Divot Club

Divot Club

Share

No pressure. DM or call 09 750 007210 to book your visit. Dress Like a Golfer. 🏌️
#DivotClub #DCGol 🎩 DIVOT CLUB

Premium Golf Boutique for Myanmar's Distinguished Golfers

🌟 Curated Global Prestige Brands
🌟 Limited Exclusive Collections
🌟 Personalized Style Consultation
🌟 By Appointment Only Experience

Where Performance Meets Prestige ⛳

We don't sell products, we curate exceptional golf experie

Photos from Divot Club's post 20/03/2026

NOW IN-STOCK: The Cap Collection
Nike Golf | Air Jordan | adidas

သပ်ရပ်တဲ့ Cap တစ်လုံးက နေရောင်ကာဖို့တင်မဟုတ်ဘဲ ဂေါက်ကွင်းထဲမှာ လူကြီးမင်းရဲ့ စတိုင်လ်ကို ပိုပြီးပြည့်စုံသွားစေပါတယ်။

အခုဆိုရင် Pre-order တွေ ကြာကြီးစောင့်စရာမလိုတော့ပါဘူး။ နေ့စဉ်ဝတ်လို့ကောင်းမယ့် အလှဆုံး ဒီဇိုင်းတွေကို သေချာရွေးချယ်ပြီး 100% Authentic အစစ်တွေချည်းပဲ in-stock အသင့်ရှိနေပါပြီ။

ဘာလို့ Appointment နဲ့ သီးသန့်လက်ခံတာလဲ?
Appointment ယူပြီးလာတဲ့အခါ အေးအေးဆေးဆေး စိတ်ကြိုက်စမ်းဝတ်ကြည့်လို့ရသလို၊ ကိုယ့် outfit တွေနဲ့ ဘယ်လိုလေးဆို ပိုလိုက်ဖက်မလဲဆိုတာကိုပါ ကျွန်တော်တို့ team နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။

In-stock အရေအတွက် သိပ်မများလို့ ဝတ်ရလွယ်တဲ့ အရောင်တွေကတော့ အရင်ကုန်သွားတတ်ပါတယ်။

📞 လာရောက်စမ်းဝတ်ကြည့်ဖို့ အခုပဲ Messenger ကနေဖြစ်ဖြစ်၊ 09 750 007210 ကိုဖြစ်ဖြစ် ဆက်သွယ်ပြီး အချိန်လေး ယူထားလို့ရပါပြီခင်ဗျာ။

NOW IN-STOCK: The Cap Collection
Nike Golf | Air Jordan | adidas

A great cap doesn’t just block the sun it ties your whole golf outfit together.

We’ve bypassed the pre-order wait and brought the best global styles straight to you. We don't just stock everything; we’ve carefully curated this lineup so you’re only choosing from 100% authentic, top-tier designs that actually look good on and off the course.

Why we do Appointments:
We want you to have the space to actually enjoy picking out your gear. When you book a time, you get to skip the crowds. Come in, take your time, try on as many as you want, and get some honest styling advice from our team to find the perfect fit with absolutely zero pressure.

Limited pieces are available right now, and the most versatile colors always move first.

📞 Shoot us a message here or call 09 750 007210 to grab a time to come try them on.

Divot Club (DCGolf Myanmar)
Private Golf Boutique
Dress Like a Golfer.

Disclaimer: All brand assets shown belong to their rightful owners. Featured products are authentic originals curated by Divot Club.

19/03/2026

Driver အကောင်းကြီးရိုက်လာပြီး Second Shot ကျမှ ပျက်သွားတာမျိုး ကြုံဖူးကြပါသလား? ဒါဟာ ဂေါက်သီးသမားတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတတ်တဲ့ အခက်အခဲတစ်ခုပါ။

ဒီတစ်ခေါက် Community Q&A မှာ အားလုံးအတွက် အကျိုးရှိစေမယ့် ဒီမေးခွန်းကို ဝင်ရောက်မေးမြန်းပေးခဲ့တဲ့ ကိုဇင်လင်းမောင် ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Golf Community အတွက် အချိန်ပေးပြီး သေချာရှင်းပြပေးခဲ့တဲ့ ဆရာ ဇော်ပိုင်ဦး (Saya Zaw Paing Oo - MPGA) ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

Driver ရိုက်ချက်နဲ့ သံတုတ် (Iron) ရိုက်ချက်တို့ရဲ့ Swing Angle ကွာခြားချက်တွေ၊ စိတ်လောပြီး အားအလွန်အကျွံသုံးမိတာတွေကို အကောင်းဆုံး Timing / Tempo လေးနဲ့ ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတစ်ခုကို ဆရာက ဒီ Video လေးထဲမှာ မျှဝေပေးထားပါတယ်။ အားလုံးပဲ အတူတူ လေ့လာပြီး ကွင်းထဲမှာ စမ်းသပ်ကြည့်ကြရအောင်။

Video လေးကို ဝင်ရောက်ကြည့်ရှုလိုက်ပါ။ နောက်ထပ် ဘယ်လိုအခက်အခဲတွေကို ဆရာ့ကို ဆက်မေးပေးရမလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကစားကွက် (Game) ပိုမိုတိုးတက်လာဖို့ ဆွေးနွေးလေ့လာရင်း... သင့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံရိပ်ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ချင်တယ်ဆိုရင်တော့ Divot Club (DC Golf Myanmar) ကို သတိရလိုက်ပါ။

A perfect drive down the middle, followed by a frustrating second shot. We have all been there. A huge thank you to Ko Zin Lin Maung for bringing up this incredibly relatable question in our Community Q&A! We also want to extend a special thank you to Saya Zaw Paing Oo (MPGA) for taking the time to share his expertise with us.

To help everyone stop rushing their approach shots, Saya breaks down the critical difference between the sweeping motion of a driver and the upright angle of an iron. He also shares a brilliant tempo trick focusing on 80% power to bring consistency back to your second shot. Watch the video to hear Saya's advice, and let us know in the comments what part of your game should we ask him about next?

While you work on refining your game, let us help you refine your look. Step onto the course with confidence.

Divot Club Community
Dress Like a Golfer.

18/03/2026

ဘာလို့ Golfer တွေရဲ့ ဝတ်ပုံစားပုံက တခြားအားကစားတွေနဲ့ မတူရတာလဲ? (The Psychology of Golf Attire)

ဘောလုံးကန်ရင် ပေါ့ပေါ့ပါးပါး ဂျာစီတွေ ဝတ်ကြတယ်။ ပြေးခုန်ပစ် လုပ်ရင် သက်တောင့်သက်သာ အဝတ်အစားတွေ ဝတ်ကြတယ်။ ဒါပေမယ့်... တောတောင်တွေကြားထဲက မြက်ခင်းစိမ်းစိမ်းပေါ်မှာ ကစားရတဲ့ ဂေါက်သီးအတွက်ကျတော့ ဘာလို့ ကော်လာပါတဲ့ အင်္ကျီတွေ၊ သပ်ရပ်တဲ့ ဘောင်းဘီတွေ၊ သားနားတဲ့ ဖိနပ်တွေကို အချိန်ပေးပြီး သေချာ ရွေးချယ် ဝတ်ဆင်ကြတာလဲ?

ဂေါက်ကွင်းတွေရဲ့ "Dress Code" ကြောင့်သက်သက်ပဲလား? တကယ်တမ်းကျတော့ အဲဒီထက် အများကြီး ပိုနက်နဲပါတယ်။

၁။ It’s Not Just Fashion, It’s Respect (ဖက်ရှင်သက်သက်မဟုတ်ဘူး၊ လေးစားမှုပါ)
ဂေါက်သီးဆိုတာ လူကြီးလူကောင်းတွေရဲ့ ကစားနည်း (A Gentleman's Game) လို့ သတ်မှတ်ကြပါတယ်။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ခြင်းဟာ ကိုယ်ကစားမယ့် ဂေါက်ကွင်းရဲ့ သမိုင်းကြောင်း၊ ကိုယ်နဲ့အတူ တွဲကစားမယ့် Flight Mate တွေနဲ့ ကစားနည်းအပေါ်ထားရှိတဲ့ "လေးစားမှု (Respect)" ကို အပြင်ပန်းကနေ ဖော်ပြလိုက်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် သေချာ ပြင်ဆင်လာတဲ့သူဟာ တခြားသူတွေကိုလည်း အလိုလို လေးစားတတ်ပါတယ်။

၂။ The Discipline of the Dress (စည်းကမ်းနှင့် တည်ငြိမ်မှု)
အင်္ကျီကို ဘောင်းဘီထဲ သေသေချာချာ ထည့်ဝတ်တယ် (Tuck in)၊ ခါးပတ်ပတ်တယ်၊ ဦးထုပ်ဆောင်းတယ်။ ဒီလို သပ်ရပ်အောင် ဝတ်ဆင်ရတဲ့ အလေ့အကျင့်လေးဟာ ဂေါက်ကွင်းထဲမှာ လိုအပ်တဲ့ "စည်းကမ်း (Discipline)" ကို အစပျိုးပေးလိုက်တာပါပဲ။ ဝတ်စားဆင်ယင်မှုမှာ စည်းကမ်းရှိပြီး သေသပ်တဲ့သူဟာ၊ Swing လွှဲတဲ့အခါမှာလည်း စိတ်လိုက်မာန်ပါ မလုပ်တော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းတကျ ကစားလာနိုင်ပါတယ်။

၃။ The Badge of Belonging (ဂုဏ်ယူစရာ အသိုင်းအဝိုင်း)
ဒီလိုဝတ်ဆင်လိုက်တာနဲ့ "ငါဟာ ဂေါက်သီးသမားတစ်ယောက်" ဆိုတဲ့ Identity ကို ရရှိသွားပါတယ်။ ဒါဟာ ဂေါက်ကွင်းထဲမှာတင် မဟုတ်ဘဲ Club House ထဲမှာပါ ကိုယ်နဲ့ စိတ်တူကိုယ်တူ လူတွေ (Community) ကြားထဲမှာ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်စေတဲ့ "Uniform" တစ်ခု ဖြစ်ပါတယ်။

Appearance Shapes Mindset
"Look good, feel good, play good" ဆိုတဲ့ စကားရှိပါတယ်။

ဝတ်ပုံစားပုံဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ (Mindset) ကို တိုက်ရိုက် လွှမ်းမိုးပါတယ်။ မနက်ခင်း ဂေါက်ကွင်းသွားဖို့ သပ်ရပ်လှပတဲ့ ဂေါက်ဝတ်စုံကို ဆင်မြန်းလိုက်တာနဲ့... ဦးနှောက်က "Game Mode" ကို အလိုလို ပြောင်းလဲသွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်လိုက်လို့ သေသပ်လှပနေတယ်လို့ ခံစားရရင်၊ ဂေါက်ကွင်းထဲ ရောက်တဲ့အခါ ယုံကြည်မှု (Confidence) တွေ အလိုလို တက်လာပြီး Swing တွေပါ ပိုကောင်းလာတတ်တာ သဘာဝပါပဲ။

ဒါကြောင့်ပဲ ကျွန်တော်တို့ Divot Club (DCGolf Myanmar) ကို သာမန်အားကစား အရောင်းဆိုင်တစ်ခုအနေနဲ့ မဟုတ်ဘဲ၊ Golfer တွေအတွက် သီးသန့်ရွေးချယ်ဖန်တီးပေးတဲ့ "Private Golf Boutique" တစ်ခုအနေနဲ့ ရပ်တည်ထားတာပါ။

ဂေါက်ကွင်းထဲသွားဖို့ အဝတ်အစားရွေးချယ်တာဟာ ပွဲတစ်ပွဲအတွက် စိတ်ကို ကြိုတင်ပြင်ဆင်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်လိုက်တဲ့အခါ "ငါဟာ တကယ့် Golfer စစ်စစ် တစ်ယောက်ပဲ" လို့ ခံစားရစေဖို့၊ အစ်ကိုတို့ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို Divot Club မှာ လာရောက် ရှာဖွေလိုက်ပါ။

Divot Club (DCGolf Myanmar)
Private Golf Boutique
Dress Like a Golfer.

14/03/2026

ကိုက် ၇၀ အကွာအဝေးဆိုတာ ဂေါက်သီးသမားတိုင်း အားဘယ်လောက်ထည့်ရိုက်ရမလဲဆိုပြီး ခန့်မှန်းရခက်တဲ့ အနေအထားတစ်ခုပါ။

ဒီတစ်ခေါက် Community Q&A မှာ အားလုံးအတွက် အကျိုးရှိစေမယ့် ဒီမေးခွန်းကို ဝင်ရောက်မေးမြန်းပေးခဲ့တဲ့ ကိုရဲမြတ် ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဂေါက်သီးအသိုင်းအဝိုင်း (Golf Community) အတွက် အချိန်ပေးပြီး သေချာရှင်းပြပေးခဲ့တဲ့ ဆရာ ဇော်ပိုင်ဦး (Saya Zaw Paing Oo - MPGA) ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

အကွာအဝေးကို မှန်းဆပြီး ရိုက်စရာမလိုတော့ဘဲ၊ အလွယ်တကူ မှတ်သားကျင့်သုံးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို ဆရာက ဒီ Video လေးထဲမှာ မျှဝေပေးထားပါတယ်။ အားလုံးပဲ အတူတူ လေ့လာပြီး Driving Range မှာ စမ်းသပ်ကြည့်ကြရအောင်။

Video လေးကို ဝင်ရောက်ကြည့်ရှုလိုက်ပါ။ နောက်ထပ် ဘယ်လိုအခက်အခဲတွေကို ဆရာ့ကို ဆက်မေးပေးရမလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကစားကွက် (Game) ပိုမိုတိုးတက်လာဖို့ ဆွေးနွေးလေ့လာရင်း... သင့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံရိပ် (Presence) ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ချင်တယ်ဆိုရင်တော့ Divot Club (DC Golf Myanmar) ကို သတိရလိုက်ပါ။

That tricky 70-yard shot. We have all stood there wondering exactly how hard to swing. A huge thank you to Ko Ye Myat for bringing up this excellent question in our Community Q&A! We also want to extend a special thank you to Saya Zaw Paing Oo for taking the time to share his expertise with us.

To help everyone dial in those awkward distances, Saya breaks down a brilliant, easy-to-remember method in today’s video. It is designed to take all the guesswork out of your chipping so we can all take this tip straight to the practice range.

Watch the video to hear Saya's advice, and let us know in the comments what part of your game should we ask him about next?

While you work on refining your game, let us help you refine your look. Step onto the course with confidence.

Divot Club Community
Dress Like a Golfer.

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon