DIY and Welding
23/09/2021
စျေးရောင်းနေတယ်ဆိုတာ ဂုဏ်ယူစရာပါ
စျေးရောင်းနေရတာ ရှက်စရာမဟုတ်ပါဘူး 😐
Online shop ရောင်းတာရှက်စရာမဟုတ်ပါဘူး
Master ဘွဲ့တွေ ပါရဂူဘွဲ့တွေရထားပြီးမှ
စျေးရောင်းရင် ပိုတောင် ဂေါ်ပါသေးတယ် 😎
တစ်ကယ်တော့ ကမ္ဘာပေါ်က လူသားတိုင်းဟာ
အရောင်းသမားတွေပါ
ဟာ ဟုတ်ပါ့မလားလို့ စဥ်းစားနေပါသလား
သေချာ စဥ်းစားကြည့်လိုက်ပါ
လူတိုင်းရောင်းနေကြတာပါပဲ
ရောင်းပုံရောင်းနည်းနဲ့ ရောင်းတဲ့အရာပဲ
ကွာခြားသွားတာပါ
ကျွန်တော်တို့လူအများစုဟာ Products or Services
တစ်ခုခုကို ရောင်းနေကြပါတယ်
ဘာမှ မရောင်းဘူးလို့ထင်တဲ့သူတွေကလဲ
ကိုယ့်ရဲ့ ideas တွေ ရောင်းနေရပါတယ်
ကျွန်တော်ကြိုက်တဲ့ အသားငါးတစ်ခုရှိတယ်ဆိုပါစို့
ဥပမာ Salmon ငါးပေါ့ 🤤
ဒီမှာမရှိတော့ ဝယ်စားရတာ စျေးကြီးတယ်လေ 😬
ကျွန်တော့် အမေက စျေးဝယ်ပြီး ဟင်းချက်ပေးတဲ့သူဆိုရင်
ကျွန်တော်စားချင်တဲ့ ဟင်းတွေ ဝယ်ချက်လာအောင်
ပြောဆို စည်းရုံးနိုင်ဖို့လိုအပ်ပါတယ်
ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ရတဲ့
Korea ဇာတ်လမ်းတွဲက အွန်စောရုပ်ရှင်ကား၊
တစ်ချိန်ထဲမှာပဲ ကျန်ကျောင်းကားလဲရှိတယ်
စွန်းဝူခုန်းကားရှိတယ်၊ ဘောလုံးပွဲတွေရှိတယ်ဆိုပါတော့
အခုလိုလဲ ဖုန်းကောင်းကောင်းတွေလဲ မရှိသေးတော့
TV တစ်လုံးထဲကိုပဲ အိမ်ကလူတွေနဲ့ လုကြည့်ရတဲ့အခါ
ကိုယ်ကြည့်ချင်တာကို အခြားသူတွေပါ ကြည့်ချင်လာအောင်
ပြောဆိုရှင်းပြပြီး ဆွဲဆောင်နိုင်ဖို့ လိုအပ်လာပါတယ်
ဒီလုပ်ဆောင်ချက်တွေအားလုံးက
အရောင်းပညာရပ်ရဲ့ အခြေခံသဘောတရားတွေထဲမှာ
ပါဝင်ပါတယ်
အလုပ် Interview သွားရင်လဲ
ကိုယ့်အကြောင်း နားလည်လာအောင်
ကိုယ်တော်တာကို သဘောပေါက်လာအောင်
ကိုယ့်ကို အလုပ်ခန့်ချင်လာအောင်
ကိုယ့်ကိုယ်ကို ရောင်းရတာပဲလေ
လူတွေနဲ့ အဆင်မပြေတာ၊
တည့်အောင်မပေါင်းသင်းနိုင်တာ၊
ကိုယ်ပြောချင်တာကို လက်ခံလာအောင်မလုပ်နိုင်တာ၊
အခြားသူတွေကို မစည်းရုံးနိုင်တာတွေက
အရောင်းပညာ မတတ်ကျွမ်းသေးတဲ့သဘောပါ 😪
နောက်ဆုံးဗျာ လူတစ်ယောက်ကို ချစ်မိရင်တောင်
ချစ်နေရုံနဲ့ မလုံလောက်ဘူးလေ
ကိုယ်ချစ်တာ သူသိလာအောင် ပြောပြဖို့လိုသလို
သူပြန်ချစ်လာအောင် လုပ်နိုင်ဖို့လိုတယ်လေ
ဟုတ်တယ်မလား ?
မဟုတ်ဘူးထင်ရင်တော့ FA ဆက်လုပ်ပေါ့ 😅
Crush ရတဲ့သူရှိပြီး ကိုယ့်ကို သူက သိတောင်မသိဘူး
အခုထိ FA ဖြစ်နေရတယ်ဆိုရင် အခုချက်ချင်း
အရောင်းသင်တန်းတက်ဖို့ လိုနေပါပြီ 😁
ကျွန်တော် ၁၀ နှစ် ဝန်းကျင်လောက်
အရောင်းလောကမှာ ကျင်လည်ခဲ့ပြီး
Sales Training တွေ ပေးတဲ့အခါတိုင်း
အမြဲပြောနေကျ အရမ်းကောင်းတဲ့ စာသားလေးတစ်ခု
လက်ဆောင်အနေနဲ့ ဒီမှာ ရေးပေးပါမယ်
အဲ့တာကတော့ ....
When you Master the art of Selling,
you will Master the art of Life
ပြောချင်တာက သင်ဟာ အရောင်းပညာရပ်မှာ
master ဖြစ်လာတဲ့အခါ သင့်ရဲ့ဘဝကိုလဲ လိုချင်သလို
ပုံဖော်နိုင်တဲ့ Master တစ်ယောက်ဖြစ်လာပါလိမ့်မယ်
အဲ့တော့ Online ကနေပဲရောင်းရောင်း
အပြင်မှာပဲရောင်းရောင်း ဘယ်လိုပဲရောင်းရောင်း
ဆက်ပြီး ရောင်းနေဖို့ တိုက်တွန်းပါတယ် 😊
ဘာမှမလုပ်ပဲ နေနေတာကမှ ရှက်စရာဖြစ်ပါတယ်
လူငယ်တွေ အလုပ်လုပ်နေတာ ဝမ်းသာစရာပါ
လူတိုင်း အလုပ်လုပ်နေရင် တိုင်းပြည်တိုးတက်မှာပါ
ကံကြမ္မာဆိုတာ ကြိုတင်ဟောကိန်းထုတ်လို့ရတယ်
အလုပ်လုပ်လေ ကံကောင်းလေပါပဲ 😇
ကျွန်တော်တို့အတူတူ ဆက်ကြိုးစားကြတာပေါ့ 😊
မိတ်ဆွေတို့အတွက် အကျိုးရှိအောင်
ကျွန်တော် နားလည်ထားတဲ့ အရောင်းပညာရပ်တွေကို
ကြိုးစား မျှဝေပေးသွားပါမယ်
မိတ်ဆွေများ အောင်မြင် ပျော်ရွှင်ကြပါစေ
YE Naing
Sales Coach & Wealth Manager
15/09/2021
မရှိလို့ မလှူ မလှူလို့ မရှိ
ရှိတာလေးနဲ့လှူ
လုပ်လဲလုပ် လှူလဲလှူ
30/01/2021
#ဝရိန်အလုပ်
#ဝရိမ်သမား တစ်ယောက်ရဲ့
အရင်းအနှီး ဘာရှိလို့လဲ #
အားလည်းစိုက်ရတာမဟုတ်ပဲ
ပိုက်ဆံကျ အတောင်းကြမ်းတယ်လို့ အလုပ်ရှင်တွေက မြင်ကြတယ်
ဝရိမ်လုပ်ငန်းဆိုတာ ဝရိမ်ဆော်တတ်ရုံနဲ့မရဘူးဗျ
* ကိုယ့်အလုပ်ရှင်ရဲ့ စိတ်ကျေနပ်မှုရှိအောင်
တာဝန်ယူပြီးလုပ်ပေးရတယ်
* အတတ်နိုင်ဆုံး ရေရှည်ခိုင်ခန့်အောင် စဉ်းစားပြီးလုပ်ပေးရတယ်
* ပိုက်ဆံရပြီးတာပဲဆိုပြီး တာဝန်မဲ့စွာ လုပ်လို့မရဘူး
* အလုပ်ရှင်အတွက် ဦးစားပေးစဉ်းစားပြီး လုပ်ရတယ်
#ဘဝအတွက် အဓိက အရေးပါတဲ့ မျက်စိကို ရင်းရတယ်
#အသက်ရှင်ဖို့ အဓိကဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်၊ လေပြွန်ကဲ့သို့သော ကျန်မာရေးကို အဆိုးရွားဆုံးဖြစ်စေတဲ့ အညှော်နံ့တွေကို ဥပေက္ခာပြုပြီး ကျန်းမာရေးကိုရင်းရတယ်
#လူကိုချက်ချင်း သေစေနိုင်တဲ့ လျှပ်စစ်မီးကို
ရှော့ရိုက်ပြီး လုပ်ရတဲ့အတွက် အသက်ဘေးကို
မျက်ကွယ်ပြု အန္တရာယ်ကို အဖော်လိုလုပ်ပြီး
ကိုယ့်ဘဝရဲ့ လုံခြုံမှုကိုရင်းရတယ်
#ဝရိမ်ဆော်ရင် ထွက်တဲ့ အလင်းရောင်ဟာ
တစ်ကမ္ဘာလုံး ကြောက်ကြတဲ့ ခရမ်းလွန်ရောင်ခြည်ထက်
အစပေါင်းများစွာ ပြင်းထန်ပါတယ် ဒါ့အပြင် လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ပေါင်းများစွာပါဝင်ပါသေးတယ်
ဒါတွေကို အန္တရာယ်ဆိုတာ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုကိုရင်းရတယ်
#၀ရိမ်ဆော်ရင် ဖြစ်တဲ့အပူဟာ
နေပူထဲမှာ စောင်ကို ခေါင်းမြီးခြုံပြီးနေရတာထက်
အစပေါင်းများစွာ ပိုပြီး ပူတယ်ဆိုတာ အလုပ်ရှင်တွေ
ကိုယ်ချင်းစာမိမယ် မထင်ပါဘူး
#ဝရိမ်ဆော်ရင်း ကျလာတဲ့ မီးဖွားတွေမှန်ရင်
မီးကျီးခဲ ထက်ပိုပြီးပူတယ်ဆိုတာ
အလုပ်ရှင်တွေ သိမယ်မထင်ဘူး
#အမှတ်တမဲ့ ဝရိမ်ဆော်ထားတဲ့ နေရာကိုကိုင်မိရင်
အပူလောင်ပြီး ရေကြည်ဖုထမယ် မထင်နဲ့
တစ်ခါတည်း ချောက်ကပ်ပြီး မီးကျွမ်းသွားတဲ့ ဒဏ်ရာကို အလုပ်ရှင်တွေ ခံစားဖူးမယ်မထင်ဘူး
#မီးဖိုထဲက မီးကျီးခဲကို ကောက်ကိုင်ပြီး နေရာရွှေ့လို့ အပူမလောင်ဘူး
ဝရိမ်ဆော်ထားတဲ့နေရာကို ကိုင်မိရင်တော့
ရေကြည်ဖု မထဖို့ အာမခံတယ်
တစ်ခါတည်း
မဲခြောက်ပြီး ကျွမ်းသွားမှာဗျ
#အမြင့်မှာ တက်ပြီး လုပ်ရတယ်ဆိုရင်
ပြုတ်ကျဖို့ရာ ရာခိုင်နှုန်းအများဆုံးက ဝရိမ်သမားတွေပဲလေ
ဘာကြောင့်လဲ့ဆိုတော့
လက်တစ်ဖက်က ဝရိမ်ဂေါက်ကိုကိုင်ရတယ်
နောက်တစ်ဖက်က ဝရိမ်ဆော်မဲ့ အရာဝတ္ထုကိုကိုင်ထားရတယ် ဝရိမ်ဆော်ရင်း အပ်(earth)မိရင် လန့်ပြီး ပြုတ်ကျတတ်တယ်
နောက်တစ်ခုက ဓာတ်လိုက်ရင် အာရုံကြောတွေရပ်ပြီး
ပြုတ်ကျနိုင်တယ် (အခြား မတော်တစ်ဆ ဖြစ်တာတွေကတော့ အမြင့်တက်သူတွေနဲ့ အတူတူပဲပေါ့ဗျာ)
အခုပြောခဲ့တာတွေကတော့ ပိုက်ဆံထုတ်ပြီး မရင်းရတဲ့
အရင်းအနှီး တွေပေါ့
ဒါပေမယ့် ပိုက်ဆံထက် တန်ဖိုးကြီးတဲ့ အရာတွေပေါ့
ထို့ကြောင့် ဝရိန်သမားတွေ ကို စျေးကြီးပေးရတယ် မမြင်ပါနဲ့😃😃
ါ စာသားပိုင်ရှင်
Click here to claim your Sponsored Listing.
Telephone
Website
Address
Klang