Easy Learn Chinese

Easy Learn Chinese

Share

30/01/2025

အခုလက်တလော ကျွန်မတွေ့ရသလောက်
လူတွေဟာ စကားလုံးတွေကိုထင်တိုင်းကြဲ
စည်းဘောင်မရှိ သုံးနေရင်းက အဲ့ Energyတွေ
ဟာအရမ်းပျံ့နှံ့လွယ်သလို ကြားသူ၊ဖတ်ရှုသူ
ကတဆင့် Negative state ဖြစ်ကာ လူတွေက
တဖြည်းဖြည်း Emotional controlမရ ဖြစ်လာရတတ်ပါတယ်။

တကယ်တမ်းတော့ စကားလုံးတွေဆိုတာ
အင်မတန်အားပြင်းလှပါတယ်။
ဒီလိုလေး မြင်သာအောင်ပြောပြရရင်

ကျွန်မတို့က သစ်ပင်တစ်ပင်ဖြစ်တယ်ဆို
စကားလုံးဆိုတာ ကျွန်မတို့၏အမြစ်များဖြစ်တယ်။

ကျွန်မတို့ကကျွန်မတို့ တွေးခေါ် ပြောဆိုရေးသားသော စကားလုံးတို့နှင့်အတူ ကြီးထွားတယ်။

စကားလုံးတွေကို အထင်မသေးလိုက်ပါနဲ့……

သင့်ရဲ့မနက်ဖြန်တိုင်းသည် သင့်ပြောသော
စကားလုံးများအတိုင်းဖြစ်ရန် ၇၇ % မျှရှိပါတယ်။

စကားလုံးတွေကတဆင့် အရာရာကိုပြောင်းလဲနိုင်
တာကြောင့် စကားလုံးတွေကတဆင့် သင်ရှာဖွေနေ
တာတွေ တွေ့နိုင်တယ််။

အဲ့တော့ စကားလုံးပြောင်း ရင် ဘာဖြစ်လဲ ?

စကားလုံးတွေပြောင်းရင် သင့် စိတ်ပြောင်းမယ် ။

စိတ်ပြောင်းတာနဲ့အမျှခံစားချက်တွေပြောင်းလာမယ်။

ခံစားချက်ပြောင်းရင် နေ့ရက်တိုင်းပိုလှပလာမယ်။

နေ့ရက်တိုင်းလှပလာသမျှ Relationshipကောင်းလာမယ်။

Relationship ကောင်းလာတာနှင့်အမျှ အေးချမ်းလာမယ်။

အေးချမ်းလာတာ နှင့်အမျှ Mindfulness ဖြစ်လာမယ်။

Magnetic Money တွေလည်း ရလာမယ်။

အဲ့တော့ လူတွေသိပ် အလေးမထားပေမယ့် အားပြင်းတဲ့အစွမ်းရှိတဲ့စကားလုံးတွေကိုအခြေခံကာ ဦးနှောက်နဲ့နှလုံးသား ကြားက စိတ်ရဲ့ ဆက်နွယ်ပုံ နဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ ….

အခုလာမယ့် ဖေဖေါ်ဝါရီ ၃ ရက်နဲ့ ၄ရက် 'world of words'-
''wow'' Training မှာ သင်ကြား မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

*အခုကတော့ လူစာရင်းပြည့်သွားပါပြီ။*

တကယ်လို့ စိတ်ဝင်စားရင် နောက် အတန်းအတွက်
စာရင်းကြိုပေးလို့ရပါတယ် ။ ၂ ရက် သင်တန်းပါ။

အခုလိုခေတ်ကာလမှာ မသိသေးတာတွေရှာဖွေပါ။
မိမိကိုယ်ကို မိမိ ရင်းနှီးမြုပ်နှံ လေ့လာပါ။

“စကားလုံးတွေအကြောင်းသာ သင်တကယ်သိရင်
စကားအပိုတွေပြော ဖြစ်တော့မှာမဟုတ်ပါ။”

အခုတစ်သုတ် အပ်ထားကြတဲ့သူတွေ နဲ့
ဖေဖေါ်ဝါရီ ၃ ၊ ၄ မှာ အတူတူဆုံကြပါမယ် ။

May Xing मणि पद्मे हुं

30/01/2025

What is NLP? (Neuro-Linguistic Programming)

NLP ဆိုတာ လူတိုင်းအတွက် ရိုးရှင်းပြီး
စိတ်ဝင်စားဖို့ထိုက်တန်တဲ့ နည်းလမ်းတစ်ခုပါ။

“စိတ်၊ စကားနှင့် အပြုအမူအကြားက
ပြောင်းလဲမှု ရရှိစေမယ့် နည်းပညာ” ဖြစ်ပြီး,

သင့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်
ဖော်ဖို့၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို
ကျော်လွှားဖို့ အတွက် အသုံးဝင်တဲ့
နည်းပညာဆိုလည်း မမှားပါဘူး ။

NLP ကို လူတိုင်းဘာကြောင့်စိတ်ဝင်စားကြလဲဆိုရင်
NLP ဟာ “စိတ်ကို ပြောင်းလဲပြီး အောင်မြင်မှု
ဆီရောက်စေတဲ့ စိတ်ပညာနည်းလမ်း” ဖြစ်ပါတယ်။

NLP ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့
ပျော်ရွှင်မှုကို တိုးတက်စေတယ်။ စိတ်ကူးများကို အကောင်အထည်ဖော်စေတယ်။ ဆက်ဆံရေးတွေအောင်မြင်စေတယ်။ကိုယ့်ရဲ့စွမ်းရည်ကို အမြှင့်ဆုံး
ဖြစ်စေတယ်။

NLP ဘာသာရပ်ကို ကျွန်မရဲ့အတူလေ့လာမယ်
ဆိုရင် ဘာအကျိူးတွေရနိုင်မလဲ ?

အားလုံးသိတဲ့အတိုင်း ယခုခေတ်မှာက Trainer တွေ
မှိုလိုပေါက်နေတဲ့ခေတ်ပါ ။ NLP Trainer တွေဆိုတာ
မိုးကျခါကစ ဖလူပျံသလိုကို ဖြစ်နေတာပါ ။

ဒီအတွင်းမှာ လူတိုင်း မိမိစိတ်ကြိုက်နှစ်သက်မယ့်
Trainer ကို ရွေးချယ်လို့ရပါတယ် ။

အားလုံးသိကြတဲ့အတိုင်း ကျွန်မရဲ့သင်တန်းတွေက
တစ်ခြားနှင့် မတူဘဲ သီးသန့်ထူးခြားမှုရှိတာကတော့
ကျွန်မရဲ့ အားသာချက်ပေါ့နော် ။

ဒါ့အပြင် Brain and Behavior ကို စနစ်တကျ
လေ့လာသင်ယူထားသူဖြစ်ပြီး Advanced Diploma
လည်းရရှိထားသည့် ပညာရှင်တစ်ဦးဖြစ်သလို၊

သင်ကြားသော နည်းလမ်းများကို ကိုယ်တိုင်လည်း
တွေ့ကြုံကျင့်သုံးပြီး လက်တွေ့ပြောင်းလဲမှုများကို
ခံစားရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ် ။

ကျွန်မရဲ့ ကိုယ်တိုင် အတွေ့အကြုံများအပြင်
သိပ္ပံနှင့်ပေါင်းစပ်ထားသည့် နည်းလမ်းများနှင့်
စနစ်တကျ သင်ကြားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ကျွန်မ၏ သင်တန်းသည် ရိုးရှင်း၊ လွယ်ကူပြီး
အသက်အရွယ်မရွေး တက်ရောက်နိုင်ဖို့ လည်း
ရည်ရွယ်ထားပါတယ်။

သင်တန်းမှာ ကျွန်မပေးစွမ်းနိုင်မယ့်အရာများ:

• သင့်ရဲ့ စိတ်နှင့် ကိုယ်အကြား ရှုထောင့်အသစ်တွေ ဖော်ထုတ်ပေးမယ်။
• သင့်ရဲ့ ပျော်ရွှင်မှုနှုန်းကို တိုးမြှင့်နိုင်မယ်။
• သင့်ဘဝအတွက် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ရင်း အမှန်တရားပေါ်ရောက်နိုင်မယ်။

“ဘဝကို ပိုမိုလွယ်ကူပြီး ပျော်ရွှင်စေဖို့ သင့်ရဲ့စိတ်ကို ပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား?”

ကျွန်မသင်တန်းမှာ သင့်ရဲ့ဘဝကို သက်တောင့်သက်သာနဲ့ အောင်မြင်မှုဆီရောက်ဖို့ အားလုံးပေးပို့ပါမယ်။

NLP ဘာသာရပ်ကိုသင်ချင်တယ်ဆို ၊ လေ့လာချင်ရင်ဆို

3 လပိုင်းထဲမှာ NLP Practitioners အတန်းဖွင့်မို့ရှိပါတယ်။

☀️သင်တန်းပြီးသွားရင် American Board of NLP က အသိမှတ်ပြု Certificate ကိုရရှိမှာဖြစ်ပါတယ်☀️

ကြိုတင်စာရင်းသွင်းထားနိုင်ပါတယ် ။

အားလုံးဟာ သင့်စိတ်အတွင်းမှာပဲစတင်တာပါ!

Photos from Easy Learn Chinese's post 17/01/2025

ELC သင်တန်းကျောင်းမှာ တရုတ်စာအပြင် မိမိဘဝ တိုးတတ်ပြောင်းလဲရေးအတွက် ဒီသင်တန်းတွေလည်းရှိပါတယ်နော် ။

လက်ရှိဖွင့်ထားသောအတန်းများ
======================

“World of Words”
~~~~~~~~~~~~~~
သင့်စိတ်ကို သက်သာစေတဲ့ စကားလုံး
စကားလုံးတွေကနေ Negative Emotions
တွေကို ဖြေလျှော့ပြီး ကိုယ့်ကိုယ်ကို ပိုမို
နားလည်စေတယ်။
ပိုက်ဆံနဲ့ ကိုယ့်အပြန်အလှန်ဆက်ဆံရေး
တွေကို လေးနက်စေသလို၊ လူမှုဆက်ဆံရေး
တွေကိုလည်း ပိုပြေပြစ်ပြီး အောင်မြင်မှုဆီ
လမ်းဖန်တီးပေးစေမယ့်အတန်း ။

“Coaches Outline and Methodology”
~~~~~~~~~~~~~~~~~~~~~~~~~~~
Client ၏လိုအပ်ချက်များနှင့် ရည်မှန်းချက်
များကို နားလည်ပြီး, သင့်တော်သောနည်းလမ်း
ဖြင့် လမ်းပြနိုင်အောင် နှင့်ရိုးရှင်းသောဆွေးနွေး
မှုများမှ ရလဒ်အထိ ပြောင်းလဲမှုဖန်တီးပေးနိုင်
အောင်လေ့ကျင့်သင်ကြားပေးခြင်း ။

ထပ်ဖွင့်လှစ်သွားမယ့်အတန်းများ
========================

1. NLP (Neuro-Linguistic Programming)
~~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ကို ပြောင်းလဲပြီး ရည်မှန်းချက်များအကောင်အထည်ဖော်စေခြင်း လူတိုင်းအတွက်
စိတ်ပညာနဲ့ ရည်ရွယ်ချက်တိုးတက်စေရန်
ဘဝကိုအကျိူးရှိစွာနေထိုင်နိုင်ရန် ဘဝနေနည်း။

2. Stress Management & Mindfulness
~~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ဖိစီးမှုလျော့ချဖို့နည်းလမ်းများ
ယနေ့ခေတ် လူတိုင်း စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရ
တဲ့အတွက် Mindfulness (စေတသိက်လေ့ကျင့်မှု)
နဲ့ Stress Management သင်တန်း။

3. Career Development & Goal Setting
~~~~~~~~~~~~~~~~~~~~~~~~~~~~
လုပ်ငန်းခွင်အတွက် အောင်မြင်ရေးနှင့်
ရည်မှန်းချက်များ သတ်မှတ်ခြင်း
လုပ်ငန်းခွင်အောင်မြင်မှုရရှိစေဖို့ Skills
Development, Career Mapping, Time
Management လုပ်ဆောင်နိုင်အောင်လေ့ကျင့်ပေးခြင်း။

အတန်းအားလုံးမှာ GIFT အနေဖြင့်

Emotional Freedom Techniques (EFT)
~~~~~~~~~~~~~~~~~~~~~~~~~~

စိတ်ဓာတ်လွတ်မြောက်ရေးနည်းများ
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ စိတ်ပျက်မှု
တွေကို ကျော်ဖြတ်ပြီး Inner Peace ရရှိစေမယ့်
နည်းလမ်းများကို လေ့ကျင့်ခြင်းစနစ်များ ။

သင်ထားပေးနေတဲ့ Trainer’s Profile

ELC သင်တန်းကျောင်းရဲ့ Founder လည်းဖြစ်တဲ့

May Xing @ Liu Mei Xing

NLP Trainer ( ABNLP)
Diploma in NLP ( KA, US )
Diploma in Positive Psychology ( ALISON,Irish )
Diploma in Brain and Behavior - Advanced ( ALISON,Irish )
Diploma in professional educational management (UK)
Certified Master Coach of NLP
Certified Timeline Therapy®
Certified ECCD & ECCE
Certified Child Psychology
Certified Practitioner Hypnotherapy

28/10/2024

📢 စီးပွားရေးသုံး တရုတ်စာ အထူးပရိုမိုးရှင်းနဲ့ သင်ယူလိုသူများအတွက် အခွင့်အရေး ရောက်ရှိလာပြီ 🎉

10 Days Lesson မှာပါဝင်မယ့် ဗီဒီယို ၁၀ ပုဒ်ဖြင့် စီးပွားရေးအတွက်အသုံးပြုနိုင်တဲ့ တရုတ်စာ သင်ခန်းစာတွေကို အချိန်မရွေး ကြည့်လို့ရပါတယ်။

မိမိအားတဲ့အချိန်မှာ အခါအားလျော်စွာ ပြန်လည်သင်ယူနိုင်တာကြောင့် လေ့ကျင့်ရင်း ကျွမ်းကျင်စွာ မှတ်ယူနိုင်မယ်။ အချိန်တိုအတွင်း ကျွမ်းကျင်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းတွေနဲ့အတူ လေ့ကျင့်မှုအတွက် home work လည်းပါဝင်မှာဖြစ်လို့ ကိုယ်တိုင်လေ့ကျင့်ပြီး တတ်မြှောက်နိုင်တယ်။

💥 ယခင် 400,000 ကျပ်ကို အခု 200,000 ကျပ် တည်းဖြင့် သင်ခန်းစာတွေ သင်ရယူဖို့ ကို တရုတ်စာ စီးပွါးရေးအတွက်အသုံးပြုချင်သူများ အနေဖြင့် ဒီအခွင့်အရေးကို လက်လွှတ်မခံလိုက်ပါနဲ့။

🔹 သင်ယူပြီးတဲ့အခါ - သင့်ရဲ့ စီးပွါးရေးမှာ အသုံးဝင်လောက်မယ့် တရုတ်စာများကို အချိန်တိုအတွင်း ကျွမ်းကျင်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။

👉 အထူးစျေးနှုန်းကို လူဦးရေအနေဖြင့် အကန့်အသတ်ရှိ တာကြောင့်အခုဘဲ လက်မနှေးဘဲ စာရင်းပေးသွင်းလိုက်ပါ ။

🔰Easy Learn Chinese🔰

20/03/2024

ဘယ်နိုင်ငံသွားသွား အင်္ဂလိပ်စာနဲ့ တရုတ်စာက လိုပါတယ်။

နိုင်ငံခြားရောက် လူငယ်တွေ အဆင်ပြေစေဖို့ Zoom Class လေးတွေ ထပ်ဖွင့်ပေးထားပါတယ် ။

Zoom Class ဆို ဆရာ ၊ ဆရာမ တွေ သိပ်မသင်ချင်ကြပါဘူး ။ ဘာလို့လဲဆို Zoom က လည်း ဝယ်ထားရတယ် ။

နောက်ပြီး PDF ဖိုင်တွေဆိုတာလည်း ဝယ်ရတယ် ၊ Scanner တွေ ဝယ်ရတယ်။ စနစ်ကျတဲ့ Zoom group ဖြစ်မို့ စနစ်ကျတဲ့ ပုံစံဖွဲ့စည်းရတယ် ။ မီးပျက်နေချိန်လည်း Zoom ချိန်မှန်မို့အတွက် အင်ဗက်တာ ၊ မီးစက် ၊ Wifi စတာတွေ အဖက်ဖက်က ပြည့်စုံအောင်လုပ်ရပါတယ် ။ နောက်ပြီး သင်တန်းသူ /သား တွေ စိတ်ပါဝင်စားအောင် လည်း ဆွဲခေါ်တတ်ရသလို နားလည်အောင် ထပ်တလဲလဲ အာပေါက်အောင် ထပ်ခါ ထပ်ခါရှင်းရပါတယ် ။

အဲ့လို step တွေအရမ်းများပြီး ရတဲ့ Fees နဲ့ မကိုက်ညီလို့ Zoom Class ကို ရှောင်ကြပါတယ် ။ သင်တန်းကြေးကို သိန်းနဲ့ ချီပြီး ၃ သိန်း ၄ သိန်း ယူမို့ကြတော့လည်း သင်တန်းသား/သူ တွေ အနေနဲ့ကလည်းအဆင်မပြေနိုင် ပါဘူး ။

အဲ့အတွက် သင်တန်းကြေးလည်း အားလုံး တတ်နိုင်မယ့် အနေအထားတစ်ခုနဲ့ စာသင်တာလည်း လျော့မသွားဘဲ PDF ဖိုင် ၊ note file စတာတွေ နဲ့ စနစ်ကျတဲ့ Group ဖွဲ့စည်းမှုပုံစံနဲ့မို့ တခြားနိုင်ငံက မြန်မာလူငယ်တွေပါ တရုတ်စာကို မြန်မာလိုလည်းသေချာရှင်းနိုင်မယ့် ဆရာမနဲ့ သင်ကြားနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ် ။

တရုတ်တတ်မယ်ဆို ELC နဲ့ အခုဘဲ ဆက်သွယ်လိုက်ပါမော်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building 18 , Ground Floor , Pyi Thu Kwat Thit 2nd Street, San Chaung Township
Yangon
1234567890