Excellent Choice Yangon

Excellent Choice Yangon

Share

06/01/2017

လက်ရှိပြေးဆွဲနေသောရန်ကုန်မြို့တွင်း လိုင်းကားများ ၁၅ ရက်နေ့ည၌
အပြီးတိုင်ရပ်ဆိုင်းပြီး အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းဖြင့်
အစားထိုးမည်

ရန်ကုန် ဇန်နဝါရီ ၆

လက်ရှိပြေးဆွဲနေသော ရန်ကုန်မြို့တွင်းခရီးသည်တင် ဘတ်စ်ကား
၃၀၀ ကျော်ကို ယခုလ ၁၅ ရက်နေ့ ညတွင် အပြီးသတ်ရပ်နားလိုက်ပြီး
၁၆ ရက်နေ့ မနက် ၌ ယာဉ်လိုင်း ၅၈ လိုင်းပါဝင်ငဘ်ါ အများပြည်သူ
ပို့ဆောင်ရေးယာဉ်လိုင်းဖြင့်စတင်အစားထိုးပြေးဆွဲတော့မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ဟာ ၁၅ ရက်နေ့ညမှာ
အပြီးသတ်ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ အခုရှိနေတဲ့ မထသ အဖွဲ့ဟာလည်း
နောက်ဆုံးဖြစ်ပါ တယ်။ ၁၆ ရက်နေ့ကစပြီးတော့ ယာဉ်လိုင်း ပေါင်း
၅၈ လိုင်းပါဝင်တဲ့ အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းကို
စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။"ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သည့်
အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းစနစ် အကြောင်း သတင်းစာ
ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ခရီးသွားပြည်သူများကောင်းမွန်သော ဝန်ဆောင်မှု ရရှိရန်နှင့် ယာဉ်မောင်များ၊ ယာဉ်နောက်လိုက်များ အတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ၄င်းကဆိုသည်။

"အခုက ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေက ပုတ်ပြတ်ဘဲ
လုပ်နေရတော့ ညနေကျရင် ယာဉ်ပိုင်ရှင် ကို ပုတ်ပြန်ငှားခ ပေးနိုင်ဖို့
အတွက် လုယက်ပြီး ပိုက်ဆံရှာနေကြရပါတယ်။ ပိုက်ဆံမရရင် မိသားစု
အတွက် မပေးနိုင်ဘူးပေါ့။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။
ခရီးသွားတွေအတွက် လည်း ဝန်ဆောင်မှုမကောင်း၊ မောက်မောက်မာမာ
ဆက်ဆံခံကြရတယ်။အဲဒါတွေမဖြစ်အောင်လုပ်တာပါ။" ဟု
၎င်းကပြောသည်။

ယင်းစနစ်ကို အကောင်အထည်ဖော်ရာတွင် မူလအတိုင်းနေလိုသည့်
ယာဉ်ပိုင်ရှင်များရှိလာနိုင်ကြောင်း၊ ရှိလာသော်လည်း ပြည်သူအကျိုးအတွက်
စနစ်ကိုရဲရဲဝံ့ဝံ့အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

"ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် ရဲရဲဝံ့ဝံ့လုပ်ရမှာပါ။" ဟု ၄င်းကဆိုသည်။

အဆိုပါအများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းစနစ်တွင် ပြေးဆွဲမည့်
လမ်းကြောင်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ယခင်လမ်းကြောင်းအတိုင်းဖြစ်ပြီး
ကျန်အနည်းငယ်ကို လမ်းကြောင်း အသစ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောသည်။

ယင်းစနစ်တွင် ပြေးဆွဲလိုသော ယာဉ်ပိုင်ရှင်များ အနေဖြင့်
မိမိတို့ကြိုက်နှစ်သက်ရာ ယာဉ်လိုင်းကို ရွေးချယ်ပြီး တောင်ဥက္ကလာရှိ
ရန်ကုန်အရှေ့ပိုင်း စုပေါင်းရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဇန်နဝါရီလ
၁၀ ရက်နေ့ကိုနောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်လိုင်းစနစ်တွင် BM ၊ ဒိုင်နာ၊ စီးတီးဘတ်စ် ၊ ၁၉၉၅
အောက်မော်ဒယ် ကားများကို ပါဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ယင်းယာဉ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လူစီးစလစ်ကား
ထုတ်ပေးနေပြီး လက်ရှိတွင် လာရောက်ထုတ်ယူမှု ၅၀၀
ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

လင်းဟိန်း

ခါးပတ်မပတ်သည့် ယာဉ်မောင်းများကို ယနေ့စတင်အရေးယူမည် 01/01/2017

ခါးပတ်မပတ်တဲ့ ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေကို ဒီနေ့ စတင်အရေးယူမယ်။
သတင်းအပြည့်အစုံ... http://www.7daydaily.com/story/85093

ခါးပတ်မပတ်သည့် ယာဉ်မောင်းများကို ယနေ့စတင်အရေးယူမည်  မော်တော်ယာဉ်မောင်း နှင်စဉ် ယာဉ်မောင်းသူများနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါး ပတ်မပတ်ခြင်းကို ဇန်နဝါရီ ၁ ရက်ကစ၍ စစ်ဆေးအရေးယူမည်ဖြစ် ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ၂၀၁၆ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာ ပေးကာလအဖြစ် စီမံဆောင်ရွက် ပြီးစီးသွား၍ ၂၀၁၇ ဇန်နဝါရီ ၁ ရက်မ...

31/12/2016

Start မော်တာက အလုပ်မလုပ်တော့ဘူးဆိုရင် . . .
--------------------------------------------------------

ဒါကတော့ ကားတစ်စီးရဲ့ စက်နှိုးမှု အပိုင်းမှာ မဖြစ်မနေ လိုအပ်တဲ့ Start စနစ်ရဲ့ အသက်ပါပဲ။ ကားကို စက်နှိုးလိုက်ချိန်မှာ Start မော်တာက လုံးဝကို မလုပ်ဘူး၊ မမွှေ့ဘူး၊ ဒီတော့ အင်ဂျင်ကိုလည်းဘယ်လိုမှ မနေစေတော့သလို စက်လည်း နိုးမလာတော့ပါဘူး။ ဒါဆိုရင်တော့ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။

ဒီနေရာမှာ ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။ ပထမ အချက်က ဘက်ထရီ အားမရှိလို့။ နောက်တစ်ချက် Start ပိုင်း မကောင်းလို့။

ဘက်ထရီ အားကောင်း၊ မကောင်းကို ဟွန်းတီးကြည့်မယ်၊ ရှေ့မီးကြီးတွေ ဖွင့်ကြည့်မယ်၊ Dashboard ပေါ်က အချက်ပြမီးတွေ စစ်ကြည့်မယ်ဆိုရင် သိနိုင်ပါပြီ။ ဒါပေမယ့် အားရှိရုံနဲ့ ဘက်ထရီရဲ့ ပြစ်ချက် မကုန်သေးပါဘူး။ စက်ဖုံးကိုဖွင့်ပြီး စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။

ဘက်ထရီ ငုတ်တွေမှာ ဆားပေါက်နေတတွေ ရှိသလား၊ ကြိုးနဲ့ ခေါင်းတွေ ဆက်တဲ့ နေရာမှာ ချောင်နေတာတွေ ရှိသလား၊ ဘက်ထရီအတွင်းမှာ အက်ဆစ်တွေ လိုအပ်သလောက် ပမာဏ ပြည့်မီမှု ရှိရဲ့လား ဆိုတာတွေပါ စစ်ဆေးရပါလိမ့်မယ်။

ပျမ်းမျှ အနေနဲ့ ကိုယ့်ဘက်ထရီရဲ့ သက်တမ်းကိုမှတ်မိသေးတယ်ဆိုရင် ပိုကောင်းပါတယ်။ ၁ နှစ်ခွဲလောက်ပဲ အကောင်းဆုံး အနေအထားရှိပြီး အိမ်စီးကားတွေက ထိန်းသုံးမယ်ဆိုရင် ၂ နှစ်လောက်ထိ ရနိုင်ပေမယ့် အသုံးများတဲ့ ဥပမာ Taxi တွေလို ပုံစံမျိုးဆိုရင် ၂ နှစ်ထိအောင် သုံးဖို့ မလွယ်ပါဘူး။

နောက်တစ်ချက် ဘက်ထရီပိုင်းကောင်းပြီး Start မော်တာပိုင်း ချို့ယွင်းပြီ ဆိုရင်တော့ အိမ်မှာကိုယ်တိုင် ပြင်ဖို့ ခက်ပါလိမ့်မယ်။ Start မော်တာကိုဖြုတ်လိုက်ပြီး ဒိုင်နမိုဆိုင်မှာ သွားရောက် ပြင်ဆင်ရပါလိမ့်မယ်။ ဒီလို စက်နှိုးရခက်တဲ့ ချို့ယွင်းချက်ဟာဘက်ထရီကိုလည်း အားအ၀င်နည်းစေတာကြောင့် Start မော်တာ ပြင်နေချိန်မှာ ဘက်ထရီကိုလည်း အိမ်မှာ အင်ဗာတာနဲ့ ဖြစ်စေ၊ ဆိုင်မှာဖြစ်စေ အားပြည့်အောင် ပြန်သွင်းထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။





လေးစားစွာဖြင့်​ ~ မူရင်း - https://www.facebook.com/JpmCarSalesCenter/

JPM Car Sales Center စိတ်ချယုံကြည်ပြီး လှမ်းခဲ့ပါမိတ်ဆွေ

26/12/2016

WE ARE DRIVERS
WE ARE BROTHERS...

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 140
Yangon
11011