KsN Real Estate Services

KsN Real Estate Services

Share

Photos from KsN Real Estate Services's post 10/05/2026

146 အကွက်​လေး ​ငွေ​ချေ 👍👍👍

02/05/2026

လူကို ​စျေးလှမ်း​မေးပြီး ​စျေးသိရ​တော့ တစ်ဖက်မှာ ​​အောက်​စျေးနဲ့ စရံ​ပြေးချတယ် စရံချပြီး​တော့လည်း ​ပြောထားတဲ့ကတိမတည်ပဲ အချိုးက​ပြောင်း​သေးတယ် အတတ်နိုင်ဆုံး လိုက်ညှိပြီး ယူ​ပေးဖို့လုပ်​တော့ တစ်ဖက်မှာ ​စျေးပိုရလို့ ​ရောင်းလိုက်ပြီတဲ့ က​လေးအကွက်​တွေ ​နဲ့ လာ​ရွှေ့​နေတယ် 😅😅😅
အ​ရောင်းအဝယ်​လောကမှာ ​ပြောထားတဲ့ ကတိမတည်ပဲ ​ငွေတစ်ခုပဲ ကြည့်တတ်တဲ့သူ​တွေနဲ့ အလုပ်မလုပ်ဘူး ​ဆောရီးပဲ
ရှက်တတ်ရင် ကိုယ့်ဖာသာလဲ​သေ👍👍👍

24/04/2026

#ရွာမြေ R4နှင့် N အမျိူးအစားမြေအကြောင်း

နှစ်၃၀အထက် ရှိသောရွာမြေ၊ရွာမြေအဖြစ်အသိပြုခြင်းတွင်သင်္ကေတအနေဖြင့်
(သ/အ) G
(သ/အ) RH
(သ/အ) R4
(သ/အ) R1 to R3 ( စ၁ မှ စ၃)

အခြားသုံးစွဲခွင့်တင်ထားခြင်းဖြင့်လူနေရပ်ကွက်ကျေးရွာအတွင်းကျေးရွာဆက်စပ်နယ်မြေ လူနေထိုင်
ခွင့်လျောက်ထားသောရွာမြေများသင်္ကေတအနေဖြင့်
(သခြ) G
(သခြ) R1 to R4
R ဘေးမှာ သ/အ သ/ခြ ပါလျှင် ဝယ်လို့ရပါသည်။

မြေအမျိုးစားအတန်းစားအပြင်ကွင်းအမှတ် Nထွက်ထားလျှင် မမြဲဦးပိုင်ဖြစ်၍ #အမြဲဦးပိုင်အဖြစ် Nပျောက်စေရန် ၇ နှစ် စိုက်ပျိုးပြရသည်ဟု စာပေထဲဖတ်ဖူးပါသည်။

#ပြေစာ_စလစ်များအကြောင်း

ပြေစာစလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည်။ သို့သော် စည်ပင်ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪️Gပြေစာ(စလစ်) R/G ▪️ပြေစာ(စလစ်) L
▪️ပြေစာ (စလစ်) စ
▪️ပြေစာ (စလစ်)
▪️ပုံစံ(5) ပြေစာ (စလစ်)
▪️ရွာမြေ ပြေစာ(စလစ်)
▪️ R3 R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

ြေစာ (စလစ်)

အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် ။သို့သော် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင်(သ/အ) လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

/G ပြေစာ(စလစ်)
လယ်မှ ပုံစံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေဖြစ်သည်။

#ရွာမြေပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြသသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။
အစိုးရစီမံကိန်းရှိသော် လည်း မပယ်ဖျက်နိုင်၊စက်မှုဇုံလည်းဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှုမျိုး အလျှဥ်းမရှိပါ။

ြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရမဖျက်သိမ်းပါ ။လူနေခွင့်ရှိပါသည်။ အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2 လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်သတိထားရပါမည်။ လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည်။ တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးအများဆုံးဖြစ်သည်

#မြေခွန်ပြေစာအကြောင်း....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး။မြန်မာနိူင်ငံနယ်ပယ်ဒေသအချိူ့မှာ ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...
အချို့သောသူတွေက ပြေစာဆိုတာနဲ့လယ်ယာမြေ လို့တစ်ထစ်ချ ပြောဆိုတတ်ကြပါတယ်
ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်။
မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်။
ပြေစာနဲ့မြေကိုအချို့ကသုံးမရဘူး။ရောင်းမရဘူး။ဘာမှအသုံးမဝင်ဘူးလို့ယူဆ
ထားကြသူတွေရှိပါတယ်။
အမှန်တကယ်တော့ပြေစာဟာ ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားတစ်ခုပါဘဲ။
ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေဆောင်ရွက်လို့ရပါတယ်။
မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး အချို့သောနားမလည်သူများက တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်။
အချူပ်အားဖြင့်ဆိုသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ပြီး ၊ပါမစ်မြေ ဂရန်မြေထက် အဆင့်နိမ့်သောမြေ အမျိူးအစားတစ်ခုဖြစ် သော်လည်းမြေခိုင်မာပါတယ်ဆိုတာ မသိသေးသောသူများအတွက်ဝေငှပေးလိုက်ပါတယ်။

Original Uploder

Photos from KsN Real Estate Services's post 30/03/2026

အကွက်​သေး​လေးတစ်ကွက် အ​ရောင်းထွက် 👍👍👍

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


လှော်ကားလမ်း
Yangon
11431