Su Pyae Online Store
04/10/2023
ရခိုင်သုပ်
ပြုလုပ်နည်း👇🏻👇🏻
မုန့်တီသုပ် (ရခိုင်သုပ်)
ငါးရွှေငါးခြောက် သို့ ငါးကြင်းအသားတုံးကို ရေထည့်ပြီးပြုတ်ထားပါ ငါးအသားကျက်လောက်ပြီဆို အရိုးဖယ် အသားများနွင်ထားပါ ငရုတ်သီးစိမ်းများကို၁၀မိနစ်ခန့်ပြုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ထားပါ ပြုတ်လို့ပိုနေတဲ့ငါးပြုတ်ရေထဲကို ငပိစိမ်းစား ငရုတ်သီးစိမ်း ဆား အချိုမှုန့်ထည့်ပြီးတည်ပါ ဆူပွက်လာရင် ငါးအသားနွင်ထည့်ပါ ပျစ်ပျစ်လေးဖြစ်လာရင်ရပါပြီ သုပ်နည်းကတော့ ငရုတ်အနှစ် ဆား အချိုမှုန့် မန်ကျည်းသီးအရည် ငံပြာရည် အချိုမှုန့် နံနံပင် ကြက်သွန်စိမ်းပါးပါးလှီးထည့်ပြီးသုပ်ပါ
Credit ရခိုင်သူချေ
Credit photos
04/10/2023
ထမင်းနဲ့ လက်ဖက် အမြဲတွဲစားရင်ဘာတွေဖြစ်တတ်လဲ ?
ထမင်းစားရင်း ရေနွေးကြမ်းသောက်တာ ကောင်းလား?
ထမင်းနဲ့ လက်ဖက် အမြဲတွဲစားတတ်သူတွေ ရေနွေးကြမ်းတစ်ခွက်ပါမှ ထမင်းစားတတ်တဲ့သူတွေအတွက် ဒီအလေ့အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းရဲ့လားဆိုတာ ပြောပြချင်ပါတယ်။
ရေနွေးကြမ်းရဲ့ လက်ဖက်ခြောက်နဲ့ လက်ဖက်မှာ Tannin နဲ့ Oxalate ဆိုတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒီဓာတ်တွေက စားလိုက်တဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓာတ်တွေကိုသွားပေါင်းပါတယ်။ ဒီလိုပေါင်းလိုက်အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းက သံဓာတ်တွေကို စုပ်ယူနိုင်စွမ်းမရှိတော့ပါဘူး။
အူလမ်းကြောင်းကနေ သံဓာတ်ကိုမစုပ်ယူနိုင်တော့ဘူးဆိုရင် သွေးထဲမှာ သံဓာတ်အားနည်းလာပြီး သံဓာတ်ချို့တဲ့တာ ၊သွေးအားနည်းတာတွေဖြစ်တတ်ပါတယ်။
သွေးဆဲလ်တွေမှာ သံဓာတ်အလုံအလောက်မရဘူးဆိုရင် သွေးဆဲလ်တွေက အောက်စီဂျင်လည်းမသယ်နိုင်တော့ပါဘူး။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရင် ဒီလိုရောဂါလက္ခဏာတွေခံစားရပါတယ်။
🛑ပင်ပန်းလွယ်ခြင်း
🛑အားနည်းခြင်း
🛑အသားအရည်ဖြူဖျော့ခြင်း
🛑ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်း
🛑ခြေဖျားလက်ဖျားအေးခြင်း
🛑ခေါင်းမူးခြင်း
🛑လျှာနာခြင်း၊ လျှာရောင်ခြင်း
🛑လက်သည်းခြေသည်း ကျွတ်ဆတ်ခြင်း
🛑အစားအစာမဟုတ်တဲ့အရာများကို စားချင်စိတ်ပေါ်ခြင်း၊ချင်ခြင်းတက်ခြင်း (ဆန်၊ရေခဲ၊အညစ်အကြေး စသည်)
🛑အစားအသောက်ပျက်ခြင်း
ဒါတွေခံစားနေရပြီဆိုရင်တော့ သံဓာတ်အားနည်းနေပြီဆိုတာသတိထားပြီး သံဓာတ်ဖြည့်အစားအစာတွေစားသုံးပေးသင့်ပါတယ်။
🔰သံဓာတ်အားကောင်းလာအောင်တော့ ဒါတွေစားလို့ရပါတယ်။
✅အနီရောင်အသားများ
✅ပင်လယ်စာ
✅ပဲအမျိုးမျိုး
✅အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
✅စပျစ်သီးခြောက် စတာတွေစားရင် သံဓာတ်ရပါတယ်။
တခါတလေစားတာက အရေးမကြီးပေမယ့် ဒါကြောင့် ထမင်းစားရင်း ရေနွေးကြမ်းအမြဲသောက်တတ်တဲ့သူတွေ လက်ဖက်နဲ့ထမင်းအမြဲတွဲစားသူတွေအနေနဲ့ သံဓာတ်ချို့တဲ့တတ်တာကိုသတိပြုရပါမယ်။ ထမင်းစားပြီးမှ အနဲဆုံး နာရီ၀က်လောက်ခြားပြီးမှ ရေနွေးကြမ်းသောက်ဖို့ ၊လက်ဖက်သုပ်စားဖို့ တိုက်တွန်းလိုပါတယ်နော်။
အားလုံးပဲ ကျန်းကျန်းမာမာရှိကြပါစေ။
03/10/2023
🍀 သရက်ချဉ်လုပ်နည်း 🍀
**************************
သရက်သီးရာသီ ကုန်ခါနီးပီမို့
သရက်ချဉ်လုပ်နည်း တင်ပေးလိုက်ပါတယ်။
ဒါဆိုရင် တစ်နှစ်စာလုံးအတွက်
သရက်ချဉ် ဖူလုံအောင် လုပ်ထားလို့ ရသွားပါပီ။
လုပ်ပီးသား သရက်ချဉ်များကို
freezer ( ခဲကန် ) ထဲ မှာ
တစ်ခါစားစာ အထုပ်ငယ်လေးများနဲ့
ခွဲခွဲ ထုပ်ပီး ထည့်ခဲထားပါ။
သုပ်စားမယ့်နေ့ တစ်ရက်အလိုမှ
တစ်ထုပ်စီ ထုတ်ထားပီး စားသုံးပါ။
သရက်သီးရာသီကုန်ရင်
စျေးမှာဝယ်တဲ့ သရက်ချဉ်တွေက
အချဉ်စူးစူး အရသာ ဖြစ်နေပါတယ်။
မိမိ ကိုယ်တိုင်လုပ်ပီး ထည့်ခဲထားတဲ့အတွက်
အနံ့မကောင်းမှာလည်း မပူရတော့သလို
အချဉ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ပဲ
မိမိ ထည့်ထားစဉ်က အချဉ်အရသာအတိုင်းသာ
ဖြစ်နေပါလိမ့်မယ့်။
သရက်ချဥ် လုပ်ပါတော့မယ်။
****************************
အချဥ်မစူးတဲ့ မချစ်စု သရက်သီးကို ဓါးနဲ့ ပေါက်ပါ။
( သို့ )
အမျှင်ကြီးကြီး လှီးထားပါ။
ဓါးနဲ့ လှီးရင် ပိုလှပေမယ့်
အများကြီးလုပ်ရင်တော့
ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပို အဆင်ပြေပါလိမ့်မယ်။
အချိုးအစားကတော့
💥 သရက်သီး ၁ လုံးကို
💥 ဆား လဖက်စားဇွန်း ၁ ဇွန်း အမောက်ပါ။
အလေးချိန်နဲ့ ပြောရင်တော့
💥 လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို
💥 ဆား ( ၃ ကျပ်သား ) ပါ။
💥 လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို
💥 ဆား ( ၃၀ သား ) ပါ။
( ဒီ့ထက် ဆားပိုထည့်ရင် ငံသွားပါလိမ့်မယ်။ )
လှီးပြီးသား သရက်မျှင် နဲ့ ဆား ရောနယ်လိုက်ပြီး
ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။
ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။
အိတ်ကို သွားကြားထိုးတံနဲ့
ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။
အရည်တွေ ထွက်ကျလာပါလိမ့်မယ်။
ဒီပုံစံအတိုင်း အရည်တွေကို မသွန်ပစ်ပဲ
တစ်ည သိပ်ထားပါမယ်။
နောက်တစ်နေ့ မနက်မှ
သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပြစ်ပါ။
ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင်
အမြင့်ပေါ်တင်ပြီး ထပ်ဖိ ထားပေးပါ။
အလေးကြီးလေ အသားကျစ်လေ ဖြစ်ပါမယ်။
၂ ညဖိထားပီးနောက် သရက်ချဉ်ရပါပီ။
_________________________________________________
မှတ်ချက်
**********
ကျမ စင်းနှီတုံးက ပုစွန်ချဥ်ဖိထားလို့
သရက်ချဥ်ကို ငရုတ်ဆုံနဲ့ ဖိပြထားတာပါ။
သရက်ချဥ်ထုပ် ပတ်ချာလည်ကို အုပ်မိမယ့်
စင်းနှီတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။
အလေးချိန်များရင်တော့
ပလတ်စတစ် အထူသား အိတ်ကြီးတွေနဲ့ လုပ်ပြီး
အပေါ်က ခဲကြီးများနဲ့ဖိပါ။
♦️၂ ညထပ် ပိုဖိထားရင် ( သို့ )
♦️ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး
♦️ ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင်
♦️ သရက်သီး ရိသွားတတ်ပါတယ်။
Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon