Prime Design

Prime Design

Share

Prime Design is founded with young, energetic, innovative and enthusiastic designers, professionals and we aim to give best services and satisfaction to our clients.

25/10/2018

ဝါလကင်းလွတ် သီတင်းကျွတ်လေပြီ။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေကြောင်း Prime Design မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

20/09/2018

အိမ်တွင်း ပိုးမွှားအန္တရာယ်ကို ဘယ်လို ဖြေရှင်းကြမလဲ?

အိမ်တိုင်းမှာတော့ ပိုးမွှားအန္တရာယ်တွေက တစ်ခုမဟုတ်တစ်ခု ရှိစမြဲပါပဲ။ မိုးတွင်း ရောက်လာပြီဆိုတော့ ခြင်တွေပိုမို ပေါက်ဖွားလာကြပါပြီ။ ဒီအနှောက်အယှက်တွေကို ဘယ်လို ဖြေရှင်းကြမလဲ?

၁။ ပိုးဟပ်နဲ့ အမြီးနှစ်ခွကောင်တွေကို သတိထားပါ။
မီးဖိုခန်း ကြမ်းပြင်မှာ ပိုးဟပ်တွေ၊ အမြှီးနှစ်ခွကောင်တွေရှိနေရင်တော့ သတိထားသင့်နေပါပြီ။ သူတို့က ကိုက်တတ်ပြီး ဦးနှောက်ရောင်ရမ်းရောဂါ၊ Lyme နဲ့ အခြားရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဒါကြောင့် သူတို့ခိုအောင်းနိုင်မယ့် နေရာတွေဖြစ်တဲ့ ချောင်ကြိုချောင်ကြားတွေကို ရှင်းလင်းပြီး သန့်ရှင်းသပ်ရပ်စွာ ထားဖို့ လိုအပ်ပါတယ်။

၂။ ရေများကို အမြဲလဲလှယ်ပေးပါ။
ရေဝပ်စေတဲ့နေရာတွေက ခြင်ပေါက်ဖွားမှုပိုမြင့်စေပါတယ်။ ဒါကြောင့် ရေဝပ်စေမယ့်နေရာတွေကို အမြဲသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ ရေဝင်စေမယ့် ချိုင့်ခွက်တွေကို ပိတ်ဆို့ပြီး ခြင်ခိုအောင်းနိုင်မယ့်နေရာတွေကို ရှင်းလင်းပေးပါ။ ရေချိုးကန်မှ ရေကို ၁ပတ် ၁ခါလောက် လဲလှယ်ပေးသင့်ပါတယ်။

၃။ သင့်လျော် မှန်ကန်တဲ့ ခြင်ဖျန်း Spray ကို အသုံးပြုပေးပါ။
တစ်ချို ခြင်ဖျန်း Spray တွေက ထိရောက်မှု အားနည်းပါတယ်။ Toxic ပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတဲ့ ခြင်ဖျန်းဆေးတွေက ပိုမို အစွမ်းထက်ပါတယ်။ ငရုတ်ကောင်း၊ ပဲပုတ်တို့ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Spray တွေနဲ့ lemon eucalyptus နဲ့ပြုလုပ်ထားတဲ့ အဆီတို့က ပိုမိုထိရောက်စေပါတယ်။

၎။ အမိုက်ပုံးကို နေ့စဉ်သန့်ရှင်းပေးပါ။
တတ်နိုင်ရင်တော့ အမှိုက်ပုံးကို တနေ့တစ်ခါ သန့်ရှင်းပေးသင့်ပါတယ်။ မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် ပစ္စည်းတွေရဲ့ သိပ်သည်း စိုထိုင်းမှုနှုန်းက မြင့်တက်လာပါတယ်။ စိုထိုင်းမှုမြင့်လေ ပိုးမွှားပေါက်ဖွားမှု ပိုမိုများပြားလာစေပါတယ်။ ဒါကြောင့် အမှိုက်စိုပဲဖြစ်ဖြစ်၊ အမှိုက်ခြောက်ပဲဖြစ်ဖြစ် နေ့စဉ်ရှင်းလင်းသင့်ပါတယ်။

၅။ ပုရွက်ဆိတ်သွားရာလမ်းကြောင်းကို သစ်ကြပိုးခေါက်မှုန့်ဖြူးပေးပါ။
ပုရွက်ဆိတ်အလွယ်တကူ တက်တတ်တဲ့အိမ်တွေအတွက်တော့ ဒီနည်းလမ်းက အလွယ်ကူဆုံး ဖြစ်ပါတယ်။ ပုရွက်ဆိတ်တို့သွားရာ လမ်းကြောင်းကို သစ်ကြပိုးခေါက်မှုန့်တွေဖြူးထားခြင်းဖြင့် သူတို့လမ်းကြောင်းကို ပျောက်သွားစေပါတယ်။ ပုရွက်ဆိတ်တက်တတ်တဲ့ ကြမ်းပြင်၊ မီးဖိုကောင်တာနဲ့ တခြား နေရာတွေကို ရှာလကာရည်ထဲကို ရေတစ်ဝက်ရောပြီး မကြာခဏ သန့်ရှင်းပေးပါ။

Photos from Prime Design's post 21/07/2018

ကလေးတွေဆိုတာ သူတို့သီးသန့်ကမ္ဘာငယ်လေးအတွင်းမှာ စိတ်ကူးရင်ရင်း ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖန်တီးချင်ကြတဲ့ သူတွေပါ။ ဒါကြောင့် သူတို့ရဲ့ စိတ်ကူးတွေအတိုင်း တက်ကြွစွာနဲ့ ပျော်ရွှင်ဖွယ် ကလေးဘဝလေးကို ဖြတ်သန်းနိုင်ဖို့ ကိုယ်ပိုင်အခန်းလေးတစ်ခန်းရော ရှိသင့်တယ်မဟုတ်ပါလား။

ချစ်ရတဲ့ အိမ်က သားသားမီးမီးတို့အတွက် သူတို့စိတ်တိုင်းကျ ကမ္ဘာလေးတစ်ခုကို Prime Design နဲ့အတူ ဖန်တီးပေးလိုက်ရအောင်။

19/07/2018

ယနေ့ဟာ (၇၁) နှစ်မြောက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များကို Prime Design မှ အမြဲ လွမ်းဆွတ်တမ်းတ သတိရလျက်ပါ။

17/06/2018

ဘဝတစ်ခုပေးခဲ့ပြီး ပင်ပန်းခက်ခဲကြီးစွား ကြိုးစားရုံးကန်ပေးခဲ့တဲ့ ဖေဖေ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီလို နွေးထွေးတဲ့ အိမ်ဂေဟာလေးမှာ ဖေဖေ့ရဲ့ မေတ္တာဓာတ်တွေကို အမြဲရှိနေဆဲပါ။

ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ ဖေဖေတွေအကုန်လုံးကို Prime Design က အမြဲလေးစား တန်ဖိုးထားလျှက်ပါ။

Photos from Prime Design's post 05/06/2018

၂ ထပ်ခွဲ လုံးချင်းအိမ်လေးတစ်လုံးကို Luxury ဆန်တဲ့ ဒီဇိုင်းတွေနဲ့ ရေးဆွဲပေးထားပါတယ်။
ရိုးရှင်းပြီး အဆင့်တန်းမြင့်မားတဲ့ အသွင်အပြင်ဖြစ်အောင် ဖန်းတီးပေးထားတာဖြစ်ပြီး တည်ငြိမ်တဲ့ Color ကိုသာ အသုံးပြုပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ယုံကြည်စိတ်ချစွာအပ်နှံတဲ့ Client တိုင်းအတွက် Prime Design က အမြဲစိတ်ကျေနပ်သည့်အထိ ဆောင်ရွက်ပေးနေပါတယ်။

မိတ်ဆွေတို့မြတ်နိုး တန်ဖိုးထားရတဲ့ အိမ်ကလေးကိုရော ခေတ်မှီတဲ့ဒီဇိုင်းတွေ၊ ဆန်းသစ်တဲ့ အပြင်အဆင်တွေနဲ့အတူ ဖန်တီးချင်သလား?

Prime Design က တမူထူးခြားတဲ့ idea တွေ၊ သက်သာတဲ့ ဈေျးနှုန်းတွေနဲ့အတူ လူကြီးမင်းတို့ စိတ်ကျေနပ်သည့်အထိ ဖန်းတီးပေးဖို့အတွက် အသင့်စောင့်ကြိုနေပါပြီ။

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00