BabyTop

BabyTop

Share

Photos from BabyTop's post 04/02/2026

Happy Noz Sticker မေးကြတဲ့ ကာကာတွေ အတွက် အရောင်စုံလေးဝင်ထားပါပြီရှင့် 🥰🥰

Photos from BabyTop's post 04/02/2026

✅ချည်သားသွားရေခံ 💯စစ်စစ်ရှာနေတဲ့ မေမေတို့အတွက်
Two Diamond တံဆိပ်ထဲက ရတာလေးတွေပါရှင့်

လက်လီ/လက္ကားစျေး cb မှာ စုံစမ်းလို့ရပါတယ်ရှင့်

Photos from BabyTop's post 21/01/2026

Baby Melts 6လအထက် 💜💜💜💜
17/3/2026-6500ks
10ဗူး အထက်ဆို -6300ks

လက္ကားလိုချင်တဲ့ Customersများ cbမှာ စုံစမ်းလို့ရပါတယ်ရှင့်💜💜💜

19/01/2026

👶✨ ကလေးကို “စည်းကမ်းမသင်ပေးလည်း” စည်းကမ်းရှိလာစေတဲ့ နည်းလမ်း……

(Self-Discipline ဆိုတာ ဆူတာ/အပြစ်ပေးတာ မဟုတ်ပါဘူး)

မိဘအများစုက “ကလေး စည်းကမ်းမရှိဘူး” လို့ ထင်တတ်ကြတယ်။

ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပြီး “ပြီးအောင်လုပ်နိုင်တာ” ကို အလေ့အကျင့်လုပ်ပေးရင်
ကလေးက တဖြည်းဖြည်း ကိုယ်တိုင်တည်ငြိမ်လာတယ် 🧠💛

✅ မိဘတွေအိမ်မှာ လွယ်လွယ်လုပ်လို့ရတဲ့ ဥပမာ 5 ခု

1) အဝတ်လဲတဲ့အချိန်
“မလုပ်တတ်ဘူး” လို့ မပိတ်ဘဲ
👉 ဇစ်ကို ဆွဲတာ/လက်ထိုးအပေါက်ရှာတာ စတဲ့ အလွယ်ဆုံးအပိုင်း ကိုပဲ ကလေးလုပ်ခွင့်ပေးပါ။

2) အစာစားချိန်
ဇွန်းနဲ့ စားလို့ ကျသွားမယ်—ဒါပဲ လေ့လာမှုပါ ✅
👉 စားပွဲခင်းချပြီး အပိုင်းသေးသေး နဲ့ပဲ တင်ပေးပါ။
ကျသွားရင် “သုတ်တတ်” လာတာက စည်းကမ်းတိုးလာတာပါ။

3) ကစားပြီး ပြန်စီခြင်း
“ရှုပ်မလုပ်နဲ့” လို့ ဆူတာထက်
👉 ကစားစရာကို နည်းနည်းပဲထား (များလွန်းရင် မထိန်းနိုင်)
👉 အရာတိုင်းမှာ သူ့နေရာ သတ်မှတ်ပေးပါ။

4) ရွေးချယ်ခွင့် 2 ခု ပေးခြင်း
“မင်းလုပ်မလုပ်” မေးမယ့်အစား
👉 “အနီအဝတ်လဲမလား၊ အပြာလဲမလား?”
ရွေးချယ်ခွင့်ရှိရင် ကလေးက ပိုတည်ငြိမ်လာတယ်။

5) မိဘစကားပြောပုံ
အသံမြင့်ပြီး ဆူသံများလေ—ကလေးအတွင်းစိတ်က ဆူညံလေလေ
👉 စကားတို၊ အသံတိုး၊ တိတိကျကျ
“မလုပ်နဲ့!” အစား → “ဒီဟာက ဒီမှာထားမယ်နော်”ဆိုပြီးသုံးလို့ရပါတယ် 💕



🌿 Self-Discipline ဆိုတာ အပြစ်ပေးပြီး ထိန်းတာမဟုတ်ဘူး။
ရွေးချယ်ခွင့် + စနစ်တကျပတ်ဝန်းကျင် + ကိုယ်တိုင်ပြီးမြောက်မှု ကနေ မွေးဖွားလာတာပါ။



#ကလေးပြုစုပျိုးထောင်ရေး

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11221