Zaw Language Channel
31/08/2025
N5/4 အောင်လက်မှတ်ရှိပြီးသူတိုင်း
အင်တာဗျူးဖြေရန်မလိုဘဲလျှောက်နိုင်ပါမည်။
၅ဦးသာခေါ်ယူပါမည်။
2026 April Intake အတွက်ဖြစ်ပါသည်။
ယိုကိုဟားမားမြို့တွင် တက်ရောက်ရပါမည်။
ယခုနှစ်အောက်တိုဘာလအတွက် အောင်ချက်
ရာခိုင်နှုန်းမှာ 100% ဖြစ်ပါသည်။
အောင်လက်မှတ်မရှိသူများလက်မခံပါ။
20/06/2025
COE ရဖို့ 100% နီးပါးစိတ်ချရပြီး
ငွေကြေးကုန်ကျစရိတ်နည်းသလို
ပညာလည်းရ အလုပ်လည်းရ
ဂျပန်နိုင်ငံတွင်ရေရှည်နေထိုင်နိုင်သော
PROGRAM တစ်ခုကိုညွှန်းရမည်ဆိုပါက
KAIGO SCHOLARSHIP PROGRAM
ဖြစ်ပါသည်။
ပထမတစ်နှစ်တွင် LANGUAGE SCHOOL
၌ ဂျပန်စာသင်ကြားရပါမည်။
ဒုတိယ/တတိယနှစ်တို့တွင် KAIGO SENMON
တွင် ပညာသင်ယူပြီး ဘွဲ့ရပြီးပါက သတ်မှတ်ထား
သော နေရာတွင် အလုပ်ဝင်ရမည်ဖြစ်ပြီး ဂျပန်အစိုးရသတ်မှတ်ချက်နှင့်ကိုက်ညီသောလစာ/ထောက်ပံ့ကြေးစသည်တို့ကိုရရှိမည်ဖြစ်ပါသည်။
ပညာသင်ကြားနေသည့် ၃နှစ်တာကာလအတွင်း
အချိန်ပိုင်းအလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ပါသည်။
ကန့်သတ်ချက်တစ်ခုအနေဖြင့် ဘွဲ့ရပြီးပါက
သတ်မှတ်နေရာတွင် ၅နှစ်အလုပ်လုပ်ပေးရပါမည်။
ဝင်ခွင့်သတ်မှတ်အချက်များအနေဖြင့်
၁- အိမ်ထောင်မရှိသူအမျိုးသမီးဖြစ်ရမည်။
၂- အသက်၂၅ထက်မကျော်သူဖြစ်ရမည်။
၃- အထက်တန်းအောင်/ဘွဲ့ရဖြစ်ရမည်။
၅- JLPT/NAT N-4 အောင်ထားသူဖြစ်ရမည်။
၆- သတ်မှတ်စည်းကမ်းများကိုလိုက်နာနိုင်သူ
ဖြစ်ရမည်။
လျှောက်ထားလိုပါက အောက်ပါလိပ်စာသို့
ဆက်သွယ်နိုင်ပါသည်။
လိပ်စာ
အမှတ်-၁၁/၇(ခ)၊ ဇေယျာသီရိကွန်ဒို၊ ဇေယျာသီရိလမ်း၊ ကမာရွတ်၊ ရန်ကုန်။ ဖုန်း - 09443087131
29/10/2024
OJI SAITAMA ကျောင်းအတွက်
2025 April Intake အတွက် လျှောက်လိုသူများ
နောက်တိုးထပ်မံခေါ်ယူပါမည်။
စာရွက်စာတမ်းပြည့်စုံသူများ
30-10-2024နောက်ဆုံးထားစာရင်းပေးရပါမည်။
31-10-2024နေ့တွင်အင်တာဗျူးပါမည်။
မိန်းခလေးဦးစားပေးခေါ်ယူပါမည်။
26/10/2024
2024 Oct တန်းခွဲ
YILI Yokohama ကျောင်းသားများ
မောင်မယ်သစ်လွင်ကြိုဆိုပွဲ
24/10/2024
ဂျပန်နိုင်ငံရှိ Language School များသို့
ကျောင်းလျှောက်သည့်အခါ COE တင်ရာတွင်
မြန်မာနိုင်ငံမှ ပတ်စပို့များဖြစ်သော
1- PV Passport
2- PJ Passport
3- PE Passport
မည်သည့်ပတ်စပို့နှင့်မဆိုတင်၍ရပါသည်။
COE တင်ခြင်းအတွက် ထိခိုက်ခြင်းမရှိပါ။
COE တင်သည့်အခါ ပတ်စပို့မိတ္တူ ပူးတွဲ
တင်ပြရခြင်း၏ရည်ရွယ်ချက်မှာ
ကာယကံရှင်၏
1- အင်္ဂလိပ်လိုနာမည်စာလုံးပေါင်း
2- မွေးသက္ကရာဇ်
3- မွေးရပ်ဇာတိ
4- ပတ်စပို့ထုတ်ပေးသည့်နေ့စွဲ
5- ပတ်စပို့သက်တမ်းကုန်ဆုံးသည့်နေ့စွဲ
6- ပတ်စပို့ထုတ်ပေးသည့်အဖွဲ့အစည်း
စသည်တို့ကို တိုက်ဆိုင်စစ်ဆေးရန်အတွက်
ဖြစ်ပါသည်။
သို့သော် COE ရပြီးနောက် ကျောင်းသား
ဗီဇာဖြင့် ဂျပန်နိုင်ငံသို့ထွက်ခွာလိုသော်
PJ ပတ်စပို့ဖြင့် ထွက်ခွာ၍မရနိုင်ပါ။ PV
သို့မဟုတ် PE ပတ်စပို့တစ်ခုခုဖြင့်သာ
မြန်မာနိုင်ငံမှထွက်ခွာခွင့်ရနိုင်မည်ဖြစ်ပါ
သည်။
မိမိတွင် PJ ပတ်စပို့ဖြစ်နေပါက
PE ပတ်စပို့ပြန်ပြောင်းရန်လိုအပ်ပါမည်။
PE ပတ်စပို့ပြောင်းရန်အတွက်ကိုမူ မိမိ
လျှောက်ထားသည့်အေးဂျင့်၏လမ်းညွှန်မှု
အတိုင်းဆောင်ရွက်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
ဇင်ဇော်ထက်ထွန်း
Naruto Language School
NO-11/7B, ZAYARTHIRI CONDO, ZAYARTHIRI ST,
KAMAYUT TSP, YANGON, MYANMAR.
PH: 09443087131 (VIBER)
Click here to claim your Sponsored Listing.
Contact the school
Website
Address
Yangon
Opening Hours
| Monday | 07:00 - 20:00 |
| Tuesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Friday | 07:00 - 20:00 |
| Saturday | 07:00 - 20:00 |
| Sunday | 07:00 - 20:00 |