Trust Delivery

Trust Delivery

Share

Growing Together, Delivering Your Success!

ကျွန်မတို့ ပို့ဆောင်ပေးနေတာ ပါဆယ်တွေမဟုတ်ပါဘူး။ လူကြီးမင်းတို့လုပ်ငန်းတွေရဲ့ အောင်မြင်မှုတွေပါ. . .
အတူတကွ ဖွံဖြိုးတိုးတက်ကြပါစို့. . .

20/05/2026

📢 WE ARE HIRING! (Trust Express)

ကျွန်မတို့ Trust Express (B2B လူသုံးကုန် သီးသန့် Delivery Service) တွင် လုပ်ငန်းတိုးချဲ့ရန်အတွက် Sales & Marketing Executive ဝန်ထမ်းကောင်းများကို အမြန်ဆုံး ခေါ်ယူလိုပါသည်။

1️⃣ 【 Sales & Marketing Executive 】
(Work From Home / Field Work)

✅ ရုံးတက်စရာမလိုဘဲ အပြင်ကွင်းဆင်းနှင့် အိမ်မှနေ၍ လွတ်လပ်စွာ အလုပ်လုပ်ရမည့်ပုံစံ

🔹 တာဝန်: ရုံးသို့ နေ့တိုင်းလာရန်မလိုဘဲ (အစည်းအဝေးရှိမှသာ ရုံးလာရန်) Online မှလည်းကောင်း၊ အပြင်ကွင်းဆင်း၍လည်းကောင်း ရန်ကုန်တွင်းရှိ လက်လီ Online Shop (Merchant) အသစ်များ ရှာဖွေရမည်။

🔹 လိုအပ်ချက်: Delivery လုပ်ငန်းတွင် Sales / Marketing အတွေ့အကြုံ (၁) နှစ်ရှိရမည်။ Merchant Base အသင့်ရှိထားသူ ပိုဦးစားပေးမည်။ မိမိဘာသာ အလုပ်ကို တာဝန်ယူ တာဝန်ခံ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

2️⃣ 【 Sales & Marketing Executive 】
(Office-Based)

✅ ရုံးတွင် ပုံမှန်ရုံးချိန်အတိုင်း ရုံးထိုင်လုပ်ကိုင်ရမည့်ပုံစံ

🔹 တာဝန်: ရုံးတွင် ပုံမှန်ရုံးထိုင်၍ Online / Social Media မှတစ်ဆင့် Merchant အသစ်များ ရှာဖွေခြင်း၊ Page ဝင်စာ၊ Viber နှင့် ဖုန်းဖြင့် စုံစမ်းမှုများကို ပြန်လည်ဖြေကြားကာ လုပ်ငန်းလည်ပတ်ပုံကို သေချာစွာ ရှင်းပြနိုင်ရမည်။ စုံစမ်းသူများ၏ အခက်အခဲကို မေးမြန်း၍ အကောင်းဆုံး ညှိနှိုင်းပေးနိုင်ရမည်။

🔹 လိုအပ်ချက်: Delivery သို့မဟုတ် Online Shop လုပ်ငန်းအတွေ့အကြုံရှိရမည်။ စကားပြောပြေပြစ်ပြီး စည်းရုံးရေးစွမ်းရည် ကောင်းမွန်ရမည်။

(တောင်ဥကလာပ၊ သင်္ဃန်းကျွန်း တဝှိက် နေထိုသူများ ဦးစားပေးမည်)

🎁 ခံစားခွင့်များ

🔹 အခြေခံလစာ (အတွေ့အကြုံပေါ် မူတည်၍ ညှိနှိုင်းမည်)

🔹 Target Incentive: အခြေခံလစာအပြင် မိမိရှာဖွေပေးသော Merchant များထံမှ "အပ်သမျှ Way အရေအတွက်အတိုင်း ကော်မရှင်ခံစားခွင့်" သီးသန့် ထပ်မံရရှိမည်။

(✅ လုပ်ငန်း၏ Service ကောင်းမွန်မှုကြောင့် မိမိရှာထားသော လုပ်ငန်းအသစ်တိုင်း လက်မလွှတ်ရဘဲ စွဲမြဲနေမှာဖြစ်လို့ မိမိရဲ့ Way ကော်မရှင် ဝင်ငွေသည် လစဉ်လျော့နည်းသွားခြင်းမရှိဘဲ ရေရှည်တည်ငြိမ်စွာ ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။)

🔹 ဖုန်းဘေလ်နှင့် ခရီးစရိတ် ပံ့ပိုးပေးမည်။

🏆 【 ကျွန်မတို့ Trust Express ရဲ့ ထူးခြားချက် 】

🔸 Service အာမခံချက် 🔸
ကျွန်မတို့ဘက်က Service ပိုင်း အလွန်တောင့်တင်းလို့ ဝန်ထမ်းများ ရှာဖွေပေးသော လုပ်ငန်းအသစ် (Merchant) တိုင်း လုံးဝ ပြန်ထွက်မသွားဘဲ ရာနှုန်းပြည့် မြဲစေရမည်ဟု ရဲရဲကြီး အာမခံပါတယ်။

🔸 ခိုင်မာသော စနစ် 🔸
စနစ်တကျ Dashboard / App စနစ်များဖြင့် ခိုင်မာစွာ Way ပိုင်း စာရင်းပိုင်းလည်ပတ်နေသောလုပ်ငန်း ဖြစ်ပါသည်။

🔸 စိတ်အေးရမည့်အချက် 🔸
မိမိတို့ရှာထားသော ဖောက်သည်များ ပြန်ထွက်သွားမည်ကို လုံးဝ စိုးရိမ်စရာမလိုဘဲ ဖောက်သည်အသစ် ရှာဖွေရေးပိုင်းကိုသာ စိတ်အေးချမ်းသာစွာ ဇောက်ချ လုပ်ကိုင်ရုံပါပဲရှင်။

📬 လျှောက်ထားရန်

စိတ်ဝင်စားပါက မိမိလျှောက်ထားလိုသော ရာထူးပုံစံ (WFH သို့မဟုတ် ရုံးထိုင်) ကို တိတိကျကျ ဖော်ပြ၍ ကိုယ်ရေးအကျဉ်း (CV Form) ကို

💬Page Messenger နှင့် 📱 Viber No - 09753929919 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Growing Together, Delivering Your Success!
Trust Express

15/03/2026

ငွေရှင်း မြန် မမြန်
လက်တွေ့ကြည့်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


278, Kawlia 29 Street, 13 Block, South Okkalapa Township.
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00