Outstanding Muslims from Myanmar

Outstanding Muslims from Myanmar

Share

Ethnic and Religious Minorities in Myanmar: History, Distortion, and the Call for Equal Citizenship – Myanmar Muslims News Network 24/12/2025

https://myanmarmuslim.news/en/2025/12/24/ethnic-and-religious-minorities-in-myanmar-history-distortion-and-the-call-for-equal-citizenship/

Ethnic and Religious Minorities in Myanmar: History, Distortion, and the Call for Equal Citizenship – Myanmar Muslims News Network Posted in Anti-Racism Articles History Islam, Hope, Allah SWT, Myanmar Muslims History Opinion Poem, Story, Ethnic and Religious Minorities in Myanmar: History, Distortion, and the Call for Equal Citizenship Posted on December 24, 2025December 24, 2025 Let all the different flowers blossom in Myanma...

26/11/2025
26/11/2025

မြိတ်မြို့ရဲ့ မွတ်စလင့် ကြယ်တပွင့်

၁၉၇၄ မြိတ်မဂ္ဂဇင်းမှာ ပါတဲ့ မြိတ်၏ ကြယ်တပွင့် ဆိုတဲ့ဆောင်းပါး ကိုရေးခဲ့တဲ့ စာရေးသူ ကလောင်အမည် "အေးခန့်" ဆိုတာ ကျနော့
အဖေပါ။ သူရေးခဲ့တဲ့ အဲဒီဆောင်းပါး ကျနော်မဖတ်ဘူးခဲ့ပါ။
မြိတ်၏ကြယ်တပွင့် ဆိုသူက ဦးရွှေယွန်းပါ။ ကျနော့ ဖခင်ဘက်က
ကျနော့အဖိုးရဲ့ အကိုအကြီးဆုံးပါ။ ငယ်ငယ်က ပါကြီးဦးရွှေယွန်း
ဆိုပြီး ကျနော် ပါပါ ပြောတာ ခဏခဏကြားနေမိခဲ့ပါတယ်။
ကျနော့ မိခင်ဘက်က အဖိုး ဦးကာ နဲ့လဲ ရင်းနှီးသူတယောက်ပါ။

ဒါပေမဲ့ အခု ကိုဗက ဆိုသူက ဦးရွှေယွန်းအကြောင်း တော်တော်
လေး ပြည့်ပြည့်စုံစုံ ရေးထားတာတွေ့ရပါတယ်။ သူ့ရဲ့
Reference မှာ ကျနော့ အဖေ ရေးခဲ့ဘူးတဲ့ ဆောင်းပါးကို တွေ့မိ
လို့ copy shared လိုက်ပါတယ်။ အောက်မှာ ဆက်ဖတ်ပေးပါ။
ဦးရွှေယွန်း တို့ညီအကို ဓါတ်ပုံ ကျနော့မှာရှိလို့ ဒီ post နဲ့တွဲတင်
ပေးထားပါတယ်။

Credit to Ko Baka
=================================

မြိတ်မှ ဥပဒေပညာရှင် ဦးရွှေယွန်း

ကိုဗက ရေးခဲ့တာပါ။
ကောင်းရာသုဂတိရောက်ပါစေဗျ။
ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး ဥပဒေရှုထောင့်က ဦးရွှေယွန်း(မြိတ်)ပြုစုခဲ့တဲ့ စာပေဟာ သူ့ခေတ် သူ့အခါအလျောက် အလွန်တန်ဖိုးရှိလှတဲ့ စာပေရေစီးကြောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
-
နောင်သောအခါ ကျော်ကြားလာမည့် ဥပဒေပညာရှင်ကြီး ဦးရွှေယွန်းကို မြိတ်မြို့ ကံခေါင်းရပ်မှ သူကြီးမျိုးရိုးမှ ဆင်းသက်လာတဲ့ (အဘ)ဦးထွန်း (အမိ)ဒေါ်မင်းမို တို့မှ ၁၂၃၆-ခု၊ ဝါဆိုလဆန်း(၆)ရက်၊ အင်္ဂါနေ့မှာ သားဦးအဖြစ် မွေးဖွားခဲ့ပါတယ်။
အဲဒီနှစ်ကို တွက်ရင် အထက်မြန်မာနိုင်ငံမှာ မင်းတုန်းမင်းတရားကြီး နန်းစံနေတုန်းပါ။
ဦးရွှေယွန်း(မြိတ်)ရဲ့ မိဘအဆက်အနွယ်တို့ဟာ အစ္စလာမ်သာသနာ ကိုးကွယ်ယုံကြည်ကြသူများဖြစ်ကြလို့ ဦးရွှေယွန်းကိုယ်တိုင်လည်း အစ္စလာမ်သာသနာသက်၀င်ယုံကြည်သူဖြစ်ခဲ့ပါတယ်။
-
အာရဗ်ကုန်သည်တွေဟာ အနောက်ဘက် ဒမစကမတ်ကျွန်းစုမှ အေ့ရှဘက် တရုတ်ပြည်အထိ ကူးသန်းသွားလာကြရာမှ မြိတ်မြို့ ဆိပ်ကမ်းကို စခန်းထောက်အဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတဲ့ သမိုင်းတွေ ရှိနေပါတယ်။ အာရဗ်ကုန်သည်တွေ အ၀င်အထွက်များခဲ့ရာမှ မြိတ်မြို့မှာလဲ အစ္စလာမ်သာသနာ အမြစ်တွယ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတို့ရှိခဲ့ပါတယ်။
-
ဦးရွှေယွန်း(မြိတ်)ဟာ အစ္စလာမ်သသနာကိုးကွယ်ပေမယ့် အခြေခံပညာကိုတော့ ဘုန်းတော်ကြီးကျောင်းနေပြီး သင်ခဲ့ရတယ်။ နောက်တော့ အင်္ဂလိပ် – မြန်မာ အထက်တန်းကျောင်းပြောင်းပြီး ခေတ်ပညာသင်ခဲ့တယ်။
-
ကျောင်းမှာ စာကြိုးစားတယ်။ တော်တယ်။ ဒီတော့ ကျောင်းဆရာ ဆရာမတို့က ချစ်ခင်ကြ၊ စာကြိုးစားမှုအားကောင်းလို့ ပညာရည်ထူးချွန်ဆု အကြိမ်ကြိမ်ရခဲ့သူပါ။
-
ဦးရွှေယွန်း အထက်တန်းပညာ ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံမှာ တက္ကသိုလ်မရှိသေးလို့ အိန္ဒိယပြည် ကာလကတ္တားတက္ကသိုလ်သွား ပညာသင်ကြားပြီး ပြန်လာတော့ ကျောင်းဆရာအလုပ်၀င်လုပ်တယ်။ အသက်(၂၂)နှစ်မှာ အထက်တန်း ရှေ့နေ စာမေးပွဲ၀င်ဖြေတယ်။ အောင်ခဲ့လို့ ကျောင်းဆရာဘ၀က ထွက်ပြီး ရှေ့နေလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့သူပါ။
ရှေ့နေလုပ်ငန်းလုပ်တော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့နဲ့ ဆက်သွယ်ရတယ်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းလည်းနေခဲ့ဖူးတော့ ဗုဒ္ဓသာသနာကိုလည်းလေ့လာတယ်။ မိမိကိုယ်တိုင် အစ္စလာမ်သာသနာ ကိုးကွယ်သူဖြစ်တာကြောင့် အစ္စလာမ်သာသနာကိုလည်း လေ့လာတယ်။ သာသနာ၀င်ချင်းမတူပေမယ့် သာသနာ၀င်ချင်းချစ်ကြည်ရေး၊ စိတ်၀မ်းမကွဲရေးကြိုးပမ်းခဲ့တယ်။ ပါဠိ – ပေါရာဏတို့ကို ကျွမ်းကျင်အောင်ကြိုးစားခဲ့တယ်။ မြို့ရွာအရေး၊ ရပ်ရွာအရေးတို့မှာလည်း ဦးရွှေယွန်းပါခဲ့ရတာများပါတယ်။
-
အလုပ်ကလည်းလုပ်၊ လူချစ်လူခင်ကလဲများလာလို့ မြိတ်မြို့ရဲ့ မြူနီစပါယ်လူကြီးဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး မြူနီစပါယ်အဖွဲ့ဥက္ကဋ္ဌဖြစ်လာတယ်။ ဒိစတြိတ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်လာတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေကို ကိုင်လာရတော့ မြို့ရွာစည်ပင်သာယာရေး၊ လမ်းများတိုးချဲ့ဆောက်လုပ်ရေး၊ စာသင်ကျောင်းများတိုးချဲ့ဖွင့်လှစ်ရေးတို့ကို လုပ်ခဲ့တယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ အလုပ်ကလည်းလုပ်၊ မြို့သူမြို့သားတွေကလည်း ချစ်ခင်ကြလို့ ၉၁-ဌာန အုပ်ချုပ်ရေးမှာ မင်းတိုင်ပင်အမတ်ဖြစ်တယ်။ မင်းတိုင်ပင်အမတ်ဘ၀နဲ့ မြိတ်၊ ကျောက်ဖြူတောင်တန်း၊ တနင်္သာရီကားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကျောက်ဖြူတောင်တန်းမှ မြိတ်မြို့ ရေရရှိရေးစီမံကိန်းတို့ကို တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီကာလက တိုင်းရေးပြည်ရေးထက် ရာထူးလုပွဲတွေကသာ အဓိကဖြစ်နေလို့ သူ့စီမံကိန်းတွေဟာ မအောင်မြင်ခဲ့ပါဘူး။
-
ရနိုင်သမျှ၊ ရတတ်သမျှတွေကို အများပြည်သူတွေအတွက် ထာ၀စဉ်အာရုံစိုက်နေသူဖြစ်လေတော့ လူခွန်တော်ဖျက်သိမ်းရေး၊ လယ်ယာမြေ နှစ်ရှည်ငှားရမ်းရေး၊ လယ်သမားများဘ၀ တိုးတက်ရေးနဲ့ မြို့ရွာစည်ပင်သာယာမှုတို့ကို အစဉ်တစိုက်လုပ်နေတာတွေကြောင့် အမ်-ဘီ-အီး ဘွဲ့နဲ့ ကေ-အိုင်-အိပ်ခ်ျ ဘွဲ့ တို့ကို အင်္ဂလန်ပြည့်ရှင် ဘုရင်မက ချီးမြှင့်ခဲ့တယ်။
ဘုရင်မက ဘွဲ့တွေပေးထားပေမယ့် ဒုတိယကမ္ဘာစစ်ပြီးပြီးလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ ပေါ်လာတဲ့အခါ မြိတ်မြို့ ဖ-ဆ-ပ-လ အဖွဲ့မှာ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး၊ ဖ-ဆ-ပ-လ စင်မြင့်ပေါ်ကနေပြီး အင်္ဂလိပ်နယ်ချဲ့သမားကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် မြိတ်မှာ ထူးခြားတဲ့ ကြယ်တစ်ပွင့်ဖြစ်လာတယ်။
အစ္စလာမ်သာသနာနဲ့ ဦးရွှေယွန်း
မြို့ရေး ရပ်ရေးတို့ကို မအားမလပ်ဆောင်ရွက်ရင်း မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဓမ္မများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တယ်။ လေ့လာတော့လည်းတတ်ကျွမ်းလာတယ်။ ဒီတော့လည်း အစ္စလာမ်သာသနာ၀င်ချင်းဖြစ်ကြရတဲ့ကိစ္စ တွေကို တရားဓမ္မနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုဏ်းသခင်ကြီးဖြစ်လာတယ်။
-
မြိတ်မြို့ ကံခေါင်းရပ်မှာရှိတဲ့ ထုံးဖိုဗလီ ထရပ်စ်စတီ(ဂေါပက)အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ မိမိစရိတ်မိမိစားပြီး ဗလီ ရှေ့ဆောင်အဖြစ် တာ၀န်ယူခဲ့တယ်။ လောကီဘုံသားတို့မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မွတ်စလင် လင်မယားကွာရှင်းမှု၊ အမွေမှုတို့ကို ဆုံးမသြ၀ါဒပေးပြီး ဖြေရှင်းပေးခဲ့နိုင်တာရှိသလို တချို့ကတော့လည်း ရုံးပြင်ကန္နားရောက်ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။ မွတ်စလင်မ်အချင်းချင်းဖြစ်ပွားကြတဲ့ လင်ကွာ မယားကွာ အမွေမှုတွေကလည်း အစ္စလာမ်ဓမ္မသတ်နဲ့ ဆုံးဖြတ်ရတာမျိုးကလည်း အများသား။
-
ဦးရွှေယွန်းနဲ့ စာပေရေစီးကြောင်း
-
လင်မယားကွာရှင်းမှု၊ အမွေမှုတို့နဲ့ဆက်နွယ်လာတဲ့ ကိစ္စတွေ၊ ရုံးပြင်ကန္နားရောက်ကြရင် ဖြေရှင်းပေးကြတဲ့အခါ အထောက်အကူပြုကြရတာက မဟာမေဒင်လော(ဥပဒေ)။ ရောက်လာကြတဲ့ အမှုတို့ကို ကိုင်တွယ်ဆုံးဖြတ်ပေးကြရတဲ့ တရားသူကြီးတိုင်း မွတ်စလင်မ်များမဟုတ်။ မွတ်စလင်မ်မဟုတ်ကြလို့ မဟာမေဒင်လောကို ပယ်လို့မရ။ ဒီအခက်အခဲမျိုးတွေပြေလည်စေဖို့ အင်္ဂလိပ်လိုမှ မြန်မာလို ဘာသာပြန်ခဲ့တယ်။ ဦးရွှေယွန်းရဲ့ စာပေရေစီးကြောင်းကို မြန်မာနိုင်ငံတရားရုံးများသို့ စီးဆင်းစေခဲ့တယ်။ သူ့စာပေရေစီးကြောင်းကို ပိုမိုလေးနက်စေလိုတဲ့ဆန္ဒနဲ့ ဖ-ဆ-ပ-လ ခေတ်၊ တရားလွှတ်တော်ချုပ်၊ တရားရေး၀န်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဘဦး(နောင်သောအခါ သမ္မတဖြစ်လာသူ)၊ ဒေါက်တာဦးအေးမောင် (နောင်သောအခါ တရားရေးဌာန၀န်ကြီးဖြစ်လာသူ)နဲ့ တစ်ချိန်မှာ တရားလွှတ်တော် တရားရေး၀န်ကြီးဖြစ်လာသူ ဦးသောင်းစိန်တို့ထံ ပို့ခဲ့တယ်။
ဦးရွှေယွန်းဆက်သွယ် ပိုခဲ့သူများကလည်း တလေးတစား သူ့ဆီပြန်ကြားခဲ့ကြတယ်။
-
အဆွေတော်ဦးရွှေယွန်း …
၁၉၄၉-ခု၊ ဇူလိုင်လ (၁၁)ရက်နေ့စွဲဖြင့်ပေးပို့သော အဆွေတော့်စာကို ရရှိပါသည်။ အဆွေတော်က မိမိစီရင်ရေးသားသော မိုဟာမက်ဘာသာ လက်ထပ်ခန်း၊ ကွာရှင်းခန်း အစရှိသည့်ကျမ်းကို ကျွန်ုပ်အား ဆက်သလိုသည့်အချက်ကို အမှန်အားဖြင့် ဂုဏ်ယူမိပါသည်။
မြန်မာပြည်တွင် မွတ်စလင်မ်အမျိုးသား အမြောက်အမြားရှိသည့်အပြင် ၎င်းတို့အရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသဖြင့် မြန်မာဘာသာဖြင့် ရေးသားသော မိုဟာမက်ဘာသာတရားဥပဒေသည် အရေးအကြီးဆုံးဖြစ်သည်။ မွတ်စလင်မ်အမျိုးသားတို့ ကြာမြင့်စွာကပင် အလိုရှိအပ်သောကျမ်းဖြစ်သည်။ ဤကျမ်းသည် လူအများအလွယ်တကူ ၀ယ်ယူသုံးစွဲကြလိမ့်မည်ဟု ယုံကြည်ကြောင်း။ (ဤကျမ်းကို ကျွန်ုပ်အား ဆက်သခွင့်ပြုလိုက်ကြောင်း)။
နေ့စွဲ ။ ၁၉၄၉-ခု၊ ဇူလိုင်လ (၁၅)ရက်။

ပုံ/ ဒေါက်တာဘဦး
တရား၀န်ကြီးချုပ်။
ပြည်ထောင်စုမြန်မာနိုင်ငံ
တရားလွှတ်တော်ချုပ်။
* * * * *
-
အဆွေတော် ဦးရွှေယွန်း ….
အဆွေတော် စီရင်ရေးသားသည့် မွတ်စလင်မ် လက်ထပ်ခြင်းတရားဥပဒေ ပထမတွဲကို ပေးပို့လိုက်၍ ရရှိသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။
အဆွေတော်၏စာကို ပြန်ရာ၌ နှောင့်နှေးရခြင်းအကြောင်းမှာ ဤစာအုပ်ကို သေချာစွာဖတ်ရှုလို၍ဖြစ်ပါကြောင်း။ ထိုစာအုပ်ကို သေချာစွာဖတ်ရှုပြီးနောက် ကျွန်ုပ်ထင်မြင်သည်မှာ ဤစာအုပ်သည် မွတ်စလင်မ်လက်ထပ်ခြင်းနှင့်ဆိုင်သည့် အမှုအခင်းများကိုဆောင်ရွက်ရသည့် တရားသူကြီးများ၊ ေ့ရှနေ ေ့ရှရပ်များအတွက် အများဆုံး အကူအညီပေးနိုင်သောစာအုပ်ဖြစ်ကြောင်း၊ ဤတရားဥပဒေ အချက်အလက်များသည် ထိုအရာ၌ မကျွမ်းကျင်သူများအတွက် ရံဖန်ရံခါ အလွန်ရှုပ်ထွေးနက်နဲစေသော်လည်း အဆွေတော်က ထိုအရာများကို စိတ်၀င်စားစွာဖတ်ရှု၍ အမှုအခင်းများဆုံးဖြတ်ရာ၌ လေးလေးနက်နက် ရှေ့ကို ဆက်လက်၍ လေ့လာပြီး အသုံးပြုနိုင်စေရန် စီစဉ်ထားသည့်အတွက် ကျွန်ုပ်အထူး၀မ်းမြောက်မိပါကြောင်း။
နေ့စွဲ ။ ၁၉၅၀-ခု၊ ဇန်နဝါရီလ(၃၀)ရက်။

ပုံ/အေးမောင်
တရား၀န်ကြီးချုပ်။
ပြည်ထောင်စုမြန်မာနိုင်ငံ
တရားလွှတ်တော်ချုပ်။
* * * * *
-
အဆွေတော်ဦးရွှေယွန်း …
အဆွေတော်၏ မြန်မာဘာသာဖြင့် ရေးသားစီရင်သော မွတ်စလင်မ် လက်ထပ်ထိမ်းမြားခြင်း တရားဥပဒေကျမ်းကို ရရှိသည့်အတွက် အမှန်ပင် အထူးကျေးဇူးတင်ပါကြောင်း။
ဤကျမ်းကို ကျွန်ုပ်သည် အထူးစိတ်၀င်စားစွာ ဖတ်ရှုခဲ့ပါသည်။ အဆွေတော်အား ဤကဲ့သို့ ပြီးမြောက်အောင် ဆောင်ရွက်သည့်အတွက် အထူး၀မ်းမြောက်ပါကြောင်း မေတ္တာပို့ပါသည်။ မြန်မာဘာသာဖြင့် စီရင်ရေးသားသည့် မွတ်စလင်မ်တရားဥပဒေကျမ်းများကို ဤတိုင်းပြည်၌ အချိန်ကာလကြာမြင့်စွာကပင် လိုလားနေလေရာ အဆွေတော်က ထိုလိုလားချက်ကို ဖြည့်စွက်နိုင်သည့်အတွက် ကျွန်ုပ်များစွာ ၀မ်းမြောက်မိပါကြောင်း။
နေ့စွဲ ။ ၁၉၅၀-ခု၊ ဧပြီလ ၁၂-ရက်။

ပုံ/သောင်းစိန်
(တရား၀န်ကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံတော်
တရားလွှတ်တော်ချုပ်။

* * * * *
-
ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာသာသနာ၀င်များ၏ လောကတစ်ရပ်လုံးအတွင်းသာ စီးဆင်းခဲ့ရုံသာမက မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသို့တိုင် စီးဆင်းခဲ့ပါတယ်။
ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် ပျောက်ကွယ်သွားမည့် ရေစီးကြောင်း မဖြစ်နိုင်သည်မှာ ထင်ရှားလှပါတယ်။
စာဆိုရှင်ဟူသမျှတို့ရဲ့ ရည်ရွယ်ချက်မှာ မိမိတို့ပြုစုခဲ့ကြတဲ့ စာပေများ အများပြည်သူတို့ကို အကျိုးပြုကြဖို့ ရည်မှန်းကြရမှာ သစ္စာတရားဖြစ်ပါတယ်။ မိမိတို့ပြုစုကြတဲ့ စာပေတို့ဟာလည်း ပြည်သူအတွင်း အဆိပ်အတောက်မဖြစ်စေဖို့ ကြီးစွာ သတိထားကြရမှာလည်း သစ္စာတရားပါ။
ဦးရွှေယွန်းပြုစုခဲ့တဲ့ ကျမ်းတို့ဟာ ပြည်သူ့အကျိုးပြုစာပေများ၊ အဆိပ်အတောက်ကင်းတဲ့စာပေရေစီးကြောင်းသာဖြစ်ကြောင်း ခြွင်းချက်မရှိယုံကြည်လျက်ပါ။

ဦးရွှေယွန်း(မြိတ်)သည် ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ (၂၈)ရက် အသက်(၈၆)နှစ်အရွယ်တွင် ကွယ်လွန်သည်။
-
ကိုးကား-ပသီကိုကိုလေး ဦးရွှေယွန်း(မြိတ်)
မိုးသောက်ကြယ်မဂ္ဂဇင်း၊ ၁၉၉၅-ခု ဖေဖော်ဝါရီလ၊
-
၁၉၇၄-ခုနှစ်ထုတ် မြိတ်မဂ္ဂဇင်းမှ ဆောင်းပါးရှင် - အေးခန့်(မြိတ်)မြိတ်၏ကြယ်တစ်ပွင့်

Want your museum to be the top-listed Museum in Ampang?
Click here to claim your Sponsored Listing.

Category

Address


Klinik Ng Dan Lee (Wangsa Maju Branch)
Ampang
53300