About Organic Myanmar
Organic Myanmar ဟာဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်သော အော်ဂဲနစ်နဲ့ သဘာဝ ထုတ်ကုန်များကို မိမိတို့နေအိမ်၊ အလုပ်၊ ရုံးခန်းစသဖြင့် မိမိရောက်ရှိနေသော မြန်မာပြည်အနှံ့ မြို့နယ်၊ တိုင်းအသီးသီးမှ ဝယ်ယူသုံးစွဲနိုင်စေရန် တည်ဆောက်ထားသော Healthy Product Solution တစ်ခုဖြစ်ပါတယ်ရှင့်။
Organic Myanmar မှ မိတ်ဆက်ပေးလာသောထုတ််ကုန်များအားလုံးဟာ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ဘေးဥပါဒ်လုံးဝမရှိစေပဲ ယုံက
ြည့်စိတ်ချစွာ သုံးစွဲနိုင်သော အော်ဂဲနစ်နဲ့ သဘာဝထုတ်ကုန်များကို စုစည်းပေးထားသော Market Penetration and Distribution Platform ဖြစ်ပါတယ်ရှင့်။
Organic Myanmar မိတ်ဆက်ဖြန့်ချီပေးလာသော ထုတ်ကုန်များဟာ မိတ်ဟောင်း၊ မိတ်သစ်များအားလုံးအတွက် ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ဘေးဥပါဒ်စိုးစင်းမျှမရှိစေရန် ထုတ်လုပ်မှု အဆင့်ဆင့်၊ သက်ဆုုိင်ရာ အဖွဲ့အစည်းများမှ ကျမ်းမာရေးထောက်ခံ ချက်များ၊ သက်ဆိုင်ရာ Certificates များကို အတတ်နိုင်ဆုံး သောချာစွာစီစစ်ရွေးချယ်ပြီးမှသာ မိတ်ဆက် ဖြန့်ဖြူးပေးခြင်းဖြစ်ပါတယ်ရှင့်။
မြန်မာနိုင်ငံအနှံ့ အချိန်နဲ့ တပြေးညီ ဘေးဥပါဒ်ကင်းရှင်းသော အော်ဂဲနစ်နဲ့ သဘာဝထုတ်ကုန်များကို တစ်နေရာတည်းမှာ ဝယ်ယူသုံးစွဲနိုင်စေရန် ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ Organic Myanmar ဟာဆိုရင် Myanmar Natural Products များကို ပြည်တွင်းရော ပြည်ပသို့ပါ ချိတ်ဆက်ဖြန့်ချီပေးနိုင်စေရန် ရည်ရွယ်ထားပါတယ်။ နောင်တွင်လည်း ပြည်ပနိုင်ငံအသီးသီးမှ အော်ဂဲနစ်ထုတ်ကုန်များနဲ့ သဘာဝထုတ်ကုန် များကိုလည်း တင်သွွင်းမိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ထားတဲ့အတွက် ကမ္ဘာအနှ့ံမှ ကျန်းမာရေးနဲ့ ညီညွတ်သော ထုတ်ကုန်များကိုလည်း သုံးစွဲနိုင်စေဖို့ ဆောင်ရွက်နေပါတယ်ရှင့်။
Internet သုံးစွဲမှုမြင့်တက်လာသည်နဲ့ အမျှ Online Shopping Mall တွေ ခေါတ်စားလာချိန်မှာ ပြည်တွင်း၊ ပြည်ပ သဘာဝထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ မှာယူ၊ ဝယ်ယူနိုင်ဖို့ Organic Myanmar (Healthy Product Solution) ကို တည်ဆောက်ထားခြင်းဖြစ်ပါတယ်ရှင့်။
အသက်ရှည်၊ ကျန်းမာ၊ နုပျိုလှပပြီး လိုအင်ဟူသမျှ ပြည့်ဝ စိတ်ချမ်းသာကြပါစေရှင့်။