NeoGlow
Our mission at NeoGlow Skin Care Clinic is to uphold an atmosphere of professionalism, personal attention, and excellence in quality medical aesthetic, skin care. We strive to do this by creating individualized treatment plans, utilizing the highest quality, best therapeutic and medical quality services and products available to maximize results, while assuring our client’s safety, comfort, and confidentiality. We seek to be the best at what we do.
13/11/2025
မျက်နှာမဲညစ်လွန်းလို့ အသားအရေ ကြည်တောက်ရှင်းဖြစ်ချင်သူတွေ လုပ်ဆောင်ရမယ့် အချက် (၃) ချက်
ကိုယ့်ရဲ့မျက်နှာဟာ အခြားသူတွေနဲ့ယှဉ်လိုက်တဲ့အခါမှာ မဲညစ်ညစ်နဲ့ Confidence ပျောက်ဆုံးနေရတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ။
ကျွန်မတို့ မျက်နှာတွေဟာ သာမာန်ထက်မဲတယ် ၊ ညစ်တယ် ၊ မကြည်ဘူးဆိုတာဟာ မျက်နှာမှာကပ်ငြိနေတဲ့ ဖုန်တွေ ၊ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေကြောင့် အဓိကဖြစ်နိုင်ပါတယ်။
ဒါကြောင့် ပထမဆုံးအချက်အနေနဲ့ Cleansing နဲ့ Exfoliation ပိုင်းကို သေချာလေးလုပ်ပေးဖို့လိုပါတယ်။ Cleansing ပိုင်းအနေနဲ့ဆိုရင်တော့ ညဘက်မှာ Double Cleansing ကိုသေချာလေးလုပ်ပေးရပါမယ်။ပြီးရင်တော့ တစ်ပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်လောက် ဆဲလ်သေကိုဖယ်ရှားခြင်းနည်းဖြစ်တဲ့ Exfoliation ကိုလုပ်ပေးရပါမယ်။ ဆေးခန်းတွေမှာဆိုရင်တော့ Chemical Peeling လုပ်တာ အပြင်အခြား Treatment တွေကိုလုပ်ဆောင်လို့ရပါတယ်။
ဒုတိယအချက်ဆိုရင်တော့ မျက်နှာမဲမှုကိုအဓိကဖြစ်စေတဲ့ နေရောင်ခြည်ကိုကာကွယ်ဖို့အတွက် Sunscreen ကိုသေချာလိမ်းပေးဖို့လိုသလို ၊ ထီး ၊ ဦးထုပ်ဆောင်တာမျိုးကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ Sunscreenကိုရွေးတဲ့အခါမှာလည်း ကိုယ့်ရဲ့အသားရည်နဲ့သင့်တော်တဲ့ အမျိုးအစားကို ရွေးချယ်သုံးပေးဖို့ဟာလည်း အရေးကြီးပါတယ်။
နောက်ဆုံးအချက်အနေနဲ့ဆိုရင်တော့ ကိုယ့်ရဲမျက်နှာကိုဖြူစေဖို့အတွက် Brightning & Whitning ကိုဖြစ်စေတဲ့ Ingredients ပါဝင်တဲ့ Vitamin C , Alpha Arubutin , Tranexamic Acid , Niaciamide ပါဝင်တဲ့ Scincare products လေးတွေကိုရွေးချယ်သုံးသင့်ပါတယ်။
NeoGlow မှာလည်း ကိုယ့်ရဲ့အလှအပရေးရာနဲ့ ပတ်သတ်ပြီးအသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်သလို ၊ အခြားသော အရေပြားကျန်းမာရေး ကုထုံးများကိုလည်း စနစ်တကျကုသမှုခံယူနိုင်ပါတယ် ။ ။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township , Yangon
#လှိုင် #ဝက်ခြံ #အမဲစက်
27/09/2025
ဝက်ခြံထွက်လာတဲ့အခါ လူအများစုက အမြန်ဆုံး ပျောက်ချင်တဲ့အတွက် အလွယ်တကူပဲ လက်နဲ့ညှစ်ထုတ်တက်ကြပါတယ်။ ဒါပေမယ့် ညှစ်ထုတ်တာဟာ အလွယ်တကူ ကုသနည်းမဟုတ်သလို၊ မျက်နှာအရေပြားအတွက် မလိုလားတဲ့ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အောက်ကအချက်လေးတွေကို ဖတ်ကြည့်မယ်ဆိုရင်တော့ ဝက်ခြံကို ညှစ်သင့်/မသင့်ဆိုတဲ့ အဖြေကို ပေးနိုင်မှာပါ။
- ဝက်ခြံကို ညှစ်လိုက်တာနဲ့ အပေါ်ယံအရေပြား ပေါက်ပြဲစေပြီး ပိုး၊ အညစ်အကြေးတွေ ထပ်ဝင်နိုင်ပါတယ်။ ဒီအချိန်မှာ အနာဖြစ်ပြီး ပိုယောင်ရမ်းတက်သလို အရေပြား ဒဏ်ရာတစ်ခုပိုတိုးလာစေပါတယ် ၊
- ညှစ်လိုက်တဲ့ဒဏ်ကြောင့် ဝက်ခြံပေါက်အတွင်းက အညစ်အကြေးနဲ့ အဆီတွေ အရေပြား အတွင်းထဲအထိ ပိုမိုထိုးဝင်ခြင်းဖြင့် ပိုးပေါက်ဖွားမှုတိုးစေပြီး နာကျင်မှုများစေ တတ်ပါတယ်
- နောက်ဆက်တွဲအနေနဲ့ အမဲစက်၊ အမာရွတ်တွေ (acne scars) တွေ ကျန်တက်ပြီး အလှအပကို ထိခိုက်စေသလို ကုသရာမှာလည်းပျောက်ကင်းဖို့အတွက် ပိုမိုကြာရှည်စေပါတယ် ၊
- အကယ်၍ T-Zone တစ်ဝိုက်ကို ညှစ်မိမယ်ဆိုရင်တော့ သာမန် ဝက်ခြံညှစ်တာတင်မကဘဲ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ် ၊
ဒါကြောင့် ဝက်ခြံထွက်လာတယ်ဆိုရင် ညှစ်ထုတ်မယ့်အစား ဝက်ခြံကိုသက်သာစေမယ့် နည်းလမ်းကို Skin Care ရွေးချယ်တာ က အစ အရေပြားဆရာဝန်နဲ့သေချာလေး တိုင်ပင်ဆွေးနွေးတာမျိုး လုပ်ဆောင်သင့်ပါတယ် ။ ။
NeoGlow မှာလည်း ဝက်ခြံအမျိုးအစားအလိုက်အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်သလို ၊ အခြားသော အရေပြားကျန်းမာရေး ကုထုံးများကိုလည်း စနစ်တကျကုသမှုခံယူနိုင်ပါတယ် ။ ။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township
#ဝက်ခြံညှစ် #ဝက်ခြံ #အမဲစက်
23/09/2025
အသားအရေထိန်းသိမ်းဖို့အတွက် အရင်ဆုံး ကိုယ့်အသားအရေက ဘယ်အမျိုးအစားလဲဆိုတာ သိထားဖို့လိုပါတယ်။ Oily, Dry, Combination, Sensitive, Normal ဆိုပြီး ခွဲထားတဲ့အမျိုးအစားတွေထဲက ကိုယ့်အတွက် သင့်တော်တဲ့ Category ကို မသိဘဲ စိတ်ကြိုက် Skin Care Products တွေသုံးမယ်ဆိုရင်တော့ ရလဒ်ကထူးခြားလာမှာမဟုတ်သလို အဆိုးဘက်ကိုသာပိုရောက်စေနိုင်ပါတယ်။ ဒါကြောင့် အလွယ်တကူ Skin Types ခွဲနည်းလေးတွေကိုမျှဝေပေးချင်ပါတယ်။
အရင်ဆုံးကိုယ့်ရဲ့ မျက်နှာကို Gentle Cleaner နဲ့သစ်ပေးပြီးတဲ့နောက် ၄၅ မိနစ်လောက်ထားပေးပါ ။ ဒီနောက်မှာ ပြောင်းလဲလာတဲ့ Skin ပေါ်မူတည်ပြီး အောက်ပါအချက်လေးတွေနဲ့ခွဲခြားလို့ရပါတယ်။
(၁) Oily Skin - မျက်နှာက ချွေးမဟုတ်ဘဲ အဆီထွက်လာမယ် ၊
(၂) Dry Skin - မျက်နှာက ခြောက်သွေ့ပြီးတင်းရင်းတဲ့ ခံစားချက်မျိုးရမယ် ၊
(၃) Combination Skin - သူကတော့ T-zone လို့ခေါ်တဲ့ (နဖူး၊ နှာခေါင်း ၊ မေးစေ့) မှာအဆီပြန်ပြီး ပါးနှစ်ဖက် U-Zoneမှာတော့ ခြောက် ၊ တင်းလာတာမျိုးပါ ၊
(၄) Normal Skin - သာမာန်အတိုင်း ညီညာပြီး အထက်ကလို အချက်တွေ မဖြစ်လာတဲ့အသားအရည်မျိုးပါ ။ အားလုံးလိုချင်ကြတဲ့အသားအရည်မျိုးဆိုလည်း မမှားပါဘူး ၊
(၅) Sensitive Skin - မျက်နှာရဲ့အချို့နေရာတွေမှာ နီလာမယ် ၊ အရေပြားယားယံသလို ဖြစ်လာမှာမျိုးပါ ။ Sensitive Skin သမားတွေကတော့ သာမာန်ထပ်ပိုပြီး Skin Care Products တွေကို ရွေးချယ်တဲ့နေရာမှာ သတိထားဖို့လိုပါတယ်။
NeoGlow မှာလည်း ကိုယ့်ရဲ့အလှအပရေးရာနဲ့ ပတ်သတ်ပြီးအသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်သလို ၊ အခြားသော အရေပြားကျန်းမာရေး ကုထုံးများကိုလည်း စနစ်တကျကုသမှုခံယူနိုင်ပါတယ် ။ ။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township
#ဝက်ခြံ #အမဲစက်
03/09/2025
"Oily Skin သမားတွေက Moisturizer သုံးတာနဲ့ ပိုအဆီထွက်တယ်” ဆိုတာ တကယ်လား ? အမှန်တော့ အဲဒီ့ထင်မြင်ချက်က လုံးဝမှားယွင်းပါတယ် ။
အသားအရည်က အစိုဓါတ်မရှိတဲ့အချိန်မှာ၊ ကိုယ့်ခန္ဓာကိုယ်ကနေ အလိုအလျောက် အဆီပိုထုတ်ပြီး ခြောက်သွားတာကို လျှော့ဖို့ ကြိုးစားတတ်ပါတယ် ။ဒီအချိန်မှာ Moisturizer မသုံးဘဲ ထားမယ်ဆိုရင်တော့ ပိုပြီးအဆီထွက်လို့ အဆီပြန်တဲ့အခြေအနေဟာ ပိုမိုဆိုးရွားသွားတတ်ပါတယ်။
Moisturizer ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ အဆီမပိုထွက်စေဘဲ အဆီထွက်မှုကို တိကျစွာ ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။
✅ Moisturizer လိမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -
- အစိုဓါတ်ထိန်းပေးနိုင်တာကြောင့် အသားအရည်ကို တင်းရင်းစေပြီး ခြောက်သွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ် ၊
- Skin Barrier ကို ကောင်းမွန်စွာ ကာကွယ်ပေးရာမှာလည်း အထောက်အကူပြုပါတယ် ၊
- အစိုဓါတ် Balance ရှိနေချိန်မှာ ခန္ဓာကိုယ်က အဆီပိုမထုတ်တော့တဲ့ အကျိုးကိုလည်းရရှိပါတယ် ၊
ဒါကြောင့် Moisturizer သုံးတာက မဖြစ်မနေလုပ်သင့်တဲ့ Daily Skincare Routine အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် မိမိနဲ့သင့်တော်မယ့် Moisturizer လေးတွေကိုသုံးပေးဖို့အကြံပေးချင်ပါတယ်။မိမိရဲ့ အသားအရည်နဲ့သင့်တော်မယ့် Moisturizer Types အပြင် အခြားသောအလှအပနဲ့ဆိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို NeoGlow မှာလာရောက်ဆွေးနွေးပြီး ကုသမှုခံယူနိုင်ပါတယ်ရှင့် ။ ။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township , Yangon
#ဝက်ခြံ #ကုသမှု
29/08/2025
မိုးရာသီဆိုတာ အေးဆေးအနားယူလို့ကောင်းပေမယ့် တဖက်မှာတော့ အသားအရေအတွက်ထိခိုက်လွယ်တဲ့ရာသီလည်း ဖြစ်ပါတယ်။မိုးရွာလို့ နေရောင်ခြည်ပြင်းထန်စွာမခံရဘူး ထင်ပေမယ့်၊နေထွက်ချိန်မှာပါလာတဲ့ UV တွေက မထင်ထားသလောက် မြင့်မားပြီး အသားအရေကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာလည်း Skincare ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၁) Sunscreen
မိုးရွာပြီးချိန်တွေကျရောက်လာတက်တဲ့ ခရမ်းလွန်ရောင်ခြည် (UV) ပမာဏဟာ တစ်နေ့တာရဲ့ အနည်းဆုံး ၈၀% အထိ ရှိနေတတ်ပါတယ်။ ဒါကြောင့် **SPF 30 (သို့) ဒီ့ထက်မြင့်တဲ့ နေလောင်ကာခရင်မ်**ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
(၂) Light-weight Moisturizer
မိုးရာသီမှာ အပူချိန်နည်းပြီး အစိုဓာတ်များလို့ အသားအရေ အဆီထွက်ပိုတတ်ပါတယ်။ဒါကြောင့် အသားထဲအစိုဓာတ် တိကျစွာ ထိန်းပေးနိုင်ဖို့အတွက် Gel Type Moisturizer သုံးဖို့လိုပါတယ် ။
(၃) Oil-control Cleansing
အဆီပြန်လွယ်တဲ့ မိုးရာသီမှာ Cleansing ပိုင်းကလည်း အရေးကြီးပါတယ်။ မသန့်စင်တဲ့အခါမှာ ဝက်ခြံအလွယ်တကူ ထွက်နိုင်ပါတယ်။နူးညံ့ပြီး အသားမခြောက်စေတဲ့ Cleanser သုံးသင့်ပါတယ်။
လက်ရှိ မိုးရာသီတွင် ဝက်ခြံ၊ တင်းတိတ် နဲ့ တခြားအရေပြားပြဿနာများ ယခင်ကထက် ပိုဆိုးလာပြီး ထိန်းသိမ်းရခက်ခဲနေပါက အရေပြားဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ *NeoGlow* မှာ မိုးတွင်းကာလအတွင်း အရေပြားပြဿနာ ကင်းစင်ပြီး ကျန်းမာလှပသော အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် ကုသမှုစနစ်များ ပေးစွမ်းလျက်ရှိပါတယ်။ ရက်ချိန်းလေးကြိုယူပြီး လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township , Yangon
#အမဲစက် #ဝက်ခြံ #ကုသမှု
22/08/2025
ဝက်ခြံပေါက်ဖူးတဲ့သူတိုင်းအနေနဲ့ နောက်ဆက်တွဲကြုံတွေ့ရတက်တာကတော့ ပျောက်ကင်းဖို့အတွက် အချိန်များစွာပေးရတဲ့ (Hyperpigmentation) အမာရွတ် အပျော့စား (သို့) အမဲစက် (Dark Spots)ပြဿနာပါ ။ ဒီလိုမျိုး အမဲစက်တွေ (Dark Spots) ဆိုတာ ပုံမှန်အားဖြင့် အဆီချို့တဲ့ခြင်း၊ နေရောင်ဒဏ်၊ ဟော်မုန်းပြောင်းလဲခြင်း နှင့် ဝက်ခြံကိုညှစ်မိခြင်း စတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
အမဲစက်တွေကို ပျောက်ကင်းဖို့အတွက် အောက်ပါအချက်လေးတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ အမဲစက်တွေ လျော့ပါးပြီး တဖြည်းဖြည်းပျောက်သွားမှာ အသေချာပါပဲ ။
(၁) နေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ဖို့က အဓိကအရေးအကြီးဆုံးပါ ။ ဒါကြောင့် နေ့တိုင်း SPF 30 နဲ့အထက် Sun Cream ကိုစနစ်တကျသုံးတာ ၊ ထီး ၊ ဦးထုပ်ဆောင်တာမျိုးလုပ်ဆောင်သင့်ပါတယ်။
(၂) ဝက်ခြံကို လက်နဲ့ညှစ်တာကလည်း အမဲစက်ကျန်စေဖို့အတွက် အဆိုးဆုံးမို့ မလုပ်သင့်ဆုံးပါပဲ ။ ဒီတော့ ဝက်ခြံပေါက်လာတာနဲ့ မညှစ် ၊ မကုတ်ဖို့တော့ လိုပါတယ်။
(၃) အိပ်မပျော်တာနဲ့ စိတ်ပင်ပန်းမှုကြောင့် အသားအရေ အပြောင်းလဲဖြစ်ပြီး အမဲစက်တွေကို ပိုမြင်ရလာနိုင်ပါတယ်။ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ် ။
(၄) ဆေးလိပ်သောက်သုံးခြင်းကလည်း အိုမင်းမှုအရှိန်ကိုမြန်စေသလို အမဲစက်တွေကိုလည်း ပိုထင်ရှားစေပါတယ်။ဒါကြောင့် အမဲစက်တွေကို လျော့ပါးပျောက်ကွယ်ချင်ရင်တော့ ဆေးလိပ်ကိုပါဖြတ်ရပါမယ် ။
(၅) အမဲစက်တွေကို သက်သာစေတဲ့ ( Vitamin C, Niacinamide , Alpha Arbutin , Retinoids,etc..) စတဲ့ Active Ingredients လေးတွေကိုသုံးပေးသင့်ပါတယ် ။
Active Ingredients တွေက အမဲစက်ပျောက်စေဖို့အတွက် အထောက်အကူပြုပေးနိုင်ပေမယ့် မိမိအသားအရည်နဲ့ ကိုက်ညီတဲ့ Productsလေးတွေ ဖြစ်ဖို့အရေးကြီးပါတယ် ။ ဒီလိုမျိုးသိရဖို့အတွက်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့စနစ်တကျတိုင်ပင်ဖို့လိုအပ်ပါတယ်။
NeoGlow မှာလည်း မိမိရဲ့အလှအပကျန်းမာရေးအတွက် အသေးစိတ်ဆွေးနွေးနိုင်ပြီး ၊ ဝက်ခြံအမဲစက်နဲ့ပတ်သတ်တဲ့ကုထုံးတွေကိုလည်း ရယူနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးရင်းနဲ့ မျှဝေလိုက်ပါတယ် ။ ။
Phone - 09253372238 ၊ 09264577022 ၊ 095059600
Address - 19/F , Mel Zi Gone Road , Hlaing Township , Yangon
#အမဲစက် #ဝက်ခြံ #ကုသမှု
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
19(F), Mae Zi Gone Road, Hlaing Township
Yangon
11041
Opening Hours
| Tuesday | 12:00 - 18:00 |
| Wednesday | 12:00 - 18:00 |
| Thursday | 12:00 - 17:00 |
| Friday | 12:00 - 18:00 |
| Saturday | 12:00 - 18:00 |
| Sunday | 12:00 - 18:00 |