SC Auto Myanmar

SC Auto Myanmar

Share

24/12/2023

🎄🎁Merry Christmas and Happy New Year!! 🎊🎉

May this new year all your dreams turn into reality and all your efforts into great achievements. Wishing from SC Auto Myanmar family, you all safe, have fun, joy, peace, love, care, luck and success ahead!

နှစ်သစ်မှာ အခက်ခဲများကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ နှင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း SC Auto Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

12/04/2022
08/04/2022

Congratulations to DAF Truck N.V!

Congratulations to DAF for receiving the "Best Two-axle Lightweight Rigid Truck" at the prestigious Fleet News Award '22!

DAF’s city distribution truck, the unsurpassed LF series, dominates the UK’s 7.5-tonne truck market and it’s easy to see why: excellent reliability, competitive pricing and the best dealer back-up in the business give fleets huge confidence in the truck.
It is also ergonomically designed with the driver in mind, with a good sized, well equipped, comfortable cab. It’s the proven choice across all types of fleet activity.

Photos from SC Auto Myanmar's post 13/01/2022

💵Sales, Services 🔧& Spare Parts⚙️

လုပ်ငန်းသုံးကားကြီးလောကမှာ ကားသစ်တွေ၊ ကားကောင်းတွေ ဘာလို့သုံးရသလဲ ဆိုရင် ကားအတွက် ပြုပြင်ထိမ်းသိမ်းတဲ့ စရိတ် နဲ့ ကားပြင်ဆင်တဲ့လုပ်ငန်းအဆင့်ဆင့် အတွက် စိတ်ရှုပ်မခံချင်လို့ပါ။
Commercial Vehicles (လုပ်ငန်းသုံးယာဉ်) တွေဟာ ယာဉ်ကြံ့ခိုင်ရေးကောင်းနေ‌လေ လုပ်ငန်းတွင်ကျယ်လေ ဖြစ်ပြီး ရင်းနှီးသူလုပ်ငန်းရှင်အတွက် အကျိုးအမြတ်ရလေ ဖြစ်မှာပါ။
အထူးသဖြင့် ခရီးသည်တင်အဝေးပြေး Express ယာဉ်လိုင်းတွေရဲ့ အဓိကလုပ်ငန်းက သယ်ယူပို့ဆောင်ခြင်းပါ၊
ပျက်တဲ့ ကားတွေကို ပြင်နေရင်း အချိန်တွေကုန်ဆုံး Down Time တွေများ ပြီး ပတ်ချာလည်နေရင် မူလ ရည်မှန်းချက်ဖြစ်တဲ့ လုပ်ငန်းရဲ့ Core Business ကို ရိုက်ခတ်ပါတယ်။ ယာဉ်ပိုင်၊ ယာဉ်မောင်း၊ ခရီးသည် အဘက်ဘက်က ဘေးကင်းလုံခြုံစွာ စိတ်အေးချမ်းသာယာစွာ အသုံးပြုမောင်းနှင်စီးနင်းမှုကို ပေးစွမ်းနိုင်စွမ်း ရှိရမယ်ဆိုတဲ့ Global Standards, Local Support ဆိုတဲ့ SC AUTO ရဲ့ Brand slogan အတိုင်းပဲ ကမ္ဘာ့အဆင့် နည်းပညာမြင့် ကားမျိုးနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအခန်းကဏ္ဍအတွက် ဂုဏ်သရေရှိရှိ ဝင်ရောက် ဝန်ဆောင်ထောက်ပံ့ပေးနိုင်ဖို့ကိုတော့ Sales, Services နဲ့ Spare Parts တွေကိုလဲ သေချာစနစ်တကျ ကြိုတင်ပြင်ဆင်ထားပါတယ်။ SC Neustar ကိုဝယ်ယူထားတဲ့ လုပ်ငန်းရှင်တွေ အတွက် After Sales Service အတွက်ကိုတော့ ၂၄-နာရီ Hotline နဲ့ ကားကဘယ်နေရာမှာ ချို့ယွင်းမှုဖြစ်နေပါစေ အချိန်မရွေး၊ နေရာမရွေးရောက်ရှိလာပေးမယ့် Mobile Service ဝန်ဆောင်မှု ကို ပေးထားမှာဖြစ်ပါတယ်။
-----------------
⚙️Spare Parts⚙️

ကားကြီးတစ်စီးလုံးတောင် ဒီမှာ အစအဆုံး တပ်ဆင်ထုတ်လုပ်တာဖြစ်တော့ အပိုပစ္စည်းအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ SC AUTO စက်ရုံက နှစ်ထပ်ဂိုဒေါင်ထဲမှာ parts အကုန် အရန်သင့် ထားရှိပေးပြီးသားပါ။ နောက်ပြီး SC AUTO Service မှာ SC AUTO ကားတွေတင်သာမက လုပ်ငန်းရှင်တို့ဆီမှာ လက်ရှိ အသုံးပြုနေတဲ့ ဘယ်လိုအမျိုးအစား Bus ကားဖြစ်ပါစေ Services လုပ်လို့ရနိုင်မှာဖြစ်ပြီးတော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ SC Auto ရဲ့ ကျွမ်းကျင်တဲ့ Service Engineer များမှ ဝန်ဆောင် ပြုပြင်ပေးသွားမှာ လို့လဲသိရပါတယ်။ ကားနဲ့ပတ်သက်ပြီး လိုအပ်တဲ့ service ဝန်ဆောင်မှု အပြည့်အစုံပေးဖို့အတွက် စွမ်းဆောင်ရည်အပြည့် ရှိပါတယ်။ နောက်ပိုင်းမှာ Trucks ကားတွေအတွက် ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလဲ ထပ်မံတိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

🛠 Accident Repairs 🛠

အာမခံကုမ္ပဏီများနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် မတော်တဆမှုများကြုံလာတဲ့အခါမှာ စက်ရုံကို ကားထိုးပေးရုံနဲ့ SC Auto က အာမခံကုမ္ပဏီဘက်က တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး လိုအပ်တာများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကားဘော်ဒီအစိတ်အပိုင်းအားလုံးကို ပြည်တွင်းမှာပဲထုတ်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မတော်တဆထိခိုက်မှုကို ပြန်လည်ပြင်ဆင်ရင်လည်း နဂိုမူလရုပ်အတိုင်း အကောင်းပကတိပြန်ဖြစ်အောင် အလျင်မြန်ဆုံး ပြုပြင်ပေးသွားနိုင်မှာဖြစ်ပါတယ်။
-----------------------------------

SC AUTO ရဲ့ ရည်ရွယ် မားကတ် က ဘယ်လိုလဲ ရှင်းပြချင်ပါတယ်။
Global Standards, Local Support ဆိုတဲ့ SC AUTO ရဲ့ ဆောင်ပုဒ်အတိုင်း ကမ္ဘာ့အဆင့်မှီ ဥရောပ စံချိန်စံနှုန်း ၊ ဥရောပ ပစ္စည်းအစိတ်အပိုင်းများနဲ့ အဆင့်မှီ တည်ဆောက်ဖန်တီးထားပြီး ပြည်တွင်း လုပ်ငန်းရှင်တို့ လက်လှမ်းမှီ နိုင်လောက်တဲ့ ဈေးနှုန်း နဲ့ ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုတာ ပါပဲ။
ဥရောပအဆင့်အတန်းမှီ ကားတွေလိုမျိုး ကားအရည်အသွေးပိုင်း စိတ်ချ ယုံကြည်ရမှုရယ်၊ ဥရောပ ကားတွေထက် ဈေးနှုန်း သက်သာမှု၊ ဝန်ဆောင်ဂရုစိုက်မှု တို့မှာ ပိုမိုတာဝန်ယူ ဝန်ဆောင်မှုပေးမှုရယ် ကြားက Market Gap မှာ SC AUTO ဟာ သေချာ အကွက်ချ နေရာယူထားပါတယ်။ တိတိကျကျပြောရရင် SC AUTO ဆိုတာ ဥရောပကားတွေလို အရည်အသွေးမြင့်ကာ အရင်းအနှီးတစ်ခု များပြီး ၊ ဥရောပ ကားတွေလို ထပ်တူညီတဲ့ အရည်အသွေး အဆင့်အတန်းမျိူးနဲ့ ဥရောပ ကားတွေလောက် ဈေးမသုံးရပဲ ရမယ့် ကားမျိုးပါ။

အနှစ်ချုပ်အရပြောရရင် -

❤️ SC AUTO ဟာ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ ဂုဏ်ယူစရာ အခင်းအကျင်းမျိုးနဲ့ ပေါ်ထွက်လာတာတာဖြစ်ခြင်း

🤍 ကမ္ဘာ့အဆင့်မီ ဥရောပပစ္စည်း၊ဥရောပစံချိန်စံနှုန်းနဲ့ ဥရောပ အသိအမှတ်ပြု စင်္ကာပူနိုင်ငံရှိ SC Auto စင်ကာပူကုမ္ပဏီတွင် ၁၀ နှစ်ကျော် ကားထုတ်လုပ်ငန်းအတွေ့အကြုံရှိပြီး လေ့ကျင့်သင်ကြားထားသော မြန်မာပညာရှင်များမှ ပြည်တွင်းတွင် အစအဆုံး (Chassis Parts မှလွဲ‌၍) တပ်ဆင်ထုတ်လုပ်ထားခြင်း

❤️ တပ်ဆင်ထုပ်လုပ်ပြီးသော ကားတစ်စီး စီတိုင်းကို အဆင့်ဆင့် အသိအမှတ်ပြုလက်မှတ် ၊ European Homologation နဲ့ ထပ်တူညီအောင် စစ်ဆေးစမ်းသပ်ခြင်း

🤍 မြန်မာနိုင်ငံမှာတပ်ဆင်ထုတ်လုပ်တာဖြစ်တာကြောင့် Aftersales Service နဲ့ အထွေထွေ ဝန်ဆောင်မှု တို့နဲ့ပတ်သတ်ပြီးတော့လည်း အထွေအထူး စိတ်ပူစရာမရှိခြင်း
❤️ Built in Myanmar လို့ မထင်ရအောင်ပဲ အပေါ်မှာ ပြောသွားတဲ့ သူ့မှာပါဝင်တဲ့ Function တွေ Accessory တွေဟာ ဥရောပနဲ့ အာရှထိပ်သီးနိုင်ငံတွေမှာ လက်ရှိ အသုံးပြုနေတဲ့ ကားတွေနဲ့ တစ်ထပ်တည်း သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

SC AUTO (Myanmar) ကို ဆက်သွယ်ချင်ရင်တော့
အမှတ် (၁၈၈, ၁၈၉)၊ ဇေကမ္ဘာ ၁၀-လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့

မစုမြတ်နိုင်အောင်
Sales & Marketing Manager
09-88300 3837

ကိုထွန်းလင်းစိုး
Aftersales Manager
09-88300 3840
တို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

Photos from SC Auto Myanmar's post 06/01/2022

🚍Interior🚍

အခြားစျေးကွက်ထဲကကားတွေနဲ့ မြင်သားကျနေတဲ့ သူမျက်စိမှာတော့ SC Neustar ရဲ့ အတွင်းခန်း ဆင်ယင်မှုက တော်တော်လေး မျက်စိရှင်းပြီး ဥရောပဆန်စွာ တည်ငြိမ်အေးဆေးတဲ့အလှ ဖြစ်နေပါလိမ့်မယ်။
Seating Layout 2+2/2+1/1+1 တွေကတော့ ဝယ်ယူသူစိတ်တိုင်းကျ တပ်ဆင်လို့ရဖို့အတွက် အခြားကားတွေနဲ့မတူဘဲ SC Neustar လိုက်တန်းတွေရဲ့ ကြမ်းခင်းမှာ Aluminium Rail တွေ မြှုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် ခုံအဖြုတ်အတပ် လွယ်ကူမြန်ဆန်တဲ့ အပြင် ခုံ (၂) တန်းကြားက လိုချင်တဲ့အကွာအဝေးကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

Ceiling Decorations, Side Wall Covering တွေဟာ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်းနဲ့ လိုအပ်သလောက် တန်ဆာဆင်ယင်မှုကိုသာ တွေ့ရမှာဖြစ်ပြီး အခြားကား တွေလောက် မီးများများနဲ့ ခပ်ဆန်းဆန်း အလှဆင်မှု ကိုတော့ ဥရောပ အငွေ့အသက်လွှမ်းတဲ့ သူ့မှာ တွေ့ရမှာ မဟုတ်ပါဘူး။
Safety အတွက် အရေးပေါ် မှန်ခွဲတူ ၊ Rooftop Emergency Hatch Door တွေ ကို စနစ်တကျတပ်ဆင်ပေးထားတာ တွေ့ရတယ်။
ခုံတွေက 2+2 ရော 2+1 ရော မှာ ထိုင်ရတာ သက်တောင့်သက်သာ ရှိတယ်၊ ရှေ့ခုံနောက်ခုံ ခြေဆန့်လက်ဆန့် ကျယ်ဝန်းတယ်၊ ခုံတွေတိုင်းမှာ တစ်ကိုယ်ရေသုံး Electronic Devices တွေ ဖြစ်တဲ့ Smart Phone, Tablet တို့ အားသွင်းလို့ရတဲ့ USB Chargerလေးတွေ တပ်ဆင်ပေးထားတယ်။

လိုက်တန်းမို့ ကားအလျားပိုရှည်လာတဲ့အခါ ခရီးသည်အတက်အဆင်း အဆင်ပြေသက်သာစေဖို့အတွက် ခရီးသည် အတက် အဆင်းပေါက်ကိုတော့ 2 ခုထားရှိပေးထားပါတယ်။ ဒုတိယအတက်အဆင်းပေါက်ကိုတော့ မြင်တွေ့နေကြလို ခါးပေါက် မဟုတ်ပဲ ကားရဲ့ အနောက်ပိုင်းအနားမှာ တပ်ဆင်ထားတာတွေ့ရမှာပါ။ ခါးပေါက်တွေနဲ့ ယှဉ်ရင် အားသာချက်အနေနဲ့ကတော့ ယာဉ်ပိုင်ရှင်တွေအတွက် ကုန်တင်ခန်းဧရိယာ နေရာလဲ မပျောက်သလို ခရီးသည်တွေအတွက်လဲ အဆင်ပြေစေတာပါပဲ။

နောက် ထူးခြားချက်အနေနဲ့ ကတော့ Front Windshield ရှေ့လေကာမှန်ကြီးကိုသာမက ခရီးသည်ဘေးက Passenger Window တွေကိုပါ မိနစ်ပိုင်းအတွင်း မြင်ကွင်းကြည်လင်သွားအောင် လုပ်ပေးနိုင်တဲ့ အပူပေးစနစ်ကို အသုံးပြုလို့ရပြီး ခရီးစဉ်တွေတိုင်းမှာ ပြတင်းပေါက်မှန်အပြင်ဘက်က သဘာဝအလှတရားတွေကို ရာသီဥတုအခြေအနေမရွေး ခံစားလို့ရနေမှာပါ။

ဒီလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါဆိုးကြီး ဖြစ်နေတဲ့အချိန်မှာ ခရီးသွားပြည်သူတွေအတွက် ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးမယ့် အိုဇုန်းလေသန့်စင်စနစ်ကို SC Neustar ရဲ့ အဲကွန်းစနစ် မှာ တပ်ဆင်ပေးထားတဲ့အတွက်ကြောင့် ကားတွင်းလေထုကို ခရီးလမ်းတလျှောက်လုံး သန့်စင်ပေးနေပြီး ဘယ်ကားမှာမှ မရှိသေးတဲ့ New Normal Coach တစ်စီးလို့ ပြောလို့ရပါတယ်။ နောက်ပြီး Aircon ရော Heater ပါ function 2-မျိုးလုံးပါဝင်လို့ ဥတုသုံးပါးမရွေး သက်တောင့်သက်သာရှိစွာ ခရီးသွားလာနိုင် မှာလဲ ဖြစ်ပါတယ်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 188 & 189, 10th Street, Yangon Industrial Zone, Mingalardon Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00