Myanmar Japan Center
16/03/2026
မင်္ဂလာပါရှင်...
📌ပြိုင်ဆိုင်မှုများတဲ့ ယနေ့ခေတ်ကြီးမှာ အသိပညာအချက်အလက်များကိုအသုံးချခြင်းဟာလည်း ဗျူဟာမြောက်တဲ့ စီပွားရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ဖို့ အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်နော်..
ဒါကြောင့်ဒီသင်တန်းကနေပြီး
• အချက်အလက်များကိုတိတိကျကျခွဲခြမ်းစိတ်ဖြာရန်၊
• လုပ်ဆောင်နိုင်သောထိုးထွင်းဥာဏ်များရရှိရန်၊
• အဖွဲ့အစည်းဆိုင်ရာအောင်မြင်မှုများကိုတွန်းအားဖြစ်စေရန် အတွက် Professional လုပ်ကိုင်နေကျသူများကို လိုအပ်တဲ့ Data tools and Frameworks တွေ ချမှတ်သင်ကြားပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်..
📌လက်တွေ့ကျတဲ့ ဥပမာများ၊ လေ့ကျင့်ခန်းများမှ တဆင့် မှန်းဆခန့်မှန်းခြင်းများကိုကိုလျှော့ချပြီး အချက်အလက်အထောက်အထား အခိုင်အမာဖြင့်ဆုံးဖြတ်နိုင်မှုမြင့်မားလာအောင် Business Analysis and Decision Making ခေါင်းစဥ်အောက်မှာ ဆရာကောင်းဝေဖြိုး (PMP (Project Management Institute) • MBA (International University of Japan) • B.C.Sc. (Hons.) (University of Computer Studies, Yangon)) မှအတွေ့အကြုံများကိုအခြေခံပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်...
🎯 Target participant အနေနဲ့ကတော့ အချက်အလက် data များကိုအသုံးချပြီး ပိုမိုကောင်းမွန်တဲ့ရလဒ်များကို ဦးတည်ပြီး ဆုံးဖြတ်ချက်များချရန်လိုအပ်နေတဲ့ managers, analysts, and entrepreneurs တွေအတွက်အထူးသင့်လျော်ပါတယ်ရှင်..
❗*Practice sessions တွေပါတဲ့အတွက် တက်ရောက်မယ့်သူတိုင်း Excel Application ပါတဲ့ Laptop ယူလာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်...
📌သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာဖြစ်ပြီး First Come, First Served!!! စနစ်နဲ့လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားဖို့တော့ လိုပါတယ်..
📌သင်တန်းအစီအစဉ်
📆နေ့ရက် - ၂၅ ရက်၊ ၂၆ ရက်၊ ဧပြီလ ၂၀၂၆ခုနစ်။ (စနေ၊ တနင်္ဂနွေ)
⏱အချိန် - နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
📍နေရာ - မြန်မာ- ဂျပန်စင်တာ (ရန်ကုန်)။
🔗သင်တန်းစာရင်းသွင်းရန်
https://forms.gle/Zj4Z5HFSso5hf7mg6
! Form တွင် မိမိနှင့်သက်ဆိုင်တဲ့အချက်အလက်များကိုဖြည့်သွင်းပြီး submit တစ်ကြိမ်လုပ်ရင်ရပါပြီနော်..
18/02/2026
26.2.2026(Thursday)Park Royal Hotel(Yangon)တွင်ပြုလုပ်မည့် Academic Seminar အား ယခင်အခမ်းအနားစတင်မည့် နေ့လည်၁နာရီအစား နေ့လည်၁၂နာရီ သို့ ပြောင်းလဲစတင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ လေစားစွာဖြင့်... 🙏🙏🙏
21/01/2026
မင်္ဂလာပါရှင် ...
ဖေဖော်ဝါရီလမှာဖွင့်လှစ်မယ့် MJC ရဲ့ အတန်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်..
📌လုပ်ငန်းတိုင်း ကုမ္ပဏီတိုင်းမှာ အခြေခံကျတဲ့ စီမံခန့်ခွဲမှုလိုအပ်နေသူတိုင်းအတွက် “Japanese Style Management” သင်တန်းသစ်ကို ၂၀၂၆ခုနစ် ဖေဖော်ဝါရီလ ၂၁နဲ့ ၂၂ ရက်တွေမှာဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်..
🎯သင်တန်းမှာဘာတွေပါလဲ?
☑️ 5 S (ဂျပန်လုပ်ငန်းခွင်စီမံခန့်ခွဲမှုနည်းစနစ်)
☑️ Visualization (မြင်သာသောစီမံခန့်ခွဲမှု)
☑️ Kaizen (စဥ်ဆက်မပြတ်တိုးတက်မှု)
☑️PDCA (ရည်မှန်းချက်ချမှတ်၍ စီမံခန့်ခွဲခြင်း)
☑️HORENSO (ဂျပန်ပုံစံဆက်သွယ်ပြောဆိုခြင်းနည်းစနစ်)
ဆိုတဲ့ အခြေခံအကျဆုံး ဂျပန်စတိုင်စီမံခန့်ခွဲမှု့ တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။
📌သင်ကြားပေးမယ့် ဆရာဒေါက်တာမြင့်ဆန်း ကလည်း MJCရဲ့ Senior Lecturer တစ်ဦးဖြစ်တဲ့အပြင် သင်ကြားမှုအပိုင်းမှာလည်းဝါရင့် ဆရာတစ်ယောက်ဖြစ်လို့ Japanese Style Management နဲ့ပတ်သက်ပြီး သေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်..
⭕သင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ?
☑️ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ၊ စီမံခန့်ခွဲမှုနယ်ပယ်အသီးသီးမှာ လုပ်ကိုင်နေကြသူများနဲ့ ဂျပန်စတိုင်စီမံခန့်ခွဲမှုကို စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပါတယ်ရှင်..
💯သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာဖြစ်ပြီး First Come, First Served!!! စနစ်နဲ့လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားဖို့တော့ လိုပါတယ်ရှင်.
📅သင်တန်းဖွင့်လှစ်မည့် ရက် - ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်၊ ၂၀၂၆ခုနစ်။ (စနေ၊ တနင်္ဂနွေ)
⏱️သင်တန်းဖွင့်လှစ်မည့် အချိန် - နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
📍သင်တန်းဖွင့်လှစ်မည့် နေရာ - မြန်မာ - ဂျပန်စင်တာ(ရန်ကုန်)
🔗သင်တန်းစာရင်းသွင်းရန်
https://forms.gle/HJgG4i8ubC1Kbxtu5
🚨🚨🚨! Form တွင် မိမိနှင့်သက်ဆိုင်တဲ့အချက်အလက်များကိုဖြည့်သွင်းပြီး submit တစ်ကြိမ်လုပ်ရင်ရပါပြီနော်..
10/01/2026
🚨🚨🚨MJCရဲ့၂၀၂၆ ခုနစ် နှစ်သစ်အစမှာဖွင့်လှစ်မယ့် CRM (Customer Relationship Management) အတန်းလေးလူပြည့်သွားပါပြီရှင်.. အကြောင်းကြောင်းကြောင့်သင်တန်းမအပ်လိုက်ရသူများအတွက်လည်းထပ်မံဖွင့်လှစ် ပေးသွားမှာဖြစ်တဲ့အကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်ရှင်... 🙏🙏🙏
📣 စီးပွားရေးအောင်မြင်ဖို့ Customer တွေနဲ့ ဆက်ဆံရေးကို ဘယ်လို တည်ဆောက်မလဲ?
🚀သင့်လုပ်ငန်းမှာ ဝယ်ယူသူအသစ်တွေရဖို့ ခက်ခဲနေသလား? ရှိပြီးသား ဝယ်ယူသူတွေကရော တခြားကို ပြောင်းသွားကုန်ပြီလား? စနစ်တကျ မစီမံနိုင်တဲ့ Data တွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေပြီလား?
📉ဒီပြဿနာတွေကို ဖြေရှင်းပြီး သင့်လုပ်ငန်းကို နောက်တစ်ဆင့် တက်လှမ်းစေမယ့် MJC ရဲ့ "Customer Relationship Management" သင်တန်းအသစ်လေးကို ၂၀၂၆ခုနစ်ရဲ့မင်္ဂလာနှစ်သစ်မှာ စတင်မိတ်ဆက်ပေးလိုက်ပါတယ်ရှင်..
ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ? 📚
✅ CRM Foundation CRM ရဲ့ အခြေခံသဘောတရားတွေနဲ့ ဝယ်ယူသူတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး (Relationships) ဘယ်လိုတည်ဆောက်ရမလဲဆိုတာကနေ စတင်ပါမယ်။
✅ Customer Journey Management ဝယ်ယူသူအသစ်တွေကို ဘယ်လိုဆွဲဆောင်မလဲ (Acquisition)၊ ရှိပြီးသားသူတွေ စိတ်ကျေနပ်မှုရှိအောင် ဘယ်လိုထိန်းသိမ်းမလဲ (Retention) ဆိုတဲ့ နည်းဗျူဟာများကို သင်ကြားပေးသွားမှာပါ။
✅ Strategic CRM လုပ်ငန်းအမြင်ကျယ်ကျယ်နဲ့ စဉ်းစားတတ်ဖို့ CRM Portfolio စီမံခန့်ခွဲပုံနဲ့ Customer Experience (CX) ကို မြှင့်တင်ပုံတွေကို အသေးစိတ်ဆွေးနွေးပါမယ်။
✅ Operational CRM (Automation) နည်းပညာကို အသုံးချပြီး Marketing, Sales နဲ့ Customer Service တွေကို လူကိုယ်တိုင် မပင်ပန်းဘဲ အလိုအလျောက် လည်ပတ်နိုင်အောင် ပြုလုပ်နည်းများ။
✅ Analytical CRM Customer Data တွေကို စနစ်တကျ သိမ်းဆည်းပြီး လုပ်ငန်းအတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ဘယ်လိုချမလဲဆိုတဲ့ Data-driven ချဉ်းကပ်ပုံများ။
✅ Realizing the Benefits CRM ကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ အမှားအယွင်းမရှိအောင် ဘယ်လိုစီမံမလဲဆိုတဲ့ Implementation Roadmap...
စတာတွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်..
📌သင်ကြားပေးသွားမယ့်ဆရာမ ဒေါ်စင်သီယာ (B.Pharm, Master of Business Administration (Marketing & Management, Japan ) ကလည်း Customer Relationship Management, Business Development, Business Management စတဲ့ Academic နယ်ပယ်မှာအထူးလေ့လာသင်ယူခဲ့သလို လက်ရှိမှာလည်း Marketing Director အဖြစ် FAME Pharmaceuticals မှာတာဝန်ထမ်းဆောင်လျှက်ရှိပါတယ်.. ဒါကြောင့် ဆရာမအနေနဲ့ လေ့လာခဲ့ရတဲ့ ပညာရပ်တွေအပြင် လုပ်ငန်းအတွေ့အကြုံတွေကိုအခြေခံပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်...
🌟 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
• SME လုပ်ငန်းရှင်များ (Business Owners)
• Sales & Marketing Manager များ
• Customer Service ပေးနေသူများ
• လုပ်ငန်းခွင်မှာ CRM အသုံးပြုနေသူများ
💡 ဒီသင်တန်းတက်ပြီးရင် ဘာတွေရမလဲ?
• Customer တွေကို ပိုမိုနားလည်လာမယ်။
• ရောင်းအား (Sales) ကို သိသိသာသာ မြှင့်တင်နိုင်မယ်။
• လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ်။
စတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်ရှင်..
📌သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာဖြစ်ပြီး First Come, First Served!!! စနစ်နဲ့လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားဖို့တော့ လိုပါတယ်ရှင်.
🗓သင်တန်းဖွင့်လှစ်မည့် ရက် - ဇန်နဝါရီလ ၂၄၊ ၂၅ ရက်၊ ၂၀၂၆ခုနစ်။ (စနေ၊ တနင်္ဂနွေ)
⏱️သင်တန်းဖွင့်လှစ်မည့် အချိန် - နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
📍သင်တန်းဖွင့်လှစ်မည့် နေရာ - မြန်မာ - ဂျပန်စင်တာ။
🔗သင်တန်းစာရင်းသွင်းရန်
https://forms.gle/y8BBHLand7m5BW6i7
🚨🚨🚨! Form တွင် မိမိနှင့်သက်ဆိုင်တဲ့အချက်အလက်များကိုဖြည့်သွင်းပြီး submit တစ်ကြိမ်လုပ်ရင်ရပါပြီနော်..
(for Mandalay)
📢📢📢
မင်္ဂလာပါရှင်..
မြန်မာ-ဂျပန်စင်တာ (MJC) နှင့် မြန်မာ-ဂျပန် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) မန္တလေး တို့ ပူးပေါင်း စီစဥ်၍ အောက်ပါအတိုင်း ဟောပြောပွဲများပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများ အားလုံး အခမဲ့ တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်..
📌ဟောပြောပွဲအစီအစဥ်
📌Seminar (1)
ဟောပြောမည့်ခေါင်းစဥ် - “Scholarship Success in Japan: How to stand out and Win”
ဟောပြောမည့် ပုဂ္ဂိုလ် - ဒေါက်တာအောင်ခိုင်မင်း (Dr.Eng (Nagoya University))
ဟောပြောမည့်နေ့ရက် - နိုဝင်ဘာလ ၂၉ရက် (စနေနေ့)၊ ၂၀၂၅ ခုနစ်။
ဟောပြောမည့်အချိန် - နေ့လည် ၂နာရီ မှ ၃နာရီထိ
ဟောပြောမည့်နေရာ - 3rd Floor, Block (1), Unit (6), Water Street, Mingalar Mandalay, Mandalay.
📌Seminar (2)
ဟောပြောမည့်ခေါင်းစဥ် - “Parent for Happiness”
ဟောပြောမည့် ပုဂ္ဂိုလ် - ဒေါက်တာအောင်မြင့် (ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ကျန်းမာရေးဝန်ကြီးဌာန)
ဟောပြောမည့်နေ့ရက် - နိုဝင်ဘာလ ၃၀ရက် (တနင်္ဂနွေနေ့)၊ ၂၀၂၅ ခုနစ်။
ဟောပြောမည့်အချိန် - နေ့လည် ၂နာရီ မှ ၃နာရီထိ
ဟောပြောမည့်နေရာ - 3rd Floor, Block (1), Unit (6), Water Street, Mingalar Mandalay,
စာရင်းပေးရန်🔗
https://forms.gle/2jtQ4SkvZAo5d4Td8
Myanmar Japan Center JICA funded, MJC serves as a hub for business information networks that will contribute to strengthening economic relations between Japan and Myanmar.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myanmar-Japan Center, 12th Floor, UMFCCI Office Tower, Min Ye Kyaw Swar Road
Yangon
11131