Daewoo Bus Myanmar
27/10/2023
မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားကျင်းပတဲ့
၁၂လရာသီပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့
ဒီလို သီတင်းကျွတ်အခါသမယမှာ ပြည်သူအားလုံး
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကျန်းမာပြီး
စီးပွားတိုးတက်ကာ ရောဂါကပ်ဆိုးဘေး
ကင်းဝေးကြပါစေလို့ Daewoo Bus Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🩷
🏘Daewoo Bus Myanmar
🗺အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်
📞 09894077766 , 09894077767
23/09/2023
ဒီနေ့ခေတ်မှာ ကမ္ဘာကျော် ထုတ်ကုန် တစ်ခုဖြစ်လာဖို့ စတင်ဖန်တီးတည်ထောင်ခဲ့တဲ့ ဖခင်တိုင်းရဲ့
လမ်းတွေဟာ မချောမွေ့ခဲ့ပါဘူး။
အရွယ်နဲ့မလိုက်အောင် ဆင်းရဲဒုက္ခတွေ ခံခဲ့ရလည်း
မလျော့တဲ့ ဇွဲနဲ့ကြိုးစားခဲ့တဲ့
Zyle Daewoo Commercial Vehicle ရဲ့
Chairman Sung Hak Baik ဘဝ အကြောင်း
ပြောပြပေးမယ်နော်။
မြောက်ကိုရီးယားမှ မိဘမဲ့ကလေးဖြစ်တဲ့ Baik က တောင်ကိုရီးယားကို ဦးတည်သွားနေတဲ့ ဒုက္ခသည်လှေနဲ့ပါလာပြီး လှည့်ပတ်သွားလာနေရင်း
နောက်ရက်အနည်းငယ်အကြာမှာတော့ အမေရိကန်စစ်သား Beattie ရဲ့ ကတုတ်ကျင်းထဲကိုကျသွားခဲ့တယ်။
အစပိုင်းမှာတော့ Beattie က သိပ်သဘောမကျပေမယ့်လည်း ၁၁နှစ်အရွယ် မိဘမဲ့ ကလေးငယ်ရဲ့ ကြိုးစားမှုကြောင့် သူသဘောကျလာခဲ့တယ်။
ခြံစည်းရိုးပြင်တဲ့အလုပ်အပြင် အမေရိကန်စစ်သားတွေအတွက်ပါ အခြားအလုပ်တွေ လိုက်လုပ်ပေးတဲ့အခါ ပိုပြီး သတိထားမိလာတာပေါ့။
ဒါ့အပြင် Beattie က Baik ကို ခရစ်ယာန်ကျမ်းစာတွေသင်ပေးပြီး လူငယ်တစ်ယောက် အောင်မြင်မှုရစေဖို့တွေ ၊ အခြားသူများကို ကြင်ကြင်နာနာဆက်ဆံတတ်ဖို့တွေကို လည်း သင်ပေးခဲ့တယ်။
တခြားအမေရိကန်စစ်သားတွေက သူ့အပေါ်မကောင်းရင်တောင် Beattie ကအမြဲကောင်းပေးတယ်။စားစရာတွေ၊အဝတ်အထည်တွေ နဲ့ ဆေးဝါးတွေကို အမြဲပေးပြီး ဂရုတစိုက်အမြဲထားတဲ့အကြောင်း Baik က ပြောပြတယ်။
တစ်နေ့မှာရန်သူ့ လက်နက်ကြောင့် လောင်စာဆီတွေနဲ့ မီးလောင်ခဲ့ရတဲ့ Baik ကို Beattie က ကယ်တင်ခဲ့ပြီး အဲ့ဒါကြောင့်ပဲ ဒဏ်ရာအများကြီးရမယ့် အစား အမာရွတ်တောင်မကျန်ဘဲ သက်သာခဲ့တာပဲဖြစ်ပါတယ်။
စစ်အပြီးမှာတော့ Beattie က တခြားကိုတာဝန်ကျသွားခဲ့ပြီး Baik ကိုလည်းမိဘမဲ့ ဂေဟာပို့လိုက်တဲ့အခါမှာတော့ သူတို့ နှစ်ယောက်ကွဲကွာ သွားခဲ့ရပါတယ်။
Baik က ကိုရီးယားစက်ရုံများစွာမှာလိုက်လံ အလုပ်လုပ်ခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်အရောက်မှာ Young An အမည်နဲ့ ဘေ့စ်ဘော ဦးထုပ်စက်ရုံတည်ထောင်ခဲ့ပါတယ်။
၃၆နှစ်အကြာမှာလျမ်းလျမ်းတောက်အောင်မြင်ပြီးနောက် Baik ဟာ သူ့ရဲ့ ကလေးဘဝ က ကျေးဇူးရှင်ကို အမေရိကန်က အကျော်ကြားဆုံးစုံထောက်တွေသုံးပြီး
ရှာဖွေခဲ့ပါတယ်
တော်တော်နဲ့ ရှာမတွေ့ခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ သတင်း media တွေကနေတဆင့်ပြန်လည်
ဆုံစည်းခဲ့ပါတယ်။
ဒီနေ့မှာတော့ Baik ဟာ တောင်ကိုရီးယားရဲ့
အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။
Baik ရဲ့လုပ်ငန်းတွေတိုးချဲ့ပြီး ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာကို နောက်တစ်နေ့မှာ ထပ်ပြောပြပေးပါမယ်ရှင်။
တစ်နေ့တာရဲ့အစဖြစ်တဲ့မနက်ခင်းလေးမှာ
ရုံးကိုစိတ်ကြည်ကြည်နဲ့လာနိုင်မှ
လုပ်ငန်းခွင်မှာ စွမ်းအင်တွေပြည့်ဝပြီး
အလုပ်တွေ မြန်ဆန်ပြီးမြောက်မှာအသေအချာပါပဲ 💁
ရုံးလာကတည်းက စီးလာတဲ့ Ferry ပေါ်မှာ
သက်တောင့်သက်သာမရှိ အဆင်မပြေဘဲ
စိတ်ညစ်ညစ်နဲ့လာရမယ်ဆိုရင်
လုပ်ငန်းခွင်မှာ အားကုန်မသုံးနိုင်ဘဲ
လုပ်ငန်းအောင်မြင်မှုနဲ့ အကျိုးအမြတ်တွေ
နှောင့်နှေး ယုတ်လျော့နိုင်ပါတယ် 🤷
ဝန်ထမ်းတွေလုပ်ငန်းခွင်မှာပျော်ရွှင်နေဖို့က
လုပ်ငန်းတိုင်းရဲ့အဓိကကျတဲ့အချက်ထဲပါဝင်သလို
လုပ်ငန်းအောင်မြင်မှလည်း ဝန်ထမ်းတွေတိုးတက်မှာပါ
ဒီလိုအပြန်အလှန် မှီခိုဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကို
အကောင်းဆုံးအဖြစ်အောင်ဖန်တီးဖို့က
လုပ်ငန်းရှင်တိုင်းလုပ်သင့်ပါတယ် 🧑💼
မနက်ခင်းရဲ့ Ferry လေးပေါ်မှာ ၀န်ထမ်းတွေ
သက်သာငြိမ့်ညောင်းစေဖို့ဆို Lestar Minibusက
အားလုံးတွက်အရွေးချယ်သင့်ဆုံးပါပဲ
Lestar Minibus အကြောင်းအသေးစိတ် 👇
https://www.facebook.com/DaewooBusMyanmar/posts/5645558882164355
Daewoo Bus Myanmar
09797234477/ 09894077766
🗺အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊မင်္ဂလာဒုံမြိုနယ်
16/06/2023
အနာဂတ်ရဲ့ခေါင်းဆောင်လောင်း ၊ ပညာရှင်လောင်းလေးတွေအတွက်
ပညာသင်ကြားချိန်က အရေးအကြီးဆုံးပါပဲ
ပညာသင်ယူရာ စာသင်ကျောင်းဆီသွားတဲ့အခါ
ကလေးငယ်တို့အတွက် အရေးအကြီးဆုံးက
သက်တောင့်သက်သာရှိပြီး ဘေးကင်းစေဖို့ပါ။
အန္တရာယ်ကင်းပြီးလုံခြုံစိတ်ချရတယ်
ခေတ်မီ ဒီဇိုင်းနဲ့မို့ ကလေးတို့ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေမယ်
ကျောင်းကားအနေနဲ့သုံးမယ်ဆိုရင်တော့ Lestar Minibus က စိတ်ချယုံကြည်ရလို့
မိမိကလေးအနာဂတ်အတွက် အရွေးချယ်သင့်ဆုံးပါပဲ
🚌Frontlift ဒီဇိုင်းပုံစံအဖြစ်ထုတ်လုပ်ထားပြီး
ရှေ့ဖုံးကိုဖွင့်လိုက်ရုံနဲ့ အင်ဂျင်စစ်ဆေးမှုများ
အင်ဂျင်ဝိုင်စစ် ၊ coolant ဖြည့် ၊ wiper ရေထည့် စတဲ့
Engine maintenance တွေကို လွယ်ကူစွာဆောင်ရွက်နိုင်မယ့်
Frontlift Designကို ပထမဆုံး တပ်ဆင်ထုတ်လုပ်ထားသော Lestar Minibus ဖြစ်ပါတယ်
🚌38ယောက်စီးLong bodyနဲ့
28ယောက်စီး Short body ၂မျိုးရှိပြီး
အရောင် ၅ ရောင်နဲ့ရရှိနိုင်ပါတယ်
🚌ကျယ်ဝန်းတဲ့ အတွင်းခန်းဒီဇိုင်း
အဆင့်မြင့် အစိတ်အပိုင်းတွေအပြင်
ပြည့်စုံတဲ့လေအေးပေးစနစ်တပ်ဆင်ထားပါတယ်။
Luxurious dashboardကခလုတ်တချက်နှိပ်လိုက်ရုံနဲ့
များစွာသော အလုပ်တာဝန်တွေကို ကူညီပေးမှာပါ။
🚌၁၄ယောက်မှ ၃၃ယောက်အထိထိုင်နိုင်တဲ့
ကျယ်ဝန်းတဲ့ထိုင်ခုံပုံစံ ဒီဇိုင်း ၊
စွမ်းအားပြည့် အင်ဂျင်တွေက
မည်သည့်အခြေအနေမျိုးမှာမဆိုမောင်းနှင်နိုင်ပြီး
ဆီစားလဲသက်သာတဲ့အမျိုးအစားဖြစ်ပါတယ်။
🚌မောင်းနှင်သူသာမက ခရီးသွားတွေအတွက်ပါ
ရာနှုန်းပြည့် အန္တရာယ်ကင်းစေဖို့
Front & Rear Drum Brake
(Auto Slack Adjuster) ပါရှိပြီး ABS (Anti-Lock Brake System)ကို (option)အနေဖြင့်
တပ်ဆင်နိုင်ပါတယ်။
🚌Euro 3 engine ကြောင့်
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုလျော့နည်းစေမှာပါ။
မတ်တပ်ရပ်စီးနင်းသူတွေအတွက်ပါ
Safety bar နှင့်ခြေမချော်စေတဲ့အခင်းပါရှိပါတယ်။
🚌ခရီးသွားလာရေးအတွက်သာမက
School Bus ၊ Ferry အဖြစ်အသုံးပြုနိုင်မယ့်
Lestar Minibus များဟာအခြား minibus တှနေဲ့မတူပဲ
ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အထက်တန်းဖန်တီးမှုတွေကို
အခြေခံထားလို့ခေတ်ရှေ့ပြေးဦးဆောင်မယ့်
minibus ဖြစ်လာမှာ အေသအချာပါပဲ။
🚌ဒီလို ခေတ်ရှေ့ပြေး brand new minibus တွေကို
ရန်ကုန်လိုင်စင်နဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ပါပြီ။
30% (3)နှစ်အရစ်ကျစနစ်နဲ့လည်း
ရောင်းချပေးနေပါပြီ
ကျောင်းကားဆွဲမယ့် လုပ်ငန်းရှင်တွေအနေနဲ့
လုပ်ငန်းအောင်မြင်တိုးတက်လိုတယ်ဆိုရင်တော့
09894077766 / 09797234477 ကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။
စိတ်ကျေနပ်မှုရသည်အထိ ရှင်းပြပေးပြီး ကားလက်ထဲရောက်သည်အထိ အကောင်းဆုံး ၀န်ဆောင်မှုများနဲ့
🏘️ Daewoo Bus Myanmar
📞09797234477, 09894077766
🗺️အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 9, Yangon-Pyay Road, Northern Htauk Kyant Quarter, Mingaladon T/S, Yangon
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |