Knowledge Box

Knowledge Box

Share

24/09/2025

တရုတ်မှာသောင်းနဲ့ချီတဲ့မြွေတွေကိုဒီလိုလုပ်ပစ်ကြတယ်

Photos from Knowledge Box's post 02/08/2025

ထိုင်းမှာကမ္ဘာကျော် Tomorrowland ဂီတပွဲတော်ကို၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အထိ နှစ်စဉ်ကျင်းပမည်။
++++++++++++++++++++++++++++++
အစိုးရအဖွဲ့ရဲ့ တရားဝင်အချက်အလက်တွေအရ ဒီအီလက်ထရောနစ် ဂီတပွဲတော်ကြောင့် ငါးနှစ်တာကာလအတွင်းမှာ ထိုင်းဟာ ဘတ်ငွေ ၁၂.၀၅၃ ဘီလီယံအထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပွဲကို ထိုင်းနိုင်ငံသားနဲ့ ထိုင်းမှာ ရှိတဲ့ နိုင်ငံခြားသား ၃၆၉,၀၀၀ ဦးအပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည် ၅၅၃,၅၀၀ ဦးနဲ့ စုစုပေါင်း ပရိသတ် ၉၂၂,၅၀၀ ဦး လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။
ထိုင်းအစိုးရအဖွဲ့က ကမ္ဘာကျော် Tomorrowland ဂီတပွဲတော်ကို ၅ နှစ်ကျင်းပဖို့ သဘောတူညီလိုက်ပါတယ်။ အပွဲတော်ကို ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အထိ နှစ်စဉ်ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
အဓိကဝင်ငွေရလမ်းတွေကတော့ လက်မှတ်ရောင်းချမှုကနေ ဘတ် ၅.၂ ဘီလီယံကျော်၊ စပွန်ဆာကနေ ဘတ် ၃.၅ ဘီလီယံနဲ့ အစားအသောက်ရောင်းချမှုကနေ ဘတ် ၁.၉ ဘီလီယံ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စီးပွားရေးအကျိုးအမြတ်တွေအပြင် ဒီစီမံကိန်းဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ကျွမ်းကျင်မှုပညာတွေကို ထိုင်းဝန်ထမ်းတွေဆီ လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။
လူမှုကွန်ရက်တွေမှာ Follower ၅.၅ သန်းကျော်ရှိတဲ့ Tomorrowland ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာက ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့ထိပ်တန်းဂီတပွဲတော်တွေအတွက် အကောင်းဆုံးနေရာတစ်ခုအဖြစ် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှမှာ "ပွဲတော်တွေရဲ့ ဗဟိုချက်" (Festival Hub) တစ်ခုအဖြစ် ရပ်တည်စေမှာ ဖြစ်ပါတယ်။
#ဗဟုသုတ

Photos from Knowledge Box's post 01/08/2025

အဖြေထုတ်မရသေးသည့် အဋ္ဌဂံ။ ⛰️
+++++++++++++++++++++++++++++++++++++++++
မြန်မာနိုင်ငံ အနောက်တောင်ဖက်
ကုန်မြေအစွန်း ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းနားမှာ ကျောက်ကလပ် ကုန်းမြေကြီး တည်ရှိနေတာကို Google map က​နေ မြင်​တွေ့နိုင်ပါတယ်။

ဒီကျောက်ကလပ် တည်ရှိတဲ့ ကုန်းမြေကွက်
ကွက်လေးကို ဘူမိဗေဒဆိုင်ရရာ မြေပုံမှာ လိမ္မော်ရောင် ချယ်မှုန်းထားပါတယ်။ ကျောက်ကလပ်နဲ့ ဆက်ရက်တည်ရှိတဲ့ ကုန်းမြေကိုတော့ အဝါရောင် ဖြော့ဖြော့ချယ်မှုန်းထားပါတယ်။

ရခိုင်ရိုးမနဲ့ တဆက်တည်း တည်ရှိနေတဲ့ ကုန်းမြေကို လိမ္မော်ရောင်၊ လိမ္မော်နီ အရောင် ချယ်မှုန်းထားပြီး ဧရာဝတီတိုင်း တတိုင်းလုံးက ကုန်းမြေအားလုံးနီးပါးကို အဝါရောင် ဖြော့ဖြော့ ချယ်မှုန်းထားပါတယ်။
ဘူမိဗေဒဆိုင်ရာ မြေပုံက legend မှာ ဖေါ်ပြထားချက်အရ လိမ္မော်ရောင် ကုန်းမြေသည် Eocene ဖြစ်ပြီး အဝါရောင် ဖြော့ဖြော့ကုန်းမြေသည် Holocene ဖြစ်တယ်လို့ ရှင်းပြထားတယ်။
Eocene နဲ့ Holocene ဝေါဟာရများရဲ့ အဓိပ္ပါယ်ကို Google မှာ ရှာဖွေကြည့်တဲ့အခါ Eocene သည် လွန်ခဲ့သော နှစ်ပေါင်း ၅၆ ကနေ ၃၃.၉ သန်းအထိ တည်ရှိသော ဘူမိဗေဒခေတ်လို့ ဖေါ်ပြထားတာကို တွေ့ရပြီး Holocene က​တော့ လွန်ခဲ့သောနှစ်ပေါင်း ၁၁,၇၀၀ ကနေ လက်ရှိ ဘူမိဗေဒခေတ်လို့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ဒီလို အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့အတွက် ရခိုင်ရိုးမတောင်တန်းသည် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ကုန်းမြေထက် အလွန်ရှေးကျ၍ မြန်မာ့မြေမျက်နာသွင်ပြင်မှာ အရင်ဖြစ်ပေါ်ပြီးနောက် ဧရာဝတီတိုင်း ရန်ကုန်တိုင်းက ကုန်းမြေတွေ ဖြစ်ပေါ်လာတယ်လို့ နားလည်မိပါတယ်။
ကျောက်ကလပ် တည်ရှိတဲ့ ကုန်းမြေသည် ဧရာဝတီမြစ်ရဲ့ ရေအောက်မှာ ရခိုင်ရိုးမတောင်တန်း နဲ့ တဆက်တည်း တည်ရှိနေသလား (သို့မဟုတ်) ရခိုင်ရိုးမတောင်တန်းကနေ တစုံတခုသော အကြောင်းကြောင့် အရှေ့ဖက်သို့ လွင့်စင်လာတာလား ဆိုတာသည်လည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
ကျောက်ကလပ် တည်ရှိတဲ့ ကမ်းဘားသည် ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် မှိုပွင့် ပုံသဏ္ဌာန် ဖြစ်နေတာကို Goggle map မှာ ဖေါ်ပြထားတဲ့ ဓါတ်ပုံများအရ တွေ့မြင်ရပါတယ်။

ဒီနေရာသည် ခရီးသွား ဝါသနာပါသူများ၊ ပင်လယ်ကမ်းခြေ ရှိရာဒေသမှာ အနားယူ အပမ်းဖြေလိုသူများ၊ ဓါတ်ပုံရိုက် ဝါသနာပါသူများ၊ ဒေသန္တရဗဟုသုတ ရှာလိုသူများ၊ ဘူမိဗေဒ ပညာရပ်ဆိုင်ရာ သိသင့်သိထိုက်တာများကို လေ့လာသူများအတွက် သွားရောက်ကြည့်ရှု​လေ့လာသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ဒီနေရာကို သွားဖို့အတွက် ပုသိမ်-မော်
တင် ဟိုင်းကြီးကျွန်းမြို့သို့ ကားနဲ့သွားပြီး ဟိုင်းကြီးကျွန်းမြို့ကနေ ချောင်းဝကို ကူးတို့ ၄၅မိနစ်စီး၊ ထိုမှတဆင့် ဆိုင်ကယ်များ ကားများနဲ့ ၃၀မိနစ်ခန့်စီးပြီး သွားနိုင်ပါတယ်။
(ပုံ - ၇)
ပုသိမ်မြို့ကနေ သင်္ဘောစီးပြီး ချောင်းဝသို့ သွားလို့လည်း ရပါတယ်။ လပွတ္တာမြို့ကနေလည်း သွားလို့ ရပါတယ်။
Google map ပေါ်က ကျောက်ကလပ် တည်ရှိရာနေရာရဲ့ အရှေ့စူးစူးတည့်တည့် ပြင်စလူမြို့နယ်က ကုန်းမြေပေါ်မှာ အဋ္ဌဂံ ပုံသဏ္ဌာန်လို မြေသားတာရိုး တစ်ခုသည်လည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ဒီအဋ္ဌဂံ ပုံသဏ္ဌာန် တာရိုးသည် အချင်းအားဖြင့် မီတာ ၃၀၀ ရှိပါတယ်။ ကောင်းကင်က​နေ ကြည့်လိုက်ရင် အနား၈ဖက်ကို အထင်းသားတွေ့မြင်နိုင်တယ်။ ဘာအတွက် ဒီလိုမျိုး တာဘောင် ပြုလုပ်ထားရတာလဲ အ​ကြောင်းရင်းကို သိချင်တဲ့ဆန္ဒ ဖြစ်​ပေါ်လာက​တော့ အမှန်ပါဘဲ။

အ​ကြောင်းရင်းကို သိရဖို့ စာ​ရေးသူအနေနဲ့ စဉ်းစား​တွေး​ခေါ် ပုံ (၄)မျိုး စဉ်းစားကြည့်ပါတယ်။
(၁)စေတီ တည်ရန် အုတ်မြစ်ချခြင်း။
ဘေးပါတ်ဝန်းကျင်မှာ ဘုရားစေတီတွေ ရှိနေတဲ့အတွက် မီတာ၃၀၀ ကျယ်တဲ့ စေတီ တည်ဖို့ အုတ်မြစ်ချထားတာလား စဉ်းစားချက်သည်
ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။
(၂) မုန်တိုင်းဖြစ်​ပေါ် ၍ ပင်လယ်ရေလှိုင်းများ မြင့်တက်လာလျှင် အများပြည်သူများ ခိုကိုးနိုင်ရန် အ​ဆောက်အဦး တည်​ဆောက်ဖို့အတွက် အုတ်မြစ်ချထားခြင်း။
ရေကြီးလာရင် ခိုနားရန် တည်​ဆောက်ပြီးသား အဆောက်အဦးများ၏ အကျယ်သည် မီတာ ၅၀ခန့်သာ ရှိပါသည်။ အဋ္ဌဂံ တာရိုး၏ အကျယ်သည် မီတာ ၃၀၀ ရှိသည့်အတွက် ဒီစဉ်းစားချက်ကလည်း မ​လျော်ကန်ပြန်ဘူး။

(၃) ငါး ပုဇွန် မွေးမြူရန် တာဖို့၍ ရေကန်များပြုလုပ်ထားခြင်း။
ငါး ပုဇွန် မွေးမြူဖို့ဆိုရင် လွယ်လွယ်ကူကူပဲ လေး​ထောင့် သို့မဟုတ် အဝိုင်း ပုံသဏ္ဌာန် ပြုလုပ်ရင် ရတာပဲ။ အဋ္ဌဂံ ပုံဖေါ်ပြီး လုပ်​တော့​ရော ဘာလိုများ ပိုပြီး ထူးခြားလာမှာလဲ။
ဒါ​ကြောင့် ဒီစဉ်းစားချက်သည်လည်း ဖြစ်နိုင်ချေ နည်းပြန်တယ်။
(၄) အဋ္ဌဂံ ပုံသဏ္ဌာန် တာရိုးသည် ဒေသဆိုင်ရာ သမိုင်း​ကြောင်းနဲ့ ဆက်နွယ်​နေသလား။
အဋ္ဌဂံ ပုံသဏ္ဌာန်သည် စစ်ဖက်ဆိုင်ရာ အမှတ်အသား ရဲတိုက်​တွေမှာလည်း အသုံးပြုတဲ့အတွက် သမိုင်း​ကြောင်းနဲ့ ဆက်စပ်​နေမလားလို့ စဉ်းစားမိပါတယ်။
သို့​သော် ဒီ အဋ္ဌဂံ တာရိုးကို စာရေးသူ အနေနဲ့ ယနေ့တိုင် အဖြေ မထုတ်နိုင်သေးပါ။
ဆည်မြောင်းဌါနက ဝန်ထမ်းများ၊ ပြင်စလူမြို့နယ်မှာ နေထိုင်တဲ့ သူတွေက​တော့ အ​ကြောင်းမှန်ကို သိရှိမယ်လို့ ယုံကြည်ပါတယ်။ တစုံတရာသော အကြောင်းအရာများကို သိရှိသူများ ရှိပါက comment box တွင် ဝင်​ရောက်​ရေးသား​ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Photos from Knowledge Box's post 01/08/2025

ထိုင်းနိုင်ငံရှိ ကမ္ဘာကျော် Maya Bay ကို ဩဂုတ်လတစ်ရက်နေ့မှစတင်ပြီး (၂) လ ပိတ်မည်
+++++++++++++++++++++++++++++++++++
ဤဆုံးဖြတ်ချက်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နှစ်စဉ် ခရီးသွားဦးရေ များပြားလွန်းခြင်းကြောင့် ပင်လယ်ရေအောက် သန္တာကျောက်တန်းများနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားလှသော ကော့ဖီဖီလေးကျွန်း (Koh Phi Phi Leh) ပေါ်မှ မာယာဘေးကမ်းခြေ (Maya Bay) ကို လာမည့် သြဂုတ်လ ၁ ရက်နေ့မှစ၍ နှစ်လကြာ ယာယီပြန်လည်ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ကြေညာခဲ့သည်။
ယခုနှစ်တွင်လည်း ထိုင်းအစိုးရက နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီကာလအတွင်း ကမ်းခြေကို ယာယီပိတ်ထားရန် မူဝါဒချမှတ်ထားသည်။ ဤမူဝါဒအရ ခရီးသွားများသည် ထိုကာလအတွင်း မာယာဘေးသို့ သွားရောက်လည်ပတ်နိုင်မည်မဟုတ်ပါ။ မာယာဘေးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု မျှော်လင့်ရသည်။
မာယာဘေးအား ၂၀၁၈ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ လေးနှစ်ခန့်ကြာ ပထမဆုံးအကြိမ်အဖြစ် ပိတ်ခဲ့ဖူးသည်။ ထိုအချိန်က သန္တာကျောက်တန်းများ ပြန်လည်စိုက်ပျိုးခြင်းနှင့် သက်ရှိသတ္တဝါများ ပြန်လည်ရှင်သန်လာစေရန် ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မာယာဘေးကမ်းခြေ သည် ၂၀၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ဟောလိဝုဒ်ရုပ်ရှင်ကား "The Beach" ကြောင့် ကမ္ဘာကျော်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ မဖြစ်မနေသွားရောက်ရမည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ ယခုကဲ့သို့ ခေတ္တပိတ်ထားခြင်းသည် သဘာဝအလှအပများကို ရေရှည်တည်တံ့စေရန်အတွက် မရှိမဖြစ်လိုအပ်သော အစီအမံတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

Want your business to be the top-listed Gym/sports Facility in Lipa City?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Macros Drive, Villa Lourdes Subdivision
Lipa City
4217

Opening Hours

Monday 11am - 10pm
Tuesday 11am - 10pm
Wednesday 11am - 10pm
Thursday 11am - 10pm
Friday 11am - 10pm
Saturday 11am - 10pm
Sunday 11am - 10pm