K-Way Group

K-Way Group

Share

Photos from K-Way Group's post 02/06/2026

🇰🇷 Busan မြို့တော်မှာ ကျောင်းတက်ဖို့ အိပ်မက်မက်နေသူများအတွက်

ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Busan မှာ ပညာသင်ကြားရင်း ဘဝအတွေ့အကြုံကောင်းတွေ ရယူချင်ပါသလား?

ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးရော တန်းတူ ညီမျှတဲ့ စျေးနည်းတဲ့ တက္ကသိုလ်ကို ရှာဖွေနေပါသလား?

ဒါဆိုရင်တော့ Kyungsung University (KSU) ကိုရွှေးချယ်သင့်ပါတယ်။

Busan မြို့ရဲ့ အသက်ဝင်လှုပ်ရှားမှုတွေနဲ့ ပညာရေးရဲ့ အနှစ်သာရကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ဒီကျောင်းဟာ နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

🎓 ဘာကြောင့် Kyungsung ကို ရွေးချယ်သင့်တာလဲ?

ကျောင်းလခ : Sem တစ်ခုကို ဝမ် ၁၂သိန်း
Busan မြို့ရဲ့ အခွင့်အလမ်း: ကိုရီးယားနိုင်ငံရဲ့ ပင်လယ်ကမ်းခြေမြို့တော် Busan မှာ တည်ရှိတာကြောင့် လေ့လာရေး၊ အပန်းဖြေရေးနဲ့ Part-time အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများပါတယ်။

ကျောင်းကနေ Gwangalli Beach လိုမျိုး လူကြိုက်များတဲ့ နေရာတွေကို မိနစ် ၂၀ထဲ နှင့် အလွယ်တကူ သွားရောက်နိုင်ပါတယ်။

Learning Environmentကို ပြောရရင်တော့ Kyungsung Language Center (KLC) ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အတွေ့အကြုံရင့် ကိုရီးယားဘာသာစကား ဆရာ/ဆရာမတွေနဲ့ ဖွဲ့စည်းထားတာပါ။ အခြေခံကနေစပြီး ကျွမ်းကျင်အဆင့်ထိ စနစ်တကျ သင်ကြားပေးပြီး ကိုရီးယားယဉ်ကျေးမှု ကိုပါ လက်တွေ့လေ့လာခွင့်ရမှာပါ။

Convenienceဖြစ်မှုကတော့ ကျောင်းတွင်းမှာပဲ ခေတ်မီတဲ့ International အဆောင် ရှိတာကြောင့် ကျောင်းနဲ့အဆောင် သွားလာရတာ အလွန်လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ကျောင်းရှေ့မှာတင် မြေအောက်ရထားဘူတာ ရှိတာကြောင့် မြို့ထဲကို သွားလာဖို့ အလွန်အဆင်ပြေပါတယ်။

Academic လမ်းကြောင်းအရဆိုရင် ဘာသာစကားသင်တန်းပြီးတဲ့အခါ Kyungsung ရဲ့ နာမည်ကြီး Majors တွေဖြစ်တဲ့ Design, Media Studies, Business, Hospitality & Tourism Management တို့ကို ။ International students တွေအတွက် Scholarship အခွင့်အလမ်းတွေလည်း များစွာရှိပါတယ်။

💡 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

နာမည်ကြီး Seoul မြို့ထက် ကုန်ကျစရိတ် ပိုသက်သာပြီး ပိုမိုအေးချမ်းတဲ့၊ တစ်ချိန်တည်းမှာပဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်မယ့် ပင်လယ်ကြီးရှိတဲ့ Busan မြို့ကို နှစ်သက်သူများအတွက် Kyungsung University ဟာ အကောင်းဆုံးသော ရွှေးချယ်မှုတစ်ခုပါ။

ကျောင်းလျှောက်ဖို့ အတွက်ဆိုရင်

• အထက်တန်းအမှတ်: ၃၀၀ ဝန်းကျင်
• အသက်အရွယ်: ၂၅နှစ် ဝန်းကျင်

တက္ကသိုလ်တစ်ခုကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဘဝနေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျောင်းကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။
ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲

Photos from K-Way Group's post 01/06/2026

🇰🇷 Seoul မြို့တော်မှာ ကျောင်းတက်ဖို့ အိပ်မက်မက်နေသူများအတွက်

Seoul မှာ ကျောင်းတက်ချင်ပေမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ ပတ်သက်ပြီး စိုးရိမ်နေပါသလား?
ဒါမှမဟုတ် Visa Result အသေချာဆုံးနဲ့ ထောက်ခံချက်ကောင်းတဲ့ တက္ကသိုလ်ကို ရှာဖွေနေပါသလား?

အဖြေကတော့ Duksung Women's University ပါ။

ဒီကျောင်းကို ကျွန်မ (Admin) ကိုယ်တိုင် Language Program တက်ရောက်ခဲ့တာဖြစ်လို့ ကျောင်းရဲ့ ပညာရေးစနစ်၊ ဆရာ/ဆရာမတွေရဲ့ နွေးထွေးမှုနဲ့ နေထိုင်ရတာ အဆင်ပြေတဲ့ အခြေအနေတွေကို ကိုယ်တွေ့အာမခံနိုင်ပါတယ်။

🎓 ဘာကြောင့် Duksung ကို ရွေးချယ်သင့်တာလဲ?

၁၉၂၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားနိုင်ငံ အမျိုးသမီးပညာရေးကဏ္ဍမှာ သမိုင်းကြောင်းခိုင်မာတဲ့ ဒီတက္ကသိုလ်ဟာ အောက်ပါ အားသာချက်တွေ ရှိပါတယ် -

• Visa စိတ်ချရခြင်း: Visa Confirmation Letter ထုတ်ပေးတဲ့အတွက် Visa Result ပိုင်းမှာ စိတ်ပူစရာမလိုသလောက်ပါပဲ။

• တည်နေရာ : Seoul မြို့တော်တွင် တည်ရှိတာကြောင့် မြို့ကြီးရဲ့ အခွင့်အလမ်းတွေကို အပြည့်အဝရရှိနိုင်ပါတယ်။

• အားသာချက်ကတော့ မြို့ထဲပေမဲ့ ဆူညံမှုမရှိဘဲ စာသင်ဖို့အတွက် အလွန်အေးချမ်းပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပါတယ်။

• Learning Environment: နိုင်ငံတကာကျောင်းသားများအတွက် အဆင်ပြေတဲ့ သင်ယူရေးပတ်ဝန်းကျင်နဲ့ သန့်ရှင်းလှပတဲ့ Campus ရှိပါတယ်။ Language သမားတွေ အတွက် အဆောင်နဲ့ စာသင်ဆောင်က တိုက်တစ်ခုတည်းမှာပဲ ရှိတာကြောင့် သွားလာရတာ အရမ်းသက်သာပါတယ်။

• Convenience: ကျောင်းအနီး ကားမှတ်တိုင်၊ ရထားဘူတာ ၂ခု ရှိတာကြောင့် သွားလာရေးလွယ်ကူပြီး Part-time Job အခွင့်အလမ်းတွေလည်း များစွာရှိပါတယ်။ အဆောင်အောက်မှာတင် 24-hour convenient store လည်း ရှိတာမို့ လိုအပ်တာတွေကို အချိန်မရွေး ဝယ်ယူနိုင်ပါတယ်

• Academic Path: Language Program ကနေ Bachelor Program ကို ဆက်လက်တက်ရောက်ဖို့အတွက်လည်း လမ်းကြောင်း အလွန်ကောင်းမွန်ပါတယ်။ ကျောင်း schlor vဲ ကောင်းကောင်းပေးတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။

💡 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

နာမည်ကြီး ကျောင်းတွေကိုပဲ ကြည့်ပြီး Admission Requirement တွေ မြင့်လွန်းလို့ စိုးရိမ်နေသူတွေအတွက် Duksung Women's University ဟာ အကောင်းဆုံးသော တံခါးပေါက်တစ်ခုပါ။
တက္ကသိုလ်တစ်ခုကို ရွေးချယ်တဲ့အခါ နာမည်ကြီးတာထက် ကိုယ့် Profile နဲ့ အကိုက်ညီဆုံး၊ Visa Result အကောင်းဆုံးဖြစ်မယ့် ကျောင်းကို ရွေးချယ်ဖို့က ပိုအရေးကြီးပါတယ်။

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.

𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

31/05/2026

ကိုရီးယားမှာ ကျောင်းတက်ချင်ပေမဲ့ ကိုရီးယားဘာသာစကား အခြေခံမရှိလို့ စိတ်ပူနေပါသလား?

သင်တန်းတွေ အချိန်ကုန်ခံ တက်နေစရာ မလိုဘဲ ကိုရီးယားကို အမြန်ဆုံး သွားရောက်နိုင်မယ့် Korean Language Program (D-4-1) ရှိပါတယ်။

D4 နဲ့ သွားရင် ဘာတွေ အားသာချက်ရှိလဲ?

⭐️TOPIK အမှတ် လုံးဝ မလိုပါ (ဘာသာစကား လုံးဝမတတ်လည်း ရပါတယ်)။

⭐️ (၁၀) တန်း သို့မဟုတ် (၁၂) တန်း အောင်မြင်ထားရင် လျှောက်ထားနိုင်ပါတယ်။

⭐️ တစ်နှစ်မှာ Intake (၄) ခု ရှိတဲ့အတွက် ကိုယ်သွားချင်တဲ့အချိန်မှာ အဆင်သင့် လျှောက်နိုင်ပါတယ်။

⭐️ စာကြိုးစားရင် နောက် Semester တွေအတွက် ပညာသင်ဆု (Tuition Fee Discount) တွေ ရနိုင်ပါတယ်။

⭐️ အချိန်ပိုင်းအလုပ်လုပ်ရင်း ပိုက်ဆံစုနိုင်ပါတယ်။

⭐️ တက္ကသိုလ်ကို တက်ရိုက်တက်တာ မဟုတ်တာကြောင့် ကိုရီးယားမှာ အနေကျအောင် နေဖို့ အချိန်ရပါတယ်။

K-Way Group တွင်

- စာရွက်စာတမ်းပြင်ဆင်မှုမှစ၍ ကိုရီးယားနိုင်ငံရောက်သည်အထိ Full Service အပြင်၊

- ကျောင်းသူကျောင်းသားများ၏ Budget အလိုက် အဆင်ပြေစေမည့် Budget Service

ကိုပါ ထပ်တိုးဝန်ဆောင်မှု ပေးထားပါသည်။

✨2026, Dec Intake အတွက် စတင်လက်ခံနေပါပြီ✨

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

30/05/2026

𝗦𝗲𝗮𝗹 𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝗙𝗿𝗲𝗲 (အခမဲ့)တင်‌ပေးခြင်း⭐️

ကိုရီးယားမှာ ကျောင်းတက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသူကျောင်းသားများအတွက်

K-Way Groupကနေ ကျောင်းလျှောက်ဖို့ လာရောက် အပ်နှံသူမျာအးကို
Seal Bookingကို အခမဲ့ယူပေးမှာပဲ ဖြစ်ပါတယ်။

Bookingတိုင်းအတွက် မိမိ email ထဲသို့ Visa Booking ရရှိကြောင်း စာရောက်ရှိမှသာ ကျသင့်ငွေကို ပေးချေရမှာ ဖြစ်ပါတယ်။✅

( လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းလာပေးလိုက်တော့‌နော်)

Seal/ Visa Booking အတွက်သာမက သံရုံးဝင်တဲ့ အခါလည်း အဆင်ပြေစေဖို့အတွက်

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 ဆီ လာရောက် ဆွေးနွေးနိုင်ပါတယ်ဗျာ။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

Korea မှာ ကျောင်းတက်ချင်သူများအတွက် ကိုရီးယားစာသင်တန်းက အစ

Admission Preparation, Visa Process, Study Plan Preparation အထိ

Step by Step Guide ပေးနေပါတယ်။
📩
Comment (သို့) Messenger မှာ “Study Korea” လို့ပို့ပြီး

Free Consultation ရယူနိုင်ပါတယ်။

KWayGroup

25/05/2026

2026 ဒီဇင်ဘာမှာ ကိုရီးယားကို အမြန်ဆုံး သွားကြမယ် 🇰🇷

၂၀၂၆ ထဲမှာ ကိုရီးယားကျောင်းသားဗီဇာနဲ့ ထွက်ခွာဖို့ နောက်ဆုံးကျန်ရှိတဲ့ December Intakeအတွက် D4 Language Program တံခါး စတင်ပွင့်ပါပြီ! 🎉

"ဗီဇာပိုင်း စိတ်အချရဆုံး ဖြစ်ချင်တယ်၊ Process လည်း မြန်ချင်တယ်" ဆိုရင်တော့ VCL ချပေးတဲ့ Excellent Certified Universities တွေကိုပဲ ရွေးချယ်သင့်ပါတယ်ရှင့် အချိန်ဆွဲမနေဘဲ အခုကတည်းက စာရွက်စာတမ်း အမြန်ပြင်ဆင်ပြီး K-Way Group နဲ့ အတူ လျှောက်ထားလိုက်ရအောင်။ 👇

🌟ဒီဇင်ဘာအတွက် လက်ခံနေတဲ့ Excellent ကျောင်းကြီးများ စာရင်း 🌟

✨ Dongguk University
✨ SungKyunKwan University
✨ Hanyang University (Seoul / Erica)
✨ KyungHee University
✨ Gachon University
✨ Konkuk University
✨ Hongik University
✨ Hansung University
✨ Sunmoon University
✨ KyungSung University
✨ Busan University Of Foreign Studies
✨ Duksung / Sungshin / Sookmyung Women's University

အထက်ပါ ကျောင်းစာရင်းထဲမှာ မပါဝင်ပေမယ့် ကိုယ်တိုင်တက်ချင်တဲ့ တခြားကျောင်းတွေအကြောင်း သိလိုရင်လည်း Page Messenger မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့်။ မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျောင်းတွေကို သေချာတိုင်ပင်ပြီး အကောင်းဆုံး ရွေးချယ်ပေးသွားမှာမို့ အခုပဲ Chat Box မှာ မေးမြန်းလိုက်ပါနော်။

🎯 ဒီအခွင့်အရေးကို ဘယ်လိုကျောင်းသားတွေ လျှောက်သင့်လဲ?

- ကိုရီးယားဘာသာစကားကို စနစ်တကျ သင်ယူပြီး တက္ကသိုလ် ဆက်တက်ချင်သူများ
- စာရွက်စာတမ်း အရှုပ်အရှင်းကင်းကင်းနဲ့ ဗီဇာ စိတ်ချချင်သူများ
- ၂၀၂၆ မကုန်ခင် ကိုရီးယားမြေပေါ် ရောက်ချင်သူများ

⏳ ကျောင်းတစ်ခုချင်းစီအလိုက် ကျောင်းလျှောက်ပိတ်ရက်တွေ မတူတာကြောင့် စောစောပြင်ဆင်သူက အမြဲတမ်း အခွင့်အရေး ပိုသာပါတယ်။

💬 မိမိနဲ့ ဘယ်ကျောင်းက အဆင်ပြေဆုံးဖြစ်မလဲ၊ ဘာတွေပြင်ဆင်ရမလဲ ဆိုတာ သိလိုပါက Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါပြီ။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲

[🇰🇷]𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက

ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။

[email protected]

—

New Student ဖြစ်ဖြစ်

Visa Change လုပ်ချင်သူဖြစ်ဖြစ်

Step by Step Guide ပေးပါတယ်။

—
Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး

Free Consultation ရယူနိုင်ပါတယ်။

14/05/2026
14/05/2026

ကိုရီးယားမှာ ကျောင်းတက်ရသောအခါ~

Gachon University ဟာ ကိုရီးယားနိုင်ငံ၊ ဆောင်နမ်မြို့ (Seongnam) မှာ တည်ရှိပြီး IT, AI နဲ့ ဆေးဘက်ဆိုင်ရာ (Medical Sciences) နယ်ပယ်တွေမှာ ကိုရီးယားရဲ့ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

ဆိုးလ်မြို့နဲ့ အလွန်နီးကပ်ပြီး သွားလာရလွယ်ကူတဲ့ Global Campus (Seongnam) နဲ့ ဆေးပညာသီးသန့် Medical Campus (Incheon) ဆိုပြီး နယ်မြေနှစ်ခု ရှိပါတယ်။

ဒါ့အပြင် ကိုရီးယားမှာ ပထမဆုံး AI အထူးပြုဌာနကို ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

World Ranking: 2026 ခုနှစ်ရဲ့ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်မှာ 501–600 ကြား ရှိပါတယ်။

💰 ပညာသင်ဆု အခွင့်အလမ်းများ (Scholarships)
နိုင်ငံတကာကျောင်းသားတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Gachon က ပညာသင်ဆုအမျိုးမျိုးပါ ပေးအပ်ထားပါတယ်။ မြန်မာမှာ ငလျှင်ဘေး၊ ရေဘေးတွေ ဖြစ်တဲ့အခါတိုင်းလဲ မြန်မာကျောင်းသားတွေ သီးသန့် ထောက်ပံ့ကြေးတွေ ပေးတဲ့အထိ နိုင်ငံခြားသားကျောင်းသားတွေအပေါ် ဂရုစိုက်ပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

• ဝင်ခွင့် Scholarship: TOPIK အဆင့်ပေါ်
မူတည်ပြီး ပထမနှစ် ကျောင်းလခ **30% မှ 100% အထိ လျှော့ပေးပါတယ်။

• Merit Scholarship: တက္ကသိုလ်ရောက်ပြီးနောက် စာမေးပွဲရလဒ် (GPA) ကောင်းမွန်ပါက ကျောင်းလခ ထပ်မံလျှော့ပေါ့ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းလခစျေးကြီးလဲ ပူစရာမလိုပါဘူး။

K-Way က ဘယ်လိုကူညီပေးမလဲ?

ကိုရီးယားကို တက္ကသိုလ် လျှောက်ထားခြင်းဟာ ရှုပ်ထွေးနိုင်ပေမယ့် ကျွန်ုပ်တို့နဲ့ဆိုရင် စိတ်ပူစရာမလိုပါဘူး။

1.Counseling
ကျောင်းသားရဲ့ ဝါသနာနဲ့ အမှတ်စာရင်းပေါ်မူတည်ပြီး အကိုက်ညီဆုံး ဘာသာရပ်ကို ရွေးချယ်ပေးခြင်း။ သံရုံး Seal, Notary, Mofa စတဲ့ အခြေခံအဆင့်တွေကိုပါ ရှင်းပြ‌ပေးမှာ ဖြစ်ပါတယ်

2.Document Preparation
Degree/Transcripts တွေကို Notary လုပ်ခြင်း၊ အင်္ဂလိပ်/ကိုရီးယား ဘာသာပြန်ခြင်းနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးကို အသေးစိတ်စစ်ဆေးပေးပြီး လိုအပ်တဲ့ စာရွက်စာတမ်းများကို သေချာ လမ်းညွှန်ပြခြင်း။

3.Application Submission
Online ကနေ တရားဝင်လျှောက်ထားပေးခြင်းနဲ့ ကျောင်းဝင်ခွင့် အင်တာဗျူးအတွက် လေ့ကျင့်ပေးခြင်း။

4.Visa & Departure:
ကျောင်းဝင်ခွင့်ရပြီးနောက် D-4 Visa,D-2 Visa လျှောက်ထားခြင်းနဲ့ ကိုရီးယားသို့ ထွက်ခွာနိုင်အောင် စီစဉ်ပေးခြင်း၊ လာရောက်ကြိုဆိုခြင်း။

အခုပဲ Chat Box မှာ “Study Korea” လို့ Message ပို့လိုက်ပါ။

ကျောင်းသူ/ကျောင်းသားရဲ့ အခြေအနေ၊ Budget၊ Goal နဲ့ ကိုက်ညီမယ့် Program အတွက် ကိုရီးယားအိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခုပဲ ကျွန်ုပ်တို့ဆီမှာ အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲


![✨](https://static.xx.fbcdn.net/images/emoji.php/v9/tf4/1/16/2728.png)

Photos from K-Way Group's post 05/05/2026

📌 ဒီနေ့ လေ့လာမယ့် စကားလုံးတွေက👇

📚နေရာနှင့် ပတ်သက်သော စကားလုံးများ
နေရာ=장소

학교 – ကျောင်း
회사 – ကုမ္ပဏီ
식당 – စားသောက်ဆိုင်
집 – အိမ်
병원 – ဆေးရုံ
도서관 – စာကြည့်တိုက်
카페 – ကော်ဖီဆိုင်
은행 – ဘဏ်

📌 예문
👉 학교에 가요 = ကျောင်းသို့ သွားပါတယ်
👉 카페에 가요 = ကော်ဖီဆိုင်သို့ သွားပါတယ်

💡 Tip
👉 “~에 가요” = “~သို့ သွားတယ်”
ဒီ pattern ကို မှတ်ထားပါ

⸝

📚 အလုပ်အကိုင်နှင့် ပတ်သက်သော စကားလုံးများ
အလုပ်အကိုင်=직업

학생 – ကျောင်းသား
회사원 – ကုမ္ပဏီဝန်ထမ်း
요리사 –စားဖိုမှုး
가수 – အဆိုတော်
선생님 – ဆရာ/မ
의사 – ဆရာဝန်
간호사 – သူနာပြု
배우 – သရုပ်ဆောင်

📌 예문
👉 저는 학생이에요 = ကျွန်တော်/ကျွန်မ ကျောင်းသားပါ
👉 그는 의사예요 = သူက ဆရာဝန်ပါ

💡 Tip
“I am ~” ပုံစံနဲ့ ပြောလေ့ကျင့်ပါ
👉 저는 ~이에요 / 예요

⸝

📚 ဆန့်ကျင်ဘက်ကြိယာများ
반대말 =ဆန့်ကျင်ဘက်စကားလုံး

열다 – ဖွင့်သည်
닫다 – ပိတ်သည်
가다 – သွားသည်
오다 – လာသည်
앉다 – ထိုင်သည်
서다 – မတ်တပ်ရပ်သည်
밀다 – တွန်းသည်
당기다 – ဆွဲသည်

📌 예문 (Example)
👉 문을 열어요 = တံခါးကို ဖွင့်ပါတယ်
👉 의자에 앉아요 = ထိုင်ခုံမှာ ထိုင်ပါတယ်

💡 Tip
ဒီလို နေ့စဉ်သုံးတဲ့ စကားလုံးတွေကို
နေ့တိုင်း နည်းနည်းစီသင်ရင်
မြန်မြန် တတ်လာပါလိမ့်မယ်

⸝

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

03/05/2026

❗ လူတော်တော်များများ “ဆိုးလ်” ကိုပဲ ရွေးပြီး နောက်မှ နောင်တရတတ်ကြပါတယ်…

ကိုရီးယားကို ကျောင်းသွားတက်မယ်လို့ စဉ်းစားလိုက်တဲ့အခါ လူအများစုရဲ့ ခေါင်းထဲမှာ ပထမဆုံးပေါ်လာတာက Seoul (ဆိုးလ်) ပါ။

ဆိုးလ်မှာ နာမည်ကြီးတက္ကသိုလ်တွေ၊ Part-time အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နိုင်ငံတကာ Activities တွေ အများကြီးရှိတာ မှန်ပါတယ်။

ဒါပေမယ့် “ဆိုးလ်ဆိုတိုင်း အားလုံးအဆင်ပြေမယ်” လို့ မထင်သင့်ပါဘူး။

ဆိုးလ်ထဲမှာရှိပေမယ့် သွားရေးလာရေးခက်ခဲတဲ့ နေရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ နေရာတွေ၊ ကျောင်းကပေးနိုင်တဲ့ အခွင့်အရေးနည်းတဲ့ တက္ကသိုလ်တွေလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် ကျောင်းရွေးတဲ့အခါ မြို့နာမည်ထက် ကိုယ့် Budget၊ ကိုယ့် Goal နဲ့ ကိုက်ညီမှု ကို ပိုအရေးကြီးစွာ စဉ်းစားသင့်ပါတယ်။

⸝

၁။ ဆိုးလ်ကို ရွေးချယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ဆိုးလ်မှာ ကျောင်းတက်ခြင်းရဲ့ အားသာချက်တွေကတော့—

✔️ ထိပ်တန်းတက္ကသိုလ်တွေ ဝင်ခွင့်ရခဲ့ရင် ဘွဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း ပိုများနိုင်ပါတယ်။

✔️ Part-time အလုပ်အကိုင် အခွင့်အလမ်းတွေ များပါတယ်။

✔️ ကျောင်းတက်ရင်း နိုင်ငံတကာ Activities၊ Networking၊ Internship အခွင့်အလမ်းတွေ ပိုရနိုင်ပါတယ်။

✔️ နိုင်ငံခြားသားကျောင်းသားတွေနဲ့ တွေ့ဆုံရတဲ့ အခွင့်အလမ်းလည်း ပိုများနိုင်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်တွေလည်း ရှိပါတယ်။

❌ အိမ်လစာက တစ်လကို ₩500,000 ~ ₩1,000,000+ အထိ ကုန်ကျနိုင်ပါတယ်။

❌ စားဝတ်နေရေးစရိတ် မြင့်မားပါတယ်။

❌ ဝင်ခွင့်ကတည်းက အပြိုင်အဆိုင်များပြီး စိတ်ဖိစီးမှုများနိုင်ပါတယ်။

❌ ဆိုးလ်ထဲမှာရှိတဲ့ ကျောင်းဆိုပေမယ့် တချို့နေရာတွေက သွားလာရခက်ခဲပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းနိုင်ပါတယ်။

⸝

၂။ နယ်မြို့တွေကို ရွေးချယ်မယ်ဆိုရင်

Busan, Daegu, Daejeon စတဲ့ မြို့တွေမှာ ကျောင်းတက်မယ်ဆိုရင်လည်း အားသာချက်တွေ များပါတယ်။

✔️ အိမ်လစာက ပုံမှန်အားဖြင့် ₩250,000 ~ ₩500,000 ဝန်းကျင်ဖြစ်လို့ စရိတ်သက်သာပါတယ်။

✔️ စားဝတ်နေရေးစရိတ်လည်း ဆိုးလ်ထက် သက်သာနိုင်ပါတယ်။

✔️ ငွေကြေးဖိအားနည်းပြီး ပညာရေးကို ပိုအာရုံစိုက်နိုင်ပါတယ်။

✔️ ပတ်ဝန်းကျင်အေးချမ်းလို့ Stress နည်းနည်းနဲ့ ကျောင်းတက်ချင်သူတွေအတွက် သင့်တော်ပါတယ်။

ဒါပေမယ့် နယ်မြို့တွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။

❌ ဆိုးလ်လောက် Part-time အလုပ်အကိုင် မပေါများနိုင်ပါဘူး။

❌ International exposure နည်းနိုင်ပါတယ်။

❌ ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ အနည်းငယ်ပိုခက်ခဲနိုင်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားဘွဲ့ရကျောင်းသားတွေကို ခန့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက ဆိုးလ်ဘက်မှာ ပိုများနိုင်ပါတယ်။

⸝

ဒါဆို ဘယ်မြို့ကို ရွေးသင့်လဲ?

Budget အဆင်ပြေပြီး နိုင်ငံတကာကျောင်းသားတွေနဲ့ တွေ့ဆုံချင်တယ်၊ ကျောင်းတွင်း Activities၊ Internship၊ Networking အခွင့်အလမ်းတွေ ပိုလိုချင်တယ်ဆိုရင် ဆိုးလ် ကို ရွေးချယ်သင့်ပါတယ်။

Budget အကန့်အသတ်ရှိပြီး စိတ်ဖိစီးမှုနည်းနည်းနဲ့ အေးအေးဆေးဆေး ပညာသင်ချင်သူတွေဆိုရင်တော့ နယ်မြို့တွေ ကို ရွေးချယ်သင့်ပါတယ်။

သူငယ်ချင်းတွေသွားလို့ လိုက်သွားတာ၊ Trend ဖြစ်လို့ ရွေးတာမျိုး မလုပ်သင့်ပါဘူး။

ကျောင်းတက်တဲ့အခါ သူငယ်ချင်းအသစ်တွေ၊ Team Project တွေ၊ Activities တွေကနေတစ်ဆင့် Network အသစ်တွေ အများကြီးရလာမှာပါ။

အရေးအကြီးဆုံးက ကိုယ့် Budget နဲ့ ကိုယ့် Goal ကို မှန်မှန်ကန်ကန်သိပြီး ရွေးချယ်ဖို့ပါ။

⸝

📩 ဘယ်မြို့ကို ရွေးရမလဲ မသေချာသေးဘူးလား?

အခုပဲ Chat Box မှာ “Study Korea” လို့ Message ပို့လိုက်ပါ။

ကျောင်းသူ/ကျောင်းသားရဲ့ အခြေအနေ၊ Budget၊ Goal နဲ့ ကိုက်ညီမယ့် မြို့နဲ့ ကျောင်းကို K-Way Group မှ FREE အခမဲ့ အကြံပေး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

25/04/2026

Free Class အတွက် အဆင်သင့်ပြင်ပြီးကြပြီလားရှင့် ?

🎉 𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗙𝗥𝗘𝗘 𝗞𝗼𝗿𝗲𝗮𝗻 𝗖𝗹𝗮𝘀𝘀 🇰🇷✨

ကိုရီးယားစာ စတင်လေ့လာချင်သူတွေအတွက် ဖွင့်ပွဲအထိမ်းအမှတ် ၂ လ ပြတ် FREE Class 🎁

📚 Duration – ၂လခွဲ (+Seminar ၂တန်း)
🗓 တစ်ပတ် ၂ ကြိမ်
⏰ တစ်ကြိမ် ၂နာရီ

“📖 재미있는 한국어”ဆိုတဲ့ ကိုရီးယားစာကို လွယ်လွယ်ကူကူနဲ့ စိတ်ဝင်စားစရာကောင်းအောင် မိတ်ဆက်သင်ပေးမယ့် အတန်းလေးပါ။
고려대학교က Basic courseကို အခြေခံထားပါတယ်။
Beginner လုံးဝ OK 👍
အခြေခံကနေ စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

🎁 Free Class Joinသူများသာ ရနိုင်မယ့် အထူးအခွင့်အရေးများ
(ကိုရီးယားမှာ လက်ရှိကျောင်းတက်ရင်း လုပ်ငန်းခွင်ဝင်နေတဲ့ စီနီယာအစ်မတွေ ကိုယ်တိုင် Knowledge Sharingလုပ်ပေးသွားမှာပါ)

🎓 𝗙𝗥𝗘𝗘 𝗦𝗲𝗺𝗶𝗻𝗮𝗿 (𝟭) ကိုရီးယား ကျောင်းဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများ ဘယ်လိုပြင်ဆင်ရမလဲ? ဘယ်လိုအမှားတွေရှောင်ရမလဲ?

🎓 𝗙𝗥𝗘𝗘 𝗦𝗲𝗺𝗶𝗻𝗮𝗿 (𝟮) ကိုရီးယားမှာ ကျောင်းရွေး၊ မေဂျာရွေးဖို့ ကိုယ်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးမလဲ?

📌အတွေ့အကြုံရှိ ဆရာ/ဆရာမတွေနဲ့ သင်ကြားနိုင်မှာဖြစ်ပြီး နောက်ပို့စ်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

🎯 ဒီ Program က ဘယ်သူတွေအတွက်လဲ?
✔ ကိုရီးယားစာကို အခုမှ စသင်မယ့်သူ
✔ ကိုရီးယားသွားဖို့ ဘယ်ကစရမှန်းမသိသေးတဲ့သူ
✔ Language School D4 စိတ်ဝင်စားသူ
✔ Undergraduate/ Master / PhDအထိ ရေရှည်ပညာသင်ဖို့ စဉ်းစားနေသူ

📌 Pageကို Like & Shareလုပ်ထားတဲ့သူတိုင်း တက်ခွင့်ရမှာပါ (အခုထိတော့ လူဦးရေ သတ်မှတ်ထားခြင်းမရှိသေးပါဘူး)
📩 it Messenger မှာ Screenshotနဲ့အတူ “FREE CLASS” လို့ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.

𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။

—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon