ZK Computer/Printer Sale & Service
25/04/2023
တစ်ချို့သော User အသစ် ခုမှဆိုင်စဖွင့်မဲ့ညီကိုတွေ အမေးများတဲ့ အကြောင်းအရာလေး တစ်ခု ပြောပြချင်လို့ပါ ခင်ဗျ 🤷🏽
ဘာများလဲဆိုတော့ Sublimation/DTF ထဲ့သုံးထားပြီးသာ စက်တွေကို second အနေနဲ့ User တစ်ယောက်စီကနေ /အသိတစ်ယောက်မှာပိုနေလို့ /အသိကဆိုင်ဖြုတ်လို့ ပြန်၀ယ်သုံးသင့်ပါသလားတဲ့...?
...No လို့ပဲ အကြံပေးချင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ Print head ကြောင့်ပါ။ အခုပြောပြထားတဲ့ ဆေးတွေက ပုံမှန်ဓာတ်ပုံထုတ်တဲ့ ဆေးရည်ထက် ပြစ်ပါတယ် DTF ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ Printhead တစ်လုံးရဲ့ တန်ကြေးက စက်အသစ်တစ်လုံးရဲ့ သုံးပုံတစ်ပုံ၀န်းကျင်ရှိပါတယ်။
အဲ့ဒါကြောင့် ရိုးရိုးစက်ကို Nozzle အပြည့်နဲ့၀ယ်ပြီး ကိုယ်သုံးချင်တဲ့ ဆေးရည်ပြန်လဲသုံးတာမျိုးက ပိုအဆင်ပြေပါတယ်။
သို့ပေမဲ့ တစ်ခုတော့ရှိပါတယ် Sublimation/ DTF သုံးထားပြီးသားဆိုပေမဲ့ Nozzles လုံး၀ပြည့်နေတာမျိုး (တစ်ပေါက်နှစ်ပေါက်လောက်ပိတ်နေတာမျိုးလဲကိစ္စမရှိပါ )ဆိုရင်တော့ ဈေးသင့်တာတွေ့ရင် ၀ယ်လို့ရပါတယ်။
User အသစ်တွေ အနေနဲ့ ခုလိုအရာရာ ခက်ခဲနေကြချိန် လူလိမ်အချောင်လို အချောင်ရချင်သူတွေများတဲ့ခေတ်မှာ အမှားအယွင်းနည်းအောင် အကြံပြုခြင်းသာ ဖြစ်ပါတယ် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း အလျင်မရှိပါခင်ဗျ 🙏
ကျွန်တော်၏ ရေးသာဖော်ပြချက်များတွင် အမှားတစ်ဆုံတစ်ရာပါခဲ့လျင်လဲ နာလည်ခွင့်လွတ်ပေးကြဖို့ ကျွန်တော် မှ တောင်းပန်အပ်ပါသည် 🤝 ။
Computer / Printer Sale & Services
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ye
170201
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |
| Saturday | 09:00 - 17:00 |