AKT
28/05/2026
ဆောက်လုပ်ရေး နယ်ပယ်မှာ ရှိနေတဲ့ ကုမ္ပဏီတွေအတွက် Skills Upgrading နဲ့ System Set-up ကို Professional Services ပေးနေတာ တော်တော်လေး ကြာခဲ့ပါပြီ။ စလုပ်ကတည်းကနေ အခုအချိန်ထိဆို Company ပေါင်း ၃၀ လောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးခဲ့တဲ့ အထဲမှာ ရွှေတောင် (Shwe Taung) လိုမျိုး အထင်ကရ ကုမ္ပဏီကြီးတွေ ပါသလို၊ ဆောက်လုပ်ရေး လောကမှာ ကိုယ်စီနာမည်တွေနဲ့ ရပ်တည်နေကြတဲ့ OoLayGyi, Sun Tech, Bright Hands, TaKaungBwar အစရှိတဲ့ ကန်ထရိုက်တာ ကုမ္ပဏီတွေလဲ ပါခဲ့ပါတယ်။ Developer တွေလဲ ပါဝင်ခဲ့ပြီး Hillman Land အစရှိတဲ့ Company တွေကို Services ပေးခဲ့ပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ Company တွေ ဆိုရင်တော့ လူကိုယ်တောင် သွားရောက်ပြီး Training ပေးဖြစ်တာ များပေမယ့် .. နယ်က Company တွေ ဆိုရင်တော့ Online ကပဲ ဆွေးနွေးရပါတယ်။ Online က ဆွေးနွေးတယ် ဆိုပေမယ့် လုပ်ဆောင်ရမယ့် အချက်တွေ၊ ဖြစ်နေတဲ့ အခက်အခဲတွေကို အပြန်အလှန် ပြောဆိုဖြစ်ကြတာမို့ Face to Face တွေ့ရတာနဲ့ မခြားပါဘူး။ Company Management ရဲ့ ဦးဆောင်မှု အောက်မှာ ဝန်ထမ်းတွေက တက်တက်ကြွကြွနဲ့ ပါဝင်တယ်ဆိုရင် အားလုံးအတွက် အကျိုး ရှိတာပါပဲ။
ဒီရက်ပိုင်းမှာ Mandalay အခြေစိုက် Company တစ်ခုနဲ့၊ Magway အခြေစိုက် Company တစ်ခုကို Online ကနေပဲ Project Management System Set-up Training လုပ်ပေးဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Manadalay အခြေစိုက် Company က နဂိုကတည်းက ကုမ္ပဏီမှာ Project Situation and Status ကို Monitor လုပ်ဖို့ Application ကို သုံးနေတာ တွေ့ရပါတယ်။ ပြီးတော့ ဒီဟာကိုလဲ ဝန်ထမ်းတွေက Data Uploading လုပ်ပေးကြတာ တွေ့ရပါတယ်။ Impressive ဖြစ်ရပါတယ်။
ကျနော့်ဘက်ကတော့ Company တိုင်းမှာ လိုအပ်နေတဲ့ ကဏ္ဍလေးတွေ၊ ပေါင်းစပ်ပြီး လုပ်ရမယ့် အကြောင်းအရာတွေ၊ လက်တွေ့ မြေပြင်မှာ အကောင်အထည် ဖော်တဲ့ အချိန်မှာ ကြုံရမယ့် ကိစ္စတွေ၊ ဖြေရှင်းပုံ ဖြေရှင်းနည်းလမ်းတွေ၊ Company မှာ System တစ်ခုကို တည်ဆောက်ဖို့ လိုအပ်မယ့် ကိစ္စတွေ၊ လည်ပတ်ပုံတွေ .. ဒါတွေကို Company တစ်ခုချင်းစီရဲ့ Nature နဲ့ ကိုက်ညီအောင် ရှင်းပြပေးပါတယ်။
ဒီနေရာမှာ တစ်ခု Remind လုပ်ချင်တာက စီမံကိန်းရဲ့ သဘောတရားကို ပြန်ပြောင်း အမှတ်ရဖို့ပါ။ စီမံကိန်းဆိုတာ Unique ဖြစ်ပါတယ် .. ဒီသဘောတရားကြောင့်လဲ Project တွေကို သေချာ Management လုပ်ဖို့ လိုတာပါ။
အဲ့ဒီလိုပါပဲ .. Company တိုင်းဟာ Unique ဖြစ်ပါတယ်။ သူများ ကုမ္ပဏီမှာ လုပ်လို့ရတဲ့ဟာ .. ကိုယ့်ကုမ္ပဏီမှာ တိုက်ရိုက်လုပ်လို့ရမယ်လို့ မထင်ပါနဲ့ .. အဲ့ဒီလောက် မရိုးရှင်းပါဘူး။ ကျနော်တို့မှာ စဉ်းစားရမယ့် Factors တွေ အများကြီး ရှိပါတယ်။ ဒါလေးတွေကို ချိန်ညှိပြီးမှ အကောင်းဆုံး ဖြစ်မယ့် စနစ်တစ်ခုကို တည်ဆောက်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစနစ်ကို အသက်ဝင်အောင်လဲ အများကြီး ကြိုးစားရပါတယ်။
ကျနော်ကတော့ အလုပ်ကို Professional ကျကျပဲ လုပ်ဆောင်ပြီး၊ ကိုယ့်နဲ့အတူတူ အလုပ်လုပ်ဖြစ်တဲ့ Company တိုင်းကို မိတ်ဆွေလိုမျိုး သဘောထားပြီး ရေရှည်တိုးတက်ဖို့ပဲ လမ်းညွှန်ပေးလေ့ ရှိပါတယ်။ အဲ့ဒီအတွက် အခု စာဖတ်နေတဲ့ မိတ်ဆွေရဲ့ Company ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ပဲ ဖြစ်ဖြစ် တိုးတက်အောင်မြင်ပြီး၊ စနစ်တကျ ဖြစ်ချင်ရင် Training or Set-up လုပ်လို့ရပါတယ်လို့ ပြောကြားလိုက်ရပါတယ်။
ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)
27/05/2026
အခုဒီပို့စ်မှာ ဖော်ပြထားတဲ့ ပုံလေးက Singapore က Data Center Construction Project တစ်ခုရဲ့ Planning Guidelines မှာ ပါတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး International Construction Projects တွေကို ဖော်ဆောင်တဲ့နေရာမှာ Planning အပိုင်းကို စနစ်တကျနဲ့ လုပ်ပေးရမယ်ဆိုတဲ့ Requirements တွေ ရှိပါတယ်။ ပုံမှန်ဆို Tender ခေါ်တဲ့အချိန်မှာကတည်းက ဒါတွေကို သေချာပြောထားလေ့ ရှိပြီး .. Project Commencement ဖြစ်ပြီဆိုရင်လဲ ကန်ထရိုက်တာက မဖြစ်မနေ လုပ်ပေးရပါတယ်။
အဲ့ဒီထဲမှာ Master Schedule လိုမျိုး Baseline Programme ကို တင်ပေးရတာ ရှိပြီး၊ ဒီ Programme Development မှာလဲ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာ Programme ဖြစ်ပြီးရော၊ Gantt Chart လေး ထွက်လာရင် ရပြီဆိုပြီ လုပ်လို့ မရပါဘူး။ Schedule Development အဆင့်တိုင်းမှာ စဉ်းစားရတဲ့ အချက်တွေ ရှိပါတယ်။ ဒါတွေကို သေချာ လုပ်ပေးမှ Programme Submission က Passed ဖြစ်မှာပါ။
ကောင်းပြီ .. ပုံမှာ ပါနေတဲ့ဟာလေးတွေကိုပဲ ဆွေးနွေးရအောင် …။
သူက Activity Logic လို့ ပြောပါတယ် .. တကယ်တမ်းတော့ Logic ဆိုတာ Schedule အရ Sequencing ကို ပုံဖော်တဲ့နေရာမှာ စဉ်းစားရမယ့် အချက်တွေကို ပြောတာ ဖြစ်ပါတယ်။
👉အဲ့ဒီမှာ Circular Relationships ဆိုတာ Activities တွေကို Link ချိတ်တဲ့နေရာမှာ Looping မဖြစ်ရဘူးကို ဆိုလိုတာပါ။ ဒါက Structural Activities တွေမှာ ရှင်းတတ်ပေမယ့်၊ Archi Activities တွေ၊ M&E Activities တွေ ထည့်တဲ့အချိန်မှာ သေချာ မစဉ်းစားဘဲနဲ့ လုပ်မိရင် Schedule မှာ Looping ဖြစ်သွားတတ်ပြီး၊ Programme Run မရတာမျိုး ဖြစ်တတ်ပါတယ်။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး Page ထဲမှာရော၊ YouTube Channel မှာရော ရှင်းပြထားဖူးပါတယ်။
👉ဒုတိယအချက်ကတော့ Activity ရယ်လို့ ကျနော်တို့က သတ်မှတ်လိုက်တယ်ဆိုရင်၊ အဲ့ဒီ လုပ်ငန်းတိုင်းမှာ Predecessor နဲ့ Successor ရှိရပါမယ်။ ဒါတွေမရှိဘဲ Sequencing ကို စဉ်းစားလို့ မရပါဘူး။ အနည်းဆုံး One Predecessor and One Successor ရှိရပါမယ်။ ဒါပေမယ့် ဒီဟာက တစ်ခုပဲ ရှိရမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ၊ လုပ်ငန်းရဲ့ Nature အရ လိုအပ်ရင် တစ်ခုမကလဲ ရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ တစ်ခု ရှိရမယ်ကို ဆိုလိုပါတယ်။ အကယ်၍ Predecessor ပဲ ရှိပြီး၊ Successor မရှိရင် Open-end Activity ဖြစ်ပြီး၊ လုပ်ငန်း နောက်ကျရင် ဘာဆက်ဖြစ်မလဲဆိုတာကို Monitor လုပ်နိုင်မှာ မဟုတ်ပါဘူး။
👉နောက်တစ်ခုက International Projects တွေမှာ Schedule ဆွဲတယ်ဆိုရင် မလိုအပ်ဘဲ Constraint မသုံးရပါဘူး။ Constraint သုံးရင် Schedule ရဲ့ ှSequencing ကို ထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် Programme တစ်ခုမှာ Constraint သုံးလိုက်ပြီဆိုရင် ဘာဖြစ်လို့ သုံးရတယ်ဆိုတာကို ရှင်းပြရပါတယ်။ ပုံမှန်ကတော့ Milestones Activity အမျိုးအစားမှာ ခွင့်ပြုပါတယ်။
👉နောက်တစ်ခုအနေနဲ့ကတော့ Activity Relationships တွေ အကြောင်း နားလည်ရမှာပါ။ Activity Relationship Types က လေးမျိုး ရှိပါတယ်။ အတိုကောက်တွေနဲ့ပဲ ပြောရရင် FS, SS, FF and SF ဖြစ်ပါတယ်။ အဲ့ဒီမှာ Schedule ဆွဲရင် FS ကို သုံးဖို့ပဲ အားပေးပါတယ်။ SS တို့၊ FF တို့ သုံးရင်တော့ ဘာဖြစ်လို့ သုံးရတယ်ဆိုတာကို Consultant/ Client ကို ရှင်းပြရမှာ ဖြစ်ပါတယ်။ SF လိုမျိုးဟာကိုတော့ စီမံကိန်းတစ်ခုကို Project Start ကနေ စပြီး စဉ်းစားတယ်ဆိုတာ ပြုလုပ်နေသမျှ ကာလပတ်လုံး ကျနော်တို့ မသုံးသင့်ပါဘူး။
👉ကျန်တာတွေက Lags ကိစ္စ ဖြစ်သွားပါပြီ။ တစ်ချို့တွေက Schedule လုပ်ရတဲ့ အချိန်ကို ချုံချင်တဲ့အခါ FS ကို မသုံးဘဲ၊ SS + lag ဆိုတာနဲ့ ဆွဲကြပါတယ်။ မရဘူး မဟုတ်ပါဘူး .. ဘာဖြစ်လို့ ဒီလိုလုပ်ရတယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ကိုယ့်မှာ အကြောင်းပြချက် ရှိရင် ရှင်းပြလို့ ရပါတယ်။ ဒါပေမယ့် Lag value ကို အများကြီးတော့ ပေးလို့မရပါဘူး။ Lag ဆိုတဲ့ စောင့်ဆိုင်းနေရတဲ့ အချိန်ကို ဆိုလိုတာ ဖြစ်လို့ တစ်လထက် ကျော်တာမျိုးကို ဒီ စီမံကိန်းမှာ ခွင့်မပြုဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
👉နောက်ဆုံးအချက်ကတော့ ဒီ Lag သုံးတဲ့အချိန်မှာ Negative Lag သုံးတာမျိုးကို ခွင့်မပြုဘူးလို့ ဆိုလိုတာပါ။ ဥပမာ အနေနဲ့ FS – lag ဆိုတာမျိုး လုပ်မရပါဘူး။ အဲ့ဒါကတော့ Schedule ရဲ့Logic ကို ထိခိုက်စေနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
📌တကယ်တမ်းတော့ သူပြောထားတဲ့ Logic တွေက အထူးအဆန်း မဟုတ်ပါဘူး။ Project Scheduling အကြောင်းလေ့လာရင် ဒီဟာတွေက အခြေခံအနေနဲ့ သိရမှာတွေ ပါပဲ။ ကျနော်ဆို PPPS အတန်းပဲ ဖြစ်ဖြစ်၊ PSMP အတန်းပဲ ဖြစ်ဖြစ် .. Scheduling သင်တန်းတွေ သင်ရင် ဒီအခြေခံတွေကို ပိုင်နိုင်အောင် အမြဲ ရှင်းပြပေးပါတယ်။ အဲ့ဒါကြောင့် Project Scheduling နဲ့ ပတ်သက်ပြီး စည်းစနစ်တကျနဲ့ သိထားပြီး၊ လက်တွေ့မှာ အသုံးချချင်ရင်ဖြင့် အခုလာမယ့် 7-June-2026 မှာ ဖွင့်မယ် Primavera P6 အတန်းလေးကို Join လို့ရပါတယ်လို့ သတင်းစကားလေးလဲ ထပ်မံပါးလိုက်ရပါတယ်။
https://www.facebook.com/share/p/1V2LxUmX99/
ခင်မင်လေးစားစွာဖြင့်
AKT
14/05/2026
🎯Construction Project တစ်ခုဆောင်ရွက်တဲ့အခါမှာ စဉ်းစားထားသင့်တဲ့ Preliminary Items များ 🎯
ဒီခေါင်းစဉ်လေးက International Construction Projects တွေပဲဖြစ်ဖြစ်၊ Large-scale Construction တွေပဲ ဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် အမြဲလိုလို ဆွေးနွေးရတဲ့ ခေါင်းစဉ်ထဲမှာ ပါပါတယ်။ Preliminary Items ဆိုတာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု စဖို့အတွက် ကြိုတင်ပြင်ဆင်ရတဲ့ လုပ်ငန်းတွေကို ဆိုလိုပါတယ်။ ဒီနေရာမှာ နားလည်ရမှာက ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမဆို Preliminary Items တွေ လုပ်ရပါတယ်။ Civil Works ပဲလုပ်လုပ်၊ M&E Works ပဲလုပ်လုပ် Preliminary မလုပ်ရဘဲနဲ့ လုပ်ငန်းစလို့ ရတာမျိုး မရှိပါဘူး။
အဲ့ဒါကြောင့် Singapore Construction Industry မှာ ကန်ထရိုက်တာတွေ လက်စွဲပြုတဲ့ Standard Method of Measurement (SMM2) မှာဆိုရင် လုပ်ငန်းတစ်ခု လုပ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမယ့် Preliminary Items တွေကို အတိအလင်း ပြောပြထားပါတယ်။ ဒါက မျက်စိထဲ မြင်လွယ်အောင် ကိုယ်တွေနဲ့ အလှမ်းမဝေးတဲ့ Singapore Construction Industry ကို ညွှန်းလိုက်တာပါ။ တကယ်တမ်းတော့ NRM (New Rules of Measurement) ဆိုပြီး RICS က ထုတ်ထားတာမှာဆိုလဲ ပါပါတယ်။ Tables တွေနဲ့ အတိအကျကို ဖော်ပြထားပါတယ်။
SMM အရပဲ ဖြစ်ဖြစ် .. တကယ့်လက်တွေ့မှာ စဉ်းစားရမှာပဲ ဖြစ်ဖြစ် ကျနော်တို့က Preliminary Items တွေကို အမျိုးအစားခွဲတော့မယ်ဆိုရင်
👉(၁) Site Preparation - မြေနေရာ ပြင်ဆင်ခြင်းအတွက် ပြုလုပ်ရတာတွေ ရှိပါတယ်။ အဲ့ဒါတွေက Demolition ကနေ စပြီး ရှိနိုင်ပါတယ်။ Site Clearing, Trees Felling, Setting Out အစရှိတာတွေ ပါပါလိမ့်မယ်။ ဒီနေရာမှာ ဒီဟာတွေကို စီစဉ်မယ့်လူပဲဖြစ်ဖြစ်၊ ကုန်ကျစရိတ် တွက်မယ့် QS ပဲ ဖြစ်ဖြစ် နားလည်ထားရမှာက လုပ်ငန်းတစ်ခုချင်းစီရဲ့ Procedures တွေကိုပါ အတတ်နိုင်ဆုံး သိရမှာပါ။ ဥပမာ Demolition ဆိုရင် Permit လိုမယ့် ကိစ္စတွေ၊ Utility Authority နဲ့ Services Cut off လုပ်ရမယ့် ကိစ္စတွေ .. ဒီဟာတွေ လုပ်ဖို့ လိုတယ်ဆိုတာ မြင်ရပါမယ်။
Setting out ဆိုရင်လဲ Initial Reference lines က ဘယ်သူက ပေးမှာလဲ၊ ကိုယ့်ဘက်က Licensed Surveyor ခေါ်ဖို့ လိုတာလား၊ BM (Bench Mark) ဘယ်နေရာလုပ်မှာလဲ .. ဒီလိုမျိုးတွေ အနည်းနဲ့အများတော့ သိထားဖို့ လိုပါတယ်။
👉(၂) Site Management and Faculties - ဆိုက်လုပ်ငန်း လည်ပတ်ဖို့အတွက် လိုအပ်မယ့်ဟာတွေ ပြင်ဆင်ဖို့ လိုပါတယ်။ အဲ့ဒီထဲမှာ Site Office, Store, Hoarding, Washing Bay, Noise Barrier, Temporary Utilities အစရှိတာတွေ အကုန်ပါဝင်ပါတယ်။ အဓိက ဒီဆိုက်လည်ပတ်ဖို့အတွက် ဘာတွေ Temporary Works အနေနဲ့ ပြင်ဆင်ရမလဲ ကိစ္စတွေ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် International Construction Projects တွေမှာ ဆိုရင် ဆိုက်မစခင်ကတည်းကိုက Site Utilization Plan ဆိုပြီး ကန်ထရိုက်တာဘက်ကနေ Official Submission တင်ပေးရပါတယ်။ တစ်ချို့လဲ Temporary Works Plan လို့ ခေါ်ပါတယ်။ ဒီဟာက အင်မတန်မှ အရေးကြီးပါတယ်။ Temporary Works သေချာ မလုပ်ထားဘူးဆိုရင် Construction က ကောင်းကောင်း လည်ပတ်လို့ မရပါဘူး။ ဥပမာ တစ်ချို့တွေဆို Access Road သေချာ မလုပ်ထားလို့ ပစ္စည်းပို့ မရတာတွေ ရှိပါတယ်။
👉(၃) Professional & Statutory Fees - ဒီခေါင်းစဉ် အောက်မှာတော့ ဆောက်လုပ်ခွင့်ရဖို့ အတွက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို စဉ်းစားဖို့ လိုပါတယ်။ Design and Endorsement ကိစ္စတွေ၊ Permit and Licenses ကိစ္စတွေ စဉ်းစားထားရမှာ ဖြစ်ပါတယ်။ Professional Fees အောက်မှာ Site Supervision အတွက် ကုန်ကျငွေတွေလဲ ရှိမှာ ဖြစ်ပါတယ်။
အဲ့ဒီမှာ တစ်ခု မှတ်ထားရမှာက ဆောက်လုပ်ခွင့်ကို ဘယ်သူလုပ်မလဲဆိုတော Project Delivery Methods တွေ ပေါ်မှာ မူတည်ပေမယ့်၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ လိုအပ်မယ့် License and Approval ကိစ္စတွေကိုတော့ ကန်ထရိုက်တာတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ Method Statement တစ်ခု တင်တယ် .. အဲ့ဒီ Method Statement မှာ Endorsement လိုတယ်ဆိုရင် အဲ့ဒါ Contractor’s Scope ပဲ ဖြစ်ပါတယ်။
👉(၄) General Project Costs - ဒီဟာက နောက်ဆုံးပိတ် ခေါင်းစဉ်တပ်လိုက်တာပါ .. တကယ်တမ်းတော့ ဒီအောက်မှာ တခြားသော Preliminary Items တွေ အကုန်ပါပါလိမ့်မယ်။ သေချာတာက Project အစမှာပဲ တခါထဲ လုပ်ပြီးရင် ပြီးသွားတဲ့ One-time used Preliminary Items တွေ ပါနိုင်သလို၊ ထပ်ပြန်တလဲလဲ လုပ်ရမယ့် Recurring Items တွေလဲ ပါပါတယ်။ ဥပမာ Safety လို ကိစ္စမျိုးဆိုရင် ကျနော် တခါပဲ လုပ်မယ် .. နောက်ထပ်မလုပ်တော့ဘူးလို့ ပြောမရပါဘူး။ ဒီဟာက စီမံကိန်း အစကနေ အဆုံးကို လုပ်ရမယ့် Item ပဲ ဖြစ်ပါတယ်။
အဲ့ဒီထဲမှာ ကျနော်တို့နဲ့ သိပ်မရင်းနှီးကြတဲ့ ကိစ္စတွေက Bonds နဲ့ Insurance ကိစ္စလိုမျိုးဟာတွေ ဖြစ်ပါတယ်။ ဒီဟာတွေက Risk Management ရဲ့ ရှူထောင့်ကနေ ရှူမြင်ပြီး Client တွေက Contractor တွေဆီကနေ တောင်းခံထားတာ ဖြစ်ပါတယ်။ International Construction Project ဆိုရင်တော့ Performance Bond နဲ့ CAR (Contractor’s All Risks) Insurance က LOA (Letter of Award/Agreement) ရတာနဲ့ ကန်ထရိုက်တာက မဖြစ်မနေ ပေးရပါတယ်။ အဲ့ဒီဟာတွေကို ကန်ထရိုက်တာဘက်ကနေ Submission မတင်ပဲနဲ့ အလုပ်စလို့ မရဘူးဆိုပြီး တစ်ချို့စာချုပ်တွေမှာ ကန့်သတ်ထားတာ ရှိပါတယ်လို့ ဒီနေ့တော့ Construction Preliminary Items တွေအကြောင်း အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။
International Construction Projects တွေမှာ သိထားရမယ့် Management ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ အခုလာမယ့် မေလ ၁၇ ရက်နေ့မှာ IPPC အတန်းလေး ပြန်ဖွင့်ဖို့ ရှိပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှူလေ့လာနိုင်ပါတယ် ခင်ဗျား။
https://www.facebook.com/share/p/1GrGSDYg6m/
ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
5(B), 210/1, Myinthar 11th Street, Block 14, South Okkalapa
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |