Clean Pro
We deliver Audit-Ready Contract Cleaning, High-Rise Rope Access, and Deep Cleaning with strict SOPs. We provide home cleaning, grout & tiles cleaning, carpet cleaning & commercial cleaning. Please contact us to create clean and safe environment for you.
28/05/2026
Happy Eid Mubarak
အစ္စလာမ်ဘာသာဝင်များအားလုံး ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံသောအီးဒ်နေ့ အချိန်အခါလေးဖြစ်ပါစေကြောင်း Clean Pro မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🩵
23/05/2026
နိုင်ငံတကာနဲ့ ပြည်တွင်းက Landmark အဆောက်အအုံကြီးတွေဟာ သန့်ရှင်းရေးလုပ်တဲ့အခါ ဘယ်လိုစံနှုန်းတွေကို သုံးနေကြလဲ?
အဲဒီလို အဆောက်အအုံကြီးတွေမှာ သာမန် ဖုန်ခါ၊ ကြမ်းတိုက်ရုံလောက်နဲ့ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ အဆောက်အအုံရဲ့ ရေရှည်တန်ဖိုးကို ထိန်းသိမ်းဖို့နဲ့ Audit တွေကို အမြဲအဆင်သင့် ကျော်ဖြတ်နိုင်ဖို့အတွက် စနစ်တကျ သတ်မှတ်ထားတဲ့ "International Institutional Standards" တွေကိုပဲ မဖြစ်မနေ အသုံးပြုကြတာပါ။
စံနှုန်းမမီတဲ့ သန့်ရှင်းရေးနည်းစနစ်တွေ၊ ပြင်းအားလွန်ကဲတဲ့ ဓာတုဆေးရည်တွေဟာ သင့်ရဲ့ အဖိုးတန်လှတဲ့ စက်ရုံကြမ်းခင်းတွေ၊ မှန်ချပ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ရေရှည်မှာ အရောင်အဆင်း ပျက်စီးပြီး သက်တမ်းတိုစေနိုင်ပါတယ်။
သင့်ရဲ့ လုပ်ငန်းခွင်၊ စက်ရုံနဲ့ အဆောက်အအုံသစ်ကြီးတွေကိုလည်း နိုင်ငံတကာ Landmark ကြီးတွေလို စနစ်ကျပြီး အမြဲတမ်း Audit-Ready ဖြစ်နေစေဖို့ Clean Pro ရဲ့ Contract & Commercial Cleaning (CCD) ဝန်ဆောင်မှု ရှိပါတယ်။
Clean Pro က ဘာတွေ လုပ်ဆောင်ပေးမှာလဲ?
✅ တိကျသေချာတဲ့ လုပ်ငန်းခွင် Checklist များ၊ စနစ်ကျသော SOP နည်းလမ်းများဖြင့် ISO 9001:2015 စံနှုန်းများအတိုင်း သန့်ရှင်းပေးခြင်း။
✅ ကမ္ဘာကျော် Nilfisk အဆင့်မြင့် စက်မှုဇုန်သုံး ကြမ်းတိုက်၊ ဂျေးချွတ်စက်ကြီးများကို အသုံးပြုပြီး ကြမ်းခင်းများကို မထိခိုက်စေဘဲ အမြစ်ပြတ် သန့်ရှင်းပေးခြင်း။
✅ အထပ်မြင့် အဆောက်အအုံကြီးတွေရဲ့ ပြင်ပမှန်နဲ့ နံရံတွေကို ရာနှုန်းပြည့် အန္တရာယ်ကင်းရှင်းမှု စံနှုန်းမီ ကျွမ်းကျင်သူများက ကြိုးဆင်းသန့်ရှင်းရေး လုပ်ဆောင်ပေးခြင်း။
Clean Pro ရဲ့ အဆင့်မြင့်နည်းစနစ်တွေနဲ့ သင့်လုပ်ငန်းရဲ့ သန့်ရှင်းမှု စံနှုန်းကို Landmark Level အထိ မြှင့်တင်လိုက်ပါ။
📞 Site Survey ပြုလုပ်ရန်
ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916
19/05/2026
F&B လုပ်ငန်းတစ်ခုမှာ ကြမ်းခင်းချောကျိနေတာဟာ သာမန်သန့်ရှင်းရေးအားနည်းရုံတင်မဟုတ်ဘဲ အချိန်မရွေး ခြေချော်လဲနိုင်တဲ့ "အကြီးမားဆုံး လုပ်ငန်းခွင်အန္တရာယ် (Hazard)" ဖြစ်ပါတယ်။
Kitchen ထွက်လာတဲ့ ဆီချေး (Grease) တွေဟာ သာမန်ကြမ်းတိုက်ဆပ်ပြာရည်တွေနဲ့ တိုက်ရုံရုံနဲ့ မပြောင်စင်တဲ့အပြင် ကြမ်းပြင်ပေါ်မှာ ပိုပြီး ပြန့်သွားတတ်ပါတယ်။ ဒါဟာ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို ဘေးအန္တရာယ်ဖြစ်စေရုံတင်မကဘဲ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားပြီး Food Safety Audit တွေမှာပါ အမှတ်လျော့ကျရှုံးရတဲ့ အဓိကအကြောင်းရင်းပါပဲ။
ဒီပြဿနာကို အမြစ်ပြတ်သွားစေဖို့အတွက် ၂၀၁၂ ခုနှစ်ကတည်းက လုပ်ငန်းသက်တမ်းရှိပြီး ISO 9001:2015 Certified ရရှိထားတဲ့ Clean Pro ရှိပါတယ်။
ကျွန်ုပ်တို့၏ Floor Maintenance & Deep Cleaning ဝန်ဆောင်မှုဟာ
✅ သာမန်ဆပ်ပြာများအစား ဆီအညစ်အကြေးများကို အိတ်စပတ် ဖြိုခွဲနိုင်သည့် အထူးသုံး Chemical များ အသုံးပြုခြင်း။
✅ အဆင့်မြင့် ကြမ်းတိုက်စက်ကြီးများဖြင့် ကြမ်းပြင်အောက်ခြေအလွှာထိ ရောက်အောင် ဂျေးချွတ် လှန်ထုတ်ပေးခြင်း။
✅ ဆီချေးများနှင့် အညစ်အကြေးများကို တစ်စက်မကျန် စုပ်ထုတ်ပြီး ခြောက်သွေ့သန့်ရှင်းမှုကို ချက်ချင်းရရှိစေခြင်း။
ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916
သင့်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့နဲ့ အခုပဲ Clean Pro ရဲ့ Professional အဖွဲ့သားတွေကို အပ်နှံလိုက်ပါ။
11/05/2026
အထပ်မြင့်အဆောက်အအုံတွေရဲ့ ပြင်ပမှန်နဲ့ နံရံသန့်ရှင်းရေး (High-Rise Cleaning) ဆိုတာ ကျွမ်းကျင်မှုတင်မကဘဲ ဘေးကင်းလုံခြုံရေး (Safety) စံနှုန်းတွေအပေါ်မှာ ရာနှုန်းပြည့် တည်ဆောက်ထားရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ဘာကြောင့် Clean Pro အနေနဲ့ Safety ပိုင်းကို အထူးအလေးပေးရတာလဲဆိုရင်...
၁။ အမြင့်ပေရာချီတဲ့နေရာမှာ အလုပ်လုပ်ရတဲ့အတွက် အမှားအယွင်းအသေးအမွှားလေးကအစ အသက်အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ IRATA (Rope Access) စံနှုန်းတွေကို တိကျစွာလိုက်နာပြီး ဝန်ထမ်းတိုင်းရဲ့ ဘေးကင်းရေးကို ပထမဦးစားပေး ဆောင်ရွက်ပါတယ်။
၂။ လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုဖြစ်ပွားခြင်းဟာ လုပ်ငန်းရှင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ Clean Pro ရဲ့ ခိုင်မာတဲ့ Safety စနစ်က လူကြီးမင်းတို့ရဲ့ လုပ်ငန်းပုံရိပ်ကို အကာအကွယ်ပေးထားပါတယ်။
၃။ အမြင့်မှ ပစ္စည်းကိရိယာများ ပြုတ်ကျခြင်းကြောင့် လမ်းသွားလမ်းလာများနှင့် ယာဉ်များကို ထိခိုက်မှုမရှိစေရန် Safety Zones များ သတ်မှတ်ခြင်းနှင့် ပစ္စည်းများကို ကြိုးဖြင့် ချည်နှောင်ခြင်း (Tool Tethering) စနစ်များကို စနစ်တကျ အသုံးပြုပါတယ်။
၄။ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ရှိတဲ့ ဝန်ထမ်းတစ်ယောက်ဟာ အလုပ်အပေါ်မှာ ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ဒီတည်ငြိမ်မှုကပဲ သင့်အဆောက်အအုံရဲ့ မှန်တွေကို ပိုမိုပြောင်စင် တောက်ပစေမှာ ဖြစ်ပါတယ်။
Safety First, Quality Always ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Clean Pro ရဲ့ ကျွမ်းကျင် Rope Access အဖွဲ့က လူကြီးမင်းတို့ရဲ့ အထပ်မြင့်အဆောက်အအုံများအတွက် အသင့်ရှိနေပါတယ်။
ရန်ကုန်ရုံးချုပ် - 09 256 637 932
မန္တလေးရုံးခွဲ - 09 765 683 916
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 53 , Nagaryon Pagoda Street, Mayangon Township
Yangon
11061