Holy Cross Church
28/05/2026
ကျွန်ပ်တို့ချစ်ခင်ရပါသော မိခင်ကြီး အန်တီ ဒေါ် Esther အုန်းကျင် (အသက် ၈၇ နှစ်) သည် ၂၈ ရက် မေလ ၂၀၂၆ နံနက် (၁၁:၅၀) အချိန်တွင် နေအိမ်၌ ခရစ်တော်၌အိပ်ပျော်သွားပါသည်။
🙏မိသားစု နှစ်သိမ့်ဆုတောင်းခြင်းဝတ်အား ၂၉ ရက် မေလ ၂၀၂၆ (သောကြာနေ့) ညနေ (၄) နာရီတွင် အမှတ် ၅/၁/၁၇၀ စကားဝါ(၃)လမ်း၊ ရွှေပြည်သာနေအိမ်၌ ပြုလုပ်ပါမည်။
(သန့်ရှင်းသောကားတိုင်ဘုရားကျောင်းမှ ညနေ (၃) နာရီ ဘုရားကျောင်းကားဖြင့်လိုက်ပါနိုင်ကြပါသည်။)
🙏အန်တီ ဒေါ် Esther အုန်းကျင်၏ ကျန်ရစ်သောခန္ဓာအတွက် စျာပနဝတ်ပြုကိုးကွယ်ခြင်းအား ၃၀ ရက် မေလ ၂၀၂၆ (စနေနေ့) မနက် (၉) နာရီတွင် ခရစ်တော်ဘုရင်မင်းဘွဲ့နာမခံဘုရားကျောင်း (အင်းစိန်) တွင်ပြုလုပ်ပြီး ကျူချောင်သုသာန် (ရွှေပြည်သာ)သို့ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
🙏 အန်တီ ဒေါ် Esther အုန်းကျင် အောက်မေ့ဘွယ်ဝတ်ပြုခြင်းအား ၃၁ ရက် မေလ ၂၀၂၆ (တနဂ်နွေနေ့) တွင် ခရစ်တော်ဘုရင်မင်းဘွဲ့နာမခံဘုရားကျောင်း (အင်းစိန်) တွင်ပြုလုပ်ပါမည်။
သန့်ရှင်းသောကားတိုင်အသင်းတော်၏ အသင်းသူတစ်ဦးဖြစ်သော ကျွန်တော်တို့ချစ်ခင်ရပါသော မိခင်ကြီး အန်တီဒေါ်အုန်းကျင်သည် ယနေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်းညှိုးငယ်စွာဖြင့် မိသားစုကိုယ်စားအသိပေးအပ်ပါသည်။ ကျန်ရစ်သူ ဖခင်ကြီး ဦးစီအောင်လွင်နှင့် မိသားစုဝင်များအပေါ် ခရစ်တော်၏ငြိမ်သက်ခြင်းရရှိပါစေကြောင်းဆုတောင်းပါသည်။
အန်တီဒေါ်အုန်းကျင်၏ဝိညာဉ်သည် ဘုရားသခင့်အိမ်တော်တွင်ငြိမ်သက်စွာနားနေခွင့်ရရှိပါစေ။
မိသားစုနှစ်သိမ့်ခြင်းနှင့် စျာပန ဝတ်ပြုခြင်းအစီအစဥ်များအား ထပ်မံကြေငြာပေးသွားပါမည်။
20/02/2026
ရန်ကုန်သာသနာပိုင်နယ် ၂၀၂၆ ခုနှစ်၊ ဝါတွင်းစုပေါင်းဝတ်ပြုအစီအစဉ်
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ (၄:၀၀) နာရီတွင် ဝတ်ပြုခြင်းစတင်ပါမည်
Click here to claim your Sponsored Listing.
Category
Website
Address
104 Inya Road
Yangon