Digital LAB

Digital LAB

Share

13/10/2021

🚀 Online Sale ကိုရောင်းအားတက်အောင် ဘယ်လိုရောင်းကြမလဲ ?

Social Media မှာ ကိုယ့် Brand ကို ဝယ်ယူသူတိုင်းသဘောကျပြီး ရောင်းအားတက်တဲ့ကုန်ပစ္စည်းတစ်ခုဖြစ်စေဖို့ လုပ်သင့်တဲ့အချက် (၅) ချက်ကို Digital LAB ရဲ့ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

(၁) သင့် Brand အကြောင်း အရိုးသားဆုံးကြော်ငြာပါ

သင့်ရဲ့ကုန်ပစ္စည်းအကြောင်း Facebook မှာဖြစ်ဖြစ် အခြား Social Media မှာဖြစ်ဖြစ်ကြော်ငြာတဲ့အခါမှာ ကုန်ပစ္စည်းရဲ့ဝန်ဆောင်မှု၊ အားသာချက်၊ အားနည်းချက်တို့ကို ရိုးရိုးသားသားဖော်ပြပေးပါ။ ဥပမာ - သင်ကအသားဖြူဆေးရောင်းတယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုထိပဲ အသုံးပြုသင့်ကြောင်း၊ ရေရှည်အသုံးပြုပါက အသားအရေထိခိုက်နိုင်တဲ့ဆိုးကျိုးရှိကြောင်း ရိုးသားစွာဖော်ပြပေးသင့်ပါတယ်။ တော်တော်များများက ကိုယ့်ကုန်ပစ္စည်းရဲ့ကောင်းကျိုးတွေကိုသာဖော်ပြပြီး ဆိုးကျိုးတွေရှိတဲ့အခါဖော်ပြလေ့မရှိပါဘူး။ ဒါကြောင့် သင့်ကုန်ပစ္စည်းရဲ့ကောင်းကျိုး၊ ဆိုးကျိုး (၂) သွယ်ကို ရိုးရိုးသားသားပြောပြပြီး အရှိအတိုင်းရောင်းချပေးခြင်းဖြင့် ဝယ်ယူသူ‌တွေအပေါ်စေတနာထားမှုကိုလည်း သူတို့ဘက်ကပြန်ခံစားမိစေပါတယ်။ ဒီအချက်ကနောက်ပိုင်းမှာ သင့်ကုန်ပစ္စည်းရောင်းအားတက်စေဖို့သက်ရောက်မှုရှိပြီး အဲဒါက Online Sale များခြင်းရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။

(၂) ဝယ်ယူသူအများစုယုံကြည်မှုရဖို့ အစမ်းသုံးနိုင်ကြောင်းအသိပေးပါ

သင့် Brand ရောင်းအားတက်စေဖို့ နောက်ထပ်အရေးကြီးတဲ့အချက်က လူတွေဆီကယုံကြည်မှု ရဖို့ပါပဲ။ လူတွေက အချိန်တွေ၊ ငွေတွေရင်းနှီးပြီး ဝယ်ယူရတာကြောင့် သူတို့လိုအပ်တာ၊ လိုချင်တာတွေကို အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မှသာ ယုံယုံကြည်ကြည်နဲ့ဝယ်ယူကြတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ယုံကြည်မှုရှိစေဖို့ သင့် Brand နဲ့ သူတို့မရင်းနှီးသေးခင်ပထမဆုံးအကြိမ်တွေမှာဖြစ်ဖြစ် အစမ်းသုံးခိုင်းပြီး Promote လုပ်ပေးသင့်ပါတယ်။ လူတွေကအမြည်းသဘောမျိုးစမ်းပြီးသုံးစွဲရတာကို တကယ်သဘောကျကြပါတယ်။ အဲဒီမှာသူတို့ အဆင်ပြေကြိုက်နှစ်သက်သွားရင်တော့ ရေရှည်အတွက်အခကြေးငွေပေးပြီးသုံးစွဲဖို့ ဝန်မလေးတော့ပါဘူး။

(၃) ရွေးချယ်ခွင့်နည်းနည်းသာပေးပါ

ဒီအချက်က Psychological နဲ့ ဆိုင်ပါတယ်။ စိတ်ပညာလေ့လာမှုတွေအရ လူတွေကဈေးဝယ်တဲ့အခါမှာ ရွေးချယ်စရာအများကြီးရှိတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေထက် ရွေးစရာနည်းနည်းပဲရှိတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ပိုဝယ်ယူလေ့ရှိတယ်ဆိုတဲ့အကြောင်းပါ။ ဥပမာ - မုန့် (၁၀) မျိုးခင်းပြထားပြီး ဈေးရောင်းတာနဲ့ မုန့် (၃) မျိုးလောက်ပဲရွေးစရာပေးပြီး ဈေးရောင်းတဲ့အခါ ရွေးစရာနည်းနည်းပဲပေးတဲ့အခြေအနေကပိုရောင်းရတယ်လို့ စမ်းသပ်ချက်တစ်ခုအရသိရပါတယ်။ လူတွေရဲ့မသိစိတ်ထဲမှာ ရွေးချယ်စရာအရမ်းများရင်ဟုန်သွားတတ်ပြီး ရွေးစရာသိပ်မရှိတော့ရင်တော့ အကြိုက်ဆုံးတစ်ခုကိုပဲရွေးပြီး မဖြစ်မနေဝယ်လေ့ရှိတဲ့စိတ်တစ်ခုကိန်း‌အောင်းနေပါတယ်။ ဒါကြောင့် သင့် Brand ရဲ့ Menu မှာရွေးစရာတွေအများကြီးပေးထားပြီး တစ်ခါထဲရောင်းချခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) လက်ရှိဝယ်ယူသူတွေနဲ့ဆင်တူတဲ့ Similar Customer တွေကိုထပ်မံရောင်းချပါ

Facebook မှာတော့ ဒီအချက်ကိုအလွယ်တကူပဲအသုံးပြုလို့ရပါတယ်။ ကိုယ့်ကြော်ငြာတွေကို Boost လုပ်ပြီး ကြော်ငြာတဲ့အခါ မိမိလက်ရှိဝယ်သူတွေနဲ့ အလားတူတဲ့ဝယ်သူတွေကို ရှာဖွေပြီး ရောင်းချနိုင်တဲ့ Tools ကို အခမဲ့အသုံးချလို့ရပါတယ်။ Similar Customer တွေဟာ တစ်ယောက်နဲ့တစ်ယောက်အကြိုက်လည်းတူနိုင်တာကြောင့် သင့်ကုန်ပစ္စည်းကိုတွေ့ပါများလာတဲ့အခါစိတ်ဝင်စားပြီး ကိုယ်တိုင်ဝယ်ယူသုံးစွဲဖို့အထိ စိတ်ကူးလာပါလိမ့်မယ်။

(၅) စုံစမ်းပြီးမှ မဝယ်ဖြစ်သေးတဲ့ Customer တွေကို ပြန်ရောင်းချပါ

Online Sale မှာ အသက်သွေးကြောတစ်ခုဖြစ်တဲ့ Follow up လုပ်ခြင်းကိုလည်းမမေ့လျော့ပါနဲ့။ သင့် Brand ကို စိတ်ဝင်တစားနဲ့ လာရောက်စုံစမ်းမေးမြန်းပြီးမှ အခြေအနေတစ်ခုခုကြောင့် မဝယ်ဖြစ်သေးတဲ့ Prospect (ဝယ်ယူဖို့အလားအလာရှိသူ) တွေကို ပြန်လည်ဆက်သွယ်ပြီး ရောင်းချဖို့ကြိုးစားပါ။ ယခင်တစ်ခေါက်က သင့်ဆီက မဝယ်ဖြစ်လိုက်ခြင်းဟာ သင့် Brand အပေါ် အဆိုးမြင်သွားတာမဟုတ်ပါဘူး။ သူ့အတွက် ငွေကြေးအခက်အခဲ၊ ချက်ချင်းလတ်တလောမလိုအပ်ခြင်း၊ ပိုကောင်းတဲ့ကမ်းလှမ်းမှုစတဲ့ အခြေအနေတစ်ခုခုနဲ့ကြုံသွားလို့သာသင့်ဆီကမဝယ်ဖြစ်လိုက်တာပါ။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုကြာပြီးသွားရင် သူတို့ကို ပြန် Follow Up လုပ်ပြီး သင့်ကုန်ပစ္စည်းကိုထပ်မံဝယ်ယူဖို့ စကားကမ်းလှမ်းကြည့်နိုင်ပါတယ်။

ဒီအချက်(၅)ချက်ကို သေချာလိုက်လုပ်ကြည့်ပြီးသွားရင်တော့ သင့် Brand ရဲ့ Online Sale ရောင်းအားက အတိုင်းအတာတစ်ခုအထိတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါလေးကိုဖတ်ပြီး အကျိုးရှိသွားတယ်လို့ခံစားရရင် မသိသေးတဲ့တခြားသူတွေအတွက်ပါမျှဝေပေးဖို့ တိုက်တွန်းလိုက်ပါရစေဗျာ ..

ဒီလိုနည်းလမ်းလေးတွေကို စိတ်ဝင်စားလို့ ကိုယ်တိုင် Facebook မှာကြော်ငြာချင်ရင် ပညာဒါနသင်တန်းကိုလာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်...

https://ab.gl/roa4K

Digital LAB We offer digial marketing services for businesses and help them grow by providing digital solutions.

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aung Myittar Street
Yangon
11041

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00