BIT
19/11/2019
Virus ကိုက်ခံရလို့ပျောက်သွားတဲ့ stick ထဲက ဖိုင်တွေ ပြန်ယူနည်းလေးပါ…. ကျွန်တော်တို့မိတ္တူဆိုင်က ကွန်ပျူတာတို့သူငယ်ချင်း ကွန်ပျူတာတို့စသဖြင့် မသိတဲ့ ကွန်ပျူတာတွေမှာ ထိုးလိုက်မိရင် တစ်ခါတစ်လေ ကိုယ့် စတစ်ထဲက ဖိုင်တွေ ပျောက်သွားတတ်ပါတယ်…. အဲ့ဒါက ကိုယ်ထိုးမိတဲ့ စက်မှာ ဗိုင်းရပ် ရှိနေလို့ပါ…. ပြန်ယူနည်းကတော့ လွယ်ပါတယ်…. ကိုယ်အမြဲသုံးနေကျ ဗိုင်းရပ်မရှိတဲ့ စက်တစ်ခုခုမှာ စတစ်ကို ပြန်ထိုးပါ…. စတစ်ထဲက ဘာဖိုင်ကိုမှ မဖွင့်ပါနဲ့…. ကိုယ့်ကောင်းနေတဲ့ စက်မှာပါ ခုန ဗိုင်းရပ်ဝင်သွားပါလိမ့်မယ်…. စတစ်ကို ကိုက်တဲ့ ဗိုင်းရပ်တွေက အမျိုးအစား အမျိုးမျိုး ရှိပါတယ် …. အားလုံး လိုလိုနဲ့အဆင်ပြေတဲ့ နည်းလေးကို လုပ်ပြတာပါ …. ပထမဆုံးအနေနဲ့windows search box မှာ cmd လို ့ရှာလိုက်ပါ …. command prompt ဆိုတာလေး တွေ့ပါလိမ့်မယ် …. အဲ့ဒါလေးကို right click > run as administrator လုပ်ပေးပါ cmd ပွင့်လာပါလိမ့်မယ်…. ပွင့်လာတဲ့ ထဲမှာ ကိုယ့်စတစ်ရဲ့ drive letter ရိုက်ပေးပါ စတစ်က E: ဆို E: ပေါ့ F: ဆို F: ပေါ့ …. drive letter မမှားပါစေနဲ့…. ပြီးရင် အောက်က command တွေ ရိုက်ပေးပါ
del *.lnk
attrib -s -r -h /s /d *.*
ပထမဟာက ဘာလုပ်တာလည်း ဆိုရင် တစ်ချို့ဗိုင်းရပ်တွေက စတစ်ထဲက ကျွန်တော်တို့ရဲ့ မူရင်း ဖိုင်တွေကို Hidden လုပ်ပြီး သူတို့ virus shortcut link တွေနဲ့လဲထားတတ်ပါတယ်…. ကိုယ့်ဖိုင်ထင်ပြီး နှိပ်မိရင် နှိပ်မိတဲ့ စက်မှာ အဲ့ဒီ ဗိုင်းရပ် ဝင်သွားပါတယ်…. ဒါကြောင့် အဲ့လိုဟာတွေ ရှိနေရင် ပျက်အောင် လုပ်လိုက်တာပါ…. ဒုတိယ command ကကျ ဗိုင်းရပ်က Hidden လုပ်လိုက်တဲ့ ဖိုင်တွေကို ပြန်ပေါ်လာအောင် Unhide လုပ်ပေးတာပါ …. အဲ့ ၂ခုရိုက်ပြီးရင် စတစ်ထဲ ဝင်ကြည့်လိုက်ပါ …. ပျောက်နေတဲ့ ဖိုင်တွေ တွေ့ရပါလိမ့်မယ် …. တစ်ချို့virus တွေက ဖိုင်တွေကို ဖိုဒါလေးတစ်ခုထဲ ထည့်ထားတတ်ပါတယ် …. အဲ့လိုမျိုးဆို အဲ့ဖိုဒါထဲ ထပ်ဝင်မှ ဖိုင်တွေ ပြန်တွေ့ရမှာပါ …. အဲ့ဖိုင်တွေထဲမှာ နာမည်ဆန်းဆန်းနဲ့ ကိုယ့်ဖိုင်မဟုတ်တဲ့ ဖိုင်တွေ ရှိရင် ဖျက်ပစ်ပါ …. ဗိုင်းရပ်က ထည့်ထားတာပါ …. အဲ့စတစ်ထဲမှာ ရှိသမျ ကိုယ့်ရဲ့ exe ဖိုင်တွေရော ကိုယ့်ဟာမဟုတ်တဲ့ exe ဖိုင်တွေရောပါ ဖျက်ပစ်သင့်ပါတယ်…. Word excel photo video စတာတွေကတော့ ပြန်သုံးလို့ ရပါတယ် စိတ်ပူစရာ မရှိပါဘူး…. ဘယ်ဟာ exe လည်း ဘယ်ဟာ word excel ဖိုင်လည်း မခွဲတတ်ရင် folder options > hide extensions for known file types ဆိုတာလေးကို အမှန်ခြစ် ဖြုတ်လိုက်ရင် ဖိုင် မှန်သမျှကို extension တွေနဲ ့ပြပါလိမ့်မယ် excel ဆို .xls .xlsx ဆော့ဝဲလ်ဆို .exe .msi စသဖြင့် ပြပါလိမ့်မယ် …. တစ်ချို့ antivirus တွေက ဗိုင်းရပ်ပါတဲ့ စတစ်ထိုးလိုက်ရင် ကိုယ့်ဖိုင်တွေရော ဗိုင်းရပ်ဖိုင်တွေရော ဖျက်သွားတတ်ပါတယ် …. အဲ့လိုမျိုးဆိုရင်တော့ file recovery လုပ်တဲ့ software တစ်ခုခုနဲ့ usb stick ကနေ ပြန်ယူရပါလိမ့်မယ် …. software နဲ့ပြန်ယူနည်းကို ထပ်တင်ပေးပါ့မယ် .... ခုဟာက သိပ်နားမလည်ရင် နားလည်တဲ့ လူနဲ့ လုပ်သင့်ပါတယ် …. ကွန်ပျူတာနဲ့ အရမ်းစိမ်းရင် မစမ်းပဲ နားလည်တဲ့ လူနဲ့ လုပ်ပေးပါ …. တစ်ခုခု လွဲချော်သွားရင် မကောင်းပါဘူး …. အားလုံး အဆင်ပြေကြပါစေ
Virus ကိုက်ခံရလို့ ပျောက်သွားတဲ့ stick ထဲက ဖိုင်တွေ ပြန်ယူနည်းလေးပါ…. ကျွန်တော်တို့ မိတ္တူဆိုင်က ကွန်ပျူတာတို့ သူငယ်ချင်း ကွန်ပျူတာတို့ စသဖြင့် မသိတဲ့ ကွန်ပျူတာတွေမှာ ထိုးလိုက်မိရင် တစ်ခါတစ်လေ ကိုယ့် စတစ်ထဲက ဖိုင်တွေ ပျောက်သွားတတ်ပါတယ်…. အဲ့ဒါက ကိုယ်ထိုးမိတဲ့ စက်မှာ ဗိုင်းရပ် ရှိနေလို့ ပါ…. ပြန်ယူနည်းကတော့ လွယ်ပါတယ်…. ကိုယ်အမြဲသုံးနေကျ ဗိုင်းရပ်မရှိတဲ့ စက်တစ်ခုခုမှာ စတစ်ကို ပြန်ထိုးပါ…. စတစ်ထဲက ဘာဖိုင်ကိုမှ မဖွင့်ပါနဲ့ …. ကိုယ့်ကောင်းနေတဲ့ စက်မှာပါ ခုန ဗိုင်းရပ်ဝင်သွားပါလိမ့်မယ်…. စတစ်ကို ကိုက်တဲ့ ဗိုင်းရပ်တွေက အမျိုးအစား အမျိုးမျိုး ရှိပါတယ် …. အားလုံး လိုလိုနဲ့ အဆင်ပြေတဲ့ နည်းလေးကို လုပ်ပြတာပါ …. ပထမဆုံးအနေနဲ့ windows search box မှာ cmd လို့ ရှာလိုက်ပါ …. command prompt ဆိုတာလေး တွေ့ ပါလိမ့်မယ် …. အဲ့ဒါလေးကို right click > run as administrator လုပ်ပေးပါ cmd ပွင့်လာပါလိမ့်မယ်…. ပွင့်လာတဲ့ ထဲမှာ ကိုယ့်စတစ်ရဲ့ drive letter ရိုက်ပေးပါ စတစ်က E: ဆို E: ပေါ့ F: ဆို F: ပေါ့ …. drive letter မမှားပါစေနဲ့ …. ပြီးရင် အောက်က command တွေ ရိုက်ပေးပါ .... ပုံ (၂) မှာလည်း ပြထားပါတယ်
del *.lnk
attrib -s -r -h /s /d *.*
ပထမဟာက ဘာလုပ်တာလည်း ဆိုရင် တစ်ချို့ ဗိုင်းရပ်တွေက စတစ်ထဲက ကျွန်တော်တို့ ရဲ့ မူရင်း ဖိုင်တွေကို Hidden လုပ်ပြီး သူတို့ viru shortcut link တွေနဲ့ လဲထားတတ်ပါတယ်…. ကိုယ့်ဖိုင်ထင်ပြီး နှိပ်မိရင် နှိပ်မိတဲ့ စက်မှာ အဲ့ဒီ ဗိုင်းရပ် ၀င်သွားပါတယ်…. ဒါကြောင့် အဲ့လိုဟာတွေ ရှိနေရင် ပျက်အောင် လုပ်လိုက်တာပါ…. ဒုတိယ command ကကျ ဗိုင်းရပ်က Hidden လုပ်လိုက်တဲ့ ဖိုင်တွေကို ပြန်ပေါ်လာအောင် Unhide လုပ်ပေးတာပါ …. အဲ့ ၂ခုရိုက်ပြီးရင် စတစ်ထဲ ၀င်ကြည့်လိုက်ပါ …. ပျောက်နေတဲ့ ဖိုင်တွေ တွေ့ ရပါလိမ့်မယ် …. တစ်ချို့ virus တွေက ဖိုင်တွေကို ဖိုဒါလေးတစ်ခုထဲ ထည့်ထားတတ်ပါတယ် …. အဲ့လိုမျိုးဆို အဲ့ဖိုဒါထဲ ထပ်ဝင်မှ ဖိုင်တွေ ပြန်တွေ့ ရမှာပါ …. အဲ့ဖိုင်တွေထဲမှာ နာမည်ဆန်းဆန်းနဲ့  ကိုယ့်ဖိုင်မဟုတ်တဲ့ ဖိုင်တွေ ရှိရင် ဖျက်ပစ်ပါ …. ဗိုင်းရပ်က ထည့်ထားတာပါ …. အဲ့စတစ်ထဲမှာ ရှိသမျ ကိုယ့်ရဲ့ exe ဖိုင်တွေရော ကိုယ့်ဟာမဟုတ်တဲ့ exe ဖိုင်တွေရောပါ ဖျက်ပစ်သင့်ပါတယ်…. Word excel photo video စတာတွေကတော့ ပြန်သုံးလို့ ရပါတယ် စိတ်ပူစရာ မရှိပါဘူး…. ဘယ်ဟာ exe လည်း ဘယ်ဟာ word excel ဖိုင်လည်း မခွဲတတ်ရင် folder options > hide extensions for known file types ဆိုတာလေးကို အမှန်ခြစ် ဖြုတ်လိုက်ရင် ဖိုင် မှန်သမျှကို extension တွေနဲ့ ပြပါလိမ့်မယ် excel ဆို .xls .xlsx ဆော့ဝဲလ်ဆို .exe .msi စသဖြင့် ပြပါလိမ့်မယ် ….
တစ်ချို့  antivirus တွေက ဗိုင်းရပ်ပါတဲ့ စတစ်ထိုးလိုက်ရင် ကိုယ့်ဖိုင်တွေရော ဗိုင်းရပ်ဖိုင်တွေရော ဖျက်သွားတတ်ပါတယ် …. အဲ့လိုမျိုးဆိုရင်တော့ file recovery လုပ်တဲ့ software တစ်ခုခုနဲ့ စတစ်ကနေ ပြန်ယူရပါလိမ့်မယ် …. software နဲ့ပြန်ယူနည်းကို ထပ်တင်ပေးပါ့မယ်.... ခုဟာက သိပ်နားမလည်ရင် နားလည်တဲ့ လူနဲ့ လုပ်သင့်ပါတယ် …. ကွန်ပျူတာနဲ့ အရမ်းစိမ်းရင် မစမ်းပဲ နားလည်တဲ့ လူနဲ့ လုပ်ပေးပါ …. တစ်ခုခု လွဲချော်သွားရင် မကောင်းပါဘူး …. အားလုံး အဆင်ပြေကြပါစေ
Click here to claim your Sponsored Listing.
Category
Website
Address
Near Anawar Monastery, Anawar Ward
Ye