Agent Ngapali

Agent Ngapali

Share

Only then will we get to know the general information and get some interesting ideas for the travel industry and business people. The ideas presented here are not enough but can be useful for further inquiry. Our Agent Ngapali (Travels & Tours) Co.,Ltd is also responsible for assisting with the details. Visitors are waiting for a visit to AGENT NGAPALI Travels and Tours. Monuments Antiques The m

09/10/2025

မိတ်ဟောင်း မိတ်သစ်များတွက်
"ငွေဆောင်ကမ်း‌ခြေဘက်" ကို Founder က ကမ်းခြေရဲ့ အငွေ့အသက်တွေရယူဖို့ ဆိုရင် ကူညီပေမယ်
ဘယ်အမျိုးတွေ ရှိလဲ ပြောထားပါ

06/03/2025

✈️ Transit Flight စီးပြီးသွားရာတွင် သတိထားရမယ်အချက်များ

နိုင်ငံခြားခရီးသွားရောက်လိုသူများအနေဖြင့် သွားရမည် မြို့နှင့် သွားရန်လေယာဉ် Direct Flight မရှိပါက Transit Flight (သို့) Connecting Flight များကို အသုံးပြုရပါမည်။ အလားတူအခက်အခဲများမဖြစ်စေရန် အောက်ပါအချက်များကို သတိထားရန်လိုအပ်ပါသည်။

---

1. လေယာဉ်လက်မှတ်ဝယ်စဉ် သတိထားရမည့်အချက်များ

Checked through လား Self-Transfer လား သိထားရန်အရေးကြီးသည်။

Checked through ဆိုပါက ကြားလေဆိပ်တွင် Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးစရာမလိုဘဲ နောက်လေယာဉ်သို့ ချက်ချင်းပြောင်းစီးနိုင်သည်။

Self-Transfer ဆိုပါက ကြားလေဆိပ်တွင် Immigration ဖြတ်ပြီး အိတ်များကို ရွေးရန်လိုအပ်ပြီး နောက်လေယာဉ်အတွက် ပြန်တင်ရန် လိုအပ်ပါသည်။

Transit Visa လို/မလို သေချာစစ်ဆေးပါ။ တချို့နိုင်ငံများတွင် Transit ဖြတ်ရုံပင် Visa လိုအပ်နိုင်ပါသည်။

Layover Time ကိုသေချာကြည့်ပါ။ Checked through မဟုတ်ပါက Layover Time အနည်းဆုံး ၃ နာရီ၊ အကောင်းဆုံး ၄-၅ နာရီကြား စီစဉ်ပါ။

---

2. Transit လေဆိပ်တွင် သတိထားရန်အချက်များ

Arrival Time နှင့် ဒေသစံတော်ချိန် ကို သေချာပြောင်းပါ။ လက်ကိုင်နာရီများနှင့် ဖုန်းအချိန်ကို စစ်ဆေး၍ သင့်တော်စွာပြင်ဆင်ထားပါ။

Transfer Desk ကို သွားပါ။

Checked through မဟုတ်ပါက Transfer Desk တွင် နောက်လေယာဉ်အတွက် Boarding Pass ထုတ်ယူပါ။

Transfer Desk ရှာမတွေ့ပါက Information Counter (i) တွင်မေးမြန်းနိုင်သည်။

Boarding Gate အတည်ပြုပါ။

Boarding Pass တွင် Gate နံပါတ်ရေးထားမရှိပါက လေဆိပ်ရှိ LED စာဖျက်များတွင် လေယာဉ်အချက်အလက်များနှင့်တိုက်စစ်ပါ။

---

3. Self-Transfer လုပ်ရပါက

Immigration ဖြတ်ရန်လိုအပ်ပါသည်။

Visa လိုအပ်ပါက တင်ပြရန်ပြင်ဆင်ထားပါ။

လေဆိပ်ထဲတွင် အိတ်များကို ရွေးပြီး နောက်လေယာဉ်အတွက် ပြန်တင်ရပါမည်။

Departure Zone သို့ပြန်ဝင်ပါ။

Check-in ပြန်လုပ်ပြီး Security Screening ဖြတ်၍ Boarding Gate သို့သွားပါ။

---

4. အရေးပေါ်အခြေအနေများ

Layover Time နီးကပ်နေပါက

Airport Staff များအား Boarding Pass ပြ၍ တန်းကျော်ရန် အကူအညီတောင်းနိုင်ပါသည်။

မသိကြားသောအချက်များအတွက် Information Counter တွင် မေးမြန်းရန် အသင့်ရှိပါစေ။

သတိထားလျှင် အခက်အခဲကင်းစွာ ခရီးစဉ်ကို ပြီးမြောက်နိုင်ပါမည်။

🙏

Want your business to be the top-listed Travel Agency in Bangsar?
Click here to claim your Sponsored Listing.

Category

Telephone

Address


Bangsar
59200

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00