Flexth Yoga

Flexth Yoga

Share

Aim to promote the three factors for essential foundation of physical fitness:
- Flexibility
- Strength
- Mobility

05/05/2026

အိမ်မှာတင် အလွယ်တကူ ကျင့်နိုင်တဲ့ Flexth Yoga Program တွေကို ဘယ်လို လျှို့ဝှက်ချက်နဲ့ စနစ်တကျ ဖန်တီးထားလဲ? 🧘‍♀️✨

​Flexth Yoga က ယောဂကျင့်စဉ်တစ်ခု ပြီးသွားတဲ့အခါ... "ဟာ... ကျင့်လို့ကျင့်မှန်းတောင် မသိလိုက်ဘူး၊ လူရောစိတ်ပါ အရမ်းကို ပေါ့ပါးသွားတာပဲ" လို့ ခံစားဖူးပါသလား?

​ဒါဟာ တကယ့်ကို သေသေချာချာ စနစ်တကျ ရေးဆွဲထားတဲ့ ယောဂ Program တွေမှာပဲ ရနိုင်တဲ့ အကောင်းဆုံး ခံစားချက်ပါ။
Flexth Yoga ရဲ့ Program တွေက တခါမှယောဂမကျင့်ဖူးသူတွေရော၊ လေ့ကျင့်ဖူးသူတွေအတွက်ပါ လေ့ကျင့်ပြီးတာနဲ့ ပေါ့ပါးလန်းဆန်းမူ့ ၊ စိတ်ကျေနပ်မူ့ကို ဘာလို့ပြည့်ပြည့်ဝဝခံစားရတယ်ဆိုတာကို လူတိုင်းနားလည်လွယ်မယ့် "ဟင်းချက်တဲ့ ဥပမာ" လေးနဲ့ ရှင်းပြချင်ပါတယ်။

​အရာအားလုံးဟာ အဆင့်ဆင့် နားလည်မှုကနေ စတင်ပါတယ်...
​Data & Information: ဆား၊ ငံပြာရည်၊ ဟင်းသီးဟင်းရွက် စတဲ့ ပါဝင်ပစ္စည်းတွေက Data တွေပါ။ ဒါတွေကို ဘယ်လို ရောစပ်ရမယ်ဆိုတဲ့ ဟင်းချက်နည်း စာရွက်က Information ပါ။
​Knowledge (အသိပညာ): အဲ့ဒီ ဟင်းချက်နည်းစာရွက်ကို ကြည့်ပြီး ဟင်းတစ်ခွက်ဖြစ်အောင် လိုက်ချက်တတ်တာက Knowledge ပါ။ လူအများစုက ဒီအဆင့်မှာတင် ရပ်နေတတ်ပါတယ်။
​Wisdom (ပညာဉာဏ်/အနှစ်သာရ): ဒါပေမဲ့... စားမယ့်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် ဘယ်ပါဝင်ပစ္စည်းတွေကို အချိုးကျကျ ပေါင်းစပ်ရမလဲဆိုတာ သေချာနားလည်ပြီး၊ "စားရတဲ့သူအတွက် အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်သလို၊ အိမ်မှာ အလွယ်တကူ လုပ်စားလို့ရမယ့်" ပြီးပြည့်စုံတဲ့ ဟင်းလျာ (Menu) တစ်ခုကို တီထွင်ဖန်တီးနိုင်တာကတော့ အတွေ့အကြုံရင့် Master Chef ကြီးတွေရဲ့ Wisdom ပါပဲ။

​ယောဂမှာလည်း ဒီသဘောတရားအတိုင်းပါပဲ...

​တကယ်လို့ ယောဂမှာ Pose (ကိုယ်ဟန်) တွေကို လုပ်တတ်ရုံ Knowledge အဆင့်နဲ့တင် သင်ပေးနေရင်... လိုက်ကျင့်ရတဲ့ မမတို့အတွက် တစ်ကွက်နဲ့ တစ်ကွက် အချိတ်အဆက်မမိဘဲ၊ အတင်းအကျပ် လိုက်တုလုပ်ယူနေရသလို ပင်ပန်းပါတယ်။
​Flexth Yoga က program တွေကတော့ တီချယ်တွေရဲ့ ဆယ်စုနှစ်အတွေ့အကြုံနဲ့ လေ့ကျင့်မူ့တွေကို အခြေခံပြီး စနစ်တကျဖန်တီး ရေးဆွဲပေးထားပါတယ်
ဘာကြောင့် ဒီ Pose ကို လုပ်ရတာလဲ?
ကျင့်မယ့်သူက အကြောမပျော့သေးရင် ဘယ်လို ပြောင်းလဲ (Modify) ပေးရမလဲ? ဆိုတာတွေကို သေချာလေးစီစဉ်ရေးဆွဲပေးထားတဲ့အတွက်... မည်သူမဆို အိမ်မှာ အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ဒဏ်ရာအနာတရကင်းစွာ လိုက်ကျင့်နိုင်မှာပါ။

​ဒီလို ဖန်တီးထားလို့ပဲ... Flexth Yoga App ထဲမှာ ကျင့်တဲ့အခါ Pose တစ်ခုချင်းစီကို ခက်ခက်ခဲခဲ လိုက်တုနေစရာ မလိုတော့ဘဲ... စနစ်တကျ ချိတ်ဆက်ပေးထားတဲ့ Flow (အကူးအပြောင်း) တွေအတိုင်း သဘာဝကျကျ စီးမျောလိုက်ရုံပါပဲရှင်။

​🌿 နားလည်မှု အပြည့်နဲ့ ဖန်တီးထားတဲ့ Flexth Yoga Program များကို အခုပဲ စတင်လိုက်ပါ

​ခက်ခဲတဲ့ ယောဂကို အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Flexth Yoga App ဟာ ယောဂချစ်သူတွေအတွက် အကောင်းဆုံး လက်တွဲဖော်ပါ။

​📍 Flexth Yoga App ၏ သင်တန်းကြေးများ:
​(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
​(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
​Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

​"ယောဂကျင့်ရတာ ပင်ပန်းတယ်လို့ ထင်နေသေးရင်... Flexth Yoga ရဲ့ စနစ်ကျတဲ့ Program တွေနဲ့အတူ သက်တောင့်သက်သာရှိတဲ့ အလေ့အကျင့်သစ်လေးကို စတင်လိုက်ပါ။"
​အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး စစ်မှန်တဲ့ ယောဂခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖

​မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.













#2026

29/04/2026

🌕 ကဆုန်လပြည့်နေ့ကောင်းနေ့မြတ်လေးမှာ
ယောဂကျင့်ရင်းတွေ့ရှိခံစားရမှုတွေကို
ပြန်လည်အမှတ်ရရင်း အသိသတိပြည့်ဝနေတဲ့
အပြောအဆို အနေအထိုင်တို့နဲ့အတူ
ကိုယ်ခန္ဓာပင်ပန်းမှုတွေ လျော့ပါးပြီး
စိတ်ထဲက အရှုပ်အထွေးတွေ လွတ်မြောက်နိုင်ကြပါစေ။

ကိုယ်ကိုယ်ကို ပြန်လည်ဂရုစိုက်နိုင်တဲ့
အချိန်တွေ ပိုများလာပြီး
အတွင်းစိတ်အေးချမ်းမှုနဲ့လဲ
တစ်နေ့ထက်တစ်နေ့ ပိုနီးကပ်လာနိုင်ကြပါစေ။ 🌿

Flexth Yoga မှ
သင်တန်းသူ/သားအားလုံးလဲ
ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်သောဘဝလမ်းကြောင်းတွေ တွေ့ရှိခံစားနိုင်စေဖို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

ကဆုန်လပြည့်နေ့ လေးမှာ
Flexth Yogaရဲ့

* အပြင်သင်တန်းများ (In-person classes)
* Zoom Online Classes များကို

📅 (၁) ရက်တာ ပိတ်ပါရစေရှင်။

သင်တန်းများကို (1 May 2026 )နောက်တစ်နေ့မှ စပြီး
ပုံမှန်အတိုင်း ပြန်ဖွင့်ပါမယ်နော်။

🙏 နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။

နေ့မြတ်လေးကို အေးချမ်းစွာ ဖြတ်သန်းခံစားနိုင်ကြပါစေ။🌕

Namaste 🙏🏻
Flexth Yoga.

17/04/2026

နှစ်သစ်မှာ
အသိတရားနဲ့ သတိရှိစွာ ရှင်သန်နေထိုင်ပြီး
ကိုယ်ကျန်းမာမှု စိတ်ချမ်းသာမှုတွေကို
နေ့တိုင်း တဖြည်းဖြည်းနဲ့ ခံစားပိုင်ဆိုင်နိုင်ကျပါစေ။

Namaste 🙏🏻
Flexth Yoga.

10/04/2026

သင်္ကြန်မှာ အိမ်တွင်းအောင်းမယ့် မမတို့အတွက်... ပျင်းရိခြင်းကို ကျော်လွှားပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးမယ့် "First Step" လျှို့ဝှက်ချက် 💦🧘‍♀️
ဒီနှစ် သင်္ကြန်မှာတော့ အသွားအလာအခက်အခဲလေးတွေရော၊ ရာသီဥတု ပူတာတွေကြောင့်ရော အပြင်မထွက်ဘဲ အိမ်မှာပဲ နားနားနေနေ ဖြတ်သန်းမယ့်သူတွေ အများကြီး ရှိကြမယ်ထင်ပါတယ်။
ပိတ်ရက်ရှည်ရောက်ပြီဆိုရင် တချို့က အိမ်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မုန့်တွေ လုပ်စားကြတယ်၊ ဇာတ်လမ်းတွဲတွေ ကြည့်ကြတယ်၊ တချို့လည်း ရိပ်သာဝင်ပြီး စိတ်ကို အေးချမ်းအောင် ထားကြပါတယ်။ ဒါပေမဲ့ စားလိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်သွားတဲ့အခါ ခန္ဓာကိုယ်ကြီးက လေးလံထိုင်းမှိုင်းပြီး ပိုတောင် ပျင်းလာသလို ခံစားရတတ်ပါတယ်။ဒီလို ပိတ်ရက်မျိုးမှာ ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုပါ အကောင်းဆုံး ပြန်လည်အားဖြည့် (Boost) ပေးနိုင်တဲ့ နောက်ထပ် Option တစ်ခု ရှိပါတယ်။ ဒါကတော့ "ယောဂလေ့ကျင့်ခြင်း" ပါပဲရှင်။
🤔 "ယောဂစကျင့်ဖို့ စိတ်ကူးရှိပေမဲ့ စလုပ်ဖို့ အရမ်းပျင်းနေတယ်" ဆိုတာ ဖြစ်တတ်တဲ့ သဘာဝပါ
ငယ်ငယ်က သင်ဖူးတဲ့ နယူတန်ရဲ့ ပထမနိယာမ (Newton's First Law of Inertia) မှာ "ငြိမ်နေတဲ့အရာက ဆက်ပြီး ငြိမ်နေဖို့ပဲ အားသန်သလို၊ ရွေ့လျားနေတဲ့ အရာကလည်း ဆက်ပြီး ရွေ့လျားနေဖို့ အားသန်တယ်" လို့ ဆိုပါတယ်။လူတွေရဲ့ စိတ် (Psychological Inertia) ကလည်း ဒီအတိုင်းပါပဲ။ ပိတ်ရက်မှာ ဆိုဖာပေါ်လှဲပြီး အိပ်နေတဲ့အခါ ဆက်ပြီး လှဲနေချင်တာ သဘာဝပါ။ အဲ့ဒီလို ငြိမ်သက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ "ပထမဆုံး ခြေလှမ်း (First Step)" ကို စတင်ဖို့က အခက်ခဲဆုံးပါပဲ။ ဒါပေမဲ့ အဲ့ဒီ First Step လေးဖြစ်တဲ့ ယောဂဖျာလေးကို ဖြန့်ပြီး စတင်လှုပ်ရှားလိုက်တာနဲ့ နောက်ရက်တွေမှာ ဆက်ပြီး လုပ်ဖြစ်သွားဖို့ဆိုတာ အများကြီး လွယ်ကူသွားပါပြီ။
🌿 ဒီသင်္ကြန်ပိတ်ရက်ဟာ အခက်ခဲဆုံး First Step ကို စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ
အလုပ်တွေ မရှိတဲ့ ဒီပိတ်ရက်မှာ အချိန်တွေ အများကြီး ပိုနေပါတယ်။ ဒီအချိန်လေးကို အသုံးချပြီး အခက်ခဲဆုံးဖြစ်တဲ့ ယောဂအလေ့အကျင့်ရဲ့ "ပထမဆုံး ခြေလှမ်း" ကို Flexth Yoga App နဲ့အတူ စတင်ကြည့်လိုက်ပါ။ အပြင်ထွက်စရာမလိုဘဲ အိမ်မှာတင် ကျင့်နိုင်လို့ အသွားအလာ အခက်အခဲအတွက်လည်း ပူစရာမလိုတော့ပါဘူး။သင်္ကြန်ရက်တွင်း မုန့်တွေ အများကြီးစားမိလို့ ဝိတ်တက်လာမှာကိုလည်း ယောဂက ထိန်းပေးနိုင်သလို၊ ချွေးထွက်သွားတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်ပြီး Positive Energy တွေ အပြည့် ပြန်ရလာမှာ အသေအချာပါပဲရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"အရာရာတိုင်းအတွက် ပထမဆုံး ခြေလှမ်းက အခက်ခဲဆုံးပါ။ ဒီအခက်ခဲဆုံး အဆင့်ကို ကျော်လွှားနိုင်ဖို့ ဒီသင်္ကြန်ပိတ်ရက်လေးမှာ Flexth Yoga နဲ့အတူ အစပြုလိုက်ကြပါစို့ရှင်။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျန်းမာပေါ့ပါးတဲ့ ခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...

Namaste 🙏
Flexth Yoga.

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 32, Kyaut Myaung Zay Street, Tarmwe Township
Yangon
11211