ATY

ATY

Share

Photos from ATY's post 17/01/2026

Pre Order
⏰ 3weeks or 4weeks

Available Model - IOS

အခြား Model ထဲမှလိုချင်ရင်ရှာပေးပါတယ်နော်.

ရန်ကုန်မြို့တွင်း COD ရပါတယ်ရှင့်

🌸 🌸

Ph : 09 421 016 699

16/01/2026

ATY is back 💕
မတွေ့တာကြာပေမယ့် ချစ်ခြင်းမပြတ်ပါဘူးနော်
Ready-made 📱
Design အသစ်တွေ၊ vibe အသစ်တွေနဲ့
ပြန်လာပါပြီ 💖
Support ပေးကြပါဦးနော်, Thanks for staying with us 🫶

Photos from ATY's post 20/05/2023

LED SHOES FOR BABY

ပုံအောက်မှာ size နဲ့ စျေးနှုန်းလေးရေးပေးထားပါတယ်
ရှင့်

Photos from ATY's post 26/04/2023

cartoon phone case

Price-14500MMK

Waiting Time-3(or)4weeks
Pre order
Half Prepaid
(ဘယ်မြို့မဆိုစရံတစ်ဝက်ကြိုလွှဲပေးရပါမယ်ရှင့်)

05/07/2021

Covid 19ရောဂါကြီးပျံ့နှံ့လာချိန်မှာ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေက ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့ပြီး လိုက်နာကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
ဒီလို ထုတ်ပြန်အသိပေးထားတဲ့ အချက်တွေထဲမှာ အပြင်ထွက်တိုင်း မျက်နှာမှာ Face Mask တပ်ဆင်ပြီး ထွက်ကြဖို့ကလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။
Mask တပ်တာဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်တာမို့ ရောဂါကာကွယ်ရေးမှာ အထူးတလည် ထိရောက်အသုံးတည့်လှပါတယ်။
ဒါပေမယ့် ပြဿနာတစ်ခုကတော့ လူတွေက Mask တပ်ဖို့ တွန့်ဆုတ်နေကြတာပါပဲ။ လူတိုင်းက Mask မတတ်ချင်ကြပါဘူး။ ဒါကြောင့် လစ်ရင် လစ်သလို Mask တွေ ဖြုတ်ထားကြတာတွေ၊ တပ်ကိုမတပ်တာမျိုးတွေ ဖြစ်လာပါတယ်။
ဒါကြောင့်လည်း Mask မတပ်တဲ့သူတွေကို ဒဏ်ရိုက်အရေးယူတာတွေ ကမ္ဘာတစ်လွှားမှာပြုလုပ်နေကြတာဖြစ်ပါတယ်။
Mask မတက်ချင်ဘူး၊ နံတယ်
ယျေဘုယျအားဖြင့်တေ့ Mask လေးတပ်လိုက်တာပဲ ဘာခက်တာမှတ်လို့ လို့ ထင်တတ်ကြပါတယ်။ အလေ့အကျင့်မရှိသူတွေအတွက်ကတော့ Mask တပ်ရတာက ခက်ခဲလှပါတယ်။
လူတွေ Mask မတပ်ချင်ကြရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိတတ်ပါတယ်။ အသက်ရှူကြပ်တတ်လို့၊ မနေတတ်လို့၊ စသဖြင့်ပေါ့။ ဒါပေမယ့် လေ့လာချက်တွေအရ လူတွေ Mask မတပ်ချင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ခံတွင်းနံ့ကြောင့်သာဖြစ်ပါတယ်။
Mask ကို ကြာရှည်စွာတပ်ထားချိန်တွေမှာ မိမိတို့ရဲ့ ခံတွင်းနံ့က Mask မှာ စွဲကပ်နေတတ်ပြီး နေရထိုင်ရခက်လာတာပါပဲ။ ကိုယ့်ရဲ့ လက်ကောက်ဝတ်ကို ခံတွင်းနံ့ပေးကြည့်ရင်တောင် အဲ့ဒီအနံ့က အချိန်အတန်ကြာ စွဲနေတတ်ပါတယ်။ ကိုယ့်ရဲ့ ပါးစပ်ရှေ့မှာ အချိန်အကြာကြီး တပ်ထားတဲ့ Mask မှာဆို ဘယ်လောက်တောင် စွဲနေလိုက်မလဲတွေးကြည့်ပေတော့။
ဘာလို့ ခံတွင်းနံ့ဆိုးတာလဲ
ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ခံတွင်းသန့်ရှင်းရေးကို တစ်နေ့ ၂ ကြိမ်ခန့် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လူအများစုက ဒီအချက်ကို လျစ်လျူရှူကြလေ့ရှိပါတယ်။ သာမန်အချိန်တွေမှာ သိပ်မသိသာပေမယ့် Mask ကြီးတကားကားနဲ့ လျှောက်သွားနေရချိန်တွေမှာဆိုရင်တော့ ဒါကပြဿနာရှိလာပါပြီ။ ကိုယ့်ခံတွင်းနံ့ကိုယ်မခံနိုင်လို့ ဒုက္ခများကြရပြီလေ။
ယျေဘုယျအားဖြင့် ခံတွင်းနံ့ဆိုးရွားစေတဲ့ အချက် ၁၁ ချက်ရှိပါတယ်။ ဒါတွေကတော့

* ပုံမှန် ခံတွင်း သန့်ရှင်းရေးမလုပ်တာ၊
* ကော်ဖီ ဒါမှမဟုတ် အရက်သေစာ မကြာခဏ သောက်သုံးတာ၊
* သကြားဓာတ်အများအပြားပါတဲ့ အစားအစာတွေ စားသုံးတာ၊
* ကာဘိုဟိုက်ဒြိတ်ဓာတ်နည်းတဲ့ အစားအစာတွေ စားသုံးတာ (ဥပမာ ကီတိုအစားအစာ)
* ကြက်သွန်ဖြူကဲ့သို့သော အနံ့ပြင်းတဲ့ အစားအစာတွေကို စားသုံးပြီး ခံတွင်းကို စင်ကြယ်အောင် မသန့်စင်တာ၊
* ဆေးလိပ်သောက်သုံးတာ၊
* ကွမ်းစားတာ၊
* ပါးစပ် အာခေါင် ခြောက်တာ၊
* အစာခြေစနစ်မှာ ပြဿနာရှိနေတာ၊
* ဓာတ်မတည့်တာ (ဒါမှမဟုတ်) ကူးစက်ဝေဒနာတစ်စုံတစ်ရာ ရှိနေတာ၊
* ကျန်းမာရေးပြဿနာကြောင့် ဆေးဝါးတစ်စုံတစ်ရာ နေ့စဉ် မှီဝဲနေရတာ စတာတွေပါပဲ။ ဒီအချက်တွေကြောင့် ခံတွင်းနံ့ဆိုးရွားနိုင်သလို ခံတွင်းကျန်းမာရေးပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။
အာခေါင်အတွင်းက ခံတွင်းနံ့ဆိုးရွားနေတဲ့အခါ Mask တပ်ထားလျက်နဲ့ စကားပြောဆိုချိန်တိုင်း အဆိုပါအနံ့က Mask ရဲ့ အတွင်းနံရံမှာ သွားရောက် ကပ်ငြိနေမှာဖြစ်ပြီးတော့ အသက်ရှူလိုက်တိုင်း အဆိုပါ အနံ့ကို နှာခေါင်းက ရှူရှိူက်နေရမှာဖြစ်တာမို့ အနံ့အသက်ဆိုးရွားမှု ဒါမှမဟုတ် အသက်ရှူကြပ်မှု ဝေဒနာကို ခံစားကြရမှာဖြစ်ပါတယ်။
ခံတွင်းနံ့မဆိုးစေဖို့ဆိုရင်
ဒါကြောင့် ကိုဗစ် ကာလမှာ Mask ကို အသုံးပြုမယ်ဆိုရင် ခံတွင်းသန့်ရှင်းရေးကိုလည်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခံတွင်းနံ့ကြောင့် Mask ကို သေချာမတပ်မိပဲ မကြာခဏ ချွတ်ထားမိနေမယ်ဆိုရင် ရောဂါကူးစက်လာအောင် ဖိတ်ခါ်နေတာမျိုးဖြစ်လာနိုင်ပါတယ်။
* မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သွားတိုက်ပါ၊ ခံတွင်း သန့်ရှင်းအောင်ထားပါ။
* ကိုယ်နဲ့ ကိုက်ညီတဲ့ သွားတိုက်ဆေး၊ သွားပွတ်တံတွေကို ရွေးချယ် သုံးစွဲပါ။
* ခံတွင်းက အနံ့ဆိုး ထွက်တတ်သူဆိုရင် သကြားလုံးလို အရာမျိုးတွေကို ဆောင်ထားပါ။
* Bacteria-killing mouthwash ဆေးရည်တွေကိုလည်း ဆောင်ထားနိုင်ပါတယ်။
* နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ မိမိအသုံးပြုနေတဲ့ Mask ကိုလည်း သန့်ရှင်းအောင်ထားဖို့ပဲဖြစ်ပါတယ်။



အားလုံးပဲ mask 😷တပ်ပြီးကာကွယ်ကြမယ်နော်❤️

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
130404