Asian Wonder

Asian Wonder

Share

Photos from Asian Wonder's post 21/12/2018

ကျိုင်းတုံရဲ့အထင်ကရ အရှေ့ပိုင်းရှမ်းပြည်ရဲ့
တောင်ပေါ်အပန်းဖြေစခန်းမြို့လေး
ပေပေါင်း ၅၅၄၂ အမြင့်က လွိုင်မွေရှေ့ဟောင်းမြို့လေးပါ.....
နွေရာသီမှာအေးမြတဲ့ရာသီဥတုရှိပြီး ဆောင်းရာသီမှာတော့ ရေခဲလောက်အောင်အေးသောမြို့လေးပါ လွိုင်မွေဝိုင်ဆိုတာလည်း
အထင်အရှားရှိနေပါတယ် ဆောင်းမှာပွင့်တဲ့ ချယ်ရီပန်းဟာ လွိုင်မွေမြို့ရဲ့ ပြယုဒ် တစ်ခုပါ နေရာတကာမှာ ပင်စိမ်းပင်နဲ့ ချယ်ရီပင်တို့ ရှိပြီး ကျိုင်းတုံမြို့ကနေ မိုင် ၂၀ အကွာမှာတည်ရှိပါတယ်......
ကြည်လင်စိမ်းမြတဲ့ တောင်ပေါ်ရေကန်ကြီးတစ်ကန်ရှိသလို သမိုင်းရှိတဲ့ ကိုလိုနီခေတ်လက်ကျန် အုပ်ရိုးနီနီအဆောက်အအုံတွေကိုလည်းတွေ့ရမှာပါ...နှစ်တစ်ရာစံအိမ်ဆိုတဲ့ ဗြိတိသျှ အရာရှိကြီး ကာနယ် ရူဘန် မိသားစုရဲ့ နွေရာသီအပန်းဖြေခဲ့တဲ့ ခေတ်ဟောင်းလက်ရာမပျက် အိမ်ကြီးတစ်လုံးကိုလည်းလေ့လာနိုင်ပါသေးတယ်..... တောင်ထိပ်ပေါ်က လွန်စွာသပ္ပါယ်လှတဲ့ လေးနိုင်ငံ အထိမ်းအမှတ် ဘုရားတစ်ဆူကို ဖူးတွေ့
ရခြင်းဖြင့်လည်း မောသမျှပန်းသမျှတို့ ပြေပျောက်မှာအမှန်ပါ....
ကျိုင်းတုံမြို့ လွိုင်မွေ ကားလမ်းတစ်လျှောက် ပါးစပ်အဟောင်းသားဖြစ်စေမယ့် ရင်သပ်ရှုမောစရာ သဘာဝ အလှအပတွေ မကုန်မခမ်းနိုင်အောင်တွေ့ရဦးမှာပါ လမ်းခုလက်မှာရှိတဲ့ ကျားပုန်းဂူလို့ ခေါ်တွင်သော ကျိုက်ထီးရိုးစေတီလို့ ဒေသခံတွေသိတဲ့
ဘုရားမှာလည်း ရှေ့ဟောင်း ရုပ်ပွါးတော်များကိုဖူးတွေ့ရဦးမှာပါ ဒါ့အပြင် ပန်ကွဲတောင်ထိပ်မှာ တည်ထားကိုးကွယ်သော ဗုဒ္ဓဥယျဉ်ဆီလည်းသွားနိုင်ပါသေးတယ်
လဘက်ခင်းတွေကြားမှာ ဆယ်ဖီဝါသနာရှင်တို့ မပြန်ချင်မယ့် ရှုခင်းတွေလည်းရှိသေးတာပေါ့
နောက်ထပ် ကျိုင်းတုံမြို့ရဲ့ မလှမ်းမကမိးနားက လူသူအရောက်အပေါက် သိပ်မရှိလှသော မပုပ်မသိုးဆရာတော်ကြီးရုပ်ကလပ် တည်ရှိရာ ထပ်တကာင်္တောရတောင်ပေါ်ကျောင်းဆီသို့လည်း ဖူးတွေလိုက သွားနိုင်သေးတာပေါ့...

Credits... Original uploader

16/12/2018

ခရီးသွားပါ
အိမ်ထောင်ကျရင်
အိမ်အောက်ဆင်းဖို့တောင်မလွယ်ဘူး

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် 12/12/2018

ရန်ကုန်မြို.တွင်းလည်ပတ်စရာတစ်ခုဖြစ်တဲ့ နေရာလေးတစ်ခုပါ။ ကားတွေ ရှုပ်ထွေးနေတဲ့ ရန်ကုန် မြို.လယ်ကောင် က သဘာ ၀ ဥယျာဉ်လေးတစ်ခုကိုမြင်တွေ.ရမှာပါ ။

ဥယျာဉ် ထဲ မှာ ဆင်စီးနိုင်တဲ့ အပြင် ၊ ကားလေးနဲ.လည်း လည်ပတ်နိုင်ပါတယ် ။ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ.တိုင်း လည်း ဆင် လိမ္မာ ၊ မြွေလိမ္မာ ပွဲလေးတွေ ရှိပါတယ်။

တစ်ခုတော့ ရှိပါတယ် တိရိစ္ဆာန်လေးတွေကို အပြင်စာကျွေးလို.မရပါဘူး ။

သဘာဝသမိုင်းပြတိုက် မှာ လည်း ကျောက်ခေတ် ကစလို. ယနေ.ခေတ် အထိ သတ္တ၀ါတွေ ရဲ့ပြောင်းလဲ လာမှုတွေ ကိုလည်း လေ့လာနိုင်ပါသေးတယ် ။

ဒါကြောင့် ရန်ကုန်ကို ရောက်ခဲ့လို.ရှိရင် တိရိစ္ဆာန် ရုံလေးကို တစ်ခေါက်တော့ ရောက်အောင်သွားလည်ခဲ့ပါနော်။

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00