My Day

My Day

Share

02/01/2026

#ဘဝမှာ လိုချင်တာလေး တစ်ခုရဖို့
ဒုက္ခ တချို့ ကိုရင်ဆိုင်
ဘဝထဲက တချို့အရာတွေကို စွန့်လွတ်ပြီး

စိတ်ပင်ပမ်း လူပင်ပမ်း
ချွေးနဲ့ လူးလူးလဲလဲ ခက်ခက်ခဲခဲ
ရုန်းကန်ခဲ့ပြီးမှ
မနိုင်တနိုင်နဲ့ လိုချင်တာလေး ရခွင့်ရနိုင်တဲ့ ကိုယ့်ဘဝလေးမှာ

တခါတလေ လည်း
ငြင်းငြူချင်ခဲ့မိတာပေါ့..

ဒါပေမယ့်
မာကြောတဲ့ မြေလွာဆီကို
ဖောက်ထွက်ပြီးမှ ရှင်သန်ရတဲ့ အပင်က
သိပ်တော့မလှပ မနုညံ့ပေမယ့်
မုန်တိုင်းလာတဲ့အခါ ပိုသန်မာကြတာပါပဲ

ကိုယ့်ဘဝမှာလဲ
ဒုက္ခ အမျိုးမျိုးကိုရင်ဆိုင်
ပြေးပြေးလွားလွား ကြိုးကြိုးစားစားနဲ့

စိတ်ပင်ပမ်း တဲ့အခါ ရှိမယ်
လူပင်ပမ်းတဲ့အခါလည်း မနည်းဘူး
အမှားလုပ်မိတဲ့အခါလဲ ရှိမယ်
နာကျင်တဲ့ အခါလဲရှိမယ်
အရာရာနဲ့ မောပန်းစွာကြိုးစားပြီးမှ
ရနိုင်တာ ဆိုပေမယ့်

ငြင်းငြူပြီး အားမငယ်လိုက်ပါနဲ့
လူတိုင်းမလုပ်နိုင်တဲ့အရာ
လူတိုင်းမရင်ဆိုင် နိုင်တဲ့အရာထဲမှာ
ကိုယ်ရှင်သန်နေရတာ
တစ်ဘဝစာအတွက်
ပိုသန်မာမူ ပိုရင့်ကျက်မူ နဲ့
ပိုခံနိုင်ရည်ရှိမူတွေကို
ပိုင်ဆိုင်နိုင်ခဲ့ရပါတာ တန်တာပေါ့

ဘယ်လိုတွေ ခက်ခဲပါစေ
အရှုံးမပေးဘဲ အမြဲရှေ့ဆက်
လဲကျတိုင်း ပြန်ထ
ငိုပြီးရင် ပြန်ပြုံး
အမုန်းတရားနဲ့ မနေဘဲ
ကိုယ်လုပ်ရပ်တိုင်းမှာ လိပ်ပြာလုံနေဖို့ဘဲ
လိုတယ်မဟုတ်လား။

#ဆရာအောင်သင်းစာပေ
#ဘဝခါးခါး

Want your business to be the top-listed Photography Service in Klang?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Klang