Zero Limit

Zero Limit

Share

18/08/2023

ကော်ဖီ အကြောင်း တစေ့တစောင်း နှင့် ကော်ဖီဆိုင် ထိုင်တဲ့အခါ ဘယ်လိုကော်ဖီကို ရွေးချယ် သောက်ကြမလဲ

ကော်ဖီသမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ ဇာတ်လမ်းလေးတွေအများကြီး ရှိပါတယ်။ အဲ့ထဲကမှ ထင်ရှားတဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြောရမယ်ဆို အေဒီ ၉ ရာစုလောက်က အီသီယိုးပီးယား နိုင်ငံက ဆီတ်ကျောင်းသားလေး ကယ်လ်ဒီ( K Aldi ) က ကော်ဖီကို စတင်တွေ့ရှိခဲ့တဲ့ ဇာတ်လမ်းလေးဟာ ပိုပြီး ထင်ရှားပါတယ်။

ကယ်လ်ဒီဟာ ဆိတ်ကျောင်းရင်း သူ့ဆိတ်တွေက ညမအိပ်ပဲ ခုံပေါက်မြူးထူးနေတာကို မြင်ရတဲ့အခါ ဘာကြောင့်ဒီလိုဖြစ်တာလဲ အဖြေရှာပါတယ်။ အဲ့ဒီအခါမှာ အနီရောင်အသီးသီးတဲ့ အပင်တချို့ဆီက အသီးတစ်မျိုးကို စားမိပြီး သူ့ဆိတ်တွေ ဒီလိုခုန်ပေါက်မြူးထူးနေတယ်ဆိုတာကို သိလိုက်ရပါတယ်။

အဲ့ဒီအသီးတွေကို သူကိုယ်တိုင် စားကြည့်တဲ့အခါမှာလည်း အိပ်ချစ်စိတ်တွေ လေးလံထိုင်းမှိုင်းစိတ်တွေ မရှိဘဲ တက်ကြွလန်းဆန်းနေတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် ကယ်လ်ဒီဟာ သူ့ဒေသခံ ဘာသာရေးဘုန်းတော်ကြီးတွေကို သွားပြောပြတော့ ဘုန်းတော်ကြီးတွေကလည်း ဒီအသီးကို ဝေမျှစားသုံးကြတဲ့အခါ ညဘက် တရားထိုင်ကြတော့ မအိပ်ချင်ပဲ လန်းဆန်းနေကြပါတယ်။

အဲ့လိုနဲ့ ဒီအသီးရဲ သတင်းတွေဟာ အာရေးဗျကျွန်းဆွယ်တွေနဲ့ တောင်အမေရိကတိုက်တွေအထိ လျှင်မြန်စွာ ပျံနှံ့သွားပါတော့တယ်။ ၁၅ ရာစု လောက်မှာတော့ ယီမင်နှင့် အာရေဗီရပြည်နယ်တွေမှာ ကော်ဖီကို စတင်စိုက်ပျိုးခဲ့ကြပြီး ၁၆ ရာစုမှာတော့ ပါရှား၊ အီဂျစ်၊ ဆီးရီးယား၊ တူရကီ စတဲ့ ဒေသများမှာလည်း လူသိများလာခဲ့ပါတယ်။

အာရေဗျကျွန်းဆွယ်ကလူတွေဟာ ကော်ဖီကို အလွန်ပဲ ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ရဲ့အခေါ်ကတော့ ( ကာဝါ) ဖြစ်ပါတယ်။ အဲ့ဒီအချိန်ထိတော့ အာရေဗျကျွန်းဆွယ် နဲ့ အက်ဗီဆီးနီးယား နိုင်ငံတွေမှာ ကော်ဖီကို နှစ်သက်စွာ သောက်သုံးနေကြပေမဲ့ ဥရောပတိုက်ရှိလူတွေကတော့ ကော်ဖီကို သောက်ရမှန်းတောင် မသိခဲ့ကြသေးပါဘူး။

၁၇ ရာစုလောက်မှာမှ အနောက်တိုင်း ခရီးသွားများရဲ့ သယ်ဆောင်လာမှု ကုန်စည်ဖလှယ်မှုတွေကြောင့် ဥရောပနိုင်ငံကို ကော်ဖီ စတင်ရောက်ရှိလာခဲ့ပါတယ်။ 1714 ခုနှစ်မှာတော့ အမ်စတာဒမ် မြို့တော်ဝန် မှ ပြင်သစ်ဘုရင် (လူးဝစ် ၁၄) ကို ကော်ဖီအပင်ပေါက်လေးများကို လက်ဆောင်ပေးခဲ့ရာမှ ကော်ဖီပင်ကို တော်ဝင်ရုက္ခဗေဒဥယျာဉ်မှာ စမ်းသပ်စိုက်ပျိုးစေခဲ့ပါတယ်။

ကော်ဖီသောက်သုံးမှု ကျယ်ပြန့်လာသည်နှင့်အမျှ အာရေဗျနိုင်ငံရဲ့အပြင်ဘက်တွေမှာပါ ကော်ဖီ စိုက်ပျိုးမှုတွေလည်း များပြားလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒတ်ချ်လူမျိုးများဟာ ကော်ဖီ စိုက်ပျိုးမှု နမူနာပုံစံကို ရရှိခဲ့ပြီး ဂျာဗား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အောင်မြင်စွာ စိုက်ပျိုးလာနိုင်ခဲ့ပါတယ်။ ကော်ဖီစိုက်ပျိုးမှုနဲ့အတူ ထုတ်လုပ်မှုတွေပါ ကြီးစိုးနိုင်ခဲ့ပြီး ဆယ်လယ်ဘတ်နဲ့ ဆူမားတြားကျွန်းတွေမှာပါ တိုးချဲ့စိုက်ပျိုးလာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကော်ဖီဟာ တဖြည်းဖြည်း ကမ္ဘာအနှံ့ စိုက်ပျိုးထုတ်လုပ်လာပြီး တွယ်ကျယ်လာခဲ့ပါတယ်။

ကော်ဖီစေ့ အမျိူးအစား တွေကတော့ Arabica ၊ Robusta ၊ Librica ၊ Excelsa ဆိုပြီး ရှိပါတယ်။

ကမ္ဘာပေါ်မှာ ကော်ဖီဖျော်နည်းပေါင်းများစွာ ရှိတဲ့အထဲက ယခုလက်ရှိအချိန်ထိ ခေတ်အစားဆုံး ကော်ဖီ ဖျော်နည်းတွေကတော့ Turkish ၊ French Press ၊ Pour over ၊ Moka Pot ၊ Syphon ၊ Cold drip ၊ Espresso စတဲ့ ဖျော်နည်းတွေပါပဲ။

ကော်ဖီနဲ့ သိပ်မရင်းနီးတဲ့သူတွေအတွက်တော့ ကော်ဖီဆိုင်ရောက်တဲ့အခါမှာ မီနူးမှာ ရေးထားတဲ့ ကော်ဖီနာမည်လေးတွေ ဖတ်ပြီး ဘယ်ကော်ဖီ ရွေးချယ်သောက်ရမလဲ စဉ်းစားရခက်စေပါလိမ့်မယ်။

ဒါကြောင့် ကော်ဖီနာမည်လေးတွေနဲ့အတူ ဘယ်ကော်ဖီအမျိုးအစားဆို ဘယ်လို အရသာလေး ရှိတယ်ဆိုတာလေးကို ခရမ်းပြာ သိသလောက်လေး ပြန်ပြီး မျှဝေပေးပါ့မယ်ရှင်။

ကော်ဖီဆိုင်တွေမှာ ရနိုင်တဲ့ ကော်ဖီအမျိုးအစားတွေကတော့ အများကြီး ရှိကြပါတယ်။ အမျိုးအစားတွေ အများကြီး ရှိထဲကမှ Espresso ၊ Cappuccino ၊ Latte ၊ Flat White ၊ Americano ၊ Black ၊ Mocha ၊ Signature ၊ Chocolate ၊ Matcha green tea စတာလေးတွေရဲ့ အကြောင်းကို အနည်းငယ် သိထားရင် ကော်ဖီဆိုင် ရောက်ဖြစ်တဲ့အခါ ကိုယ်နှစ်သက်လောက်မယ်ထင်တဲ့ အရသာလေးကို ရွေးချယ်ပြီး မှာလို့အဆင်ပြေမယ်လို့ ခရမ်းပြာ ထင်ပါတယ်ရှင်။

ကော်ဖီအကြောင်း ကောင်းကောင်းသိတဲ့သူတွေ သောက်နေကြသူတွေအတွက်တော့ မဟုတ်ဘူးပေါ့နော်။ တချို့ မသိသေးတဲ့သူတွေ ကော်ဖီနဲ့ သိပ်မရင်းနီးသေးတဲ့သူတွေအတွက်ကို မျှဝေပေးတာပါ။ ခရမ်းပြာလည်း အရင်ကဆို ကော်ဖီဆိုင် သွားရင် ဘယ်ကော်ဖီက ဘယ်လိုအရသာမှန်း မသိပဲ ရမ်းပြီး မှာတဲ့အခါ ကိုယ်နဲ့အဆင်မပြေတဲ့ ကော်ဖီအရသာတွေကို သောက်ခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့် မသိသေးတဲ့သူတွေအတွက် ကိုယ့်လို မဖြစ်လေအောင် ကိုယ်သိနားလည်သလောက်လေးကို ပြန်မျှဝေပေးတာပါ။ အများကြီး သိလို့ ဆရာကြီး လုပ်တာမျိုး မဟုတ်ပါဘူး။

Espresso - Espresso ဆိုတာကတော့ မှုန့်နေအောင် ကြိတ်ထားတဲ့ ကော်ဖီစေ့အမှုန့်ကို စက်နဲ့အသုံးပြုပြီး ရေနွေး ဖိအားနဲ့ ကော်ဖီရဲ့ အနံ့ အရသာတွေကို အပြည့်အဝ ရရှိအောင် ညစ်ချထားတဲ့ ကော်ဖီအရည်ခတ်ပျစ်ပျစ်ပါပဲ။ ဒါကြောင့် ကော်ဖီရဲ့ အနံ့ အရသာ အများဆုံး ပါဝင်ပါတယ်။ Espresso ဟာ နို့၊ သကြား စတာတွေ ဘာတစ်ခုမှ ပါဝင်ဖျော်စပ်ထားတာ မဟုတ်ပဲ ကော်ဖီအရည် သီးသန့်ပဲသာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အရသာက တခြားကော်ဖီအမျိုးအစားတွေထက် ပိုခါးပါတယ်။ ကော်ဖီကို နို့၊ သကြား စတာလေးပါမှ သောက်တတ်တဲ့သူအတွက်တော့ Espresso က အဆင်မပြေမှာတော့ မဟုတ်ပါဘူး။ ကော်ဖီရဲ့ အရသာကိုပဲ သီးသန့်အရသာခံ သောက်တတ်တဲ့သူအတွက်တော့ ကော်ဖီရဲ့ ခါးသက်တဲ့ အရသာအပြင် ချဉ်တဲ့အရသာ၊ ချိုတဲ့အရသာလေးတွေကိုပါ ခံစားမိစေနိုင်ပါတယ်။ Espresso မှာလည်း ထပ်ပြီး ခွဲထွက်ထားတဲ့ အမျိုးအစားလေးတွေ ရှိကြပါသေးတယ်။ Espresso con panna ၊ Espresso macchiato ၊ Single Espresso ၊ Double Espresso စသဖြင့်ပေါ့။

Cappuccino- Cappuccino ဆိုတာကတော့ ( Espresso ကော်ဖီအရည်) ကို နို့အနည်းငယ်ထည့်ပြီး နောက်ထပ် နို့ကို အမြှုပ်ထူထူရိုက်ပြီး ပေါင်းစပ်ခါ ဖျော်စပ်ထားတာပဲ ဖြစ်ပါတယ်။ ကော်ဖီရဲ့ ခါးသက်တဲ့အရသာနဲ့အတူ နို့အရသာအနည်းငယ်ကို ခံစားရရှိစေနိုင်ပါတယ်။ ကော်ဖီရဲ့ အရသာလေးလည်း ပေါ်လွင်ချင်တယ် Espresso လို လုံးဝခါးသက်နေတာမျိုးလည်း မလိုချင်ဘူးဆို ဒီ Cappuccino က သောက်လို့အဆင်ပြေပါလိမ့်မယ်။

Latte - Latte ကတော့ အသောက်များတဲ့ ကော်ဖီထဲမှာပါပါတယ်။ သူက ချစ်စရာ ပုံလေးတွေကြောင့်လည်း တမျိုး စွဲဆောင်မှု ရှိစေပါတယ်။ ကော်ဖီတစ်ခွက် မှာလိုက်တဲ့အခါ ကိုယ့်ကော်ဖီခွက်လေးမှာ ချစ်စရာ အသဲပုံလေးတွေ လှပတဲ့ ပုံလေးတွေ မြင်လိုက်ရတာနဲ့တင် ပျော်ရွှင် ကျေနပ်တဲ့ စိတ်ခံစားမှုလေးကို ရရှိစေပါတယ်။

Latte ကတော့ ( Espresso ကော်ဖီအရည်) ကို နို့များများထည့်ပြီး နောက်ထပ် နို့ကို အမြှုပ် ပါးပါးရိုက်ခါ ဖျော်စပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ Latte မှာ ကော်ဖီတစ်ခွက်ထက် ပိုတဲ့ ဖန်တီးမှုလေးတွေ များစွာ ပါဝင်ပါသေးတယ်။ Latte ကော်ဖီတစ်ခွက်ကို ဖျော်တဲ့အခါ အချိုးကြ ဖျော်စပ်တတ်ရုံနဲ့ မရသေးပါဘူး။ Latte Art လို့ခေါ်တဲ့ ချစ်စရာပုံလေးများစွာကို ဖန်တီး ရေးဆွဲနိုင်မှုဟာလည်း အရေးပါပါသေးတယ်။ သူက Cappuccino ထက် နို့အရသာပိုပါတယ်။ ဒါကြောင့် ကော်ဖီနဲ့ နို့အရသာ မျှတစွာ သောက်ချင်တဲ့သူတွေ၊ ချစ်စရာ ပုံလှလှလေးတွေနဲ့ သောက်ချင်သူအတွက်တော့ Latte က သောက်လို့အဆင်ပြေပါတယ်။ Latte မှာလည်း Vanilla Latte ၊ Caramel Latte ၊ Hazelnut Latte စသဖြင့် ရှိပါသေးတယ်။ ရိုးရိုး Latte ကိုမှ Vanilla အနံ့၊ Caramel ၊ Hazelnut စတဲ့ အနံ့လေးတွေ ထပ်ပြီး ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။

Flat White - Flat White ဖျော်စပ်ပုံကတော့ Latte ဖျော်စပ်ပုံနဲ့ ဆင်တူပါတယ်။ ကွာခြားသွားတာလေးက Espresso ကော်ဖီအရည် ချတဲ့အခါမှာပါ။ Flat White က ( Espresso ကော်ဖီအရည်) ကို double shot နဲ့ ချပြီး Latte ကတော့ Single shot နဲ့ ချပါတယ်။ ဒါကြောင့် Flat White ကော်ဖီမှာ ကော်ဖီရဲ့ ခါးသက်တဲ့ အရသာက အနည်းငယ် ပိုပါတယ်။ ကော်ဖီသောက်တဲ့အခါ ကော်ဖီရဲ့ ခါးသက်တဲ့ အရသာလေး နည်းနည်းပေါ်လွင်စေချင်တယ် ကော်ဖီမှာ ပါဝင်တဲ့ နို့ရဲ့စိမ့်တဲ့အရသာလေးလည်း ပါချင်တယ်ဆို Flat White ကော်ဖီက သောက်လို့ အဆင်ပြေစေပါလိမ့်မယ်။

Americano - Americano ကလည်း အခါးမကြိုက်တဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။ သူက Espresso ကော်ဖီအရည် ကိုမှ ရေနွေးအပူပဲ ထပ်ပြီး ထည့်ပေးလိုက်တာပါ။ နို့၊ သကြား ဘာမှ မပါပါဘူး။ သူကလည်း ကော်ဖီရဲ့ အရသာကိုပဲ တစိမ့်စိမ့် ခံစားပြီး သောက်ချင်တဲ့သူတွေ အတွက်ပါပဲ။

Black - Black ကတော့ တော်တော်များများ သိကြပါတယ်။ တချို့ ကော်ဖီဆိုင်တွေမှာ Black ကော်ဖီလို့ မှာရင် သံပုရာသီး ထည့်ပေးကြသလို တချို့ဆိုင်တွေမှာတော့ သံပုရာသီး မပါပဲ ကော်ဖီအရည်ပဲ ချတာမျိုးလည်း ရှိပါတယ်။ အဲ့တော့ Black ကော်ဖီကို ချဉ် ချို ခါးအရသာလေးနဲ့ သောက်ချင်တယ်ဆို သကြား၊ သံပုရာသီးလေး ထည့်ပြီး သောက်နိုင်ပါတယ်။

Mocha- Mocha ကတော့ ချောကလက်ရဲ့ အနံ့အရသာလေး အနည်းငယ် ပါဝင်ပြီး Espresso ကော်ဖီအရည်နဲ့ နို့၊ နောက်ပြီး နို့အမြှုပ်ပါးပါးရိုက်ထားတာလေးတွေကို ပေါင်းစပ်ကာ ဖျော်စပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ ချောကလက်အနံ့အရသာလေးနဲ့ ကော်ဖီရဲ့အရသာ တွဲထားတာလေးကို ကြိုက်နှစ်သက်တယ်ဆို Mocha ကော်ဖီလေးကို သောက်နိုင်ပါတယ်။

Signature- Signature ဆိုတာကတော့ အဲ့ဒီကော်ဖီဆိုင်က သူ့စိတ်ကြိုက် သူ့အချိုးနဲ့သူ ဖျော်စပ်ထားတဲ့ ကော်ဖီပါ။ ဒါကြောင့် တစ်ဆိုင်နဲ့ တဆိုင်လည်း အရသာ ကွဲနိုင်ပါတယ်။ များသောအားဖြင့် ကော်ဖီနဲ့ နို့အရသာကို မျှတစွာဖျော်စပ်ထားတတ်ပြီး လူတော်တော်များများ သောက်လို့လည်း အဆင်ပြေပါတယ်။ ကိုယ်ရောက်နေတဲ့ ကော်ဖီဆိုင်ရဲ့ ကော်ဖီအရသာကို မြည်းစမ်းကြည့်ချင်ရင် သောက်လို့ရသလို တခြား ကော်ဖီတွေ မှာရတာ ခေါင်းစားနေတယ်ဆို ကော်ဖီတစ်ခွက်လို့ ပြောလိုက်ရင် တချို့ဆိုင်တွေက ဒီ Signature ကော်ဖီကို ချပေးပါလိမ့်မယ်။

Chocolate- Chocolate ကတော့ ကော်ဖီဆိုင် ရောက်နေပေမဲ့ ကော်ဖီမကြိုက်တဲ့သူ ကော်ဖီ မသောက်ချင်တဲ့သူ ချောကလက်အရသာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

Matcha green tea- Matcha green tea ကတော့ ကော်ဖီ မသောက်ချင်တဲ့သူ လက်ဖက်စိမ်းအရသာ ကြိုက်တဲ့သူတွေအတွက်ပါ။

ကော်ဖီ လုံးဝမသောက်တဲ့သူတွေအတွက် Milk ၊ Lemon tea ၊ Honey Lemon ၊ Green tea ၊ Thai tea စတာတွေ ရွေးချယ်ပြီး သောက်လို့လည်း ရနိုင်ပါတယ်။

ဒီလောက်ဆိုရင် ကော်ဖီနဲ့ သိပ်မရင်းနီးတဲ့သူတွေအတွက်လည်း ကော်ဖီဆိုင် ရောက်ဖြစ်တဲ့အခါတွေမှာ မီနူးကြည့်ပြီး ဘယ်ကော်ဖီ သောက်ရမလဲ အကြာကြီး စဉ်းစားနေစရာမလို သိပ်ပြီး ခေါင်းစားစရာမလိုတော့ဘူးလို့ ထင်ပါတယ်ရှင်။

ဒါကတော့ ကော်ဖီအမျိုးအစား အများကြီး ရှိတဲ့ထဲက တချို့ ကော်ဖီဆိုင်တွေမှာ တော်တော်များများ ပါဝင်တဲ့ ကော်ဖီအမျိုးအစားလေးတွေရဲ့အကြောင်းကို ခရမ်းပြာ သိသလောက်လေး ပြန်မျှဝေပေးတာပါ။

ခရမ်းပြာ တနေ့ ကော်ဖီဆိုင်လေး တစ်ဆိုင် ဖွင့်ဖြစ်ခဲ့မယ်ဆိုရင် ကော်ဖီနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ၊ ကော်ဖီ တစ်ခွက်ချင်းစီရဲ့ အကြောင်းလေးတွေကို ဒီထက်ပိုပြီး ပြောပြချင်ပါသေးတယ်။ ကော်ဖီလေး သောက်ရင်း ကော်ဖီအကြောင်းကို စိတ်ဝင်တစား နားထောင်ချင်တဲ့သူ ရှိခဲ့ရင်ပေါ့

Card

…

07/08/2023

Vacancy Announcement !!

မြောက်ဒဂုံမြို့နယ်ရှိ 𝗗𝗮𝗴𝗼𝗻 𝗠𝗲𝗱𝗶𝗰𝗮𝗿𝗲 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

Position: Office Staff
Post : 1 Post ( Male)
✓တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
✓အနည်းဆုံးရုံးလုပ်ငန်းအတွေ့အကြုံ (၁)နှစ်ရှိရပါမည်။
✓Computer Basic Skill, Microsoft Office အသုံးပြုနိုင်သူဖြစ်ရပါမည်။
✓ဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ အသင်းအဖွဲ့နှင့်အလုပ်လုပ်နိုင်သူဖြစ်ရပါမည်။

===============================
Position : Cashier
Post : 5 Posts ( Male / Female)

✓Any Graduate & LCCI Level -2 Diploma (or) Certificate
✓ Microsoft Excel & Word ကျွမ်းကျင်ရမည်။
✓အင်္ဂလိပ်နှင့် မြန်မာစာ လက်ကွက် ကျွမ်းကျင်ရမည်။
✓ဆေးရုံလုပ်ငန်းနှင့် Cashier လုပ်ငန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
===============================

Position: Pharmacist
Post : 4 Posts ( Male/ Female)
✓B. Pharm
✓ Good computing skills.
✓ Must have 2+years’ experience at related filed.
✓ Must have good organizational skills, communication skills and leader concept.
✓Able to work day and night shift duty
✓Able to work under pressure

===============================
စိတ်ဝင်စားသူများ CV Form အပြည့်အစုံဖြင့် တစ်ပတ်အတွင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
(မြောက်ဒဂုံမြို့နယ် အတွင်းနေထိုင်သူ ဦးစားပေးမည်။)

[email protected]
09 - 883699892 (ရုံးချိန်အတွင်းသာ)

𝗗𝗮𝗴𝗼𝗻 𝗠𝗲𝗱𝗶𝗰𝗮𝗿𝗲 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 - ဒဂုံအထူးကုဆေးရုံကြီး
အမှတ်- ၂က+၂ခ၊ဆရာစံလမ်း၊၂၇ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon