FEG EP Classes

FEG EP Classes

Share

10/02/2026

NSSA Level 1(Building Wiring) ဖြေဆိုလိုသော 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗶𝗮𝗻 များအတွက် ဖြေဆိုခွင့်လျှောက်လွှာ လက်ခံနေပါပြီ ...

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ 09795926255

🏠 သင်တန်းကျောင်း လိပ်စာ - ဆိပ်ကမ်းသာလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား)၊ စျေးပလာဇာ ဈေးတည်ရာနေရာ၊ ၃၈ လမ်း၊ ဒုတိယထပ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။





&E

18/01/2026

𝗦𝗼𝗹𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗶𝗰𝗶𝗮𝗻 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴

𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲
၇ရက်အမြန်

Solar Technician သင်တန်းတွင် တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စနစ်တကျ လည်ပတ်စေခြင်းတွေကို သိရှိတတ်မြောက်စေပြီး တတ်မြောက်ကျွမ်းကျင်မှုအတွက် -

✅ လက်တွေ့လုပ်ငန်းခွင်တွင်ကြုံတွေ့နိုင်သည့် ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လေ့ကျင့်ပေးခြင်း၊
✅ နည်းပညာနှင့် လက်တွေ့ကျွမ်းကျင်မှု ပိုမိုတိုးတက်စေရန်အတွက် Site excursion စီစဥ်ထားခြင်း၊
✅ OJT ဆင်းနိုင်းရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊

1️⃣ Safety (ဘေးကင်းရေး)

✅ Solar PV Safety

♦လျှပ်စစ်အန္တရာယ်များ ဖြစ်သည့် Electric Shock, arc flash နှင့် မီးဘေးအန္တရာယ်များအကြောင်း၊
♦ Solar system တပ်ဆင်ခြင်းများတွင် ဖြစ်ပေါ်နိုင်သည့် - DC arcing, အမိုးပေါ်မှ ပြုတ်ကျခြင်းနှင့် panel များကို အန္တရာယ်ကင်းစွာ ကိုင်တွယ်ခြင်း၊
♦ ဆိုလာတပ်ဆင်မှုအတွက် လိုအပ်သော PPE : လျှပ်ကာလက်အိတ်များ၊ helmets, safety glasses နှင့် arc flash ဒဏ်ခံနိုင်သော အဝတ်အစားများအကြောင်း၊

✅ လုပ်ငန်းတာဝန်များအပေါ်အခြေခံ၍ မှန်ကန်သော PPE ကိုရွေးချယ်နည်းများ (ဥပမာ၊ Solar PV panel တပ်ဆင်ခြင်းနှင့် ဝါယာကြိုးများတပ်ဆင်ခြင်း) PPE ကို ထိန်းသိမ်းနည်း၊ စစ်ဆေးနည်းနှင့် သိမ်းဆည်းနည်း၊

✅ အိမ်ခေါင်မိုးပေါ်တွင် အလုပ်လုပ်နေစဉ် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ခွဲခြားသိရှိပြီး ဖြစ်ပွားမှုကို လျော့နည်းအောင် ပြုလုပ်ခြင်း၊

♦ လှေကားကို နည်းစနစ်မှန်အောင် အသုံးပြုခြင်းနှင့် ပြုတ်ကျခြင်းကာကွယ်ရေးစနစ်များ (safety harness, anchor points နှင့် life line )

✅ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေ့အကျင့်များ ဖြစ်သည့် လျှပ်စစ်ကို စနစ်တကျ ပိတ်နိုင်ရန် lockout/ tagout (LOTO) လုပ်ထုံးလုပ်နည်းများ၊

♦ PV modules များ၊ DC disconnect switch နှင့် အင်ဗာတာများကို လုံခြုံစွာကိုင်တွယ်ခြင်းနှင့် တပ်ဆင်ခြင်း၊

2️⃣ Design Calculation

✅ နေအိမ်ရှိ လျှပ်စစ်ဝန် (Electrical load) အား ခွဲခြားသတ်မှတ်ခြင်း၊

♦ နေ့စဉ်/ အပတ်စဉ်နှင့် လစဉ် စွမ်းအင်သုံးစွဲမှုကို ဆုံးဖြတ်ရန် ဝန်တွက်ချက်မှုများကို လုပ်ဆောင်ခြင်း၊
♦ နေရောင်ခြည်ဖြာထွက်မှုအကြောင်း နှင့် PV system စွမ်းဆောင် ရည်(performance)၊ နေ့စဥ်/ နှစ်စဉ် solar PV စွမ်းအင်ထုတ်လုပ်မှုကို peak sun hour ပေါ်အခြေခံ၍ တွက်ချက်ခြင်း၊

✅ PV Array Sizing

♦ စွမ်းအင်လိုအပ်ချက်(Energy demand) များ ပြည့်မီရန် လိုအပ်သော panel အရေအတွက်ကို တွက်ချက်ခြင်း၊
♦ panel efficiency, tilt angle, azimuth နှင့် shading effect များအကြောင်း၊

✅ Inverter Sizing and Selection

♦ စနစ်အမျိုးမျိုးအတွက် အရွယ်အစားထည့်သွင်းစဉ်းစားခြင်း- off-grid, grid-tied and hybrid အင်ဗာတာအရွယ်အစားကို ရွှေးချယ်ခြင်း၊
♦ Array အရွယ်အစား၊ ဗို့အားနှင့် ပါဝါအဆင့်သတ်မှတ်ချက်များပေါ်မူတည်၍ သင့်လျော်သော အင်ဗာတာကို ရွေးချယ်ခြင်း၊

✅ Off-grid စနစ်အတွက် ဘက်ထရီအရွယ်အစား ရွေးချယ်ခြင်း

♦ စွမ်းအင်သိုလှောင်မှုလိုအပ်ချက် အပေါ်အခြေခံ၍ battery bank အရွယ်အစားကို တွက်ချက်ခြင်း၊
♦ ဘက်ထရီအမျိုးအစားများ (ခဲအက်ဆစ်၊ လစ်သီယမ်အိုင်းယွန်း) နှင့် PV စနစ်များတွင် ၎င်းတို့၏ အခန်းကဏ္ဍများကို နားလည်ခြင်း၊

✅ ကေဘယ်အရွယ်အစား ရွေးချယ်ခြင်း နှင့် voltage drop တွက်ချက်မှုများအကြောင်း

♦ ဗို့အားကျဆင်းမှုကို လျှော့ချရန်အတွက် မှန်ကန်သော ကေဘယ်အရွယ်အစားကို ဆုံးဖြတ်ရန် တွက်ချက်မှုများ လုပ်ဆောင်ခြင်း၊
♦ ပတ်ဝန်းကျင်အခြေအနေများအပေါ် မူတည်ပြီး cable insulation နှင့် protective ponduit များကို ရွေးချယ်ခြင်း၊

3️⃣ ဆိုလာ PV တပ်ဆင်ခြင်း (Solar PV Installation)

A. Introduction to Solar PV System Components

✅ PV Modules

♦ PV module အမျိုးအစားများ ဖြစ်သည့် monocrystalline, polycrystalline, thin film, bifacial modules များအကြောင်း၊
♦ Module rating များဖြစ်သည့် peak watt, voltage, ampere နှင့် efficiency များ အကြောင်း၊

✅ Inverters

♦ အင်ဗာတာအမျိုးအစားများ ဖြစ်သည့် string အင်ဗာတာများ၊ မိုက်ခရိုအင်ဗာတာများ၊ ဟိုက်ဘရစ်အင်ဗာတာများ၊ central အင်ဗာတာများ အကြောင်း၊
♦ အမြင့်ဆုံး ပါဝါပွိုင့်ခြေရာခံခြင်း (MPPT) နည်းပညာအကြောင်း၊ Inverter များအတွက် PV string size ရွေးချယ်ခြင်းနှင့် Voltage limit များ အကြောင်း၊

✅ Mounting Structures

♦ PV module များကို ခေါင်မိုးနှင့် အညီတပ်ဆင်ခြင်း၊ စောင်း၍တပ်ဆင်ခြင်း၊ မြေပြင်ပေါ်တွင် တပ်ဆင်ခြင်း နည်းစနစ်များ အကြောင်း၊

✅ Balance of System (BOS) အစိတ်အပိုင်းများ

♦ Combiner boxes, disconnects, and charge controllers (hybrid and off-grid systems အတွက်)၊ ကေဘယ်များ၊ MC4 connector များ (MC4), fuse များ၊ surge protective device များ (SPD)၊
♦ ဘက်ထရီသိုလှောင်မှုစနစ်များ : ဘက်ထရီအမျိုးအစားများ (Lead Acid, Lithium ions)၊ ဘက်ထရီစီမံခန့်ခွဲမှုစနစ်များ (BMS) များအကြောင်း၊

B. Site Assessment and Preparation

✅ Site Surveying Techniques

♦ နေရောင်ခြည်စွမ်းအင်အတွက် Site survey ပြုလုပ်ခြင်း : assessing shading, orientation, and tilt angle များကို အကဲဖြတ်ခြင်း၊
♦ Roof survey ပြုလုပ်ခြင်း - ခေါင်မိုး ခိုင်မာမှု၊ ဝန်ခံနိုင်မှုစွမ်းရည်နှင့် panel တပ်ဆင်မှုအတွက် အကဲဖြတ်ခြင်း၊
♦ မတူညီသောခေါင်မိုးအမျိုးအစားများ (gable, flat, pitched) သို့မဟုတ် မြေပြင်တပ်ဆင်ခြင်းများ အတွက် အကောင်းဆုံးသော Panel layout ခွဲခြားသတ်မှတ်ခြင်း၊

✅ Shading Analysis

♦ အရိပ်ကျခြင်းကြောင့် PV output ကျဆင်းခြင်း (partial shading, hotspot effects) များအကြောင်း၊
♦ အရိပ်ကျခြင်းများကို လျော့ပါးသက်သာစေရန် array များကို ဒီဇိုင်းဆွဲခြင်း (bypass diodes, optimizers သို့မဟုတ် microinverter များကို အသုံးပြုခြင်း)

C. Mechanical Installation

✅ အိမ်ခေါင်မိုးပေါ်တွင် PV Array တပ်ဆင်ခြင်း

♦ နေအိမ် ခေါင်မိုးများပေါ်တွင် flush-mount နှင့် tilt-mount စနစ်များကို တပ်ဆင်ခြင်း၊
♦ အိမ်ခေါင်မိုး ရေလုံမှုတို့ကို သေချာစစ်ဆေးခြင်း၊
♦ Solar rail နှင့် rail-less တပ်ဆင်ခြင်း အကျိုး၊ အပြစ်များနှင့် တပ်ဆင်မှုနည်းလမ်းများ၊

✅ Mechanical Fixings and Structural Stability

♦ clamps, bolts, and fastener များကို manufacture installation manual များဖတ်ပြီး စနစ်တကျ တပ်ဆင်နည်းများ၊
♦ manufacturer သတ်မှတ်ထားသော Torque specification များအတိုင်း mounting structure များကို တပ်ဆင်နည်းများ၊

D. Electrical Installation

✅ PV Module ဝါယာကြိုးများနှင့် ချိတ်ဆက်မှုများ

♦ PV ကြိုးများ series နှင့် parallel ဝါယာကြိုးချိတ်ဆက်နည်းများအကြောင်း၊
♦ String voltage နှင့် current များကို inverter specification နှင့် ညီစေရန် တွက်ချက်တပ်ဆင်ခြင်း၊
♦ PV module combiner box တပ်ဆင်ခြင်းနှင့် MC4 connector ဖြင့် ဝါယာကြိုးများ တပ်ဆင်ခြင်း၊

✅ Combiner Boxes နှင့် Disconnects

Combiner box ၏ လုပ်ဆောင်ချက်နှင့် နေရာချထားခြင်း

♦ ပြုပြင်ထိန်းသိမ်းမှုနှင့် Emergency Shutdown လုပ်ချိန် အတွင်း ဘေးကင်းစေရန်အတွက် DC disconnect switch တပ်ဆင်ခြင်း၊
♦ fuses များ၊ circuit breakers sizing ရွေးချယ်နည်း၊

✅ အင်ဗာတာ တပ်ဆင်ခြင်းနှင့် ဖွဲ့စည်းမှု

♦ အပူလွန်ကဲခြင်းကို ရှောင်ရှားရန် အရိပ်ရ၊ လေ၀င်လေထွက်ကောင်းသော နေရာများတွင် အင်ဗာတာများ တပ်ဆင်နည်း၊
♦ အပူချိန်မြင့်သော ပတ်ဝန်းကျင်များတွင် အင်ဗာတာများအတွက် သင့်လျော်သော လေဝင်လေထွက်နှင့် အအေးပေးခြင်း၊

✅ Cable Management နှင့် Conduit တပ်ဆင်ခြင်း

♦ စွမ်းအင်ဆုံးရှုံးမှုကို လျှော့ချရန်နှင့် Solar PV system ကြာရှည်မှုကို မြှင့်တင်ရန် DC နှင့် AC ကေဘယ်ကြိုးများကို စနစ်တကျ တပ်ဆင်နည်း၊
♦ Cable ကြိုးများနှင့် conduit များကို labelling စနစ်တကျလုပ်နည်း၊

E. Earthing, Bonding, and Lightning Protection

✅ Earthing Systems

♦ PV စနစ်များတွင် Earthing လုပ်ခြင်း၏ အရေးပါမှု- လျှပ်စစ်ချို့ယွင်းမှုနှင့် မိုးကြိုးပစ်ခြင်းမှ ကာကွယ်ပေးခြင်း၊
♦ Earthing နည်းလမ်းများ : equipment earthing နှင့် System earthing
♦ Earthing rods, Earthing electrodes, and bonding connection များ တပ်ဆင် အသုံးပြုနည်း၊

✅ Lightning Protection

♦ ဗို့အားစောင့်တက်ခြင်းမှ အင်ဗာတာများနှင့် အခြားပစ္စည်းများကို ကာကွယ်ရန်အတွက် Surge Protective Device (SPD) တပ်ဆင်ခြင်း၊
♦ Lightning Protection System (LPS) တွင်ရှိသော air terminals, down conductors နှင့် earthing များကို စနစ်တကျ တပ်ဆင်နည်း၊

4️⃣ Commissioning, Testing & Inspection

✅ Pre-Commissioning Checklist

♦ Performance နှင့် Safety အတွက် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်တပ်ဆင်မှုများကို စစ်ဆေးခြင်း၊
♦ Module ချိတ်ဆက်မှုများ၊ Earthing စနစ်များနှင့် အင်ဗာတာ တပ်ဆင်ခြင်းများကို စစ်ဆေးခြင်း၊
♦ တပ်ဆင်ထားသော PV module များ ခိုင်ခံမှုရှိမရှိ၊ bolt နှင့် nut များ သတ်မှတ်ထားသော torque specification အတိုင်း တပ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊

✅ Electrical Installation Testing and System testing

♦ Insulation Resistance Testing (IRT test), Continuity test နှင့် polarity test များကို PV module များ၊ inverter, battery များတွင် manufacture standard, International standard နှင့် အညီ စစ်ဆေးတိုင်းတာခြင်း၊
♦ PV string တစ်ခုစီ အတွက် open circuit voltage (Voc) နှင့် short circuit current (Isc) testing များလုပ်ဆောင် စမ်းသပ် စစ်ဆေးခြင်း၊

✅ System Documentation နှင့် Reporting

♦ Solar PV system ၏ စွမ်းဆောင်ရည်၊ စမ်းသပ်မှုရလဒ်များနှင့် တပ်ဆင်ထားသော အစိတ်အပိုင်းများဆိုင်ရာ အသေးစိတ်အချက်အလက်များကို commissioning report ဖန်တီးခြင်း၊
♦ Opreation manual, maintenance guide, site drawing, wiring diagram များကို အသုံးပြုသူထံသို့ စနစ်တကျ ပေးအပ်ခြင်း၊

✅ Post-Commissioning Inspection နှင့် Handover

♦ စနစ်လည်ပတ်မှု၊ ဘေးကင်းရေးအင်္ဂါရပ်များနှင့် ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များကို Client နှင့် တူ နောက်ဆုံးအကြိမ် စစ်ဆေးကြည့်ရှုခြင်း၊
♦ Solar PV system လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အာမခံစာရွက်စာတမ်းများနှင့် Performance အာမခံချက်များအား လွှဲပြောင်းပေးအပ်ခြင်း၊

5️⃣ ပြုပြင်ထိန်းသိမ်းမှု

✅ ပုံမှန်ထိန်းသိမ်းမှုလုပ်ထုံးလုပ်နည်းများ

♦ Solar PV system ၏ လျှပ်စစ်ထုတ်နိုင်စွမ်း ထိ‌ရောက်မှုရှိစေရန် PV module များကို ဆေးကြော သန့်ရှင်းခြင်း နည်းစနစ်များ၊
♦ အင်ဗာတာများ၊ ဘက်ထရီများ၊ ကေဘယ်ကြိုးများ နှင့် တပ်ဆင်ထားသော စနစ်အစိတ်အပိုင်းများကို ဟောင်းနွမ်းပျက်စီးခြင်းရှိမရှိ စစ်ဆေးခြင်း၊
♦ လျှပ်စစ်ချိတ်ဆက်မှုများ၊ အင်ဗာတာဆက်တင်များနှင့် Earthing စနစ် ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊

✅ ကြိုတင်ကာကွယ်ထိန်းသိမ်းမှု အစီအစဉ်များ

♦ စနစ်အရွယ်အစားနှင့် အသုံးပြုမှုအပေါ်အခြေခံ၍ ပြုပြင်ထိန်းသိမ်းမှုအချိန်ဇယားများကို ရေးဆွဲခြင်း
♦ နှစ်စဉ်စမ်းသပ်ခြင်း : Insulation Resistance၊ Voc/Isc စမ်းသပ်မှုများနှင့် thermographic inspections များပြုလုပ်ခြင်း၊

✅ ပြဿနာအဖြေရှာခြင်း နည်းစနစ်များ (Troubleshooting Techniques)

♦ စွမ်းဆောင်ရည်ကျဆင်းမှုကို အဖြေရှာခြင်း : Shading၊ ဖုန်တင်ခြင်း သို့မဟုတ် အင်ဗာတာ ချွတ်ယွင်းချက်များကို ခွဲခြားသတ်မှတ်ခြင်း၊
♦ အဖြစ်များသော အင်ဗာတာ ချို့ယွင်းချက်များနှင့် Error codeများ ကို ပြုပြင် ရှင်းလင်းခြင်း၊
♦ ပျက်စီးနေသောအစိတ်အပိုင်းများကို အစားထိုးခြင်း : PV မော်ဂျူးများ၊ အင်ဗာတာများ၊ ဖျူးများ၊ သို့မဟုတ် ဝါယာကြိုးများ၊

6️⃣ ကုန်ကျစရိတ်တွက်ချက်ခြင်း (Cost Budgeting)

✅ Introduction to Cost Components

♦ Equipment Cost များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်း : PV panels၊ အင်ဗာတာများ၊ ဘက်ထရီများ၊ ဝါယာကြိုးများ၊ တပ်ဆင်တည်ဆောက်ပုံများ၊
♦ System Size နှင့် ရှုပ်ထွေးမှု ပေါ်မူတည်၍ အလုပ်သမားစရိတ် တွက်ချက်ခြင်း၊
♦ Permit တင်ခြင်း၊ Inspection လုပ်ခြင်း နှင့် Survey Cost များ စသည့် hidden cost များကို နားလည်ခြင်း၊

✅ System ကုန်ကျစရိတ်များကို ခန့်မှန်းခြင်း

♦ အသေးစား၊ အလတ်စားနှင့် အကြီးစား တပ်ဆင်မှုများအတွက် တိကျသော ကုန်ကျစရိတ် ခန့်မှန်းချက်များကို ပြင်ဆင်ခြင်း၊
♦ ဆိုဒ်ပြင်ဆင်ခြင်း၊ တည်ဆောက်ပုံပြုပြင်မွမ်းမံခြင်း (Structural modification) နှင့် ထပ်ဆောင်းလျှပ်စစ်အဆင့်မြှင့်တင်ခြင်းများအကြောင်း တွက်ချက်ခြင်း၊
♦ စနစ်ပုံစံအမျိုးမျိုးအတွက် စုစုပေါင်းတပ်ဆင်မှုကုန်ကျစရိတ် (CAPEX) Capital Expenditure ကို တွက်ချက်ခြင်း၊

✅ Financial Incentives နှင့် ROI တွက်ချက်မှုများ

♦ Governmentincentives, အခွန်ပြန်အမ်းငွေများနှင့် နေရောင်ခြည်စွမ်းအင်သုံး ပရောဂျက်များအတွက် ထောက်ပံ့မှုများကို နားလည်ခြင်း၊
♦ စနစ်အရွယ်အစားနှင့် ဒေသလျှပ်စစ်ဓာတ်အားခစျေးနှုန်းများပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံမှုပြန်အမ်းငွေ (ROI) နှင့် ပြန်ပေးကာလကို တွက်ချက်ခြင်း၊
♦ Power Purchase Agreement (PPAs) ကိုရှင်းပြခြင်းနှင့် ဖောက်သည်များအား ငှားရမ်းခြင်းအတွက် ငွေကြေးဆိုင်ရာ ရွေးချယ်စရာများ၊ ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ကုန်ကျစရိတ်ထိန်းချုပ်ရေး၊

✅ ကုန်ကျစရိတ်အလွန်အကျွံမဖြစ်အောင် project ဘတ်ဂျက်များကို စီမံခန့်ခွဲခြင်း

♦ ပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ်များကို တွက်ချက်ခြင်း၊
♦ အပြိုင်အဆိုင်စျေးနှုန်းရရှိရန် ပေးသွင်းသူများနှင့် ရောင်းချသူများနှင့် ညှိနှိုင်းခြင်း၊
♦ Client များအတွက် အသေးစိတ်ကုန်ကျစရိတ်အစီရင်ခံစာများနှင့် Update များကို ပြင်ဆင်ခြင်း။

🔌 Time - 9:00 AM to 4:00 PM
🔌 Duration - 7 Days
🔌 Fees - 250,000 Ks

(တီရှပ်၊ ဗလာစာအုပ်၊ ဘောပင် ပေးပါသည်)
🔌 Lecturer - ဆရာခန့်ဟိန်း၊
ဆရာဟန်ဆွေ၊ ဆရာမင်းဇော်လင်း

သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

📩 Email [email protected]

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

& Guilds

13/01/2026

❄️ 𝗩𝗥𝗩 / 𝗩𝗥𝗙 အဆင့်မြင့် 𝗔𝗶𝗿 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺𝘀 Training

သင်တန်း Program တစ်ခုမှာ
သင်ကြားရေးအတွက် Facilities ကောင်းလောက်ရုံနဲ့ မလုံလောက်ပါဘူး သင်ကြားပေးတဲ့ ဆရာရဲ့ အတွေ့အကြုံကလည်း အဓိကအရေးပါပါတယ်

FEG College မှာ အတွေ့အကြုံသမ္ဘာရင့် VRV/VRF Specialist ဆရာကြီး ဦးထိပ်တင်ထွဋ် ကိုယ်တိုင် ဦးစီးသင်ကြားပေးမည့် VRV/VRF Advanced Air Conditioning Training Program ကို ဂုဏ်ယူစွာ စီစဉ်ဖွင့်လှစ်လိုက်ပါပြီ။

👉 အချိန်တိုအတွင်း
👉 အလုပ်ခွင်မှာ တကယ်သုံးလို့ရတဲ့
👉 နည်းပညာအနှစ်သာရတွေကို
ထိထိမိမိ နားလည်တတ်မြောက်ချင်သူများအတွက် မလွတ်သင့်တဲ့ သင်တန်းတစ်ခုပါ။

⚡ အထူးအင်္ဂါရပ်

ဤ VRV/VRF သင်တန်းတွင်
အဆင့်မြင့် Aircon နည်းပညာအပြင်
Solar & Inverter Technology ကိုပါ
ပေါင်းစပ်ဖြည့်စွက် သင်ကြားပေးသွားပါမည်။

👨‍🔧 ဘယ်သူတွေ တက်သင့်လဲ?

✅ VRV/VRF System Installation, Maintenance & Troubleshooting ကို လေ့လာလိုသော Technician များ
✅ System Design, Load Calculation, Energy Efficiency Analysis ကို နားလည်လိုသော Engineer များ
✅ စက်ရုံ၊ ရုံး၊ Condo များတွင် VRV/VRF System ကို ထိရောက်စွာ ထိန်းသိမ်းလိုသော Facility Manager များ
✅ HVAC ပါဝင်သော Project များကို အဆင့်မြှင့်လုပ်ကိုင်လိုသော M&E Engineer များ
✅ VRV/VRF System အထူးပြုလုပ်ငန်းများ ဆောင်ရွက်လိုသော Contractor များ
✅ HVAC System များ၏ အားသာချက်၊ ကန့်သတ်ချက်များကို နားလည်ပြီး အကောင်းဆုံး စီမံလိုသော Building Owner များ

📚 VRV / VRF Training Modules

1️⃣ Safety Precaution for VRV & VRF Installation
2️⃣ Fundamentals of Inverter Technology (Air Conditioning ဆိုင်ရာ)
3️⃣ What is VRV & VRF System?
4️⃣ Properties of Refrigerant
5️⃣ Heat Load Calculation & Equipment Selection
6️⃣ VRV/VRF Piping Design (Practical Design ပါဝင်)
7️⃣ Installation Methods
8️⃣ Testing & Commissioning Methods
9️⃣ Control System & Intelligent Touch Manager (ITM)
🔟 Solar Technology & Inverter Air Conditioning Design and Testing
(Commercial AC + Solar + Elevator Integration ပါဝင်)

🗓️ သင်တန်းအချက်အလက်

📍 Online Zoom Class
📅 စတင်မည့်ရက် – 26.1.2026 (စနေသီးသန့်)
⏰ အချိန် – 7:00 PM မှ 9:00 PM
⏳ သင်တန်းကာလ – ၂ လ
💰 သင်တန်းကြေး – ၃၀၀,၀၀၀ ကျပ်

🔥 အတွေ့အကြုံရှိတဲ့ ဆရာ
တကယ်သုံးလို့ရတဲ့ နည်းပညာများကို အချိန်တိုအတွင်း နာလည်ချင်တယ်ဆိုရင်

👉 VRV/VRF ကို အတတ်ပညာအဖြစ် တကယ်လုပ်ချင်တယ်ဆိုရင်

ဒီသင်တန်းကို လက်မလွှတ်ပါနဲ့။

📞 စာရင်းပေးသွင်းရန် / အသေးစိတ်မေးမြန်းရန်

FEG Vocational College
🌐 Website – www.fegedumm.com
📩 Email – [email protected]
☎️ Phone – ၀၉ ၇၉၅ ၉၂၆ ၂၅၅
🏫 ၃၈ လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊
ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


ဒုတိယထပ်၊ ၃၈ လမ်းစျေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30