Space Museum - Yangon

Space Museum - Yangon

Share

24/04/2026

● ​အာကာသပြတိုက် သို့​ရောက်ရှိ​သော YBS ယာဥ်လိုင်းနံပါတ်များ

🚏 ဟလ်ပင်မှတ်တိုင်(ပြည်လမ်း)

》YBS 21/ 39/ 131/ 78/ 118/ 128/ 35/ 37/ 104/ 105/ 106/ 107/ AP-S/ 140
🔸️ ဟလ်ပင်မှတ်တိုင်ဆင်းပြီး အလုံလမ်းမီးပွိုင့်သို့​လျှောက်ပါ။ မီးပွိုင့်​ရောက်လျှင် ညာဘက်​ကွေ့ပြီး အလုံလမ်း​ပေါ်သို့ဆက်​လျှောက်ပါက အာကာသပြတိုက်သို့​ရောက်ရှိပါပြီ။



#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်
်းညွှန်

page link
https://www.facebook.com/share/1ARkBnpRts/

Tiktok link
https://www.tiktok.com/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

12/04/2026

💦🚀💧 မဟာသကြ်န်ကာလ အာကာသပြတိုက်(ရန်ကုန်) ပိတ်ရက် ကြေညာခြင်း 💦🚀💧

မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ မဟာသင်္ကြန်ပွဲတော်အခါသမယမှာ အာကာသပြတိုက် (ရန်ကုန်) ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

​ရုံးပိတ်ရက်ကာလ: ဧပြီလ (၁၃) ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ (၁၆) ရက် (သင်္ကြန်အတတ်နေ့) အထိ။
​ပြန်လည်ဖွင့်လှစ်မည့်ရက်: ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

နှစ်သစ်အခါ သမယမှစ၍ အာကာသချစ်သူများအားလုံး ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ သင်္ကြန်ရေအေးနဲ့အတူ အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး အဆုံးမရှိတဲ့ စကြဝဠာကြီးလို ပျော်ရွှင်မှုတွေကို ​အနန္တများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အာကာသပြတိုက်(ရန်ကုန်)မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ 🙏 💦🚀💧


#အာကာသပြတိုက်ရန်ကုန်

Photos from Space Museum - Yangon's post 23/03/2026

အာကာသပြတိုက် ရန်ကုန်သို့ လာရောက်လေ့လာခဲ့ကြသော ရဟန်း၊သံဃာ၊သီလရှင်၊ ကျောင်းသား၊ကျောင်းသူ၊ မိဘပြည်သူများ၏ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်က စတင်ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်ကို ဖွင့်လှစ်ပြီးချိန်မှ ယခုထိ စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများ တစ်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးကြေညာအပ်ပါတယ်။

ပြတိုက်ကို ဝင်ကြေးအနေဖြင့် ကျောင်းသား၊ သံဃာ၊ သီလရှင် တစ်ဉီးလျှင် ၅၀၀ကျပ်၊ ၁၂ နှစ်အထက် လူကြီးတစ်ဦးလျှင် ၁၅၀၀ ကျပ်၊ ၁၂နှစ်အောက် က‌လေးတစ်ဦးလျှင် ၁၀၀၀ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ပြသလျက်ရှိပါသည်။

ပြတိုက်ကို အင်္ဂါနေ့မှ တနင်္ဂနွေနေ့ထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီ၊ နေ့လည်ပိုင်း ၁ နာရီမှ ၅ နာရီထိ ဖွင့်လှစ်ပြီး တနင်္လာနေ့ကို ပြတိုက်ပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။




#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်
#အာကာသနည်းပညာအခြေခံ
page link
https://www.facebook.com/share/1ARkBnpRts/
Tiktok link
https://www.tiktok.com/
Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

17/03/2026

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီ၊ အာကာသပြတိုက်(ရန်ကုန်) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းအမှတ်စဉ်(၁)ကို မတ်လ ၉ ရက် မှ ဧပြီလ ၃ ရက်ထိ အ.ထ.က(၂)ဒဂုံတွင် မနက် ၉ နာရီမှ ၁၂ နာရီထိ (၄)ပတ်ကြာ သင်တန်းပို့ချသင်ကြားပေးလျက်ရှိပါသည်။




#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်
#အာကာသနည်းပညာအခြေခံ

page link
https://www.facebook.com/share/1ARkBnpRts/

Tiktok link
https://www.tiktok.com/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

Photos from Space Museum - Yangon's post 10/03/2026

Space Museum - Yangon မှာ ဒီနေ့ ကျောင်းသား၊ကျောင်းသူ၊ မိဘပြည်သူများ လာရောက်လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒုံးပျံတွေ၊ ဂြိုဟ်တုတွေနဲ့အာကာသယာဉ်တွေကို လေ့လာရင်း အနာဂတ်ရဲ့ အာကာသသိပ္ပံပညာရှင်တွေ ဖြစ်ချင်တယ့် စိတ်များ ပေါ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်

page link
https://www.facebook.com/share/1ARkBnpRts/

Tiktok link
https://www.tiktok.com/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

Photos from Space Museum - Yangon's post 09/03/2026

အခြေခံပညာအဆင့် ကျောင်းသား/သူ ၂၀၀ ‌ကျော်ဖြင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

သင်တန်းတွင် အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ၅‌ ယောက်ကျော်ဖြင့် ရန်ကုန်တိုင်းအတွင်း အခြေခံပညာအဆင့်ရှိ Grade 9 / 10 / 11 မှ သင်တန်းသူ/သား ပေါင်း ၂၀၇ ယောက်ဖြင့် မတ်လ ၉ ရက် မှ ဧပြီလ ၃ ရက်ထိ အ.ထ.က (၂) ဒဂုံ တွင် မနက် ၉ နာရီမှ ၁၂ နာရီထိ (၄) ပတ်ကြာ သင်တန်းပို့ချမည်။

မြန်မာနိုင်ငံမှာ အာကာသနဲ့ဆိုင်တဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ကျောင်းသား/သူတွေ စိတ်ဝင်စားလာအောင်နဲ့ ရည်မှန်းချက်တွေရှိလာအောင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။




#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်

page link
https://www.facebook.com/share/1ARkBnpRts/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

03/03/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအဆင့် ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်သူ့ရင်ပြင်၌ ယနေ့ကျင်းပမည်။



#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်

page link
https://www.facebook.com/share/1ARkBnpRts/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

02/03/2026

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲဝင်များ၏ လက်ရာမွန်များကို ယနေ့ ပြည်သူ့ရင်ပြင်တွင် ခင်းကျင်းပြသထားမှုများ




#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်

page link
https://www.facebook.com/share/1ARkBnpRts/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

Photos from Space Museum - Yangon's post 02/03/2026

ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူတွေရဲ့ လက်ရာလေးတွေကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။ ဒီပန်းချီကားလေးတွေကို လေ့လာကြည့်ရင်းနဲ့ ကျနော်တို့ ကလေးငယ်တွေဟာ အာကာသနဲ့ ပတ်သက်ပြီးဘယ်လောက် တောင်မှ မျှော်မှန်းထားကြတယ်၊ မိမိတို့ရဲ့ နိုင်ငံကြီးကို ဘယ်လို အောင်မြင်စေချင်ကြတယ်၊ အာကာသနည်းပညာနဲ့ ဆိုင်တဲ့ ရည်မှန်းချက်စိတ်ကူးတွေ အပြည့်ဖြစ်နေတာ ထပ်ဟပ်ပေါ်လွင်နေပါတယ်။ အနာဂတ်မှာ အာကာသနည်းပညာနဲ့ နိုင်ငံတော်ကို အလုပ်ကျွေးပြုနိုင်တဲ့ သားငယ် သမီးငယ်များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော် .....

🎨🧑‍🚀❤️🇲🇲🖌️🚀

ကလေးတွေရဲ့ ပန်းချီကားတွေ ပြသထားတဲ့ ပြခန်းကို ပြည်သူ့ရင်ပြင်ထဲမှာပဲ ဖွင့်လှစ်ပြသထားတာ ဖြစ်လို့ လာရောက်လေ့လာနိုင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော် ....

Photos from Space Museum - Yangon's post 02/03/2026

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူတို့၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲဝင် လက်ရာအချို့ကိုပြည်သူ့ရင်ပြင်၌ ယနေ့(တောင်သူလယ်သမား‌နေ့) မနက် ၈နာရီ ၃၀ မိနစ်မှ စတင်ပြီး ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်





#အာကာသပြတိုက်ရန်ကုန်
#အာကာသပြတိုက်

page link
https://www.facebook.com/share/1ARkBnpRts/

Space Museum Yangon on googlemap
https://maps.app.goo.gl/7JRvVvaQf9VjE6Qg6

Photos from Space Museum - Yangon's post 01/03/2026

အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနောက်ဆုံးနေ့မှာ နိုင်ငံကျော် အနုပညာရှင်တွေဟာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူတွေကို အခုလို လာရောက်အားပေးခဲ့ကြပါတယ်။ ပြိုင်ပွဲက ပြီးဆုံးသွားပေမယ့်လည်း မနက်ဖြန် တောင်သူလယ်သမားနေ့မှာလည်း အာကာသပြခန်းတွေကို ဆက်လက်ဖွင့်လှစ် ပြသပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ ၊

ဒါ့အပြင် အာကာသပြတိုက်(ရန်ကုန်) ကိုလည်း ဖွင့်လှစ် ပြသပေးသွားမယ့်အကြောင်း ထပ်လောင်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ 🎨🖌️🚀🇲🇲❤️🧑‍🚀

#အာကာသပြတိုက်(ရန်ကုန်)
#အာကာသပန်းချီပြိုင်ပွဲ
#အာကာသပန်းချီ
#အာကာသပြတိုက်ရန်ကုန်

Want your museum to be the top-listed Museum in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Q4VV+X4Q, Ahlone Road, Myanmar (Burma)
Yangon

Opening Hours

Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00