S.SClass

S.SClass

Share

28/09/2025

Level 5, 6 Grammar collection book
မှာယူလို့ရပါပြီရှင့် ☺️
7.10.2025 ထိ 10% Discount ပေးထားပါတယ်နော် ။
Original price -30000Ks
Order to Viber -(+959420136042)

22/07/2025

"던 နဲ့ 었던 ကိုဘယ်လိုခွဲသုံးမလဲ ??? "

🧑‍🏫နှစ်ခုလုံးက အတိတ်မှာဖြစ်ခဲ့တဲ့ /လုပ်ခဲ့တဲ့ Action နဲ့ပတ်သက်ပြီး သုံးတာဖြစ်ပေမဲ့ ၊လုပ်တဲ့
Action ရဲ့ အချိန်ကာလအတိုင်းအတာနဲ့ ဆိုလိုရင်း အဓိပါယ်က ကွဲပြားပါတယ်။

🧑‍🏫ပထမကွာခြားချက် ⬇️
- 었던 က (과거에 끝난 일 ) အတိတ်မှာ လုပ်ခဲ့တဲ့ action ကလုံးဝကို ပြီးပြတ်သွားပြီဆိုတဲ့ သဘောကို ဖော်ပြပြီး

-던 က (과거에 했지만 끝나지 않은 일) အတိတိကာလမှာ လုပ်ခဲ့တဲ့ Action ကမပြီးပြတ်သေးပဲ ခဏတာရပ်တန့်ထားခြင်း ၊ဒါမှာမဟုတ် ဆက်လုပ်ဖို့ ရှိနေသေးတယ်ဆိုတဲ့ သဘောကို ဖော်ပြပါတယ်။

ဥပမာ-

내가 마셨던 커피야 .
ငါ သောက်ခဲ့တဲ့ ကော်ဖီပါ။
(အတိတ်ကာလတစ်ခုမှာ သောက်ခဲ့တဲ့ ကော်ဖီ(သို့)ကုန်အောင်သောက်ပြီးတဲ့ကော်ဖီ)

내가 마시던 커피야 .
ငါ သောက်ခဲ့တဲ့ ကော်ဖီပါ။
(သိပ်မကြာသေးတဲ့ အတိတ်ကာလတစ်ခုမှသောက်ခဲ့တဲ့ကော်ဖီ /သောက်လက်စ မကုန်သေးတဲ့ကေည်ဖီ)

🧑‍🏫ဒုတိယကွာခြားချက် ⬇️
- 었던 က (한두번의 경험) တစ်ကြီမ် ၊နှစ်ကြိမ်ပဲ လုပ်ဖူးခဲ့ Action,ထပ်မလုပ်ဖြစ်တော့ Action (သို့) အတွေ့အကြုံကို ပြောပြီးတော့

-던 က (주기적인 경험) ပုံမှန်အားဖြင့်/ဆက်တိုက်/အကြိမ်ကြိမ်လုပ်ဖြစ်နေတဲ့ ၊လုပ်ဖူးနေတဲ့ Action (သို့)အတွေ့အကြုံကို ပြောပါတယ်။

ဥပမာ-

내가 갔던 식당이야
ငါသွားခဲ့တဲ့ စားသောက်ဆိုင်ပါ
(အတိတ်ကာလမှာ တစ်ကြိမ်၊နှစ်ကြိမ်သွားခဲ့ဖူးတဲ့ဆိုင်(သို့)ထပ်မသွားဖြစ်တော့တဲ့ စား‌သောက်ဆိုင်)

내가 가던 식당이야
ငါသွားခဲ့တဲ့ စားသောက်ဆိုင်ပါ
(အတိတ်ကာလတစ်ခုကနေ အခုထိ မကြာမကြာ သွားနေခဲ့တဲ့ ဆိုင် )

던 က Action တစ်ခုကို လုပ်ဖူးတဲ့ အကြိမ်အရေအတွတ်နဲ့ပတ်သက်ပြီး ဖော်ပြတဲ့အခါ
(자주 , 가끔 , 항상 , 늘 )စတဲ့ စာလုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။

Teacher Zune

17/07/2025

더니 နဲ့ 았,었,했더니 ဒီ grammar နှစ်ခုလုံးက
အဓိပါယ်အရ တူပေမဲ့ သဒ္ဒါသ‌ေဘာတရားအရ အသုံး ကွာပြားချက်တွေအများကြီးရှိပါတယ်။

✅သိသာတယ် ကွာခြားချက် ပထမအချက်

-더니က အခုလက်ရှိကာလ(현재형)ကိုဖော်ပြပြီး
-았,었더니 ကတော့ အတိတ်ကာလ (과거형)ကိုဖော်ပြပါတယ်။

✅ဒုတိယကွာခြားချက်က

-았,었더니က (동사) Action Verb နဲ့ပဲတွဲသုံးပြီး
-더니 ကတော့ (동사 ) Action Verb,(형용사) Quality Verb , 이다 နဲ့တွဲသုံးတဲ့ (명사) Noun အကုန်လုံးနဲ့ တွဲသုံးလို့ရပါတယ်။

✅တတိယကွာခြားချက်ကတော့ Subject အသုံးပါ။

-았,었더니 က Subject က"ကိုယ်တိုင်"ဖြစ်တဲ့အခါမှ သုံးပြီး
-더니 ကတော့ Subject ကကိုယ်တိုင်မဟုတ်တဲ့
"တစ်ခြားသူ(သို့)တစ်ခြားအရာတွေနဲ့ ပတ်သက်ပြီးသုံးပါတယ်။

🧑‍🏫Grammar နှစ်ခုလုံးရဲ့ တူညီတဲ့ ဆိုလိုရင်းအဓိပါယ်ကတော့
"အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရလာတဲ့ဘအကျိုးရလာဒ်ကို ဖော်ပြတာဖြစ်ပါတယ်။

ဥပမာ-

내가 늦잠을 잤더니 학교에 늦었어요.
~~~~ ~~~~~
(ငါက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)

나나가 늦잠을 자더니 학교에 늦었어요.
~~~~ ~~~~~
(နာနာက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)

🧑‍🏫 ဒီ Grammar နှစ်ခုက တစ်ခုနဲ့တစ်ခု မတူညီတဲ့ အဓိပါယ် ၊ မတူညီတဲ့ ဖော်ပြချက်သဘောတရားတွေနဲ့လဲ သုံးပါသေးတယ်။

✅았,었더니က ကိုယ်ကိုတိုင် အရာတစ်ခုကို သိမြင်ခံစားလိုက်ရတယ်ဆိုတဲ့ သဘောကို ဖော်ပြတဲ့အခါမှာလဲသုံးပြီး

✅더니 ကကတော့ အတိတ်ကာလနဲ့ အခုလက်ရှိကို နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ သုံးပါသေးတယ်။

ဥပမာ-

아까밖에 나갔더니 비가 오더라.
(ခုဏက အပြင်ထွက်ကြည့်လိုက်တော့ မိုးရွာနေတယ်)

작년에는 이 물건이 싸더니 이제 비싸네 .
(မနှစ်က ဒီပစ္စည်းက ‌ဈေးပေါခဲ့တာ အခုတော့ ‌ ‌
ဈေးကြီးနေတယ် )

💢았,었더니 က Subject ကကိုယ်တိုင်သုံးပြီး၊
더니 ရဲ့ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့သုံးတယ်ဆိုပေမဲ့
❤️ချွင်းချက်အ‌နေနဲ့ Indirect Speech ပုံစံ တတိယလူကို ကိုယ်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြန်ပြောတဲ့အခါ
었,었더니 grammar ကလဲ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့ တွဲသုံးပါတယ်။ ❤️

ဥပမာ -

민지가 나가더니 비가 온다고 하더라.
(မင်ဂျီက ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ် ။)

💢မင်ဂျီနဲ့ ကိုယ်နဲ့အတူရှိနေပြီး ဒါမှမဟုတ် မင်ဂျီထွက်သွားတာကို မြင်လိုက်တယ်ဆိုတဲ့ အနေအထားကိုဖော်ပြ💢

민지가 나갔더니 비가 온다고 하더라 .
(မင်ဂျီ ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ်)

💢မင်ဂျီပဲ ထွက်သွားခဲ့ပြီ မင်ဂျီက သူကြုံခဲ့တဲ့ အခြေအနေကိုပဲ ပြန်ပြောပြသွားတဲ့ အနေအထားကိုဖော်ပြ 💢

Teacher Zune

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon