်။

အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်တန့်ပြီး ပြည်သူလူထုရဲ့ လက်ထဲ အာဏာပြန်လွှဲပေးရမယ်လို့လည်း ပြောပါတယ်။

အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကလည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့၊ တွေ့ဆုံဆွေးနွေးရေး ဦးတည်လာအောင် အရေးတကြီးလုပ်ကြဖို့ လိုတယ်လို့လည်း သူက တိုက်တွန်းပါတယ်။

ဒီစက်တင်ဘာလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပဖို့ရှိနေပါတယ်။ ဒီမတိုင်ခင် NUG ဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ဥရောပနိုင်ငံတွေဘက်က အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လိုက်လံတွေ့ဆုံတာတွေ ရှိနေပါတယ်။

ဒေါ်ဇင်မာအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် လွှတ်တော်တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့ဆုံခဲ့ပါတယ်။

-----------

Photo - Dr. Tobias Lindner

10/09/2022

စစ်ကောင်စီလက်ထက် ဘဏ္ဍာငွေသုံးစွဲရေး ပွင့်လင်းမြင်သာမှု မရှိကြောင်း အမေရိကန်ထုတ်ပြန်
~~~
■ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အရပ်သားအစိုးရ လက်ထက်မှာ အစိုးရရဲ့ ဘဏ္ဍာငွေ သုံးစွဲတဲ့ ပွင့်လင်းမြင်သာမှု အခြေအနေ တိုးတက်လာခဲ့ပေမယ့်၊ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပွင့်လင်းမြင်သာမှု အခြေအနေ တဟုန်ထိုးကျဆင်းသွားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အရင် အရပ်သား အစိုးရဟာ ဘဏ္ဍာနှစ်တစ်နှစ် ကုန်ဆုံးတဲ့အချိန်မှာ နောက်တစ်နှစ်အတွက် အစိုးရအသုံးစရိတ် ဘတ်ဂျက်ငွေ အဆိုပြုချက်တွေနဲ့ ဘဏ္ဍာငွေသုံးစွဲမှု အခြေအနေ လေးလပတ် အစီရင်ခံစာတွေ ပုံမှန် ထုတ်ပြန်ခဲ့ ပေမယ့်၊ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတော့ ဒီလုပ်ဆောင်ချက်တွေကို လုံးဝ ရပ်ဆိုင်းလိုက်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အစိုးရ ဘက်ဂျက်နဲ့ ပက်သက်ပြီး ပြဒါန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ အညီ နှစ်တစ်နှစ်အတွက် အစိုးရရဲ့ အသုံးစရိတ်နဲ့ ဝင်ငွေတွေကို တိတိကျကျ ထုတ်ပြန်တာ မရှိပဲ၊ အထူးသဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနက လက်အောက်မှာ ရှိတဲ့ စစ်တပ်ပိုင် လုပ်ငန်းကြီးတွေအတွက် ဘဏ္ဍာငွေ သုံးစွဲမှုနဲ့ ဒီလုပ်ငန်းကြီးတွေကရတဲ့ ဝင်ငွေတွေကို အသိပေးထုတ်ပြန်မှု လုံးဝ မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရရဲ့ ဘဏ္ဍာငွေ အခြေအနေနဲ့ ပက်သက်ပြီး စစ်ဆေးထုတ်ပြန်ဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး ဟာလည်း လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ နိုင်ငံတကာ စံနှုန်းတွေကို မပြည့်မှီတော့တဲ့အကြောင်း၊ သဘာဝ သယံဇာ ထုတ်လုပ်မှု လိုင်စင်တွေ ချထားပေးတာနဲ့ ပက်သက်တဲ့ ဝင်ငွေတွေကို ဥပဒေနဲ့ အညီ ထုတ်ပြန်တာမရှိတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ပုံမှန် ထုတ်ဝေနေကျ ဘဏ္ဍာငွေအသုံးစရိတ် အစီရင်ခံစာတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့၊ ဘဏ္ဍာနှစ်တစ်နှစ်အတွက် အသုံးစရိတ် လေ့လာစိစစ်မှု အစီရင်ခံစာ ထုတ်ပြန်ဖို့၊ အစိုးရပိုင်နဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ အသုံးစရိတ်၊ ဝင်ငွေနဲ့ တင်ရှိနေတဲ့ ကြွေးမြီတွေကိုတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့၊ နိုင်ငံအဆင့် စာရင်းစစ်ချုပ် အဖွဲ့အစည်းကို လွတ်လပ်မှုရှိအောင် ဆောင်ရွက်ဖို့၊ စစ်တပ်နဲ့ လုံခြုံရေး အသုံးစရိတ်တွေ ချမှတ်တဲ့ နေရာမှာ အရပ်သားခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုကို လက်ခံဖို့နဲ့ သဘာဝ သယံဇာတက ရတဲ့ ဝင်ငွေတွေကို အများသိအောင် ထုတ်ပြန်ပေးဖို့ စတာတွေကို ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တိုက်တွန်းထားပါတယ်။

Photo - AFP (အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

Photos from Social is Evil. MMP's R's post 10/09/2022

နာမည်ကြီးတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ ကရင်နီပြည်မှာ အ​သေဆိုးများစွာဖြင့် တပ်ပျက်၊ တပ်မမှူးပါ ဒဏ်ရာရ ​ဆေးကုရ
===========
ရန်ကုန်| စက်တင်ဘာ ၁၀

လောက်ကိုင်နဲ့ ရခိုင်ဒေသ တိုက်ပွဲတွေမှာ နာမည်ကြီးတယ်ဆိုတဲ့ တပ်မ ၆၆ ကရင်နီပြည်မှာတော့ တပ်မမှူးကိုယ်တိုင် အပြင်းအထန်ဒဏ်ရာရပြီး ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။

ကရင်နီပြည်တိုက်ပွဲတွေမှာ စစ်ကူအနေနဲ့ တပ်ရင်း ၆ရင်းကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့် တပ်မ ၆၆ တပ်မမှူး မျိုးမင်း ကိုယ်တိုင် ကရင်နီပြည်စစ်ဆင်ရေးမှာ အပြင်းအထန်ဒဏ်ရာရသွားပြီး တပ်မမှူးအစားထိုးရတဲ့အထိ ဖြစ်တယ်လို့ ကရင်နီတပ်မတော်က ပြောပါတယ်။

ကရင်နီတပ်မတော် အပါအဝင် KNDF တပ်တွေနဲ့ PDF တပ်တွေရဲ့ ခုံခံတိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်နဲ့ အခြား စစ်ဗျူဟာ အဝဝနဲ့ ပြန်လည်တိုက်ခိုက်မှုမှာ တပ်မ ၆၆ အခြေအနေဆိုးနေတာပါ။

ပရူးဆို တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦးကျဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး နှစ်ဦးလည်း အခြားတိုက်ပွဲမှာ ဒဏ်ရာရခဲ့လို့ တပ်ရင်းမှူး ၃ ဦးသာ ကျန်ရှိနေတယ်လို့ ကရင်နီတပ်မတော်က ဖော်ပြပါတယ်။

ကရင်နီပြည်ရောက် တပ်မ ၆၆ အနေနဲ့ မကြာသေးတဲ့ ရက်အနည်းငယ်အတွင်းကလည်း နောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိ​လို့ တင်ပြခဲ့ရာမှာ ပြစ်ဒဏ်ကျခံရဖို့များပြီး နောက်တန်းပြန်ပို့ခံထားရတယ်လို့ ဖော်ပြပါတယ်။

07/09/2022

အမြန်လမ်းတစ်လျှောက် လျှပ်စစ်ကားအားသွင်းနိုင်မယ့် နေရာငါးခု စစ်ကောင်စီ စီစဉ်နေ
~~~~~~
■ လျှပ်စစ်ကားတွေ အားသွင်းနိုင်မယ့်လနေရာအဖြစ် ရန်ကုန် - မန္တလေး အမြန်လမ်းမ တစ်လျှောက် နေရာငါးခုကို ရှေ့ပြေးစီမံချက်အနေနဲ့ ဆောင်ရွက်ဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့မှာ ကားရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အမြန်လမ်းမတစ်လျှောက် အမှတ် (၃) လမ်းဆုံ၊ ၁၁၅ မိုင်၊ နေပြည်တော်လမ်းဆုံ၊ သီးကုန်းနဲ့ စကားအင်း လမ်းဆုံတွေမှာ ဓာတ်အားလိုင်းတွေတိုးချဲ့ပြီး လျှပ်စစ်ကား အစီးရေ ၅၀ အားသွင်းနိုင်မယ့် နေရာတွေ စီစဉ်နေတာပါ။

အခုလို လျှပ်စစ်မီးမမှန်တဲ့အချိန်မှာ အမြန်လမ်း တစ်ခုတည်းမဟုတ်ဘဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေလို ဈေးဝယ်စင်တာတွေမှာပါ လုပ်ဆောင်ပေးဖို့လိုပြီး လျှပ်စစ်ကား တင်သွင်းမှုကိုလည်း ခွင့်ပြုပေးဖို့လိုတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။

“လုပ်မှာတော့လုပ်ရမှာပဲ။ မြန်မာမှာတော့ စောနေသေးတာပေါ့။ နေရာတစ်ခုမှာ အစီးငါးဆယ်လောက် လုပ်ထားတော့ လို၊ မလိုတော့မသိဘူး။ အမြန်လမ်းအပြင် ရန်ကုန်နဲ့ မန္တလေးလို မြို့တွေမှာ ပိုလိုတော့ပါ။ လျှပ်စစ်ကားတွေအတွက် အားသွင်းတဲ့နေရာမှာ ဆိုလာစနစ်တွေ သုံးနိုင်ရင်တော့ ပိုကောင်းတာပေါ့”

ဒါ့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ လျှပ်စစ်ကားကို ပြည်တွင်း ထုတ်လုပ် တပ်ဆင်မှုစနစ်နဲ့ တင်သွင်းဖို့ ခွင့်ပြုမိန့်စောင့်နေတဲ့ ကုမ္ပဏီ သုံးခုထက်မနည်းရှိနေပြီး အစီးလိုက်တင်သွင်းပြီးရောင်းချဖို့ စီစဉ်နေတဲ့ ကုမ္ပဏီ ၁၀ ခုလောက်ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပြည်ပကနေ ကားတင်သွင်းခွင့်ကို စစ်ကောင်စီက ပိတ်ခဲ့ပြီးနောက် ပြည်တွင်းကားဈေးကွက်ထဲမှာ ဈေးနှုန်းတွေ မြင့်တက်လာပြီး ကားသစ် ရှားပါလာနေတယ်လို့လည်း ရန်ကုန်ကားဈေးကွက်မှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
- Unicode
---------------

- Zawgyi
---------------

Photo: CJ

(န်ကုန်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်)

07/09/2022

မြန်မာနိုင်ငံကိုလာရောက်ရင်းနှီး မြှုပ်နှံရင် အကျိုးမြတ်များမယ်လို့ ရုရှားက အရှေ့စီးပွားရေးဖိုရမ်မှာ စစ်ကောင်စီဥက္ကဋ္ဌပြော

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေလို့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံမှာလုပ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ထည့်သွင်းပြောကြားသွားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရအရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ‌ဆောင်ရွက်နေလို့ ဥရောပနိုင်ငံတွေကို ကူးလူးဆက်ဆံရာမှာ အဓိကကျတဲ့နေရာမှာရှိနေတဲ့အတွက် ကုန်သွယ်မှုတွေလွယ်ကူမှာလို့ "စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ"ခေါင်းစဥ်နဲ့ မိန့်ခွန်းပြောသွားတာပါ။

စစ်ခေါင်းဆောင်က အဲဒီလိုဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီး တနှစ်နဲ့ရှစ်လကာလအတွင်း နိုင်ငံတွင်းက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေ တစစထွက်ခွာနေသလိုဘက်ပေါင်းစုံကစီးပွားရေးအကျပ်တည်းတွေကို ရင်ဆိုင်နေရကြောင်း ပြည်တွင်းပြည်ပအကဲခတ်တွေကထုတ်ပြောထားတဲ့အခြေအနေဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ တချို့ နိုင်ငံကြီးတွေဟာ ဘဏ္ဍာရေးလုံခြုံမှုနဲ့ယှဥ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံငယ်တွေဟာဒေါ်လာအနိုင်ကျင့်မှုကိုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေမှာ နိုင်ငံကြီးတွေကို မလွန်ဆန်နိုင်တဲ့ အခြေအနေရောက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မိန့်ခွန်းမှာဆက်ပြောပါတယ်။

ဒါကြောင့် ရုရှားငွေကြေး ရူဘယ်အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက မိမိတို့ နိုင်ငံတွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့လည်း သူ့မိန့်ခွန်းကဆိုပါတယ်။

ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) ကိုတက်ရောက်ဖို့သွားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ ရုရှားသမ္မတ ပူတင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ ရုရှားနိုင်ငံက သမ္မတပူတင်ရဲ့ခေါင်းဆောင်မှုကြောင့် ထိပ်တန်းနိုင်ငံဖြစ်လာတာလို့ ချီးကျူးပြောဆိုမှုတွေလည်း ထည့်ပြောသွားပါတယ်။

လက်ရှိမှာတော့ မြန်မာရောရုရှားပါနှစ်နိုင်ငံလုံး ကမ္ဘာ့နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြား ရုန်းကန်နေရချိန်မှာ အခုလိုတွေ့ဆုံမှုဟာအထီးကျန်မှုကြား နှစ်နိုင်ငံဆက်ဆံရေး အရင်ထက်ပိုအဆင့်မြင့်သွားပြီဖြစ်ပြီး ရုရှားနဲ့မြန်မာ ပိုမိုနီးကပ်သွားပြီလို့ သုံးသပ်မှုတွေရှိလာနေပါတယ်။

ဒီသတင်းအပါအ၀င် ဘီဘီစီမြန်မာပိုင်းရဲ့ နောက်ဆုံးရ သတင်းများ တင်ဆက်မှု
https://www.bbc.com/burmese/articles/cnk8j1vlj5vo

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Ban Ko?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Ban Ko