PGC

PGC

Share

29/01/2018

ကျွန်တော်နှင့်ဘောလုံးလောင်းကစား အပိုင်း-(၁)
**** Tipster ****
---- ဘောလုံးလောင်းကစားအကြောင်းပြောရရင် လောင်းကစားတွေထဲမှာ ဘောလုံးလောင်းကစားက တော်တော်လေးမျှမျှတတရှိတဲ့ လောင်းကစားတစ်ခုပါ ၊ ဖဲတို့ ဂျင်တို့ ၂လုံး ၃လုံးထက်ကို ပိုပြီး မျှတရိုးရှင်းပါတယ် ၊ စကစားထဲက အသင်းနှစ်သင်း .... ဘက်နှစ်ဘက်
ကိုယ်ကြိုက်တဲ့ဘက်ကိုအရင်ရွေးချယ်ခွင့်ရှိပါတယ် ၊ အဲဒီမှာကတည်းက အဲဒါ သူ့ ရဲ့အားသာချက်ပါပဲ ၊ ကိုယ်မကြိုက်တဲ့ဘက် / အသင်းကိုမှ ဒိုင်က ယူပြီး ကစားကြတာပါ ၊

---- အိုကေ .... ဒါဆို ဒီလိုမျိုးလဲ မျှမျှတတရှိတယ် ၊ ကိုယ့်ဘက်ကလဲ အနည်းငယ်အသာရသေးတယ်ဆိုတဲ့ ကစားနည်းမှာ ကျွန်တော်တို့ တွေ အောင်မြင်ကြပါသလား ၊
No ... ပါ ၊ အောင်မြင်ဖို့ နေနေသာသာ ရှုံးသွားတဲ့အရင်းပြန်ရအောင် ကုန်းရုန်းပြီးကစားနေကြရတဲ့သူတွေ ဒုနဲ့ ဒေးပါ (အောင်မြင်နေတဲ့သူတွေလဲရှိမှာပေါ့ ၊ ကျွန်တော်မသိတာနေမှာပါ) ၊ ဒါဘာဖြစ်လို့ လဲဆိုတော့ ..... အလွယ်ဆုံးဥပမာပြရရင် ၊ ကျွန်တော်တို့ ငယ်စဉ်အခါ အခုလို အင်တာနက်တွေခေတ်မစားခင်အချိန် ဘောလုံးပွဲလောင်းချင်ရင် ရ
ပ်ကွက်ထဲက ဘောလုံးပွဲဒိုင်ကိုင်တဲ့ ဦးတုတ်ကြီးဆီကိုသွားရတယ် ၊ သူက ကြေးပို့ ပေးတယ် ၊ အဲဒီကြေးကိုကြည့်ပြီး ကျွန်တော်တို့ တွေ ကစားကြတယ် ၊ ရပ်ကွက်ထဲက ဦးတုတ်ကြီးက ကြေးပို့ ပေးတယ်ဆိုလို့ ဘောလုံးပွဲကြေးတွေကို သူ့ ဘာသာသူ လျှောက်ပြီးထုတ်ထားတယ်ထင်လို့ လား ၊ မဟုတ်ပါဘူး ၊ နိုင်ငံတကာ လောင်းကစား Site တွေက နေ ပညာရှင်တွေငှားပြီး ကျွန်တော်တို့ မသိနိုင်တဲ့ သတင်းအချက်အလက်တွေပေါ်မူတည်လို့ ကြေးတွေကို ဖွင့်ထားတာပါ ၊ အဲဒီကြေးတွေကိုမှ ဒိုင်ချုပ် ... ဦးတုတ်ကြီး အဲဒီလို အဆင့်ဆင့်နဲ့  ကျွန်တော်တို့ ဆီကို ရောက်လာတာ ၊ ဒါဆိုရင် ကျွန်တော်တို့ ဘက်က အသာ ရသေးတယ်လို့ မြင်သေးလား ၊ မမြင်မိတော့ပြန်ဘူး ..... ၊ ဒိုင်တွေဘက်က ကိုယ်တွေ မသိတဲ့ သတင်းအချက်အလက်တွေကို သိထားလို့ အဲဒါတွေပေါ်မူတည်ပြီး ကြေးထုတ်ထားတယ် ၊ ကိုယ်တွေက သူတို့ ထုတ်ထားတဲ့ကြေးအပေါ်မူတည်ပြီးပဲ စဉ်းစားရတာပါ ၊ ဒါကြောင့်မို့ လဲ သူတို့ က ကိုယ်တွေကို ကြိုက်ရာရွေးချယ်ခွင့်ပေးထားတာပေါ့ ၊ အရမ်းကို
မျှတပါတယ် ၊ ရပ်ကွက်ထဲက ဦးတုတ်ကြီးဒိုင်မှာလောင်းလဲ ကိုယ်ဟာ နိုင်ငံတကာအဆင့် ဘောလုံးပွဲလောင်းသူပါပဲ ၊ ဦးတုတ်ကြီးဒိုင်မှာ ၂လုံး၅၀နိုင် ပေါက်ရင် မလေးမှာလဲ ကြေးက ဒီလောက်ပါပဲ ၊ ဟောင်ကောင်လဲ ဒီလောက်ပဲ ၊ စင်္ကာပူ အတူတူပါပဲ ၊

----- ဒီလောက်ဆိုရင် ကျွန်တော်တို့ တွေ ဘာဖြစ်လို့ အောင်မြင်မှု မရလဲဆိုတာ အကြမ်းဖျင်းလောက်တော့ နားလည်ကြပြီထင်ပါတယ်
----- သိပ်နားမလည်သေးရင် အနှစ်ချုပ်က (နိုင်ငံတကာ ဘောလုံးလောင်းကစားဒိုင်ချုပ်တွေ / ပညာရှင်တွေက ကိုယ်တွေမသိနိုင်တဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ဖွင့်ထားတဲ့ကြေးတွေကို ကိုယ်တစ်ယောက်ထဲရွေးချယ်မှုတွေပြုလုပ်ရတဲ့အခါမှာ -----) ၊ ဒါပါပဲ

----- အဲဒီအတွက် ကိုယ်တစ်ယောက်ထဲမစဉ်းစားနိုင်တဲ့အခါ ၊ စဉ်းစားတဲ့အခါ လွဲချော်မှုတွေများလာတဲ့အခါ ၊ ကိုယ်တွေကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တဲ့ Tipster ဆိုတာပေါ်လာပါတယ် ၊ Tipster ဆိုတာ မြန်မာလိုလွယ်လွယ်ပြောရရင်တော့ "ဘောလုံး/လောင်းကစား နဲ့ ပတ်သက်ပြီး Professional ကျကျ ကျွမ်းကျင်ပြီး ၊ ကစားသူ/ထိုးသားများအတွက် အကျိုးအမြတ်ရရှိမယ့်အသင်းများကို ထိုက်သင့်သော ၀န်ဆောင်ခယူပြီး အကူအညီပေးနေသူ" လို့ ကျွန်တော်ကတော့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်

---- ဟုတ်ပြီ .... ဒါဆို မေးစရာရှိလာတာက Tipster ဆီမှာ ၀န်ဆောင်မှုယူပြီး (Tip ၀ယ်ပြီး) ကစားတိုင်း နိုင်လား/အပေါင်းထွက်လားဆိုတော့

---- နိုင်တယ်/အမြတ်ထွက်တယ်လို့ ပြောလို့ ရသလို ....... အမြတ်မထွက်ဘူး လို့ လဲပြောလို့ ရတယ် ၊ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုတော့ .... ကျွန်တော်ရှင်းပြမယ်

---- Tipster ဆိုသည်မှာ ၂ပိုင်းရှိတယ် ၊ အပေါ်က ကျွန်တော်ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ တကယ့် Tipster နဲ့ မနေ့ တစ်နေ့ ကမှ ဂျာနယ်လေးဝယ်ဖတ် ၊ မန်ယူ အာကြီး ဒိုလေး မက်ဆီလောက်သိလာပြီး တွေ့ ကရာလျှောက်ပေးနေတဲ့ Tipster ဆိုပြီး

---- ကိုယ်က ဘယ် Tipster ဆီကနေ Tip ၀ယ်လဲဆိုတာလဲ အရေးကြီးတယ် ဒုတိယ Tipster မျိုးဆီကနေ ၀ယ်ပြီးကစားမိရင်တော့ မိတ်ဆွေ အိမ်ပေါင်လောင်းရင်တောင် လောက်မှာမဟုတ်ပါဘူး

---- ဒါဆိုရင် ပထမ Tipster မျိုးဆီကနေ Tip ၀ယ်ပြီးလောင်းရင်တော့ အမြတ်ထွက်ပြီပေါ့ ......... အင်း ဒီလိုလဲ ကျိန်းသေပြောလို့ မရသေးပါဘူး ၊ 50% လောက်တော့ အပေါင်းထွက်ဖို့ ရာခိုင်နှုန်းရှိလာပြီပေါ့ ၊ ဒါဆို ကျန်တဲ့ 50% ကရော ၊ အဲဒါကတော့ မိတ်ဆွေအပေါ်မှာပဲ မူတည်ပါတယ် ၊ မိတ်ဆွေသည် မိတ်ဆွေဝယ်ယူတဲ့ Tipster ရဲ့ Tip ကိုလေးစားရပါမယ် ၊ သူပေးတဲ့ Tip ကိုပဲကစားရပါမယ် ၊ တစ်ခြားကိုယ်ကြိုက်တာ လုံးဝမကစားရပါ ၊ စည်းစနစ်ထားရပါမယ် ၊ ကိုယ်ယုံကြည်လို့ ဝယ်ယူထားတဲ့ Tipster ရဲ့ Tip တွေကျနေရင်တောင်မှ စိတ်ရှည်ပေးရပါမယ် ၊ ယုံကြည်မှုပေးရပါမယ် ၊ အကြားအမြင်ဗေဒင်ဆရာများ
မဟုတ်ပါ ၊ အဓိက Terget က နှစ်ချုပ်စာရင်းမှာ အပေါင်းပြဖို့ ပါ ၊ စာရင်းဇယားထားပြီးဆော့ရပါမယ် ၊ ဒီလောက်လိုက်နာနိုင်ရင်တော့ 80% လောက် အပေါင်းပြဖို့ သေချာနေပါပြီ
၊ ဟင် ..... ဒါမှ 80% ၊ 100% သေချာချင်တာဆိုရင်တော့ ၊ ကျန်တဲ့ 20% က မိတ်ဆွေရဲ့ လောင်းကစား ကံကြမ္မာပါ (လောင်းကစား Luck ရှိ/မရှိ ပါ) ၊

---- Ok ..... အပေါ်က 80% လောက်သေချာစေတဲ့နည်းတွေနဲ့ လုပ် ကြည့်လို့ မှ မိတ်ဆွေရဲ့ နှစ်ချုပ်စာရင်းမှာ အပေါင်းမပြဘူးဆိုရင်တော့ သေချာပါပြီ မိတ်ဆွေ ၊ ဘောလုံးလောင်းကစားကို စီးပွားရေးဆန်ဆန်မလုပ်ပါနဲ့ ၊ သင်ဟာ ဘောလုံးလောင်းကစားမှာ အနိုင်ရဖို့ 
ကံပါမလာသူပါ ၊ ၀ါသနာမစွန့် လွှတ်နိုင်ရင် အပျော်လောက်ပဲ လောင်းပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ

(ဒီဆောင်းပါးမှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ ဆောင်းပါးရှင်ရဲ့ အာဘော်တွေသာဖြစ်ပြီး အပြည့်အ၀မှန်ကန်မယ်လို့ အာမမခံနိုင်ပါခင်ဗျာ ၊ လေ့လာစရာ သတင်းအချက်အလက်အနေနဲ့ သာ အသုံးပြုကြစေလိုပါတယ်)

Want your business to be the top-listed Furniture Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No-35 B/Hlaing/Yangon
Yangon